ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ေရႊေမာ္ေဓာဘုရားသည္ ျမန္မာနိုင္ငံရွိ တန္ခိုးႀကီးဘုရားမ်ားအနက္ တစ္ဆူအပါအဝင္ျဖစ္၍ သင္တိုင္းေစတီေခၚ မကိုဋ္ေစတီမ်ိဳးျဖစ္သည္။ ပဲခူးၿမိဳ႕၏ အေရွ႕ပိုင္း ဟသၤာကုန္းအစုတြင္ အေနာက္ဖက္ဆုံးက်ေသာ ပဲကူး၊ သုဒႆ န၊ မင္းသီတ၊ မရင္သိႏၷ၊ မေဝါ ဟူ၍ ေခတ္အလိုက္ အမည္ေျပာင္းခဲ့ေသာ ကုန္းငယ္ေပၚ၌ ေရႊေမာ္ေဓာေစတီတည္ရွိသည္။ ယခုအခါ၌မူ ထိုကုန္းကို ေရႊေမာ္ေဓာကုန္းဟု အေခၚမ်ားသည္။ ေရႊေမာေဓာဘုရားသည္ ပဲခူး(မြန္ဘာသာျဖင့္ ဗေဂါ)ၿမိဳ႕၏ က်က္သေရေဆာင္၊ ပဲခူးနယ္တစ္ဝိုက္တြင္ အထင္ရွားဆုံး သာသနိက အေဆာက္အအုံ တစ္ခုျဖစ္သည္။ ထိုဘုရားသည္ ပဲခူးေဒသ၏ ဘာသာေရး သက္တမ္းတစ္ေလၽွာက္တြင္ အဓိကက်ေသာ သာသနိကအေမြႏွစ္ျဖစ္ေပသည္။

မူရင္းဘုရားသမိုင္း

ေရႊတိဂုံေစတီေတာ္သမိုင္းႏွင့္ ဆင္ဆင္တူသည္။ ကုန္သည္ညီေနာင္ႏွစ္ဦး(တဖုႆ ႏွင့္ ဘလိက မဟုတ္ပါ။)က ျမတ္စြာဘုရားထံမွ ဆံေတာ္ႏွစ္ဆူပင့္ေဆာင္လာၿပီး ပဲခူးေဒသမွာ ေစတီတည္ထား ဌာပနာခဲ့ၾကပါသည္။ ဘုရားသမိုင္းသည္ အမ်ိဳးမ်ိဳးကြဲျပားေနေပခဲ့ေသာ္လည္း အမ်ားအားျဖင့္ ဘိုးေတာ္ဘုရားလက္ထက္ (၁၇၈၂-၁၈၁၉)ခုႏွစ္(၁၆-၁ရရာစု) ကို အေျခခံထားပါသည္။ ကုန္သည္ညီေနာင္ႏွစ္ဦးသည္ မဟာသလႏွင့္ စူဠသလ (Maha-sala and Cula-sala)ဟု ေဖာ္ျပထားသည္။

ပဲခူးၿမိဳ႕ ေရႊေမာေဓာ ေစတီေတာ္
မူရင္း သမိုင္းရာဇဝင္( Foundation myth)မွာ ဟသၤာကုန္းဘက္ကိုထိုးဆင္းသြားေသာ အေရွ႕ဘက္ေစာင္းတန္းမွာ တည္ရွိခဲ့သည့္ မြန္ႏွင့္ ပါဠိ ေက်ာက္စာတြင္ ေဖာ္ျပထားသည္။ ထိုေက်ာက္စာတြင္ ၁၅ ရာစုက တစ္ခ်ိန္တည္းေရးထိုးခဲ့ပါသည္။
Donald M. Stadtner မွ သူ႔၏စာတမ္းတြင္ ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ေရးခဲ့ပါသည္။

မြန္ေက်ာက္စာမွာ ဂဝမၸတိက ကုသိနာ႐ုံ(Kusinagara)မွ ဗုဒၶအံေတာ္(tooth relic)တစ္ဆူကို သထုံျပည္သို႔ ပင့္ေဆာင္လာခဲ့ပါသည္။ ထို အံေတာ္ဟာ အလိုအေလ်ာက္ ၃၃ ဆူပြားလာခဲ့ၿပီး သထုံဘုရင္သည္ ထိုအံေတာ္မ်ားျဖင့္ ဌာပနာၿပီး ေစတီ ၃၃ ဆူ တည္ခဲ့သည္။ ေနာက္ပိုင္းမွာ အံေတာ္ ၃၃ ဆူကို ေနရာဌာနအသီးသီးကို ေျပာင္းေရႊ႕ တည္ထားကိုးကြယ္ၾကသည္ဟု မြန္ ႏွင့္ ပါဠိ ေက်ာက္စာ ႏွစ္ခုလုံးမွာ ဆိုထားပါသည္။ ထို ၃၃ ဆူထဲမွ တစ္ဆူသည္ Madhavaဟု ပါဠိေက်ာက္စာမွာ ေဖာ္ျပထားပါသည္။ Mudhava ဟု ကလ်ာဏီေက်ာက္စာမွာ ေတြ႕ရွိရသည္။ ေနာက္ပိုင္းမွာMau Tau(မုဟ္တ´) မြန္ဘာသာျဖင့္ေခၚဆိုလာၾကသည္။ ထိုမွတဆင့္ မြန္ခရိုနစ္ကယ္(Mon chronicle) မွာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ေရးသားေဖာ္ျပရာမွ ေရႊေမာေဓါလို႔ အမည္တြင္လာခဲ့သည္။

