×


အသက္ ၇ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးဟာ မိသားစုနဲ႔အတူ ႂကြက္နားရြက္မွိုသုတ္ စားသုံးမိရာမွ အစာအဆိပ္သင့္ၿပီး အတြင္းကလီစာမ်ား ပ်က္ဆီးကာ စိုးရိမ္ရတဲ့ အေျခအေနနဲ႔ ေဆး႐ုံေပၚမွာ အသက္လုေနရပါတယ္။

တ႐ုပ္နိုင္ငံ ဟန္က်ိဳးရွိ သားအမိသုံးဦးဟာ ဇူလိုင္လ ၂၇ ရက္ေန႔က ႂကြက္နားရြက္မွိုသုတ္ကို သူတို႔ရဲ့ေနအိမ္မွာပဲ အတူတူစားေသာက္ခဲ့ၾကပါတယ္။ ဒီမွိုသုတ္ဟင္းပြဲအတြက္ ျပင္ဆင္ရာမွာ မိခင္ျဖစ္သူက ႂကြက္နားရြက္မွိုမ်ားကို ေအးေနေအာင္ ေရထဲတြင္ စိမ္ထားၿပီး ေနအိမ္ရဲ့ ေလသာေဆာင္မွာ ၄၈ နာရီၾကာ ထားခဲ့ပါတယ္။

အဲဒီေနာက္ မွိုမ်ားကို သုတ္စားၾကရာ အသက္ ၇ ႏွစ္အရြယ္ “ဝမ္ဝမ္” ဆိုသည့္ အငယ္ဆုံးသမီးေလးက သူမရဲ့အႀကိဳက္ဆုံးဟင္းလ်ာျဖစ္လို႔ အမ်ားဆုံး စားခဲ့ပါတယ္။ အစ္ကိုျဖစ္သူက သိပ္မႀကိဳက္သျဖင့္ တစ္ဇြန္းႏွစ္ဇြန္းသာ စားခဲ့သည္။ မိခင္ကလည္း အနည္းငယ္သာ စားေသာက္ခဲ့သည္။

ေနာက္တစ္ေန႔မွာေတာ့ သားအမိ သုံးဦးစလုံး ဗိုက္နာျခင္း၊ ေအာ့အန္ျခင္း၊ မူေဝျခင္းစတဲ့ ေဝဒနာေတြကို ခံစားခဲ့ရၿပီး ေဆး႐ုံတက္ခဲ့ရပါတယ္။ သူတို႔ သုံးဦးထဲတြင္ “ဝမ္ဝမ္” ရဲ့ အေျခအေနဟာ အဆိုးဆုံးျဖစ္ၿပီး အထူးၾကပ္မတ္ေဆာင္မွာ တင္ပို႔ကုသထားရပါတယ္။ သူမရဲ့ ေက်ာက္ကပ္နဲ႔ အျခားအတြင္းကလီစာမ်ား အလုပ္လုပ္နိုင္မွု က်ဆင္းေနၿပီး ပ်က္ဆီးလာစျပဳေနၿပီျဖစ္ေၾကာင္း ဆရာဝန္မ်ားက ေျပာဆိုခဲ့သည္။

သူမရဲ့ ေသြးထဲမွာ အဆိပ္အေတာက္မ်ား ေတြ႕ရွိခဲ့သျဖင့္ ဇူလိုင္လ ၃၁ ရက္ကေန ၾသဂုတ္လ ၈ ရက္ေန႔ထိ ေသြးလဲလွယ္သြင္းယူမွု ေလးႀကိမ္ ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။ ဆရာဝန္ေတြရဲ့ ေတြ႕ရွိခ်က္အရ အနက္ေရာက္ ႂကြက္နားရြက္မွိုမွ အက္ဆစ္တစ္မ်ိဳးထုတ္လုပ္မွုေၾကာင့္ အဆိပ္သင့္ခဲ့ေၾကာင္း ယူဆထားၾကသည္။

