iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယားႏိုင္ငံမွ ျဖစ္ရပ္မွန္

၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၂ ရက္ေန႔

မနက္ျဖန္ ျပဳလုပ္မည့္ ႀကီးက်ယ္သည့္ မဂၤလာပြဲအတြက္ သူတို႔ ခ်စ္သူႏွစ္ဦး စိတ္လႈပ္ရွားေနၾကသည္။ခ်စ္သူႏွစ္ေယာက္ သူတို႔ေနမည့္အိမ္အသစ္၌ အိမ္တြင္းပစၥည္းမ်ား ဝယ္ယူျပင္ဆင္ရင္း အတူေနခဲ့ၾကသည္မွာ တစ္လနီးပါးရွိေနၿပီျဖစ္သည္။

ထိုည….

ထိုညက သတို႔သားေလာင္း ယူထဲဟြန္းက က သတို႔သမီးေလာင္းအိမ္ေရွ႕အထိ ကားေမာင္းပို႔ေပးသည္။

“ဟင့္အင္း… မခြဲႏိုင္ဘူးကြာ..”

“အေမ့ရင္ခြင္ထဲမွာ ဒီညေနခ်င္တယ္ကိုကို… မနက္ျဖန္ကစၿပီး ကိုကို႔မိန္းမျဖစ္သြားၿပီေလ..ခြင့္ျပဳပါ ကိုကိုရယ္..ေနာ္..”

” အေမနဲ႔ စကားေတြအမ်ားႀကီးေျပာေနာ္….. မနက္ျဖန္ မဂၤလာခန္းမမွာေတြ႕ၾကမယ္ေနာ္အခ်စ္…။”

ထိုည..

သတို႔သားေလာင္း ယူထဲဟြန္းသည္ အျပန္လမ္းတြင္ အျခားမိန္းမတစ္ေယာက္ကို ကားေပၚတင္၍ မဂၤလာဦးအိမ္သို႔ေခၚယူသြားသည္။”ဒီညေတာ့ ကိုယ္နဲ႔အတူ တစ္ညလံုးေနေပးရမယ္ေနာ္……” သတို႔သားေလာင္း ယူထဲဟြန္းက အမ်ိဳးသမီးကိုေျပာလိုက္သည္။ ” ေမာင့္ကို ခ်စ္ၿပီးသား!” အမ်ိဳးသမီးက သတို႔သားေလာင္း ယူထဲဟြန္းအား ခ်စ္ျမတ္ႏိုးစြာၾကည့္လိုက္သည္။

ထိုညသည္…သတို႔သားေလာင္း ယူထဲဟြန္းသည္ ထိုကဲ့သို႔ သတို႔သမီးအား သစၥာေဖာက္သည့္ည…။

ထိုည…

“အေမ့ကို ေျပာစရာရွိတယ္…သမီးမွာ ကိုယ္ဝန္ရွိေနၿပီ..ဒါေၾကာင့္ သမီးတို႔ အျမန္လက္ထပ္ျဖစ္တာ….”

“ဟယ္.. ဝမ္းသာလိုက္တာ ..သမီးရယ္..” မိခင္ျဖစ္သူႏွင့္ စကားေျပာ၍မဝျဖစ္ေနစဥ္ ကင္မ္ဆိုးဂ်င္းထံ ဖုန္းမက္ေဆ့ခ်္တစ္ခု ဝင္လာသည္။ကင္မ္ဆိုးဂ်င္း စိတ္ရႈပ္သြားပံုရသည္။”အေမ သမီးသြားမွျဖစ္မယ္… ကိုကိုက အျမန္ျပန္လာတဲ့…စိတ္ရႈပ္ပါတယ္..”

ထိုည…

မိခင္အိမ္မွ သူမတို႔မဂၤလာဦးေမာင္ႏွံေနမည့္အိမ္သို႔ အျပန္လမ္းတြင္ သူမ ေပ်ာက္ဆံုးသြားသည္။

၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၃ ရက္ေန႔

မဂၤလာေဆာင္မည့္ေန႔ေရာက္လာသည္။သတို႔သမီး ကင္မ္ဆိုဂ်င္းသည္ မဂၤေဆာင္ခန္းမသို႔ေရာက္မလာႏိုင္ေတာ့ေပ…။သူမ တကယ့္ကို ေပ်ာက္ဆံုးသြားေလသည္။

သတို႔သမီးေပ်ာက္ဆံုးသြား၍ အားလံုး စိတ္ပူေနခ်ိန္တြင္…သတို႔သမီးထံမွ ဖုန္းမက္ေဆ့ခ်္ဝင္လာသည္။သတို႔သားထံသို႔ ျဖစ္သည္။”ကိုကို…ကၽြန္မ တကယ္ခ်စ္ရတဲ့သူရွိပါတယ္… သူ႔ကိုမခြဲႏိုင္တာ သိလိုက္ရတယ္.. ကြ်န္မကို ခြင့္လႊတ္ပါ…”သတို႔သား ယူထဲဟြန္းသည္ အလြန္စိတ္ဆိုးသြားသည္။”ဒီမိန္းမ.. ေဖာက္ျပန္တယ္ဆိုတာ သိေနတာၾကာၿပီ….”မဂၤလာပြဲကို ဖ်က္သိမ္းလိုက္ၾကသည္။

ထိုေန႔

သတို႔သမီး ကင္မ္ဆိုဂ်င္း၏မိခင္သည္ နတ္ကိုးကြယ္သူတစ္ဦးျဖစ္သည္။နတ္ကေတာ္မ်ားအား မဂၤလာဦးေမာင္ႏွံေနမည့္အိမ္သို႔ပင့္ဖိတ္၍ သတို႔သမီးအား ရွာေဖြေပးရန္ ေတာင္းပန္ေလသည္။ထိုစဥ္ သတို႔သမီးေပ်ာက္၍ အရွက္ကြဲ စိတ္တိုေနေသာ သတို႔သား ယူထဲဟြန္း စိတ္ညစ္ညစ္ျဖင့္ အိမ္ျပန္လာသည္။အိမ္တံခါးဖြင့္လိုက္၍ နတ္ကေတာ္မ်ားကိုေတြ႕လိုက္ရေသာအခါ ပို၍ ေဒါသျဖစ္သြားေလသည္။

နတ္ကေတာ္က ႐ုတ္တရက္ အံ့ၾသထိတ္လန္႔စြာျဖင့္ မ်က္လံုးျပဴးကာ ေအာ္ဟစ္လိုက္သည္။

“ဟင္..!!?!? သတို႔ သမီး ကင္မ္ဆိုဂ်င္းသရဲျဖစ္ေနၿပီ .. သတို႔သားအေနာက္ကို ကပ္လိုက္ေနတယ္…!!!! ယူထဲဟြန္းဟာ လူသတ္သမား! အေလာင္းဘယ္မွာဖြက္ထားလဲ..ေျပာစမ္း”

သတို႔သား ယူထဲဟြန္း ေဒါသ အထြတ္အထိပ္သို႔ေရာက္သြားေလသည္။သတို႔သားက နတ္ကေတာ္မ်ားႏွင့္ မေတာ္လိုက္ရေသာ ေယာကၡမ အား စိတ္ဆိုး မာန္ဆိုးျဖင့္ အိမ္မွ ေမာင္းထုတ္လိုက္ေလသည္။

” အ႐ူးေတြ…နတ္မယံုဘူးကြ…. ေနာက္တစ္ခါလာ ငါ့အိမ္ထဲလာရဲလာၾကည့္ ရဲတိုင္မယ္…!”

သတို႔သမီးအေမက ထိုစကားကိုၾကားေသာအခါ ဆတ္ဆတ္ထိမခံနာက်င္သြားပံုရသည္။”ဒီအိမ္ဟာ မင္းပိုက္ဆံတျပားမွ မပါပဲ ငါ့သမီးက သူ႔ဦးေလးဆီမွာ ပိုက္ဆံေခ်းၿပီး မင္းနဲ႔မေတြ႕ခင္ကတည္းကဝယ္ထားတဲ့အိမ္… မင္းအိမ္တဲ့လား..? မင္း အရွက္မရွိဘူးလား ”

“ဟားဟား… အန္တီ မသိေသးဘူးထင္တယ္။ ဒီအိမ္ကို ကြ်န္ေတာ့္တစ္ေယာက္ထဲနာမည္နဲ႔ ေျပာင္းထားတာဗ်..က်ဳပ္ပိုင္တယ္”

“ဟင္..?”သတို႔သမီး၏ မိခင္ႀကီးသည္ မူးေမ့မတတ္ျဖစ္သြားသည္။

၁၅ ရက္အၾကာ….