မြန္လူမ်ိဳးေတြ တည္ထားကိုးကြယ္ခဲ့ေသာ ေစတီေတာ္မ်ားအထဲမွ ေရႊတိဂုံေစတီေတာ္၊ ေရႊေမာေဓာေစတီေတာ္ႏွင့္ က်ိဳက္လမိုင္း(လမိုင္းဘုရား)တို႔သည္ အျခားေစတီေတာ္တို႔ထက္ ထူးျခားထင္ရွားပါသည္။ ထိုေစတီ ၃ ဆူသည္ အေျခခံအားျဖင့္ ပုံစံတူညီၾကသည္။ သို႔ေသာ္ မတူညီသည့္အခ်က္ကား ေရႊတိဂုံေစတီသည္ ထိုေစတီ သုံးဆူ တြင္ သပၸါယ္ဆုံး၊ ေရႊေမာေဓာေစတီသည္ အျမင့္ဆုံး၊ က်ိဳက္လမိုင္းသည္ ထုအႀကီးဆုံးျဖစ္သည္။ ေရႊေမာေဓာေစတီကို မြန္ဘာသာျဖင့္ က်ာ္မုဟ္တ´(က်ိဳက္မုတူး)ဟုေခၚဆိုၾကျခင္းမွာ ေရွးအခါက မြန္အဖိုးႀကီးမ်ားသည္ ေဆးတံကို ေသာက္ၾကသည္။ အဖိုးႀကီး တစ္ေယာက္သည္ ဉာဏ္ေတာ္ျမင့္ေသာ ေစတီေတာ္၏ စိန္ဖူးေတာ္ကို ဖူးေျမာ္ရန္ ေမာ့ၿပီးၾကည့္ေသာအခါ ေဆးတံမွ က်လာေသာမီးပြားက သူ၏ ႏွာေခါင္းကို ထိၿပီး ပူေသာေၾကာင့္ က်ာ္မုဟ္တ´(က်ိဳက္-ဘုရား+ မုဟ္-ႏွာေခါင္း+တ´-ေလာင္သည္)ဟု ယေန႔ထိ အခ်ိဳ႕ေသာမြန္လူမ်ိဳးမ်ားက ေခၚဆိုေနၾကဆဲပင္ျဖစ္သည္။

[၂]
တည္သည့္ႏွစ္
ေရႊေမာ္ေဓာေစတီ တည္သည့္ႏွစ္မ်ားႏွင့္ ဌာပနာသည့္ ပစၥည္းအေၾကာင္းကို အမ်ိဳးမ်ိဳးဆိုၾကသည္။ အခ်ိဳ႕က ဘုရား ပရိနိဗၺာန္ မစံမီကပင္ တည္သည္ဟု လည္းေကာင္း၊ အခ်ိဳ႕က ဘုရား ပရိနိဗၺာန္စံၿပီးမွ တည္သည္ဟု၎၊ အခ်ိဳ႕က ဘုရားဆံေတာ္ကို ဌာပနာသည္ဟု၎၊ အခ်ိဳ႕က သြားေတာ္ကို ဌာပနာသည္ဟု ၎ ေရးသားၾကသည္။ သို႔ရာတြင္ ဘုရားဒါယိကာမ ဟံသာဝတီဘုရင္မ ရွင္ေစာပုႏွင့္ သားမက္ေတာ္ ဘုရားဒါယကာ ဓမၼေစတီမင္းတို႔ ၈၂၄ ခုႏွစ္တြင္ ထိုးခဲ့ေသာ ေမာ္ေဓာသမိုင္း ပါဠိေက်ာက္စာအရမူ သထုံမင္းစူဠ သိရိမာေသာကသည္ သာသနာႏွစ္ ၂၃၇ ခုေလာက္တြင္ ဘုရားရွင္၏ သြားေတာ္ဓာတ္ကို ဌာပနာကာ ေရႊေမာ္ေဓာ ဂႏၶကုဋိတိုက္ကို ေရွးဦးစြာတည္ေၾကာင္း ထင္ရွားသည္။

ထိုတိုက္ေစတီကို မေဝါေစတီဟု သမုတ္ၿပီးေသာ္ သာသနာႏွစ္ ၂၃၈ ခုႏွစ္တြင္ ေရစက္ခ် လွူဒါန္းသည္။ ယင္းသို႔ တည္ၿပီးေနာက္ ေမာ္ေဓာေစတီသည္ ငလ်င္ အႀကိမ္ႀကိမ္ မိ၍ ၿပိဳက်ရာ အႀကိမ္ႀကိမ္ ျပန္တည္ခဲ့ရသည္။ ရွင္ဥေယ်ဓမၼ၏ ေရႊေမာ္ေဓာသမိုင္းႏွင့္ သထုံရာဇဝင္အဆိုအရ သာသနာႏွစ္ (၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ရ၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂) ခုႏွစ္မ်ားတြင္ ၂၂ ႀကိမ္တိုင္တိုင္ ငလ်င္ေၾကာင့္ ေမာ္ေဓာတိုက္ေစတီ ၿပိဳေလရာ မင္းအဆက္ဆက္တို႔ ျပန္လည္တင္ေပးရေလသည္။ သကၠရာဇ္ ရ၅၈ ခုႏွစ္တြင္ ေနာက္ ၂၃ ႀကိမ္ေျမာက္ ၿပိဳ ျပန္ေလသည္။

