ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အာဂ်င္တီးနားႏိုင္ငံမွာ ကိုယ္ဝန္ ၁၄ ပတ္ အတြင္း ဖ်က္ခ်ႏိုင္ခြင့္ ဥပေဒကို အတည္ျပဳမလား ဆိုတာ လႊတ္ေတာ္ထဲ မဲခြဲခဲ့ၾကတာမွာ မဲပြတ္ကာသီကာနဲ႔ ဥပေဒ အတည္ျဖစ္မလားပဲ ရႈံးနိမ့္ သြားပါတယ္။

သေႏၶဖ်က္ခ်တာကို တားျမစ္တဲ့ ႐ိုမန္ကက္သလစ္ ခရစ္ယာန္ အယူဝါဒ လႊမ္းမိုးရာ အာဂ်င္တီးနားမွာ ဒီဥပေဒ အတည္ ျဖစ္မလာဖို႔ အေရး ကက္သလစ္ ေက်ာင္းေတာ္က ဦးစီးဦးေဆာင္လုပ္ၿပီး အသည္းအသန္ ကန္႔ကြက္ ေနခဲ့ပါတယ္။

လက္ရွိ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဆိုရင္လည္း အာဂ်င္တီးနား ႏိုင္ငံမွာ ဖြားျမင္ခဲ့သူ ျဖစ္ပါတယ္။ မလိုလားသူေတြက ဝမ္းေျမာက္ဝမ္းသာ ဘာသာေရးလႊမ္းတဲ့ အာဂ်င္တီးနားမွာ ဖ်က္ခ်ခြင့္ ဥပေဒ အတည္မျဖစ္ လႊတ္ေတာ္အျပင္ဘက္ ေထာက္ခံသူ ဆန္႔က်င္သူေတြ ဝ႐ုန္းသုန္းကား ၿမိဳ႕ေတာ္ ေဘြႏိုေအးရီးစ္ရဲ႕ လႊတ္ေတာ္ အေဆာက္အဦးေရွ႕ ကိုယ္ဝန္ဖ်က္ခ်ခြင့္ မလိုလားသူေတြဟာ မဲခြဲတဲ့ရလဒ္ ထြက္လာတဲ့အခါ မီးရွဴးမီးပန္းေတြ ပစ္ေဖာက္ၿပီး ေအာင္ပြဲ ခံခဲ့ၾကပါတယ္။

တခါ၊ ကိုယ္ဝန္ဖ်က္ခ်ခြင့္ လိုလားသူေတြကေတာ့ မဲရႈံးသြားတဲ့အခါ မေက်မနပ္ ျဖစ္ခဲ့ၾကၿပီး ရဲတပ္ဖြဲ႕နဲ႔ၾကားမွာပါ ထိပ္တိုက္ရင္ဆိုင္တာေတြ ေပၚေပါက္ လာခဲ့ပါတယ္။

ဖ်က္ခ်ခြင့္လိုလားသူေတြနဲ႔ ရဲၾကား ထိပ္တိုက္ေတြ႕ အုံႂကြသူေတြဘက္က ခဲေတြနဲ႔ ပစ္ေပါက္ ခဲ့ၾကသလို လုံၿခဳံေရးတပ္ဖြဲ႕ေတြကလည္း မ်က္ရည္ယိုဗုံးေတြ အသုံးျပဳၿပီး ၿဖိဳခြင္း ခဲ့ၾကပါတယ္။

လက္ရွိ အာဂ်က္တီးနား ဥပေဒအရ အဓမၼ ျပဳက်င့္ ခံရတာကေန ကိုယ္ဝန္ရွိသြားတဲ့ အခါမ်ိဳးမွာ ျဖစ္ေစ၊ မိခင္ရဲ႕ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အခါမ်ိဳးမွာျဖစ္ေစ အဲဒီလို အေျခအေနမ်ိဳးေတြမွာမွ ကိုယ္ဝန္ ဖ်က္ခ်ခြင့္ ေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
အာဂျင်တီးနားနိုင်ငံမှာ ကိုယ်ဝန် ၁၄ ပတ် အတွင်း ဖျက်ချနိုင်ခွင့် ဥပဒေကို အတည်ပြုမလား ဆိုတာ လွှတ်တော်ထဲ မဲခွဲခဲ့ကြတာမှာ မဲပွတ်ကာသီကာနဲ့ ဥပဒေ အတည်ဖြစ်မလားပဲ ရှုံးနိမ့် သွားပါတယ်။

သန္ဓေဖျက်ချတာကို တားမြစ်တဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးရာ အာဂျင်တီးနားမှာ ဒီဥပဒေ အတည် ဖြစ်မလာဖို့ အရေး ကက်သလစ် ကျောင်းတော်က ဦးစီးဦးဆောင်လုပ်ပြီး အသည်းအသန် ကန့်ကွက် နေခဲ့ပါတယ်။

လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆိုရင်လည်း အာဂျင်တီးနား နိုင်ငံမှာ ဖွားမြင်ခဲ့သူ ဖြစ်ပါတယ်။ မလိုလားသူတွေက ဝမ်းမြောက်ဝမ်းသာ ဘာသာရေးလွှမ်းတဲ့ အာဂျင်တီးနားမှာ ဖျက်ချခွင့် ဥပဒေ အတည်မဖြစ် လွှတ်တော်အပြင်ဘက် ထောက်ခံသူ ဆန့်ကျင်သူတွေ ဝရုန်းသုန်းကား မြို့တော် ဘွေနိုအေးရီးစ်ရဲ့ လွှတ်တော် အဆောက်အဦးရှေ့ ကိုယ်ဝန်ဖျက်ချခွင့် မလိုလားသူတွေဟာ မဲခွဲတဲ့ရလဒ် ထွက်လာတဲ့အခါ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး အောင်ပွဲ ခံခဲ့ကြပါတယ်။

တခါ၊ ကိုယ်ဝန်ဖျက်ချခွင့် လိုလားသူတွေကတော့ မဲရှုံးသွားတဲ့အခါ မကျေမနပ် ဖြစ်ခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ကြားမှာပါ ထိပ်တိုက်ရင်ဆိုင်တာတွေ ပေါ်ပေါက် လာခဲ့ပါတယ်။

ဖျက်ချခွင့်လိုလားသူတွေနဲ့ ရဲကြား ထိပ်တိုက်တွေ့ အုံကြွသူတွေဘက်က ခဲတွေနဲ့ ပစ်ပေါက် ခဲ့ကြသလို လုံခြုံရေးတပ်ဖွဲ့တွေကလည်း မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဖြိုခွင်း ခဲ့ကြပါတယ်။

လက်ရှိ အာဂျက်တီးနား ဥပဒေအရ အဓမ္မ ပြုကျင့် ခံရတာကနေ ကိုယ်ဝန်ရှိသွားတဲ့ အခါမျိုးမှာ ဖြစ်စေ၊ မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခါမျိုးမှာဖြစ်စေ အဲဒီလို အခြေအနေမျိုးတွေမှာမှ ကိုယ်ဝန် ဖျက်ချခွင့် ပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top