သတို႔သမီး ကင္မ္ဆိုဂ်င္းထံမွ သတို႔သားနဲ႔ မိခင္ႀကီးဆီသို႔ ဖုန္းမက္ေဆ့ခ်္ တစ္ခုဝင္လာျပန္သည္။” အေမ သမီး “…….” မွာရွိတယ္…။ သမီး ဒုကၡေရာက္ေနတယ္..သမီးကိုလာကယ္ပါ…”…တဲ့…။မိခင္ႀကီးသည္ သမီး ဖုန္းမက္ေဆ့ခ်္ ထဲ၌ ေဖာ္ျပထားေသာ ေနရာသို႔ အျမန္ဆံုး လိုက္သြားသည္…။မိခင္ႀကီးသည္ ေၾကာက္မက္ဖြယ္ရာ ျမင္ကြင္းေၾကာင့္ ေမ့လဲမတတ္ျဖစ္သြားရျပန္သည္။

သမီးကင္မ္ဆိုဂ်င္း မဂၤလာမေဆာင္ခင္ညက ေနာက္ဆံုးဝတ္ခဲ့ေသာအကီ်ၤ…။တစ္စုံတစ္ေယာက္က ထိုအကႌ်အား အ႐ုပ္ဆိုးလွေသာ စာေျခာက္႐ုပ္တစ္ခုကို ဝတ္ဆင္ေပးထားသည္။အကီ်ၤ၏ ေနာက္ေက်ာဖက္တြင္ စီးက်ေနသာ ေသြးေျခာက္မ်ားကိုေတြ႕ရသည္။သတို႔သမီး ကင္မ္ဆိုဂ်င္းသည္ ဦးေခါင္းအေနာက္မွ ေက်ာက္တံုးႏွင့္အထုခံရ ပံုရသည္။ေသမ်ားသြားၿပီလား…သူမ၏အေလာင္းက ရွာမေတြ႕…။

ေထာက္လွမ္းေရးတို႔က ရွာေဖြၾကရာ သတို႔သား ယူထဲဟြန္း (အသက္-၃၃ ႏွစ္ ) လက္ရွိေနထိုင္ေသာ မဂၤလာဦးေမာင္ႏွံအိမ္တြင္ အိမ္တြင္ ေသြးစြန္းေနေသာ ေက်ာက္တုံးတစ္ခု ေတြ႕ရေလသည္။ထိုေသြးသည္ သတို႔ သမီး ကင္မ္ဆိုဂ်င္း၏ ေသြးျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္။ထို႔ေၾကာင့္ သတို႔သား ယူထဲဟြန္းအား ရဲေထာက္လွမ္းေရးတို႔က သတို႔သမီး ကင္မ္ဆိုဂ်င္း (အသက္-၃၂ ႏွစ္) အားသတ္ပစ္သည့္အမႈျဖင့္ ဖမ္းဆီးလိုက္ေလသည္။

သတို႔သားက သတို႔သမီးကို သတ္ပစ္လိုက္သည္..တဲ့။ထိုသို႔ဆိုလွ်င္ သတို႔သားသည္ မဂၤလာေဆာင္မည့္ညကိုမွ ေရြး၍ သတို႔သမီး အား အဘယ္ေၾကာင့္ သတ္ပစ္လိုက္သနည္း…?

ရဲေထာက္လွမ္းေရးမ်ားႏွင့္ ေရွ႕ေနက သတို႔သား ယူထဲဟြန္း အား စစ္ေဆးၾကသည္။သတို႔သား ယူထဲဟြန္း ကဒီလိုေျပာသည္။ကြ်န္ေတာ္ဟာ သူမကို စေတြ႕ကတည္းကခ်စ္ခဲ့မိပါတယ္…။ကြ်န္ေတာ္ သတ္တာ လံုးဝ မဟုတ္ပါဘူး ခင္ဗ်ာ…။ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ အျပန္အလွန္သိပ္ခ်စ္ခဲ့ၾကပါတယ္…။သူမနဲ႔ လက္ထပ္ဖို႔ စီစဥ္ေနတုန္း တကၠသိုလ္မွာ ကြ်န္ေတာ္နဲ႔ ႀကိဳက္ခဲ့ဖူးတဲ့ သူငယ္ခ်င္းမ တစ္ေယာက္နဲ႔ မထင္မွတ္ပဲ ျပန္ေတြ႕တယ္။သူငယ္ခ်င္းမက ေငြလိုေနတဲ့ ကြ်န္ေတာ့္လုပ္ငန္းမွာ အစုရွယ္ယာေတြထည့္ၿပီး ကူညီလာတယ္..။သူငယ္ခ်င္းမက ကြ်န္ေတာ့္ကို ႀကိဳက္လို႔ ဒီလိုကူညီခဲ့မွန္း အစကေတာ့ မသိခဲ့ဘူး။ ေနာက္ေတာ့ သူငယ္ခ်င္းမက ကြ်န္ေတာ့္ကိုခ်စ္တယ္ဆိုၿပီး အတင္းလိုက္ကပ္လာတယ္။ကြ်န္ေတာ္ တတ္ႏိုင္သမွ်ေရွာင္ခဲ့တယ္။သူငယ္ခ်င္းမဟာ ကၽြန္ေတာ့္ ခ်စ္သူ ကင္မ္ဆိုဂ်င္း အိမ္အထိတက္ၿပီး မဂၤလာပြဲကိုဖ်က္တဲ့အထိ လုပ္လာတယ္။ကြ်န္ေတာ္ ကင္မ္ဆိုးဂ်င္းကို အတန္တန္ရွင္းျပခဲ့တယ္။ ေနာက္ဆံုး သူမ ကြ်န္ေတာ့္ကို ယံုၾကည္တယ္လို႔ ကြ်န္ေတာ္ထင္ခဲ့တယ္…။ကြ်န္ေတာ္တို႔ လက္တြဲမျပဳတ္ခဲ့ဘူး။ဒါေပမဲ့… ကင္ဆိုးဂ်င္းရဲ႕ အမူအယာေတြပ်က္လာတယ္။

ကင္မ္ဆိုဂ်င္းဟာ ကြ်န္ေတာ့္ေနာက္ကြယ္မွာ လူတစ္ေယာက္နဲ႔ေဖာက္ျပန္ေနတယ္ဆိုတာ ကြ်န္ေတာ္ရိပ္မိလာခဲ့တယ္…။ဘယ္သူဘယ္ဝါလဲဆိုတာ မေျပာျပႏိုင္ခဲ့ေပမယ့္ သူမနဲ႔ အတူေနတဲ့ တစ္လတာအတြင္း ကြ်န္ေတာ့္ကို လိမ္ညာၿပီး အျပင္ထြက္တာေတြ တစ္ေန႔ထက္တစ္ေန႔မ်ားလာတယ္။

တစ္ေန႔ ….အလုပ္မသြားခင္ ကြ်န္ေတာ္တို႔ရန္ျဖစ္ၾကတယ္…။ ကြ်န္ေတာ္ စိတ္မေကာင္းဘူး…ဒါေၾကာင့္ ကြ်န္ေတာ္ သူမေပ်ာ္ေအာင္ ပန္းစီးေပးခ်င္လို႔ အိမ္ေစာေစာျပန္လာတာေပါ့…။အိမ္ထဲဝင္လိုက္ေတာ့ ကင္မ္ဆိုဂ်င္း က အဝတ္ေတြဖ႐ိုဖရဲနဲ႔ အိပ္ခန္းထဲကထြက္လာတယ္.. ။ဧည့္ခန္းထဲမွာ ေသာက္လက္စ ဝိုင္ႏွစ္ခြက္…။ဘာေတြလဲ..?

ရက္အနည္းငယ္ၾကာေတာ့ ကင္မ္ဆိုဂ်င္းက ဦးေလး ဘာ့ခ္ ဒုန္ ေဆာ့ခ္ ဆိုသူနဲ႔ အျပင္သြားဦးမယ္ေျပာပါတယ္။သူမ ဦးေလးဆိုေတာ့ ကြ်န္ေတာ္ယံုၾကည္ခဲ့တယ္.. ။ သူမရဲ႕ ဦးေလး ဘာ့ခ္ ဒုန္ ေဆာ့ခ္ဟာ ကြ်န္ေတာ့္ထက္ ၁၀ ႏွစ္ေက်ာ္ အသက္ႀကီးေပမဲ့ တကၠသိုလ္တခုတည္းကေက်ာင္းၿပီးခဲ့တာမို႔ ေက်ာင္းကျပဳလုပ္တဲ့ ပြဲေတြမွာ စ ေတြ႕ခဲ့ပါတယ္။ကြ်န္ေတာ္တို႔ႏွစ္ေယာက္ကို ဆံုေတြ႕ေအာင္ ဖန္တီးေပးခဲ့သူဆိုလည္း မမွားဘူးေပါ့…။ၿပီးေတာ့ ကြ်န္ေတာ့္အလုပ္ရွယ္ယာဝင္ … ကြ်န္ေတာ့္ကို လုပ္ငန္းနဲ႔ပတ္သက္ၿပီး ပညာေတြအမ်ားႀကီးသင္ၾကားေပးခဲ့တဲ့ ေက်းဇူးရွင္…။

အကိုႀကီးက ကြ်န္ေတာ္တို႔အတြက္ မဂၤလာလက္ဖြဲ႕ဝယ္ေပးမလို႔တဲ့…။အကိုႀကီးနာမည္ပါလာေတာ့ ကြ်န္ေတာ္ ခြင့္ျပဳလိုက္တယ္။အဲဒီေန႔က ကင္မ္ဆိုးဂ်င္း အိမ္ျပန္ခ်ိန္ေနာက္က်ျပန္တယ္။

ကြ်န္ေတာ္ အကိုႀကီး ဘာ့ခ္ ဒုန္ ေဆာ့ခ္ ဖုန္းဆက္ၾကည့္လိုက္တယ္..။”ဟင္… ကင္မ္ဆိုးဂ်င္း နဲ႔ငါ ဒီေန႔ မေတြ႕ပါဘူးကြ.. ဒီေကာင္မေလး ငါ့နာမည္ အသံုးခ်ၿပီး ဘယ္သြားတာပါလိမ့္..” တဲ့…။အဲဒီမွာ သူမ ေဖာက္ျပန္ေနၿပီဆိုတာ ကြ်န္ေတာ္ ေသခ်ာသြားတယ္ဗ်ာ..။ကြ်န္ေတာ္လည္း စိတ္ေလေလနဲ႔ သူငယ္ခ်င္းမနဲ႔ ေဖာက္ျပန္မိတယ္… ။ကင္မ္ဆိုးဂ်င္း နဲ႔ လက္မထပ္ခ်င္ေတာ့ဘူး…။ဒါေပမယ့္ သူမမွာ ကြ်န္ေတာ္နဲ႔ရတဲ့ ကိုယ္ဝန္ရွိေနၿပီေလ..။ဒါေၾကာင့္ပဲ မတတ္သာလို႔ လက္ထပ္ျဖစ္တာပါ။

အဲဒီညက ကြ်န္ေတာ္ ကင္မ္ဆိုဂ်င္းကို သူ႔အေမအိမ္ လိုက္ပို႔ေပးတယ္။အမွန္အတိုင္းေျပာရရင္ ကင္မ္ဆိုဂ်င္း မရွိေတာ့ လြတ္လြတ္လပ္လပ္ သူငယ္ခ်င္းမနဲ႔ တစ္ညလံုးခ်ိန္းေတြ႕ေနခဲ့ပါတယ္။ကြ်န္ေတာ္နဲ႔ေဖာက္ျပန္တဲ့ သူငယ္ခ်င္းမကို အလီဘိုင္အျဖစ္ သက္ေသတင္ပါတယ္..။ၿပီးေတာ့ အဲဒီညက ကြ်န္ေတာ္ ကင္မ္ဆိုဂ်င္းဆီ ဘာဖုန္းမက္ေဆ့ခ်္ မပို႔ခဲ့ပါဘူး..။

” ကင္မ္ဆိုးဂ်င္းအိမ္က ခင္ဗ်ားနာမည္နဲ႔ ျဖစ္ေနတာက ဘာေၾကာင့္လဲ..?