ေမာ္ေဓာသမိုင္း ပါဠိေက်ာက္စာ၌ ပါရွိသည့္ ေရႊေမာ္ေဓာဘုရား သမိုင္းကား ေအာက္ပါအတိုင္း ျဖစ္သည္။ ျမတ္စြာဘုရားသခင္သည္ဝါေတာ္ ရွစ္ဝါအရ အဥၥနခုႏွစ္ ၁၁၁ ခုတြင္ မိတၳီလာျပည္သို႔ ႂကြေတာ္မူ၏။ ဘုရားသခင္ႏွင့္အတူပါလာေသာ အရွင္ဂဝမၸတိ မဟာေထရ္သည္ မိထိလာျပည္မွ ဖယ္ခြာခဲ့၍ သထုံျပည့္ရွင္ မဟာသိရိမာေသာကမင္းထံ ႂကြေရာက္ၿပီးလၽွင္ တရားစကားျဖင့္ ဆုံးမကံျမစ္၏။သိရိမာေသာကမင္းသည္ တရားေတာ္ကို နာၾကားရေသာအခါ တရားအလုံးစုံ ကို အကုန္အစင္ သိျမင္ေတာ္မူသည့္ ဘုရားသခင္အားဖူးျမင္လိုသည့္ ဆႏၵျဖစ္၍ ဂဝမၸတိမေထရ္အား ဘုရားသခင္ကို ပင့္ေပးရန္ ေတာင္းပန္ေလသည္။ ဂဝမၸတိမေထရ္သည္ မိတၳီလာျပည္သို႔ ျပန္၍ ဘုရားသခင္အား အလုံးစုံ ေလၽွာက္ၾကားေသာအခါ ဘုရားသခင္သည္ ရဟႏၲာႏွစ္ေသာင္းႏွင့္အတူ သထုံျပည္ မဟာသီရိမာေသာကမင္းထံ ႂကြလာကာ တရားေရေအး တိုက္ေကၽြးေတာ္မူေလသည္။ ႂကြလာၿပီးေနာက္ ခုနစ္ရက္လြန္ေျမာက္၍ သထုံျပည္မွ ျပန္ႂကြေတာ္မူမည္ရွိေသာ္ တရားနာလ်က္ရွိေသာ ရေသ့ေျခာက္ပါးက ဘုရားသခင္ကိုယ္စား ေကာ္ေရာ္ဖြယ္ရာ ထားခဲ့ရန္ ေတာင္းပန္ၾကေသာအခါ ဘုရားသခင္က ဆံေတာ္ေျခာက္ဆူကို ေပးေတာ္မူေလသည္။ မဟာသိရိမာေသာကမင္းကလည္း ကိုးကြယ္ဖြယ္ရာဆံေတာ္ျမတ္ကို ေတာင္းသည္အခါ ဘုရားသခင္က ဆံေတာ္ဓာတ္ကို မေပးဘဲ၊ မလႅာမင္း၏ အင္ၾကင္းေတာ္တြင္ ပရိနိဗၺာန္ျပဳသည့္အခါစႏၵကူးထင္းပုံထက္၍ တင္၍ ဖုတ္ၾကည္းၾကကုန္လတၱံ့။ ထိုအခါ ငါ၏ အဓိ႒ာန္ျဖင့္ ၃၃ ေခ်ာင္းေသာ သြားေတာ္ဓာတ္ကို စႏၵကူး ထင္းပုံထက္မွ ထုတ္၍ ဂဝမၸတိရဟန္းသည္ ေဆာင္ခဲ့လတၱံ့။ ထိုဓာတ္ကို သင္မင္းႀကီး ေကာ္ေရာ္ၾကရကုန္လတၱံ့ဟု မိန႔္ေတာ္မူေလသည္။
ဘုရားသခင္ ပရိနိဗၺာန္စံ၍ စႏၵကူးထင္းပုံထက္တင္ကာ ဖုတ္ၾကည္းေသာအခါ အဓိ႒ာန္ေတာ္ေၾကာင့္ သြားေတာ္ဓာတ္ကို ဂဝမၼတိမေထရ္သည္ ပင့္ေဆာင္၍ သထုံျပည္ရွင္ မဟာသိရိမာ ေသာကမင္းအား ေပးေလသည္။ မင္းႀကီးသည္ ၃၃ ဆူေသာ သြားေတာ္ဓာတ္ကို၃၃ ဆူေသာ ေက်ာက္ေစတီငယ္ျပဳေစ၍ ကိုးကြယ္ေလသည္။ မဟာသိရိမာေသာကမင္း လြန္ေသာ္ ႏွစ္ေပါင္း ၅ဝ ခန႔္ေလာက္သာထိုေက်ာက္ေစတီမ်ားကို ေကာ္ေရာ္သူမ်ား ရွိ၍ ေနာက္အႏွစ္ ၂ဝဝ ခန႔္ ပစ္ပယ္ထားျခင္း ခံရ သျဖင့္ ေစတီမ်ားသည္ ေတာအတိ ဖုံးလႊမ္းသြားေလသည္။ သာသနာႏွစ္ ၂၃၆ ခုတြင္ သထုံျပည္သို႔ သာသနာျပဳႂကြလာၾကေသာ အရွင္ေသာဏႏွင့္ ဥတၱရမေထရ္ႏွစ္ပါး၏ ထုတ္ေဖာ္ခ်က္အရ သထုံျပည္ရွင္ စူဠသိရိမာေသာကမင္းသည္ ၃၃ ဆူေသာ ေက်ာက္ ေစတီငယ္တို႔မွ ၃၃ ဆူေသာ သြားေတာ္ဓာတ္တို႔ကို ထုတ္၍ ေနျပည္ေတာ္မွ အေရွ႕ေျမာက္မ်က္ႏွာ၌ မေဝးလြန္းမနီးလြန္းေသာ ေနရာတြင္ ၃၃ ခုေသာ ေရႊတိုက္တို႔ကို ျပဳေစ၍ ၃၃ဆူေသာ သြားေတာ္ဓာတ္တို႔ကို ေရႊၾကဳတ္တို႔၌ ထည့္ကာ ေရႊအိုး ၃၃ လုံးျဖင့္ ပိတ္၍ ေရႊတိုက္သြင္း၍ ပူေဇာ္သည္။ ထို႔ေနာက္ စူဠသိရိမာ ေသာကမင္းသည္ ဤသို႔ အဓိ႒ာန္ျပဳ၏။ ဤဓာတ္ေတာ္တို႔သည္ ဘုရားသခင္၏ ဓာတ္ေတာ္တို႔ အမွန္ စင္စစ္ ျဖစ္ျငားအံ့၊ ထိုဓာတ္ေတာ္တို႔သည္ သတၱဝါတို႔၏ စီးပြားခ်မ္းသာအလို႔ငွာ ထိုက္သည့္အရပ္၌ ေရႊအိုးႏွင့္တကြ တည္ေစကုန္သတည္း။ယင္းသို႔ အဓိ႒ာန္ျပဳၿပီးသည္၏ အျခား မဲ့၌ သြားေတာ္ဓာတ္ ၃၃ ဆူသည္ ေရႊအိုးႏွင့္တကြ ေရႊတိုက္၌ ကြယ္၍ ထိုထိုအရပ္တို႔၌ တည္ၾကကုန္၏။ ဟံသာဝတီၿမိဳ႕၏ အေနာက္မ်က္ႏွာ၌တည္ေသာ ေစတီကိုကား ေရွးသူေဟာင္းတို႔ သည္ မေဝေစတီ၊ တစ္နည္း ေမာ္ေဓာဟု ေခၚေဝၚၾကသည္။ေနာက္လူတို႔မူကား ထိုအတူ မဆိုမူ၍ မဟ္တဝ္ဟု ေခၚေဝၚ ၾကကုန္၏။ သထုံၿမိဳ႕ေဟာင္းမွ ေကလာသေစတီ၊ သထုံၿမိဳ႕သစ္မွ ေရႊစာရံေစတီ၊ ဇုတ္သုတ္ၿမိဳ႕မွ ဇုတ္သုတ္ေစတီ၊ ယပ္မားၿမိဳ႕မွ က်ိဳက္ယပ္မား စစ္ေတာင္းၿမိဳ႕မွ က်ိဳက္ကလံဗန္၊ ဘီးလင္းနယ္ စရစ္ၿမိဳ႕မွ က်ိဳက္စရစ္၊ သလြန္ၿမိဳ႕မွ က်ိဳက္သလြန္၊ သူရဲၿမိဳ႕မွ က်ိဳက္သူရဲ၊ ေက်ာက္ေမာ္ၿမိဳ႕မွ က်ိဳက္တလင္၊ ေက်ာက္ျပာၿမိဳ႕မွ က်ိဳက္ေဗာထြတ္၊ ေကာလိယၿမိဳ႕မွ က်ိဳက္မုခလ၊ ေမာရဥၥယၿမိဳ႕မွ က်ိဳက္မုပြန္၊ ဒင္မဲၿမိဳ႕မွ က်ိဳက္ခြက္၊ အခရိန္ၿမိဳ႕မွ က်ိဳက္ႏုတ္၊ ကေမာ့ႏြတ္ၿမိဳ႕မွ က်ိဳက္မုခိုင္၊ ဇုတ္ကႏုတ္ၿမိဳ႕မွ က်ိဳက္ဇုတ္ ကႏုတ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွ က်ိဳက္သံလန္၊ ဘီလူးကၽြန္း ခေမာင္ နတ္ ၿမိဳ႕မွ က်ိဳက္မူးနန္း၊ ဇာသျပင္ၿမိဳ႕မွ က်ိဳက္ပိုင္ၾကဳ၊ မုတၱမ ၿမိဳ႕မွ က်ိဳက္တေမာ(ျမသိန္းတန္ဘုရား)၊ က်ိဳက္ေငၚၿမိဳ႕မွ က်ိဳက္ ေငၚ၊ က်ိဳက္ကာၿမိဳ႕မွ က်ိဳက္ကာ၊ က်ိဳက္ရိုၿမိဳ႕မွ က်ိက္ရို၊ တင္စီ ၿမိဳ႕မွ က်ိဳက္တင္စီ၊ မုပၸလင္ၿမိဳ႕မွ က်ိဳက္သလုံ၊ ဘီးလင္းၿမိဳ႕မွ ေသာဏုတၱရ၊ မိုးညက္ၿမိဳ႕မွ က်ိဳက္မိုးညက္၊ မိုနိုင္ၿမိဳ႕မွ က်ိဳက္ မိုးနိုင္၊ က်ိဳက္ထိုၿမိဳ႕မွ က်ိဳက္ထို၊ မုကၠဒူးၿမိဳ႕မွ က်ိဳက္ကဒူး၊ က်ိဳက္ေကာ္ၿမိဳ႕မွ က်ိဳက္ေကာ္၊ ေရႊဂြန္းၿမိဳ႕မွ ေလခလစ္စေသာ ေစတီမ်ားသည္ က်န္သြားေတာ္ ၃၂ ဆူတည္ေသာ ဘုရားမ်ား ျဖစ္ၾကသည္။

