iMyanmarHouse.com - Best Property Website for Myanmar
×

မႏၱေလးၿမိဳ႕မွာ ဆုိင္ကယ္စီးလာသူ အမ်ိဳးသား ၂ ဦးကေန အျခားဆုိင္ကယ္ေပၚက အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦးကုိ ေသနတ္နဲ႔ ၃ ခ်က္ပစ္ခတ္ခဲ့တယ္လုိ႔ ေအာင္ပင္လယ္ရဲစခန္းတာ၀န္က်ရဲအရာရွိက Duwunကိုေျပာသည္။

မႏၱေလးၿမိဳ႕ ၅၅ လမ္း မေနာ္ဟရီနဲ႔ ျမတ္ေလးၾကားမွာ ၾသဂုတ္လ ၁၃ ရက္မနက္ ၁၁ နာရီေလာက္က ျဖစ္ပြားခဲ့ၿပီး ပစ္ခတ္တဲ့သူကုိ ရပ္ကြက္ေနလူေတြက ၀ိုင္း၀န္းဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦး ထိမွန္သြားၿပီး ေဆးရုံႀကီးကုိ ပုိ႔ေဆာင္ထားတယ္လုိ႔သိရပါတယ္။




“ေသနတ္နဲ႔ ပစ္ခတ္မႈျဖစ္ပြားတာကေတာ့ အတည္ျပဳပါတယ္။ က်န္တာက စစ္ေဆးဆဲျဖစ္ပါတယ္။ ဒဏ္ရာရသြားတဲ့ မိန္းကေလးက ေဆးရုံမွာ ေရာက္ေနတယ္လုိ႔ ၾကားတယ္” ေအာင္ပင္လယ္ရဲစခန္း က ရဲအရာရွိကေျပာပါတယ္။

လက္ရွိေတာ့့ တစ္ဦးကို ဖမ္းဆီးရမိထားၿပီး ပစ္စတို က်ည္အိမ္ေတြကုိ ရဲတပ္ဖြဲ႕က သက္ေသအျဖစ္ ရယူထားတယ္လို႔ သိရပါတယ္။ ပစ္ခတ္ခံရတဲ့အမ်ိဳးသမီးကုိေတာ့ ေဆးရုံႀကီးကုိ ပုိ႔ေဆာင္ထားတယ္လုိ႔ ကူညီကယ္ဆယ္ေရးလုပ္ေပးခဲ့တဲ့ ခ်မ္းျမသီတာာ လူမႈကူညီေရးအသင္းက Duwun မီဒီယာကုိ ေျပာပါတယ္။

“ဆိုင္ကယ္ေပၚကေန လူငယ္ႏွစ္ေယာက္ကေန ပစ္သြားတာ။ ခ်စ္သူရည္းစားကုိ ေကာင္ေလးကေန စိတ္နာလို႔ ပစ္သြားတာလုိ႔ ေျပာတာပဲ။ ကၽြန္ေတာ္တုိ႔လည္း ေသနတ္သံၾကားလုိက္ရတယ္။ အခုေတာ့ ေ
ဆးရုံကုိ သြားပုိ႔ထားတယ္” လုိ႔ ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version#
မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးကနေ အခြားဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ အောင်ပင်လယ်ရဲစခန်းတာဝန်ကျရဲအရာရှိက Duwunကိုပြောသည်။

မန္တလေးမြို့ ၅၅ လမ်း မနော်ဟရီနဲ့ မြတ်လေးကြားမှာ သြဂုတ်လ ၁၃ ရက်မနက် ၁၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တဲ့သူကို ရပ်ကွက်နေလူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သွားပြီး ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

“သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားတာကတော့ အတည်ပြုပါတယ်။ ကျန်တာက စစ်ဆေးဆဲဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ မိန်းကလေးက ဆေးရုံမှာ ရောက်နေတယ်လို့ ကြားတယ်” အောင်ပင်လယ်ရဲစခန်း က ရဲအရာရှိကပြောပါတယ်။

လက်ရှိတော့ တစ်ဦးကို ဖမ်းဆီးရမိထားပြီး ပစ်စတို ကျည်အိမ်တွေကို ရဲတပ်ဖွဲ့က သက်သေအဖြစ် ရယူထားတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့အမျိုးသမီးကိုတော့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ ချမ်းမြသီတာာ လူမှုကူညီရေးအသင်းက Duwun မီဒီယာကို ပြောပါတယ်။

“ဆိုင်ကယ်ပေါ်ကနေ လူငယ်နှစ်ယောက်ကနေ ပစ်သွားတာ။ ချစ်သူရည်းစားကို ကောင်လေးကနေ စိတ်နာလို့ ပစ်သွားတာလို့ ပြောတာပဲ။ ကျွန်တော်တို့လည်း သေနတ်သံကြားလိုက်ရတယ်။ အခုတော့ ေ

ဆးရုံကို သွားပို့ထားတယ်” လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top