“လုပ္ငန္းအတြက္ေငြလိုလို႔ အစိုးရဆီ ေငြေခ်းဖို႔အတြက္ပါ..။ အိမ္အေပါင္ျပရမွာမို႔ ကြ်န္ေတာ့္ နာမည္ ခဏလႊဲထားတာပါ…”

သတို႔သား ယူထဲဟြန္၏ ဝန္ခံခ်က္မ်ားျဖစ္ပါသည္…။

တရားသူႀကီးမွ တစ္လအၾကာ အမႈထပ္ခ်ိန္းလိုက္သည္။

ဒုတိယ တရားခြင္မေရာက္မွီ လူသတ္သမား ပစ္ထားခဲ့ေသာ အဝတ္မပါေသာ ကင္မ္ဆိုးဂ်င္း၏ အေလာင္းထည့္ထားသည့္ ခရီးေဆာင္အိတ္ႀကီးအား ေတာင္ၾကားထဲတြင္ေတြ႕ခဲ့ရသည္။ေတာင္တက္သူမ်ားကေတြ႕ရွိ သျဖင့္ ရဲစခန္းသို႔ အေၾကာင္းၾကားၾကေလသည္။သတို႔သမီး၏ အေလာင္းကို ဆက္လက္စစ္ေဆးၾကသည္။ထိုအခါ အေရးႀကီးေသာ သဲလြန္စ အသစ္တို႔ကို ရွာေဖြေတြ႕ရွိၾကေလသည္။လူသတ္မႈသည္ ထင္ထားသည္ထက္ ဆန္းၾကယ္ေနေလသည္။

ဦးေလး ဘာ့ခ္ ဒုန္ ေဆာ့ခ္က ကင္မ္ဆိုဂ်င္းဆိုတဲ့ အမ်ိဳးသမီးႏွင့္ပတ္သက္၍ ေျပာျပေလသည္…။

ကြ်န္ေတာ္ ဘာ့ခ္ ဒုန္ ေဆာ့ခ္ ပါ။ကြ်န္ေတာ့္ အသက္ ၄၅ ႏွစ္..။လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ကြ်န္ေတာ္ ခ်စ္ရလြန္းတဲ့ ကြ်န္ေတာ့္မိန္းမ ကားတိုက္ခံရတယ္…။ကြ်န္ေတာ့္ မိန္းမဟာ ႏွလံုးခုန္ေသးေပမဲ့ ဦးေႏွာက္ကလံုးဝအလုပ္မလုပ္ေတာ့ဘူး။ရွင္လွ်က္နဲ႔ ေသေနတဲ့သူတစ္ေယာက္လိုပါပဲ…။တစ္ကိုယ္လံုး လႈပ္ရွားလို႔မရေတာ့ပါဘူး…။ေအာက္ဆီဂ်င္ပိုက္ျဖဳတ္လိုက္ရင္ ေသဆံုးသြားေတာ့မွာကို သိေပမဲ့ ကြ်န္ေတာ္ သိပ္ခ်စ္ရတဲ့ မိန္းမမို႔ ကြ်န္ေတာ္ မပစ္ရက္ဘူး…။ကြ်န္ေတာ္ မိန္းမကို အိမ္မွာထားၿပီး ေအာက္ဆီဂ်င္ေပးထားပါတယ္…။ ကြ်န္ေတာ္ သူမကို ေရပတ္တိုက္ေပးတယ္။ မိတ္ကပ္လိမ္းေပးတယ္..။ ေျခသည္းနီဆိုးေပးတယ္။

ကြ်န္ေတာ္အလုပ္သြားေနစဥ္မွာ ကြ်န္ေတာ့္မိန္းမကို ေစာင့္ၾကည့္ေပးမယ့္ အမ်ိဳးသမီးတစ္ေယာက္လိုအပ္ခဲ့တယ္။ကံေကာင္းစြာနဲ႔ ကြ်န္ေတာ့္ မိန္းမနဲ႔ အသင့္ေတာ္ဆံုး သူတစ္ေယာက္ ရွာေတြ႕ခဲ့တယ္။သူမကေတာ့ ကြ်န္ေတာ့္မိန္းမ အစ္မအရင္းလိုခ်စ္တဲ့ အမ်ိဳးသမီးႀကီးျဖစ္ပါတယ္။အမ်ိဳးသမီးႀကီးက ကြ်န္ေတာ့္မိန္းမကို ေျခသည္းနီဆိုးေပးတာကလြဲၿပီး က်န္ေတာအကုန္လုပ္ေပးတယ္..။ကြ်န္ေတာ့္မိန္းမအသက္ရွင္ကတည္းက ကြ်န္ေတာ္ကိုယ္တိုင္ ေျခသည္းနီဆိုးေပးတာ..။ သူမ်ားဆိုးတာ ကြ်န္ေတာ္မႀကိဳက္ဘူးေလ..။

အမ်ိဳးသမီးႀကီးဟာ ေယာက္်ားမရွိေတာ့ဘူး။ ကင္မ္ဆိုဂ်င္းဆိုတဲ့ သမီးေလးနဲ႔အတူ ႏွစ္ေယာက္ထဲေနတယ္…။ကြ်န္ေတာ့္ မိန္းမနဲ႔ခင္ခဲ့တဲ့သူဆိုေတာ့ ကြ်န္ေတာ့္အမလို သေဘာထားၿပီး ကူညီခ်င္တာလဲပါတာေပါ့…။ကြ်န္ေတာ္ တစ္ခါတစ္ေလ ကြ်န္ေတာ္ ခရီးရွည္ထြက္ရတယ္ေလ… ဒါေၾကာင့္ သူမတို႔သားအမိကို အိမ္ေပၚေခၚတင္ခဲ့ပါတယ္… ။

အခုဆို သူတို႔သားအမိနဲ႔ တစ္အိမ္တည္းေနခဲ့တာ ၂ ႏွစ္ရွိၿပီမို႔ အမ်ိဳးအရင္းေတြလို ျဖစ္ေနပါၿပီ….။ ကင္မ္ဆိုးဂ်င္းကိုလည္း ကြ်န္ေတာ့္ တူမေလးလို သေဘာထားခဲ့တယ္။အဲဒီေန႔က သမီးေလး ကင္မ္ဆိုဂ်င္း မဂၤလာေဆာင္မယ့္ေန႔ေပါ့…အေမေရာ သမီးပါ စိတ္လႈပ္ရွားေနပံုရပါတယ္…။

သတို႔သမီးေလာင္း ကင္မ္ဆိုဂ်င္းနဲ႔လက္ထပ္မယ့္ သတို႔သားေလာင္းကလည္း ကြ်န္ေတာ္တက္ခဲ့တဲ့ တကၠသိုလ္က ယူထဲဟြန္းဆိုတဲ့ ခ်ာတိတ္ေလးတစ္ေယာက္ပါ။အဲဒီ ခ်ာတိတ္ကေလးက လုပ္ငန္းကိစၥနဲ႔ ကြ်န္ေတာ့္ အိမ္လာရင္း ကင္မ္ဆိုဂ်င္းနဲ႔ ေတြ႕ၾကတာေပါ့…။သူတို႔ႏွစ္ေယာက္ ကြ်န္ေတာ့္ေၾကာင့္ပဲ ေတြ႕ဆံုေမတၱာမွ်ခဲ့ၾကတယ္ဆိုပါေတာ့…။ဒီလိုနဲ႔ သူတို႔ ႏွစ္ေယာက္ အခုလို လက္ထပ္မယ့္ အေျခအေနအထိ ေရာက္ခဲ့တယ္…။

ျပႆနာက မဂၤလာမေဆာင္ခင္ ညမွာျဖစ္ခဲ့တာေပါ့..။

၂၀၁၅ ခုႏွစ္ ၃ လပိုင္း ၂ ရက္ေန႔

ကင္မ္ဆိုဂ်င္းဟာ ေပ်ာက္ဆံုးသြားတယ္…။ေယာက္်ားသားမရွိတဲ့ ကင္မ္ဆိုဂ်င္းရဲ႕မိခင္ႀကီးကို အားေပးရင္း ကြ်န္ေတာ္ အေတာ္ စိတ္မေကာင္းျဖစ္မိတယ္။ဘာလို႔စိတ္မေကာင္းျဖစ္တာလဲဆိုေတာ့ ကြ်န္ေတာ္ ဘာ့ခ္ ဒုန္ ေဆာ့ခ္ ကင္မ္ဆိုးဂ်င္းကို သတ္ပစ္လိုက္တာေလ…။

အျဖစ္ကဒီလိုပါ…။

ေအာက္ဆီဂ်င္ပိုက္နဲ႔ အသက္႐ူၿပီး တုတ္တုတ္မွကြ်န္ေတာ့္မိန္းမကိုပဲ ႐ိုး႐ိုးသားသားနဲ႔ အခ်စ္ႀကီး ခ်စ္ခဲ့တဲ့ကြ်န္ေတာ္….။ကင္မ္ဆိုးဂ်င္းကို တူမေလးတစ္ေယာက္လို..ကေလးတစ္ေယာက္လိုပဲျမင္ခဲ့တာပါ…။ ကင္မ္ဆိုးဂ်င္းက ကေလးလို ကြ်န္ေတာ့္ကို ႏြဲ႕ဆိုး ဆိုးၿပီး ခြ်ဲတတ္တယ္..။