မေဝါၿမိဳ႕သို႔ ဘုရားသခင္၏သြားေတာ္ဓာတ္တစ္ဆူ ေရာက္ သြားသည္ကို စူဠသိရိမာေသာကမင္း သိလတ္ေသာ္ အႏုမမည္ ေသာအမတ္အား လႊတ္၍ တိုက္ေစတီတစ္ဆူ တည္ေစသည္။ အႏုမအမတ္သည္ သြားေတာ္ဓာတ္တည္ရာေရႊအိုးကို ဆင္ေပၚ၌ တင္၍ တိုက္ေစတီတည္ထိုက္ေသာ အရပ္တြင္ ဆင္ဝပ္ပါေစ သတည္းဟု အဓိ႒ာန္ျပဳကာ ဆင္ကို လႊတ္ေသာ္ ထိုဆင္သည္ ဟသၤာကုန္းတန္းမွ ဆင္း၍ အေနာက္ဘက္ ျမင္းသီတကုန္းသို႔ တက္ၿပီးလၽွင္ ဝပ္ေလ၏။ ထိုကုန္းကို ညိ|ၿပီးလၽွင္ အျမင့္ရွစ္ ေတာင္၊ အလ်ားအေတာင္ ၅ဝ၊အနံ ၂၅ ေတာင္ရွိေသာ ခုံတုံး ကို အုတ္ရင္ျပင္ေပၚ၌ တင္ၿပီးမွ ယင္းအေပၚ၌ အလ်ား အေတာင္ ၄ဝ၊ အနံအေတာင္ ၂ဝ၊ အျမင့္ ရွစ္ေတာင္ရွိေသာ တိုက္ေစတီကို ျပသာဒ္ႏွင့္တကြ ျပဳ၏။ ပလႅင္၌ ဘီလူး႐ုပ္ထု ထားေသာ ဘီလူးရန္နိုင္ ဗုဒၶ႐ုပ္ပြားကိုလည္း သြားေတာ္ဓာတ္ ထည့္ရာ ေရႊအိုးႏွင့္အတူ တိုက္ေစတီတြင္ထား၍ ပူေဇာ္သည္။ ထိုတိုက္ေစတီကို မေဝါေစတီဟု သမုတ္ၿပီးေသာ္ သာသနာႏွစ္၂၃၈ ခုႏွစ္တြင္ ေရစက္ခ် လွူဒါန္းသည္။
ယင္းသို႔ တည္ၿပီးေနာက္ ေမာ္ေဓာေစတီသည္ ငလ်င္ အႀကိမ္ႀကိမ္မိ၍ ၿပိဳက်ရာ အႀကိမ္ႀကိမ္ ျပန္တည္ခဲ့ရသည္။ ရွင္ဥယ်ဓမၼ၏ ေရႊေမာ္ေဓာသမိုင္းႏွင့္ သထုံရာဇဝင္အဆိုအရ သာသနာႏွစ္ ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆ဝ၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁ဝဝ၄၊ ၁ဝ၇၁၊၁၁၅၉၊ ၁၁၉၆၊ ၁၂၈ဝ၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃ဝ၊ ၁၆ဝ၃၊ ၁၇ဝ၅၊ ၁၈၁၃၊ ၁၈၃ဝ၊ ၁၈၉၂ ခုႏွစ္ မ်ားတြင္ ၂၂ ႀကိမ္တိုင္တိုင္ ငလ်င္ေၾကာင့္ေမာ္ေဓာတိုက္ေစတီ ၿပိဳေလရာ၊ မင္းအဆက္ဆက္တို႔ ျပန္လည္တည္ေပးရေလသည္။ သာသနာႏွစ္ ၁၈၉၂ ခုတြင္ လွုပ္ေသာ ငလ်င္ႀကီးေၾကာင့္ ျမင္းသီတကုန္းေပၚရွိ ေမာ္ေဓာတိုက္ေစတီ အပါအဝင္ ေစတီ ၁၆ ဆူတို႔သည္ ျပဳျပင္၍မရေအာင္ ပ်က္စီးခဲရာ၊ ဟံသာဝတီျပည့္ရွင္ ဗညားဦးသည္ သာသနာႏွစ္ ၁၈၉၄ ခုတြင္ ျမင္းသီတ ကုန္း ဘုရား ၁၆ ဆူမွ ဓာတ္ေတာ္႐ုပ္ပြားေတာ္မ်ားကို တစ္ခု မက်န္ ထုတ္ႏုတ္ၿပီးလၽွင္ ပ်က္ၿပိဳေနေသာ ေစတီမ်ား၏အၾကား တြင္ ေျမျဖည့္၍ ပထမရင္ျပင္ရင္ေတာ္မွ ကိုးေတာင္အျမင့္၌ ရင္ျပင္သစ္ခင္းၿပီးလၽွင္ အလယ္တြင္ တစ္ဆူတည္းေသာ သင္တိုင္းေစတီကို တည္ေလသည္။ ဘုရားသခင္၏ သြားေတာ္ ဓာတ္ႏွင့္ ႐ုပ္ပြားေစတီအေဟာင္းအသစ္မ်ားကို ဌာပနာလ်က္ ေမာ္ေဓာေစတီဟု အမည္ေဟာင္းအတိုင္း ျပန္လည္သမုတ္ ေတာ္မူသည္။ ေစတီ၏ဉာဏ္ေတာ္၅၅ ေတာင္ျမင့္ေလသည္။ တိုက္ေစတီ ဘဝက ၂၇ ေတာင္သာ ျမင့္၏။ သာသနာႏွစ္ ၁၈၉၆ ခု သကၠရာဇ္ ၇၁၄ ခုႏွစ္တြင္ ေရႊခ် ထီးတင္သည္။ သကၠရာဇ္ ၇၅၈ ခုႏွစ္တြင္ ငလ်င္ေၾကာင့္ ၂၃ ႀကိမ္ ေျမာက္ ေမာ္ေဓာေစတီၿပိဳျပန္ေလသည္။ ထိုအခါ ရာဇာဓိရာဇ္ ဘုရင္သည္ခမည္းေတာ္ ဗညားဦး၏ ၅၅ ေတာင္ျမင့္ေသာ ေမာ္ေဓာေစတီကို ငယ္ေသးသည္ဟု တစ္ဆူလုံးပယ္၍ အေတာင္ ၇ဝ ျမင့္ေသာ ေစတီအသစ္ကို တည္သည္။ သကၠရာဇ္ ၇၅၉ ခုႏွစ္ နတ္ေတာ္ လဆန္း ၅ ရက္ေန႔တြင္ ေမာ္ေဓာရွင္အသစ္ အုတ္ရိုးတည္ ေရႊခ်ထီးတင္ေသာ ကိစၥမ်ား ၿပီးေျမာက္သည္။ ေမာ္ေဓာေစတီသစ္ ပန္းတင္ခုံမ်ား၌ သက္ေစ့ ေစတီရံ ၄၈ ဆူ တည္ေတာ္မူသည္။ ၈၁၄ ခုႏွစ္တြင္ ရွင္ေစာပုနန္းတက္သည္။ ၈၁၉ ခုႏွစ္ တြင္ ေမာ္ေဓာေစတီသည္ ေခါင္းေလာင္းပုံအဆုံး ထိ ငလ်င္ ေၾကာင့္ ၂၄ ႀကိမ္ေျမာက္ ၿပိဳပ်က္ေလသည္။ ေစတီပ်က္ကို ပထမ ပစၥယာအရင္းထိ ပယ္လိုက္ၿပီးလၽွင္ က်န္ပန္းတင္ခုံမ်ား ကို ၿဖိဳ၍ အျမင့္အေတာင္ ၁၅ဝ ရွိေသာ ေမာ္ေဓာေစတီသစ္ကို သားမက္ေတာ္ ဓမၼေစတီမင္းႏွင့္ သကၠရာဇ္၈၂ဝ တြင္ ျပန္ တည္ရာ ၈၂၄ ခုႏွစ္၌ ေအာင္ျမင္ၿပီးစီးသည္။ ဘီလူးရန္နိုင္ ဗုဒၶ႐ုပ္ပြားကို ပ်က္စီးမည္စိုး၍ ေျမာက္ဘက္ပန္းတင္ခုံအတြင္း သြင္းကာ ဌာပနာေတာ္မူသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myo Min Moe.
# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿ န၊ မင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။