လတ္တေလာမွာေတာ့ သူတို႔အေနနဲ႔ အေကာင္းဆုံးအေနအထားျဖစ္ေအာင္ ႀကိဳးစားကုသေပးသြားမည္ျဖစ္ေပမယ့္ အေျခအေနသိပ္ေကာင္းပုံမရေကာင္း ဆရာဝန္မ်ားက ေျပာဆိုခဲ့သည္။
ကေလးအထူးကုဌါနမွ ေဒါက္တာရီရွန္း က အခုလို အဆိပ္ျဖစ္သြားခဲ့တာဟာ ႂကြက္နားရြက္မွိုေတြကို ေရထဲမွာ အဖုံးအအုပ္မရွိပဲ ၾကာျမင့္စြာ စိမ္ထားမွုေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ႂကြက္နားရြက္မွိုဟာ ႏွလုံးက်န္းမာေရးအတြက္ အေထာက္အကူျပဳသည္ဆိုေသာ္လည္း အစားအေသာက္ျပင္ဆင္ရာမွာေတာ့ သတိထားဖို႔လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay


#Unicode Version#
 အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မိသားစုနဲ့အတူ ကြွက်နားရွက်မှိုသုတ် စားသုံးမိရာမှ အစာအဆိပ်သင့်ပြီး အတွင်းကလီစာများ ပျက်ဆီးကာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံပေါ်မှာ အသက်လုနေရပါတယ်။

တရုပ်နိုင်ငံ ဟန်ကျိုးရှိ သားအမိသုံးဦးဟာ ဇူလိုင်လ ၂၇ ရက်နေ့က ကြွက်နားရွက်မှိုသုတ်ကို သူတို့ရဲ့နေအိမ်မှာပဲ အတူတူစားသောက်ခဲ့ကြပါတယ်။ ဒီမှိုသုတ်ဟင်းပွဲအတွက် ပြင်ဆင်ရာမှာ မိခင်ဖြစ်သူက ကြွက်နားရွက်မှိုများကို အေးနေအောင် ရေထဲတွင် စိမ်ထားပြီး နေအိမ်ရဲ့ လေသာဆောင်မှာ ၄၈ နာရီကြာ ထားခဲ့ပါတယ်။

အဲဒီနောက် မှိုများကို သုတ်စားကြရာ အသက် ၇ နှစ်အရွယ် “ဝမ်ဝမ်” ဆိုသည့် အငယ်ဆုံးသမီးလေးက သူမရဲ့အကြိုက်ဆုံးဟင်းလျာဖြစ်လို့ အများဆုံး စားခဲ့ပါတယ်။ အစ်ကိုဖြစ်သူက သိပ်မကြိုက်သဖြင့် တစ်ဇွန်းနှစ်ဇွန်းသာ စားခဲ့သည်။ မိခင်ကလည်း အနည်းငယ်သာ စားသောက်ခဲ့သည်။

နောက်တစ်နေ့မှာတော့ သားအမိ သုံးဦးစလုံး ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ မူဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ သူတို့ သုံးဦးထဲတွင် “ဝမ်ဝမ်” ရဲ့ အခြေအနေဟာ အဆိုးဆုံးဖြစ်ပြီး အထူးကြပ်မတ်ဆောင်မှာ တင်ပို့ကုသထားရပါတယ်။ သူမရဲ့ ကျောက်ကပ်နဲ့ အခြားအတွင်းကလီစာများ အလုပ်လုပ်နိုင်မှု ကျဆင်းနေပြီး ပျက်ဆီးလာစပြုနေပြီဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

သူမရဲ့ သွေးထဲမှာ အဆိပ်အတောက်များ တွေ့ရှိခဲ့သဖြင့် ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့ထိ သွေးလဲလှယ်သွင်းယူမှု လေးကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆရာဝန်တွေရဲ့ တွေ့ရှိချက်အရ အနက်ရောက် ကြွက်နားရွက်မှိုမှ အက်ဆစ်တစ်မျိုးထုတ်လုပ်မှုကြောင့် အဆိပ်သင့်ခဲ့ကြောင်း ယူဆထားကြသည်။

လတ်တလောမှာတော့ သူတို့အနေနဲ့ အကောင်းဆုံးအနေအထားဖြစ်အောင် ကြိုးစားကုသပေးသွားမည်ဖြစ်ပေမယ့် အခြေအနေသိပ်ကောင်းပုံမရကောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။
ကလေးအထူးကုဌါနမှ ဒေါက်တာရီရှန်း က အခုလို အဆိပ်ဖြစ်သွားခဲ့တာဟာ ကြွက်နားရွက်မှိုတွေကို ရေထဲမှာ အဖုံးအအုပ်မရှိပဲ ကြာမြင့်စွာ စိမ်ထားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ကြွက်နားရွက်မှိုဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသည်ဆိုသော်လည်း အစားအသောက်ပြင်ဆင်ရာမှာတော့ သတိထားဖို့လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top