တစ္ေန႔…ကြ်န္ေတာ့္မိန္းမကို ေျခသည္းနီဆိုးေပးရင္ သူမကိုလည္းဆိုးေပးရမယ္..တဲ႔ ။ ဒါဟာ.. ကေလးလိုခၽြဲတာ မဟုတ္ေတာ့ဘူးေလ…။မိန္းမတစ္ေယာက္ကိုေျခသည္းနီဆိုးတာဟာ ကြ်န္ေတာ့္ဘဝမွာ ဘယ္ေလာက္ အေရးပါတယ္ဆိုတာ အႀကိမ္ႀကိမ္ ေျပာျပထားၿပီးမို႔ အသက္ ၂၄ ႏွစ္ အရြယ္ သူမ သိမွာပါ…။သူမ ထပ္ကာထပ္ကာေျပာလာတယ္။ကြ်န္ေတာ္ အေတာ္ စိတ္တိုသြားတယ္။ ကြ်န္ေတာ္ဟာ ကြ်န္ေတာ့္မိန္းမကလြဲၿပီး ဘယ္သူ႔ကိုမွ ေျခသည္းနီဆိုးမေပးဘူးလို႔ ဆံုးျဖတ္ထားတာေလ…။

ကင္မ္ဆိုးဂ်င္းကို စိတ္တိုေပမယ့္ အလုပ္ျဖဳတ္ပစ္ရမွာ အားနာလို႔ သူတို႔သားအမိကို ကြ်န္ေတာ့္အိမ္ေပၚတင္ထားရာကေန ကြ်န္ေတာ္ပိုင္တဲ့ အျခားအိမ္တစ္အိမ္မွာ ေျပာင္းေနေစခဲ့တယ္..။

တစ္လေလာက္အၾကာ…ေန႔လည္ဖက္ အိမ္ကိုသူခိုးဝင္တယ္လို႔ ကင္မ္ဆိုးဂ်င္းကဖုန္းဆက္ေတာ့ ကြ်န္ေတာ္အလုပ္ကေန အေျပးသြားခဲ့တယ္။ေၾကာက္လန္႔ေနတဲ့ သူမကို အားေပးၿပီး အလုပ္ျပန္သြားမယ္အလုပ္ သူမက ကြ်န္ေတာ့္ကိုျပန္ခြင့္မေပးခဲ့ဘူး…။အတတ္ႏိုင္ဆံုးေရွာင္ခဲ့ပါေသးတယ္..။ေနာက္ဆံုးေတာ့ ကြ်န္ေတာ္ ကင္မ္ဆိုးဂ်င္းကို ခ်စ္မိသြားတယ္…။

ကြ်န္ေတာ့္ဟာ ၁၀ ႏွစ္ေက်ာ္ေလာက္အသက္ငယ္တဲ့ မိန္းမလွေလးနဲ႔ အဲဒီလိုရည္းစားျဖစ္ခဲ့တယ္…။ကင္မ္ဆိုးဂ်င္းက သဝန္တိုတတ္လို႔ ခ်စ္ရတဲ့မိန္းမကိုလည္း စြန္႔လႊတ္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ မိန္းမကို ေအာက္ဆီဂ်င္ျဖဳတ္ မီးသၿဂိဳၤဟ္လိုက္ရင္ ကင္မ္ဆိုးဂ်င္းအေမရိပ္မိၿပီး ကသူမ နဲ႔ ေဝးသြားမွာစိုးလို႔ မိန္းမ ခႏၶာကိုယ္ကို အိမ္မွာပဲဆက္ထားခဲ့တယ္…။ကင္ဆိုးဂ်င္းကို ကြ်န္ေတာ္ ေက်ာင္းထားေပးခဲ့တယ္..။

သူမအေမမသိေအာင္ တစ္လကို သိန္း ၅၀ ေထာက္ပံ့ခဲ့ပါတယ္။ ေက်ာင္းၿပီးေတာ့လည္း ဂုဏ္ျပဳတဲ့အေနနဲ႔ သိန္း ၇ ေထာင္တန္ တန္ဖိုးႀကီးတိုက္ခန္းတစ္ခုကို သူမကို လက္ေဆာင္ေပးခဲ့ပါတယ္..။သူမ အေမကိုေတာ့ ကြ်န္ေတာ့္ဆီက ေငြေခ်းၿပီး တိုက္ခန္းဝယ္တာမို႔ ျပန္ဆပ္ရမယ္လို႔ ညာေျပာခဲ့တယ္။

ဒီလိုနဲ႔ ကံဆိုးမယ့္ တစ္ေန႔ကိုေရာက္လာတယ္…။

ကင္မ္ဆိုးဂ်င္းဟာ ကြ်န္ေတာ္နဲ႔ အလုပ္ဖက္စပ္လုပ္ဖို႔ ကြ်န္ေတာ့္ အိမ္ကိုလာတဲ့ တကၠသိုလ္တုန္းက ခ်ာတိတ္ ယူထဲဟြန္းနဲ႔ မ်က္လံုးခ်င္းဆံုၿပီး ကြ်န္ေတာ့္ကို သစၥာေဖာက္ေတာ့တာပဲဗ်ာ…။ကြ်န္ေတာ္ သူမကိုဝယ္ေပးခဲ့တဲ့အိမ္ကို ျပန္ယူမွာစိုးလို႔ သတို႔သား ယူထဲဟြန္းနာမည္ေျပာင္း … သူမတို႔ႏွစ္ဦးရဲ႕ မဂၤလာဦးဇနီးေမာင္ႏွံအိမ္လုပ္ပစ္လိုက္တယ္…။အေတာ္ရက္စက္တဲ့ မိန္းမ….

အစြဲအလန္းႀကီးတဲ့ ကြ်န္ေတာ္ သူမကို မစြန္႔လႊတ္ႏိုင္ဘူး။

ဟိုေကာင္ ခ်ာတိတ္ ယူထဲဟြန္း နဲ႔ ႀကိဳက္ဖူးခဲ့တဲ့ ရည္းစားေဟာင္း ခ်ာတိတ္မကို ေခၚေတြ႕ၿပီး တဖက္လွည့္နဲ႔ ေငြေပး ဖ်ားေယာင္းခိုင္းခဲ့တာလည္း ကြ်န္ေတာ္ပါ..။နည္းအမ်ိဳးမ်ိဳးသံုးၿပီး သူတို႔ႏွစ္ဦး ကြဲေအာင္ ကြ်န္ေတာ္ ႀကိဳးစားခဲ့တယ္။သူမ မဂၤလာမေဆာင္မီညက ကင္မ္ဆိုးဂ်င္းကို ဖုန္းမက္ေဆ့ခ်္ပို႔တာ ကြ်န္ေတာ္ျဖစ္ပါတယ္။ကြ်န္ေတာ့္ကို ေနာက္ဆံုးေတြ႕ဖို႔ သူမကိုေျပာခဲ့တယ္။

ရက္စက္လွတဲ့သူမဟာ အဲဒီညက ကြ်န္ေတာ့္ကို ဒီလိုေျပာပါတယ္..။ သူမေျပာစကားေတြ ဒီေန႔အထိ ၾကားေယာင္ေနတုန္းပါပဲ..။”ဦးေလး ႐ူးေနလား.. ဘာျဖစ္ေနတာလဲ..?”

“ဆုဂ်င္း.. ငါ မင္းကိုခ်စ္တယ္..မင္းလည္းငါ့ကို ခ်စ္တယ္ဆို…? ဘာလို႔ သူမ်ားနဲ႔လက္ထပ္မွာလဲကြာ… အခ်ိန္မေႏွာင္းေသးခင္ စဥ္းစားေပးပါဦး..”

“ဘာေျပာတယ္…နားမလည္ဘူး ေတာ္ၿပီ.. သြားေတာ့မယ္..”

” မသြားပါနဲ႔ ဆုဂ်င္းရယ္… ခဏေစာင့္ေပးပါ.. ကိုယ္နဲ႔မင္း လက္ထပ္ၾကမယ္ေလ..လူေတြေျပာမွာေၾကာက္ရင္ႏိုင္ငံျခားမွာ သြားေနၾကမယ္ေလ….”

“ဦးေလးႀကီး.. စိတ္ထိန္းပါ..။ ကြ်န္မ ဒီလို အိုႀကီးအိုမ ဦးေလးႀကီးနဲ႔ဘာလို႔လိုက္ရမွာလဲ..ေက်းဇူးျပဳၿပီး ႏိုင္ငံျခားကို တစ္ေယာက္တည္း ထြက္သြားပါလား…! ”

“မင္း..မင္း.. ငါ့ကို စိတ္နာေအာင္ တမင္ေျပာေနတာမဟုတ္လား..?”

“ကြ်န္မနဲ႔ရွင္ၾကားမွာ ဘာအခ်စ္မွမရွိဘူး..။ ဪ…မုန္႔ဖိုးေပးတာ အခ်စ္လို႔ထင္ေနတာလား..? ဟင္း..ဟင္း..ေက်းဇူးတင္ခဲ့ပါတယ္ ဦးေလးႀကီး ..”

“ဒါဆို…မင္း..ငါ့ကို ပိုက္ဆံျခဴခ်ခ်င္႐ုံသက္သက္နဲ႔ လွည့္စားခဲ့တာလား..?”

“သိပ္မွန္တာေပါ့..! အခုမွသိလား..?ရွင္နဲ႔အတူရွိခဲ့တဲ့ရက္ေတြ ပင္ပန္းလိုက္တာ.. ပိုက္ဆံေလးေတာ့ရမွျဖစ္မွာေပါ့ရွင့္..”

“မင္း.. ဟိုးအစထဲက ေငြလိုခ်င္လို႔ ငါ့ကို ဖ်ားေယာင္းခဲ့တာကိုး..”

“ဦးေလးႀကီး.. မုဒိမ္းမႈနဲ႔ တရားအစြဲမခံခ်င္ရင္… ေအးေဆးေနပါကြာ..ဟင္းဟင္း..”