မူရင်းဘုရားသမိုင်း

ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆင်ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁ရရာစု) ကို အခြေခံထားပါသည်။ ကုန်သည်ညီနောင်နှစ်ဦးသည် မဟာသလနှင့် စူဠသလ (Maha-sala and Cula-sala)ဟု ဖော်ပြထားသည်။

ပဲခူးမြို့ ရွှေမောဓော စေတီတော်
မူရင်း သမိုင်းရာဇဝင်( Foundation myth)မှာ ဟင်္သာကုန်းဘက်ကိုထိုးဆင်းသွားသော အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့သည့် မွန်နှင့် ပါဠိ ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် ၁၅ ရာစုက တစ်ချိန်တည်းရေးထိုးခဲ့ပါသည်။
Donald M. Stadtner မှ သူ့၏စာတမ်းတွင် ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါသည်။

မွန်ကျောက်စာမှာ ဂဝမ္ပတိက ကုသိနာရုံ(Kusinagara)မှ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါသည်။ ထို အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပြီး သထုံဘုရင်သည် ထိုအံတော်များဖြင့် ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့သည်။ နောက်ပိုင်းမှာ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ တည်ထားကိုးကွယ်ကြသည်ဟု မွန် နှင့် ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါသည်။ ထို ၃၃ ဆူထဲမှ တစ်ဆူသည် Madhavaဟု ပါဠိကျောက်စာမှာ ဖော်ပြထားပါသည်။ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရသည်။ နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြသည်။ ထိုမှတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာမှ ရွှေမောဓေါလို့ အမည်တွင်လာခဲ့သည်။

မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓောစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ ရွှေမောဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ ရွှေမောဓောစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာ ရှေးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဉာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။

[၂]
တည်သည့်နှစ်
ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟု၎င်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟု၎င်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု ၎င်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်းစူဠ သိရိမာသောကသည် သာသနာနှစ် ၂၃၇ ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာတည်ကြောင်း ထင်ရှားသည်။

ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။ ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥယျေဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် (၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ရ၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂) ခုနှစ်များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် ရ၅၈ ခုနှစ်တွင် နောက် ၂၃ ကြိမ်မြောက် ပြို ပြန်လေသည်။