ဟုတ္ကဲ့… စိတ္ဓာတ္ေအာက္တန္းက်တဲ့ သူမကို ကြ်န္ေတာ္ စိတ္မထိန္းႏိုင္ပဲ သတ္ပစ္လိုက္တယ္…။ၿပီးေတာ့ သူမဖုန္းနဲ႔ ဖုန္းမက္ေဆ့ခ်္ေတြပို႔ခဲ့ၿပီး သတို႔သားကို မုန္းမုန္းနဲ႔ တရားခံျဖစ္ေအာင္ အကြက္ဆင္ လုပ္ၾကံခဲ့ပါတယ္…။

နိဂုံး

ဘာ့ခ္ ဒုန္ ေဆာ့ခ္သည္ ယခုအခါ ေထာင္ထဲတြင္ ရွိေနပါသည္။ လူသတ္မႈျဖင့္ ေထာင္ဒါဏ္ ၁၅ ႏွစ္ ခံယူခဲ့ရသည္။သတို႔သား ယူထဲဟြန္းသည္ ေတာင္ကိုရီးယားကိုစြန္႔ခြာ၍ အျခားႏိုင္ငံ၌ ေနရန္အသင့္ျဖစ္ေနၿပီျဖစ္သည္..။ကင္မ္ဆိုးဂ်င္း၏ မိခင္ႀကီးကေတာ့ ႐ူးသြတ္မတတ္ခံစားေနရ၍ စိတၱဇေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရဆဲျဖစ္သည္။ကင္ဆိုးဂ်င္းသည္ သူမ၏ မွားယြင္းေသာ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ မိမိကိုယ္တိုင္လည္းပ်က္စီး၍ အျခားဘဝမ်ားလည္း ပ်က္စီးေတာ့သည္။

ဘာ့ခ္ ဒုန္ ေဆာ့ခ္ ေနာက္ဆံုးေျပာခဲ့ေသာ စကား…၊”ကြ်န္ေတာ္ သူမ ကိုသတ္ၿပီး သူမအျဖစ္ခ်င္ဆံုးအလုပ္တစ္ခုကိုလုပ္ေပးလိုက္တယ္ဗ်….ကြ်န္ေတာ္ သူမကို ေျခသည္းနီဆိုးေပးလိုက္တယ္ေလ…။ ” ဟူ၍ ျဖစ္ေလသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး (ကိုရီးယား)

Unicode Version
တောင်ကိုရီးယားနိုင်ငံမှ ဖြစ်ရပ်မှန်

၂၀၁၅ ခုနှစ် ၃ လပိုင်း ၂ ရက်နေ့

မနက်ဖြန် ပြုလုပ်မည့် ကြီးကျယ်သည့် မင်္ဂလာပွဲအတွက် သူတို့ ချစ်သူနှစ်ဦး စိတ်လှုပ်ရှားနေကြသည်။ချစ်သူနှစ်ယောက် သူတို့နေမည့်အိမ်အသစ်၌ အိမ်တွင်းပစ္စည်းများ ဝယ်ယူပြင်ဆင်ရင်း အတူနေခဲ့ကြသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။

ထိုည….

ထိုညက သတို့သားလောင်း ယူထဲဟွန်းက က သတို့သမီးလောင်းအိမ်ရှေ့အထိ ကားမောင်းပို့ပေးသည်။

“ဟင့်အင်း… မခွဲနိုင်ဘူးကွာ..”

“အမေ့ရင်ခွင်ထဲမှာ ဒီညနေချင်တယ်ကိုကို… မနက်ဖြန်ကစပြီး ကိုကို့မိန်းမဖြစ်သွားပြီလေ..ခွင့်ပြုပါ ကိုကိုရယ်..နော်..”

” အမေနဲ့ စကားတွေအများကြီးပြောနော်….. မနက်ဖြန် မင်္ဂလာခန်းမမှာတွေ့ကြမယ်နော်အချစ်…။”

ထိုည..

သတို့သားလောင်း ယူထဲဟွန်းသည် အပြန်လမ်းတွင် အခြားမိန်းမတစ်ယောက်ကို ကားပေါ်တင်၍ မင်္ဂလာဦးအိမ်သို့ခေါ်ယူသွားသည်။”ဒီညတော့ ကိုယ်နဲ့အတူ တစ်ညလုံးနေပေးရမယ်နော်……” သတို့သားလောင်း ယူထဲဟွန်းက အမျိုးသမီးကိုပြောလိုက်သည်။ ” မောင့်ကို ချစ်ပြီးသား!” အမျိုးသမီးက သတို့သားလောင်း ယူထဲဟွန်းအား ချစ်မြတ်နိုးစွာကြည့်လိုက်သည်။

ထိုညသည်…သတို့သားလောင်း ယူထဲဟွန်းသည် ထိုကဲ့သို့ သတို့သမီးအား သစ္စာဖောက်သည့်ည…။

ထိုည…

“အမေ့ကို ပြောစရာရှိတယ်…သမီးမှာ ကိုယ်ဝန်ရှိနေပြီ..ဒါကြောင့် သမီးတို့ အမြန်လက်ထပ်ဖြစ်တာ….”

“ဟယ်.. ဝမ်းသာလိုက်တာ ..သမီးရယ်..” မိခင်ဖြစ်သူနှင့် စကားပြော၍မဝဖြစ်နေစဉ် ကင်မ်ဆိုးဂျင်းထံ ဖုန်းမက်ဆေ့ချ်တစ်ခု ဝင်လာသည်။ကင်မ်ဆိုးဂျင်း စိတ်ရှုပ်သွားပုံရသည်။”အမေ သမီးသွားမှဖြစ်မယ်… ကိုကိုက အမြန်ပြန်လာတဲ့…စိတ်ရှုပ်ပါတယ်..”

ထိုည…

မိခင်အိမ်မှ သူမတို့မင်္ဂလာဦးမောင်နှံနေမည့်အိမ်သို့ အပြန်လမ်းတွင် သူမ ပျောက်ဆုံးသွားသည်။

၂၀၁၅ ခုနှစ် ၃ လပိုင်း ၃ ရက်နေ့

မင်္ဂလာဆောင်မည့်နေ့ရောက်လာသည်။သတို့သမီး ကင်မ်ဆိုဂျင်းသည် မင်္ဂဆောင်ခန်းမသို့ရောက်မလာနိုင်တော့ပေ…။သူမ တကယ့်ကို ပျောက်ဆုံးသွားလေသည်။

သတို့သမီးပျောက်ဆုံးသွား၍ အားလုံး စိတ်ပူနေချိန်တွင်…သတို့သမီးထံမှ ဖုန်းမက်ဆေ့ချ်ဝင်လာသည်။သတို့သားထံသို့ ဖြစ်သည်။”ကိုကို…ကျွန်မ တကယ်ချစ်ရတဲ့သူရှိပါတယ်… သူ့ကိုမခွဲနိုင်တာ သိလိုက်ရတယ်.. ကျွန်မကို ခွင့်လွှတ်ပါ…”သတို့သား ယူထဲဟွန်းသည် အလွန်စိတ်ဆိုးသွားသည်။”ဒီမိန်းမ.. ဖောက်ပြန်တယ်ဆိုတာ သိနေတာကြာပြီ….”မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ကြသည်။

ထိုနေ့

သတို့သမီး ကင်မ်ဆိုဂျင်း၏မိခင်သည် နတ်ကိုးကွယ်သူတစ်ဦးဖြစ်သည်။နတ်ကတော်များအား မင်္ဂလာဦးမောင်နှံနေမည့်အိမ်သို့ပင့်ဖိတ်၍ သတို့သမီးအား ရှာဖွေပေးရန် တောင်းပန်လေသည်။ထိုစဉ် သတို့သမီးပျောက်၍ အရှက်ကွဲ စိတ်တိုနေသော သတို့သား ယူထဲဟွန်း စိတ်ညစ်ညစ်ဖြင့် အိမ်ပြန်လာသည်။အိမ်တံခါးဖွင့်လိုက်၍ နတ်ကတော်များကိုတွေ့လိုက်ရသောအခါ ပို၍ ဒေါသဖြစ်သွားလေသည်။

နတ်ကတော်က ရုတ်တရက် အံ့သြထိတ်လန့်စွာဖြင့် မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။

“ဟင်..!!?!? သတို့ သမီး ကင်မ်ဆိုဂျင်းသရဲဖြစ်နေပြီ .. သတို့သားအနောက်ကို ကပ်လိုက်နေတယ်…!!!! ယူထဲဟွန်းဟာ လူသတ်သမား! အလောင်းဘယ်မှာဖွက်ထားလဲ..ပြောစမ်း”

သတို့သား ယူထဲဟွန်း ဒေါသ အထွတ်အထိပ်သို့ရောက်သွားလေသည်။သတို့သားက နတ်ကတော်များနှင့် မတော်လိုက်ရသော ယောက္ခမ အား စိတ်ဆိုး မာန်ဆိုးဖြင့် အိမ်မှ မောင်းထုတ်လိုက်လေသည်။

” အရူးတွေ…နတ်မယုံဘူးကွ…. နောက်တစ်ခါလာ ငါ့အိမ်ထဲလာရဲလာကြည့် ရဲတိုင်မယ်…!”

သတို့သမီးအမေက ထိုစကားကိုကြားသောအခါ ဆတ်ဆတ်ထိမခံနာကျင်သွားပုံရသည်။”ဒီအိမ်ဟာ မင်းပိုက်ဆံတပြားမှ မပါပဲ ငါ့သမီးက သူ့ဦးလေးဆီမှာ ပိုက်ဆံချေးပြီး မင်းနဲ့မတွေ့ခင်ကတည်းကဝယ်ထားတဲ့အိမ်… မင်းအိမ်တဲ့လား..? မင်း အရှက်မရှိဘူးလား ”

“ဟားဟား… အန်တီ မသိသေးဘူးထင်တယ်။ ဒီအိမ်ကို ကျွန်တော့်တစ်ယောက်ထဲနာမည်နဲ့ ပြောင်းထားတာဗျ..ကျုပ်ပိုင်တယ်”

“ဟင်..?”သတို့သမီး၏ မိခင်ကြီးသည် မူးမေ့မတတ်ဖြစ်သွားသည်။

၁၅ ရက်အကြာ….

သတို့သမီး ကင်မ်ဆိုဂျင်းထံမှ သတို့သားနဲ့ မိခင်ကြီးဆီသို့ ဖုန်းမက်ဆေ့ချ် တစ်ခုဝင်လာပြန်သည်။” အမေ သမီး “…….” မှာရှိတယ်…။ သမီး ဒုက္ခရောက်နေတယ်..သမီးကိုလာကယ်ပါ…”…တဲ့…။မိခင်ကြီးသည် သမီး ဖုန်းမက်ဆေ့ချ် ထဲ၌ ဖော်ပြထားသော နေရာသို့ အမြန်ဆုံး လိုက်သွားသည်…။မိခင်ကြီးသည် ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် မေ့လဲမတတ်ဖြစ်သွားရပြန်သည်။

သမီးကင်မ်ဆိုဂျင်း မင်္ဂလာမဆောင်ခင်ညက နောက်ဆုံးဝတ်ခဲ့သောအကီၤျ…။တစ်စုံတစ်ယောက်က ထိုအင်္ကျီအား အရုပ်ဆိုးလှသော စာခြောက်ရုပ်တစ်ခုကို ဝတ်ဆင်ပေးထားသည်။အကီၤျ၏ နောက်ကျောဖက်တွင် စီးကျနေသာ သွေးခြောက်များကိုတွေ့ရသည်။သတို့သမီး ကင်မ်ဆိုဂျင်းသည် ဦးခေါင်းအနောက်မှ ကျောက်တုံးနှင့်အထုခံရ ပုံရသည်။သေများသွားပြီလား…သူမ၏အလောင်းက ရှာမတွေ့…။

ထောက်လှမ်းရေးတို့က ရှာဖွေကြရာ သတို့သား ယူထဲဟွန်း (အသက်-၃၃ နှစ် ) လက်ရှိနေထိုင်သော မင်္ဂလာဦးမောင်နှံအိမ်တွင် အိမ်တွင် သွေးစွန်းနေသော ကျောက်တုံးတစ်ခု တွေ့ရလေသည်။ထိုသွေးသည် သတို့ သမီး ကင်မ်ဆိုဂျင်း၏ သွေးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ထို့ကြောင့် သတို့သား ယူထဲဟွန်းအား ရဲထောက်လှမ်းရေးတို့က သတို့သမီး ကင်မ်ဆိုဂျင်း (အသက်-၃၂ နှစ်) အားသတ်ပစ်သည့်အမှုဖြင့် ဖမ်းဆီးလိုက်လေသည်။

သတို့သားက သတို့သမီးကို သတ်ပစ်လိုက်သည်..တဲ့။ထိုသို့ဆိုလျှင် သတို့သားသည် မင်္ဂလာဆောင်မည့်ညကိုမှ ရွေး၍ သတို့သမီး အား အဘယ်ကြောင့် သတ်ပစ်လိုက်သနည်း…?

ရဲထောက်လှမ်းရေးများနှင့် ရှေ့နေက သတို့သား ယူထဲဟွန်း အား စစ်ဆေးကြသည်။သတို့သား ယူထဲဟွန်း ကဒီလိုပြောသည်။ကျွန်တော်ဟာ သူမကို စတွေ့ကတည်းကချစ်ခဲ့မိပါတယ်…။ကျွန်တော် သတ်တာ လုံးဝ မဟုတ်ပါဘူး ခင်ဗျာ…။ကျွန်တော်တို့ နှစ်ယောက် အပြန်အလှန်သိပ်ချစ်ခဲ့ကြပါတယ်…။သူမနဲ့ လက်ထပ်ဖို့ စီစဉ်နေတုန်း တက္ကသိုလ်မှာ ကျွန်တော်နဲ့ ကြိုက်ခဲ့ဖူးတဲ့ သူငယ်ချင်းမ တစ်ယောက်နဲ့ မထင်မှတ်ပဲ ပြန်တွေ့တယ်။သူငယ်ချင်းမက ငွေလိုနေတဲ့ ကျွန်တော့်လုပ်ငန်းမှာ အစုရှယ်ယာတွေထည့်ပြီး ကူညီလာတယ်..။သူငယ်ချင်းမက ကျွန်တော့်ကို ကြိုက်လို့ ဒီလိုကူညီခဲ့မှန်း အစကတော့ မသိခဲ့ဘူး။ နောက်တော့ သူငယ်ချင်းမက ကျွန်တော့်ကိုချစ်တယ်ဆိုပြီး အတင်းလိုက်ကပ်လာတယ်။ကျွန်တော် တတ်နိုင်သမျှရှောင်ခဲ့တယ်။သူငယ်ချင်းမဟာ ကျွန်တော့် ချစ်သူ ကင်မ်ဆိုဂျင်း အိမ်အထိတက်ပြီး မင်္ဂလာပွဲကိုဖျက်တဲ့အထိ လုပ်လာတယ်။ကျွန်တော် ကင်မ်ဆိုးဂျင်းကို အတန်တန်ရှင်းပြခဲ့တယ်။ နောက်ဆုံး သူမ ကျွန်တော့်ကို ယုံကြည်တယ်လို့ ကျွန်တော်ထင်ခဲ့တယ်…။ကျွန်တော်တို့ လက်တွဲမပြုတ်ခဲ့ဘူး။ဒါပေမဲ့… ကင်ဆိုးဂျင်းရဲ့ အမူအယာတွေပျက်လာတယ်။

ကင်မ်ဆိုဂျင်းဟာ ကျွန်တော့်နောက်ကွယ်မှာ လူတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ဆိုတာ ကျွန်တော်ရိပ်မိလာခဲ့တယ်…။ဘယ်သူဘယ်ဝါလဲဆိုတာ မပြောပြနိုင်ခဲ့ပေမယ့် သူမနဲ့ အတူနေတဲ့ တစ်လတာအတွင်း ကျွန်တော့်ကို လိမ်ညာပြီး အပြင်ထွက်တာတွေ တစ်နေ့ထက်တစ်နေ့များလာတယ်။

တစ်နေ့ ….အလုပ်မသွားခင် ကျွန်တော်တို့ရန်ဖြစ်ကြတယ်…။ ကျွန်တော် စိတ်မကောင်းဘူး…ဒါကြောင့် ကျွန်တော် သူမပျော်အောင် ပန်းစီးပေးချင်လို့ အိမ်စောစောပြန်လာတာပေါ့…။အိမ်ထဲဝင်လိုက်တော့ ကင်မ်ဆိုဂျင်း က အဝတ်တွေဖရိုဖရဲနဲ့ အိပ်ခန်းထဲကထွက်လာတယ်.. ။ဧည့်ခန်းထဲမှာ သောက်လက်စ ဝိုင်နှစ်ခွက်…။ဘာတွေလဲ..?

ရက်အနည်းငယ်ကြာတော့ ကင်မ်ဆိုဂျင်းက ဦးလေး ဘာ့ခ် ဒုန် ဆော့ခ် ဆိုသူနဲ့ အပြင်သွားဦးမယ်ပြောပါတယ်။သူမ ဦးလေးဆိုတော့ ကျွန်တော်ယုံကြည်ခဲ့တယ်.. ။ သူမရဲ့ ဦးလေး ဘာ့ခ် ဒုန် ဆော့ခ်ဟာ ကျွန်တော့်ထက် ၁၀ နှစ်ကျော် အသက်ကြီးပေမဲ့ တက္ကသိုလ်တခုတည်းကကျောင်းပြီးခဲ့တာမို့ ကျောင်းကပြုလုပ်တဲ့ ပွဲတွေမှာ စ တွေ့ခဲ့ပါတယ်။ကျွန်တော်တို့နှစ်ယောက်ကို ဆုံတွေ့အောင် ဖန်တီးပေးခဲ့သူဆိုလည်း မမှားဘူးပေါ့…။ပြီးတော့ ကျွန်တော့်အလုပ်ရှယ်ယာဝင် … ကျွန်တော့်ကို လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာတွေအများကြီးသင်ကြားပေးခဲ့တဲ့ ကျေးဇူးရှင်…။

အကိုကြီးက ကျွန်တော်တို့အတွက် မင်္ဂလာလက်ဖွဲ့ဝယ်ပေးမလို့တဲ့…။အကိုကြီးနာမည်ပါလာတော့ ကျွန်တော် ခွင့်ပြုလိုက်တယ်။အဲဒီနေ့က ကင်မ်ဆိုးဂျင်း အိမ်ပြန်ချိန်နောက်ကျပြန်တယ်။

ကျွန်တော် အကိုကြီး ဘာ့ခ် ဒုန် ဆော့ခ် ဖုန်းဆက်ကြည့်လိုက်တယ်..။”ဟင်… ကင်မ်ဆိုးဂျင်း နဲ့ငါ ဒီနေ့ မတွေ့ပါဘူးကွ.. ဒီကောင်မလေး ငါ့နာမည် အသုံးချပြီး ဘယ်သွားတာပါလိမ့်..” တဲ့…။အဲဒီမှာ သူမ ဖောက်ပြန်နေပြီဆိုတာ ကျွန်တော် သေချာသွားတယ်ဗျာ..။ကျွန်တော်လည်း စိတ်လေလေနဲ့ သူငယ်ချင်းမနဲ့ ဖောက်ပြန်မိတယ်… ။ကင်မ်ဆိုးဂျင်း နဲ့ လက်မထပ်ချင်တော့ဘူး…။ဒါပေမယ့် သူမမှာ ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီလေ..။ဒါကြောင့်ပဲ မတတ်သာလို့ လက်ထပ်ဖြစ်တာပါ။

အဲဒီညက ကျွန်တော် ကင်မ်ဆိုဂျင်းကို သူ့အမေအိမ် လိုက်ပို့ပေးတယ်။အမှန်အတိုင်းပြောရရင် ကင်မ်ဆိုဂျင်း မရှိတော့ လွတ်လွတ်လပ်လပ် သူငယ်ချင်းမနဲ့ တစ်ညလုံးချိန်းတွေ့နေခဲ့ပါတယ်။ကျွန်တော်နဲ့ဖောက်ပြန်တဲ့ သူငယ်ချင်းမကို အလီဘိုင်အဖြစ် သက်သေတင်ပါတယ်..။ပြီးတော့ အဲဒီညက ကျွန်တော် ကင်မ်ဆိုဂျင်းဆီ ဘာဖုန်းမက်ဆေ့ချ် မပို့ခဲ့ပါဘူး..။

” ကင်မ်ဆိုးဂျင်းအိမ်က ခင်ဗျားနာမည်နဲ့ ဖြစ်နေတာက ဘာကြောင့်လဲ..?