မော်ဓောသမိုင်း ပါဠိကျောက်စာ၌ ပါရှိသည့် ရွှေမော်ဓောဘုရား သမိုင်းကား အောက်ပါအတိုင်း ဖြစ်သည်။ မြတ်စွာဘုရားသခင်သည်ဝါတော် ရှစ်ဝါအရ အဉ္စနခုနှစ် ၁၁၁ ခုတွင် မိတ္ထီလာပြည်သို့ ကြွတော်မူ၏။ ဘုရားသခင်နှင့်အတူပါလာသော အရှင်ဂဝမ္ပတိ မဟာထေရ်သည် မိထိလာပြည်မှ ဖယ်ခွာခဲ့၍ သထုံပြည့်ရှင် မဟာသိရိမာသောကမင်းထံ ကြွရောက်ပြီးလျှင် တရားစကားဖြင့် ဆုံးမကံမြစ်၏။သိရိမာသောကမင်းသည် တရားတော်ကို နာကြားရသောအခါ တရားအလုံးစုံ ကို အကုန်အစင် သိမြင်တော်မူသည့် ဘုရားသခင်အားဖူးမြင်လိုသည့် ဆန္ဒဖြစ်၍ ဂဝမ္ပတိမထေရ်အား ဘုရားသခင်ကို ပင့်ပေးရန် တောင်းပန်လေသည်။ ဂဝမ္ပတိမထေရ်သည် မိတ္ထီလာပြည်သို့ ပြန်၍ ဘုရားသခင်အား အလုံးစုံ လျှောက်ကြားသောအခါ ဘုရားသခင်သည် ရဟန္တာနှစ်သောင်းနှင့်အတူ သထုံပြည် မဟာသီရိမာသောကမင်းထံ ကြွလာကာ တရားရေအေး တိုက်ကျွေးတော်မူလေသည်။ ကြွလာပြီးနောက် ခုနစ်ရက်လွန်မြောက်၍ သထုံပြည်မှ ပြန်ကြွတော်မူမည်ရှိသော် တရားနာလျက်ရှိသော ရသေ့ခြောက်ပါးက ဘုရားသခင်ကိုယ်စား ကော်ရော်ဖွယ်ရာ ထားခဲ့ရန် တောင်းပန်ကြသောအခါ ဘုရားသခင်က ဆံတော်ခြောက်ဆူကို ပေးတော်မူလေသည်။ မဟာသိရိမာသောကမင်းကလည်း ကိုးကွယ်ဖွယ်ရာဆံတော်မြတ်ကို တောင်းသည်အခါ ဘုရားသခင်က ဆံတော်ဓာတ်ကို မပေးဘဲ၊ မလ္လာမင်း၏ အင်ကြင်းတော်တွင် ပရိနိဗ္ဗာန်ပြုသည့်အခါစန္ဒကူးထင်းပုံထက်၍ တင်၍ ဖုတ်ကြည်းကြကုန်လတ္တံ့။ ထိုအခါ ငါ၏ အဓိဋ္ဌာန်ဖြင့် ၃၃ ချောင်းသော သွားတော်ဓာတ်ကို စန္ဒကူး ထင်းပုံထက်မှ ထုတ်၍ ဂဝမ္ပတိရဟန်းသည် ဆောင်ခဲ့လတ္တံ့။ ထိုဓာတ်ကို သင်မင်းကြီး ကော်ရော်ကြရကုန်လတ္တံ့ဟု မိန့်တော်မူလေသည်။
ဘုရားသခင် ပရိနိဗ္ဗာန်စံ၍ စန္ဒကူးထင်းပုံထက်တင်ကာ ဖုတ်ကြည်းသောအခါ အဓိဋ္ဌာန်တော်ကြောင့် သွားတော်ဓာတ်ကို ဂဝမ္မတိမထေရ်သည် ပင့်ဆောင်၍ သထုံပြည်ရှင် မဟာသိရိမာ သောကမင်းအား ပေးလေသည်။ မင်းကြီးသည် ၃၃ ဆူသော သွားတော်ဓာတ်ကို၃၃ ဆူသော ကျောက်စေတီငယ်ပြုစေ၍ ကိုးကွယ်လေသည်။ မဟာသိရိမာသောကမင်း လွန်သော် နှစ်ပေါင်း ၅ဝ ခန့်လောက်သာထိုကျောက်စေတီများကို ကော်ရော်သူများ ရှိ၍ နောက်အနှစ် ၂ဝဝ ခန့် ပစ်ပယ်ထားခြင်း ခံရ သဖြင့် စေတီများသည် တောအတိ ဖုံးလွှမ်းသွားလေသည်။ သာသနာနှစ် ၂၃၆ ခုတွင် သထုံပြည်သို့ သာသနာပြုကြွလာကြသော အရှင်သောဏနှင့် ဥတ္တရမထေရ်နှစ်ပါး၏ ထုတ်ဖော်ချက်အရ သထုံပြည်ရှင် စူဠသိရိမာသောကမင်းသည် ၃၃ ဆူသော ကျောက် စေတီငယ်တို့မှ ၃၃ ဆူသော သွားတော်ဓာတ်တို့ကို ထုတ်၍ နေပြည်တော်မှ အရှေ့မြောက်မျက်နှာ၌ မဝေးလွန်းမနီးလွန်းသော နေရာတွင် ၃၃ ခုသော ရွှေတိုက်တို့ကို ပြုစေ၍ ၃၃ဆူသော သွားတော်ဓာတ်တို့ကို ရွှေကြုတ်တို့၌ ထည့်ကာ ရွှေအိုး ၃၃ လုံးဖြင့် ပိတ်၍ ရွှေတိုက်သွင်း၍ ပူဇော်သည်။ ထို့နောက် စူဠသိရိမာ သောကမင်းသည် ဤသို့ အဓိဋ္ဌာန်ပြု၏။ ဤဓာတ်တော်တို့သည် ဘုရားသခင်၏ ဓာတ်တော်တို့ အမှန် စင်စစ် ဖြစ်ငြားအံ့၊ ထိုဓာတ်တော်တို့သည် သတ္တဝါတို့၏ စီးပွားချမ်းသာအလို့ငှာ ထိုက်သည့်အရပ်၌ ရွှေအိုးနှင့်တကွ တည်စေကုန်သတည်း။ယင်းသို့ အဓိဋ္ဌာန်ပြုပြီးသည်၏ အခြား မဲ့၌ သွားတော်ဓာတ် ၃၃ ဆူသည် ရွှေအိုးနှင့်တကွ ရွှေတိုက်၌ ကွယ်၍ ထိုထိုအရပ်တို့၌ တည်ကြကုန်၏။ ဟံသာဝတီမြို့၏ အနောက်မျက်နှာ၌တည်သော စေတီကိုကား ရှေးသူဟောင်းတို့ သည် မဝေစေတီ၊ တစ်နည်း မော်ဓောဟု ခေါ်ဝေါ်ကြသည်။နောက်လူတို့မူကား ထိုအတူ မဆိုမူ၍ မဟ်တဝ်ဟု ခေါ်ဝေါ် ကြကုန်၏။ သထုံမြို့ဟောင်းမှ ကေလာသစေတီ၊ သထုံမြို့သစ်မှ ရွှေစာရံစေတီ၊ ဇုတ်သုတ်မြို့မှ ဇုတ်သုတ်စေတီ၊ ယပ်မားမြို့မှ ကျိုက်ယပ်မား စစ်တောင်းမြို့မှ ကျိုက်ကလံဗန်၊ ဘီးလင်းနယ် စရစ်မြို့မှ ကျိုက်စရစ်၊ သလွန်မြို့မှ ကျိုက်သလွန်၊ သူရဲမြို့မှ ကျိုက်သူရဲ၊ ကျောက်မော်မြို့မှ ကျိုက်တလင်၊ ကျောက်ပြာမြို့မှ ကျိုက်ဗောထွတ်၊ ကောလိယမြို့မှ ကျိုက်မုခလ၊ မောရဉ္စယမြို့မှ ကျိုက်မုပွန်၊ ဒင်မဲမြို့မှ ကျိုက်ခွက်၊ အခရိန်မြို့မှ ကျိုက်နုတ်၊ ကမော့နွတ်မြို့မှ ကျိုက်မုခိုင်၊ ဇုတ်ကနုတ်မြို့မှ ကျိုက်ဇုတ် ကနုတ်၊ မော်လမြိုင်မြို့မှ ကျိုက်သံလန်၊ ဘီလူးကျွန်း ခမောင် နတ် မြို့မှ ကျိုက်မူးနန်း၊ ဇာသပြင်မြို့မှ ကျိုက်ပိုင်ကြု၊ မုတ္တမ မြို့မှ ကျိုက်တမော(မြသိန်းတန်ဘုရား)၊ ကျိုက်ငေါ်မြို့မှ ကျိုက် ငေါ်၊ ကျိုက်ကာမြို့မှ ကျိုက်ကာ၊ ကျိုက်ရိုမြို့မှ ကျိက်ရို၊ တင်စီ မြို့မှ ကျိုက်တင်စီ၊ မုပ္ပလင်မြို့မှ ကျိုက်သလုံ၊ ဘီးလင်းမြို့မှ သောဏုတ္တရ၊ မိုးညက်မြို့မှ ကျိုက်မိုးညက်၊ မိုနိုင်မြို့မှ ကျိုက် မိုးနိုင်၊ ကျိုက်ထိုမြို့မှ ကျိုက်ထို၊ မုက္ကဒူးမြို့မှ ကျိုက်ကဒူး၊ ကျိုက်ကော်မြို့မှ ကျိုက်ကော်၊ ရွှေဂွန်းမြို့မှ လေခလစ်စသော စေတီများသည် ကျန်သွားတော် ၃၂ ဆူတည်သော ဘုရားများ ဖြစ်ကြသည်။