“လုပ်ငန်းအတွက်ငွေလိုလို့ အစိုးရဆီ ငွေချေးဖို့အတွက်ပါ..။ အိမ်အပေါင်ပြရမှာမို့ ကျွန်တော့် နာမည် ခဏလွှဲထားတာပါ…”

သတို့သား ယူထဲဟွန်၏ ဝန်ခံချက်များဖြစ်ပါသည်…။

တရားသူကြီးမှ တစ်လအကြာ အမှုထပ်ချိန်းလိုက်သည်။

ဒုတိယ တရားခွင်မရောက်မှီ လူသတ်သမား ပစ်ထားခဲ့သော အဝတ်မပါသော ကင်မ်ဆိုးဂျင်း၏ အလောင်းထည့်ထားသည့် ခရီးဆောင်အိတ်ကြီးအား တောင်ကြားထဲတွင်တွေ့ခဲ့ရသည်။တောင်တက်သူများကတွေ့ရှိ သဖြင့် ရဲစခန်းသို့ အကြောင်းကြားကြလေသည်။သတို့သမီး၏ အလောင်းကို ဆက်လက်စစ်ဆေးကြသည်။ထိုအခါ အရေးကြီးသော သဲလွန်စ အသစ်တို့ကို ရှာဖွေတွေ့ရှိကြလေသည်။လူသတ်မှုသည် ထင်ထားသည်ထက် ဆန်းကြယ်နေလေသည်။

ဦးလေး ဘာ့ခ် ဒုန် ဆော့ခ်က ကင်မ်ဆိုဂျင်းဆိုတဲ့ အမျိုးသမီးနှင့်ပတ်သက်၍ ပြောပြလေသည်…။

ကျွန်တော် ဘာ့ခ် ဒုန် ဆော့ခ် ပါ။ကျွန်တော့် အသက် ၄၅ နှစ်..။လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် ချစ်ရလွန်းတဲ့ ကျွန်တော့်မိန်းမ ကားတိုက်ခံရတယ်…။ကျွန်တော့် မိန်းမဟာ နှလုံးခုန်သေးပေမဲ့ ဦးနှောက်ကလုံးဝအလုပ်မလုပ်တော့ဘူး။ရှင်လျှက်နဲ့ သေနေတဲ့သူတစ်ယောက်လိုပါပဲ…။တစ်ကိုယ်လုံး လှုပ်ရှားလို့မရတော့ပါဘူး…။အောက်ဆီဂျင်ပိုက်ဖြုတ်လိုက်ရင် သေဆုံးသွားတော့မှာကို သိပေမဲ့ ကျွန်တော် သိပ်ချစ်ရတဲ့ မိန်းမမို့ ကျွန်တော် မပစ်ရက်ဘူး…။ကျွန်တော် မိန်းမကို အိမ်မှာထားပြီး အောက်ဆီဂျင်ပေးထားပါတယ်…။ ကျွန်တော် သူမကို ရေပတ်တိုက်ပေးတယ်။ မိတ်ကပ်လိမ်းပေးတယ်..။ ခြေသည်းနီဆိုးပေးတယ်။

ကျွန်တော်အလုပ်သွားနေစဉ်မှာ ကျွန်တော့်မိန်းမကို စောင့်ကြည့်ပေးမယ့် အမျိုးသမီးတစ်ယောက်လိုအပ်ခဲ့တယ်။ကံကောင်းစွာနဲ့ ကျွန်တော့် မိန်းမနဲ့ အသင့်တော်ဆုံး သူတစ်ယောက် ရှာတွေ့ခဲ့တယ်။သူမကတော့ ကျွန်တော့်မိန်းမ အစ်မအရင်းလိုချစ်တဲ့ အမျိုးသမီးကြီးဖြစ်ပါတယ်။အမျိုးသမီးကြီးက ကျွန်တော့်မိန်းမကို ခြေသည်းနီဆိုးပေးတာကလွဲပြီး ကျန်တောအကုန်လုပ်ပေးတယ်..။ကျွန်တော့်မိန်းမအသက်ရှင်ကတည်းက ကျွန်တော်ကိုယ်တိုင် ခြေသည်းနီဆိုးပေးတာ..။ သူများဆိုးတာ ကျွန်တော်မကြိုက်ဘူးလေ..။

အမျိုးသမီးကြီးဟာ ယောက်ျားမရှိတော့ဘူး။ ကင်မ်ဆိုဂျင်းဆိုတဲ့ သမီးလေးနဲ့အတူ နှစ်ယောက်ထဲနေတယ်…။ကျွန်တော့် မိန်းမနဲ့ခင်ခဲ့တဲ့သူဆိုတော့ ကျွန်တော့်အမလို သဘောထားပြီး ကူညီချင်တာလဲပါတာပေါ့…။ကျွန်တော် တစ်ခါတစ်လေ ကျွန်တော် ခရီးရှည်ထွက်ရတယ်လေ… ဒါကြောင့် သူမတို့သားအမိကို အိမ်ပေါ်ခေါ်တင်ခဲ့ပါတယ်… ။

အခုဆို သူတို့သားအမိနဲ့ တစ်အိမ်တည်းနေခဲ့တာ ၂ နှစ်ရှိပြီမို့ အမျိုးအရင်းတွေလို ဖြစ်နေပါပြီ….။ ကင်မ်ဆိုးဂျင်းကိုလည်း ကျွန်တော့် တူမလေးလို သဘောထားခဲ့တယ်။အဲဒီနေ့က သမီးလေး ကင်မ်ဆိုဂျင်း မင်္ဂလာဆောင်မယ့်နေ့ပေါ့…အမေရော သမီးပါ စိတ်လှုပ်ရှားနေပုံရပါတယ်…။

သတို့သမီးလောင်း ကင်မ်ဆိုဂျင်းနဲ့လက်ထပ်မယ့် သတို့သားလောင်းကလည်း ကျွန်တော်တက်ခဲ့တဲ့ တက္ကသိုလ်က ယူထဲဟွန်းဆိုတဲ့ ချာတိတ်လေးတစ်ယောက်ပါ။အဲဒီ ချာတိတ်ကလေးက လုပ်ငန်းကိစ္စနဲ့ ကျွန်တော့် အိမ်လာရင်း ကင်မ်ဆိုဂျင်းနဲ့ တွေ့ကြတာပေါ့…။သူတို့နှစ်ယောက် ကျွန်တော့်ကြောင့်ပဲ တွေ့ဆုံမေတ္တာမျှခဲ့ကြတယ်ဆိုပါတော့…။ဒီလိုနဲ့ သူတို့ နှစ်ယောက် အခုလို လက်ထပ်မယ့် အခြေအနေအထိ ရောက်ခဲ့တယ်…။

ပြဿနာက မင်္ဂလာမဆောင်ခင် ညမှာဖြစ်ခဲ့တာပေါ့..။

၂၀၁၅ ခုနှစ် ၃ လပိုင်း ၂ ရက်နေ့

ကင်မ်ဆိုဂျင်းဟာ ပျောက်ဆုံးသွားတယ်…။ယောက်ျားသားမရှိတဲ့ ကင်မ်ဆိုဂျင်းရဲ့မိခင်ကြီးကို အားပေးရင်း ကျွန်တော် အတော် စိတ်မကောင်းဖြစ်မိတယ်။ဘာလို့စိတ်မကောင်းဖြစ်တာလဲဆိုတော့ ကျွန်တော် ဘာ့ခ် ဒုန် ဆော့ခ် ကင်မ်ဆိုးဂျင်းကို သတ်ပစ်လိုက်တာလေ…။

အဖြစ်ကဒီလိုပါ…။

အောက်ဆီဂျင်ပိုက်နဲ့ အသက်ရူပြီး တုတ်တုတ်မှကျွန်တော့်မိန်းမကိုပဲ ရိုးရိုးသားသားနဲ့ အချစ်ကြီး ချစ်ခဲ့တဲ့ကျွန်တော်….။ကင်မ်ဆိုးဂျင်းကို တူမလေးတစ်ယောက်လို..ကလေးတစ်ယောက်လိုပဲမြင်ခဲ့တာပါ…။ ကင်မ်ဆိုးဂျင်းက ကလေးလို ကျွန်တော့်ကို နွဲ့ဆိုး ဆိုးပြီး ချွဲတတ်တယ်..။

တစ်နေ့…ကျွန်တော့်မိန်းမကို ခြေသည်းနီဆိုးပေးရင် သူမကိုလည်းဆိုးပေးရမယ်..တဲ့ ။ ဒါဟာ.. ကလေးလိုချွဲတာ မဟုတ်တော့ဘူးလေ…။မိန်းမတစ်ယောက်ကိုခြေသည်းနီဆိုးတာဟာ ကျွန်တော့်ဘဝမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ အကြိမ်ကြိမ် ပြောပြထားပြီးမို့ အသက် ၂၄ နှစ် အရွယ် သူမ သိမှာပါ…။သူမ ထပ်ကာထပ်ကာပြောလာတယ်။ကျွန်တော် အတော် စိတ်တိုသွားတယ်။ ကျွန်တော်ဟာ ကျွန်တော့်မိန်းမကလွဲပြီး ဘယ်သူ့ကိုမှ ခြေသည်းနီဆိုးမပေးဘူးလို့ ဆုံးဖြတ်ထားတာလေ…။