မဝေါမြို့သို့ ဘုရားသခင်၏သွားတော်ဓာတ်တစ်ဆူ ရောက် သွားသည်ကို စူဠသိရိမာသောကမင်း သိလတ်သော် အနုမမည် သောအမတ်အား လွှတ်၍ တိုက်စေတီတစ်ဆူ တည်စေသည်။ အနုမအမတ်သည် သွားတော်ဓာတ်တည်ရာရွှေအိုးကို ဆင်ပေါ်၌ တင်၍ တိုက်စေတီတည်ထိုက်သော အရပ်တွင် ဆင်ဝပ်ပါစေ သတည်းဟု အဓိဋ္ဌာန်ပြုကာ ဆင်ကို လွှတ်သော် ထိုဆင်သည် ဟင်္သာကုန်းတန်းမှ ဆင်း၍ အနောက်ဘက် မြင်းသီတကုန်းသို့ တက်ပြီးလျှင် ဝပ်လေ၏။ ထိုကုန်းကို ညိ|ပြီးလျှင် အမြင့်ရှစ် တောင်၊ အလျားအတောင် ၅ဝ၊အနံ ၂၅ တောင်ရှိသော ခုံတုံး ကို အုတ်ရင်ပြင်ပေါ်၌ တင်ပြီးမှ ယင်းအပေါ်၌ အလျား အတောင် ၄ဝ၊ အနံအတောင် ၂ဝ၊ အမြင့် ရှစ်တောင်ရှိသော တိုက်စေတီကို ပြသာဒ်နှင့်တကွ ပြု၏။ ပလ္လင်၌ ဘီလူးရုပ်ထု ထားသော ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားကိုလည်း သွားတော်ဓာတ် ထည့်ရာ ရွှေအိုးနှင့်အတူ တိုက်စေတီတွင်ထား၍ ပူဇော်သည်။ ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ်၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။
ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ်မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆ဝ၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁ဝဝ၄၊ ၁ဝ၇၁၊၁၁၅၉၊ ၁၁၉၆၊ ၁၂၈ဝ၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃ဝ၊ ၁၆ဝ၃၊ ၁၇ဝ၅၊ ၁၈၁၃၊ ၁၈၃ဝ၊ ၁၈၉၂ ခုနှစ် များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့်မော်ဓောတိုက်စေတီ ပြိုလေရာ၊ မင်းအဆက်ဆက်တို့ ပြန်လည်တည်ပေးရလေသည်။ သာသနာနှစ် ၁၈၉၂ ခုတွင် လှုပ်သော ငလျင်ကြီးကြောင့် မြင်းသီတကုန်းပေါ်ရှိ မော်ဓောတိုက်စေတီ အပါအဝင် စေတီ ၁၆ ဆူတို့သည် ပြုပြင်၍မရအောင် ပျက်စီးခဲရာ၊ ဟံသာဝတီပြည့်ရှင် ဗညားဦးသည် သာသနာနှစ် ၁၈၉၄ ခုတွင် မြင်းသီတ ကုန်း ဘုရား ၁၆ ဆူမှ ဓာတ်တော်ရုပ်ပွားတော်များကို တစ်ခု မကျန် ထုတ်နုတ်ပြီးလျှင် ပျက်ပြိုနေသော စေတီများ၏အကြား တွင် မြေဖြည့်၍ ပထမရင်ပြင်ရင်တော်မှ ကိုးတောင်အမြင့်၌ ရင်ပြင်သစ်ခင်းပြီးလျှင် အလယ်တွင် တစ်ဆူတည်းသော သင်တိုင်းစေတီကို တည်လေသည်။ ဘုရားသခင်၏ သွားတော် ဓာတ်နှင့် ရုပ်ပွားစေတီအဟောင်းအသစ်များကို ဌာပနာလျက် မော်ဓောစေတီဟု အမည်ဟောင်းအတိုင်း ပြန်လည်သမုတ် တော်မူသည်။ စေတီ၏ဉာဏ်တော်၅၅ တောင်မြင့်လေသည်။ တိုက်စေတီ ဘဝက ၂၇ တောင်သာ မြင့်၏။ သာသနာနှစ် ၁၈၉၆ ခု သက္ကရာဇ် ၇၁၄ ခုနှစ်တွင် ရွှေချ ထီးတင်သည်။ သက္ကရာဇ် ၇၅၈ ခုနှစ်တွင် ငလျင်ကြောင့် ၂၃ ကြိမ် မြောက် မော်ဓောစေတီပြိုပြန်လေသည်။ ထိုအခါ ရာဇာဓိရာဇ် ဘုရင်သည်ခမည်းတော် ဗညားဦး၏ ၅၅ တောင်မြင့်သော မော်ဓောစေတီကို ငယ်သေးသည်ဟု တစ်ဆူလုံးပယ်၍ အတောင် ၇ဝ မြင့်သော စေတီအသစ်ကို တည်သည်။ သက္ကရာဇ် ၇၅၉ ခုနှစ် နတ်တော် လဆန်း ၅ ရက်နေ့တွင် မော်ဓောရှင်အသစ် အုတ်ရိုးတည် ရွှေချထီးတင်သော ကိစ္စများ ပြီးမြောက်သည်။ မော်ဓောစေတီသစ် ပန်းတင်ခုံများ၌ သက်စေ့ စေတီရံ ၄၈ ဆူ တည်တော်မူသည်။ ၈၁၄ ခုနှစ်တွင် ရှင်စောပုနန်းတက်သည်။ ၈၁၉ ခုနှစ် တွင် မော်ဓောစေတီသည် ခေါင်းလောင်းပုံအဆုံး ထိ ငလျင် ကြောင့် ၂၄ ကြိမ်မြောက် ပြိုပျက်လေသည်။ စေတီပျက်ကို ပထမ ပစ္စယာအရင်းထိ ပယ်လိုက်ပြီးလျှင် ကျန်ပန်းတင်ခုံများ ကို ဖြို၍ အမြင့်အတောင် ၁၅ဝ ရှိသော မော်ဓောစေတီသစ်ကို သားမက်တော် ဓမ္မစေတီမင်းနှင့် သက္ကရာဇ်၈၂ဝ တွင် ပြန် တည်ရာ ၈၂၄ ခုနှစ်၌ အောင်မြင်ပြီးစီးသည်။ ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားကို ပျက်စီးမည်စိုး၍ မြောက်ဘက်ပန်းတင်ခုံအတွင်း သွင်းကာ ဌာပနာတော်မူသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myo Min Moe.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top