ကင်မ်ဆိုးဂျင်းကို စိတ်တိုပေမယ့် အလုပ်ဖြုတ်ပစ်ရမှာ အားနာလို့ သူတို့သားအမိကို ကျွန်တော့်အိမ်ပေါ်တင်ထားရာကနေ ကျွန်တော်ပိုင်တဲ့ အခြားအိမ်တစ်အိမ်မှာ ပြောင်းနေစေခဲ့တယ်..။

တစ်လလောက်အကြာ…နေ့လည်ဖက် အိမ်ကိုသူခိုးဝင်တယ်လို့ ကင်မ်ဆိုးဂျင်းကဖုန်းဆက်တော့ ကျွန်တော်အလုပ်ကနေ အပြေးသွားခဲ့တယ်။ကြောက်လန့်နေတဲ့ သူမကို အားပေးပြီး အလုပ်ပြန်သွားမယ်အလုပ် သူမက ကျွန်တော့်ကိုပြန်ခွင့်မပေးခဲ့ဘူး…။အတတ်နိုင်ဆုံးရှောင်ခဲ့ပါသေးတယ်..။နောက်ဆုံးတော့ ကျွန်တော် ကင်မ်ဆိုးဂျင်းကို ချစ်မိသွားတယ်…။

ကျွန်တော့်ဟာ ၁၀ နှစ်ကျော်လောက်အသက်ငယ်တဲ့ မိန်းမလှလေးနဲ့ အဲဒီလိုရည်းစားဖြစ်ခဲ့တယ်…။ကင်မ်ဆိုးဂျင်းက သဝန်တိုတတ်လို့ ချစ်ရတဲ့မိန်းမကိုလည်း စွန့်လွှတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ မိန်းမကို အောက်ဆီဂျင်ဖြုတ် မီးသဂြိုၤဟ်လိုက်ရင် ကင်မ်ဆိုးဂျင်းအမေရိပ်မိပြီး ကသူမ နဲ့ ဝေးသွားမှာစိုးလို့ မိန်းမ ခန္ဓာကိုယ်ကို အိမ်မှာပဲဆက်ထားခဲ့တယ်…။ကင်ဆိုးဂျင်းကို ကျွန်တော် ကျောင်းထားပေးခဲ့တယ်..။

သူမအမေမသိအောင် တစ်လကို သိန်း ၅၀ ထောက်ပံ့ခဲ့ပါတယ်။ ကျောင်းပြီးတော့လည်း ဂုဏ်ပြုတဲ့အနေနဲ့ သိန်း ၇ ထောင်တန် တန်ဖိုးကြီးတိုက်ခန်းတစ်ခုကို သူမကို လက်ဆောင်ပေးခဲ့ပါတယ်..။သူမ အမေကိုတော့ ကျွန်တော့်ဆီက ငွေချေးပြီး တိုက်ခန်းဝယ်တာမို့ ပြန်ဆပ်ရမယ်လို့ ညာပြောခဲ့တယ်။

ဒီလိုနဲ့ ကံဆိုးမယ့် တစ်နေ့ကိုရောက်လာတယ်…။

ကင်မ်ဆိုးဂျင်းဟာ ကျွန်တော်နဲ့ အလုပ်ဖက်စပ်လုပ်ဖို့ ကျွန်တော့် အိမ်ကိုလာတဲ့ တက္ကသိုလ်တုန်းက ချာတိတ် ယူထဲဟွန်းနဲ့ မျက်လုံးချင်းဆုံပြီး ကျွန်တော့်ကို သစ္စာဖောက်တော့တာပဲဗျာ…။ကျွန်တော် သူမကိုဝယ်ပေးခဲ့တဲ့အိမ်ကို ပြန်ယူမှာစိုးလို့ သတို့သား ယူထဲဟွန်းနာမည်ပြောင်း … သူမတို့နှစ်ဦးရဲ့ မင်္ဂလာဦးဇနီးမောင်နှံအိမ်လုပ်ပစ်လိုက်တယ်…။အတော်ရက်စက်တဲ့ မိန်းမ….

အစွဲအလန်းကြီးတဲ့ ကျွန်တော် သူမကို မစွန့်လွှတ်နိုင်ဘူး။

ဟိုကောင် ချာတိတ် ယူထဲဟွန်း နဲ့ ကြိုက်ဖူးခဲ့တဲ့ ရည်းစားဟောင်း ချာတိတ်မကို ခေါ်တွေ့ပြီး တဖက်လှည့်နဲ့ ငွေပေး ဖျားယောင်းခိုင်းခဲ့တာလည်း ကျွန်တော်ပါ..။နည်းအမျိုးမျိုးသုံးပြီး သူတို့နှစ်ဦး ကွဲအောင် ကျွန်တော် ကြိုးစားခဲ့တယ်။သူမ မင်္ဂလာမဆောင်မီညက ကင်မ်ဆိုးဂျင်းကို ဖုန်းမက်ဆေ့ချ်ပို့တာ ကျွန်တော်ဖြစ်ပါတယ်။ကျွန်တော့်ကို နောက်ဆုံးတွေ့ဖို့ သူမကိုပြောခဲ့တယ်။

ရက်စက်လှတဲ့သူမဟာ အဲဒီညက ကျွန်တော့်ကို ဒီလိုပြောပါတယ်..။ သူမပြောစကားတွေ ဒီနေ့အထိ ကြားယောင်နေတုန်းပါပဲ..။”ဦးလေး ရူးနေလား.. ဘာဖြစ်နေတာလဲ..?”

“ဆုဂျင်း.. ငါ မင်းကိုချစ်တယ်..မင်းလည်းငါ့ကို ချစ်တယ်ဆို…? ဘာလို့ သူများနဲ့လက်ထပ်မှာလဲကွာ… အချိန်မနှောင်းသေးခင် စဉ်းစားပေးပါဦး..”

“ဘာပြောတယ်…နားမလည်ဘူး တော်ပြီ.. သွားတော့မယ်..”

” မသွားပါနဲ့ ဆုဂျင်းရယ်… ခဏစောင့်ပေးပါ.. ကိုယ်နဲ့မင်း လက်ထပ်ကြမယ်လေ..လူတွေပြောမှာကြောက်ရင်နိုင်ငံခြားမှာ သွားနေကြမယ်လေ….”

“ဦးလေးကြီး.. စိတ်ထိန်းပါ..။ ကျွန်မ ဒီလို အိုကြီးအိုမ ဦးလေးကြီးနဲ့ဘာလို့လိုက်ရမှာလဲ..ကျေးဇူးပြုပြီး နိုင်ငံခြားကို တစ်ယောက်တည်း ထွက်သွားပါလား…! ”

“မင်း..မင်း.. ငါ့ကို စိတ်နာအောင် တမင်ပြောနေတာမဟုတ်လား..?”

“ကျွန်မနဲ့ရှင်ကြားမှာ ဘာအချစ်မှမရှိဘူး..။ ဪ…မုန့်ဖိုးပေးတာ အချစ်လို့ထင်နေတာလား..? ဟင်း..ဟင်း..ကျေးဇူးတင်ခဲ့ပါတယ် ဦးလေးကြီး ..”

“ဒါဆို…မင်း..ငါ့ကို ပိုက်ဆံခြူချချင်ရုံသက်သက်နဲ့ လှည့်စားခဲ့တာလား..?”

“သိပ်မှန်တာပေါ့..! အခုမှသိလား..?ရှင်နဲ့အတူရှိခဲ့တဲ့ရက်တွေ ပင်ပန်းလိုက်တာ.. ပိုက်ဆံလေးတော့ရမှဖြစ်မှာပေါ့ရှင့်..”

“မင်း.. ဟိုးအစထဲက ငွေလိုချင်လို့ ငါ့ကို ဖျားယောင်းခဲ့တာကိုး..”

“ဦးလေးကြီး.. မုဒိမ်းမှုနဲ့ တရားအစွဲမခံချင်ရင်… အေးဆေးနေပါကွာ..ဟင်းဟင်း..”

ဟုတ်ကဲ့… စိတ်ဓာတ်အောက်တန်းကျတဲ့ သူမကို ကျွန်တော် စိတ်မထိန်းနိုင်ပဲ သတ်ပစ်လိုက်တယ်…။ပြီးတော့ သူမဖုန်းနဲ့ ဖုန်းမက်ဆေ့ချ်တွေပို့ခဲ့ပြီး သတို့သားကို မုန်းမုန်းနဲ့ တရားခံဖြစ်အောင် အကွက်ဆင် လုပ်ကြံခဲ့ပါတယ်…။

နိဂုံး

ဘာ့ခ် ဒုန် ဆော့ခ်သည် ယခုအခါ ထောင်ထဲတွင် ရှိနေပါသည်။ လူသတ်မှုဖြင့် ထောင်ဒါဏ် ၁၅ နှစ် ခံယူခဲ့ရသည်။သတို့သား ယူထဲဟွန်းသည် တောင်ကိုရီးယားကိုစွန့်ခွာ၍ အခြားနိုင်ငံ၌ နေရန်အသင့်ဖြစ်နေပြီဖြစ်သည်..။ကင်မ်ဆိုးဂျင်း၏ မိခင်ကြီးကတော့ ရူးသွတ်မတတ်ခံစားနေရ၍ စိတ္တဇဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။ကင်ဆိုးဂျင်းသည် သူမ၏ မှားယွင်းသော လုပ်ဆောင်ချက်များကြောင့် မိမိကိုယ်တိုင်လည်းပျက်စီး၍ အခြားဘဝများလည်း ပျက်စီးတော့သည်။

ဘာ့ခ် ဒုန် ဆော့ခ် နောက်ဆုံးပြောခဲ့သော စကား…၊”ကျွန်တော် သူမ ကိုသတ်ပြီး သူမအဖြစ်ချင်ဆုံးအလုပ်တစ်ခုကိုလုပ်ပေးလိုက်တယ်ဗျ….ကျွန်တော် သူမကို ခြေသည်းနီဆိုးပေးလိုက်တယ်လေ…။ ” ဟူ၍ ဖြစ်လေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top