ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရုိေမးနီးယားႏုိင္ငံရဲ႕ ဒုတိယတန္းလိဂ္ၿပိဳင္ပြဲ၊ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ခ်င္ဒီယာ အသင္းနဲ႔ အာဂက္စ္အသင္းတုိ႔ရဲ႕ ပြဲစဥ္မွာ အာဂက္စ္အသင္းရဲ႕နည္းျပ ဆန္ဒြိဳင္းဟာ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကုိ ကြင္းေဘးကေန မေက်မနပ္ျဖစ္ေနခဲ့ပါတယ္။

ခ်င္ဒီယာအသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရတဲ့ အဲဒီပြဲစဥ္ဟာ ပြဲခ်ိန္ မိနစ္ (၈၀) အထိ တစ္ဂုိးစီ သေရက်ေနခဲ့ၿပီး ဆန္ဒြိဳင္းရဲ႕ ကစားသမားေတြဟာ အိမ္ရွင္အသင္းရဲ႕ဖိအားေပးမႈကုိ ခံေနရတာပါ။

အဲဒီအခ်ိန္မွာပဲ နည္းျပ ဆန္ဒြိဳင္း က မထင္မွတ္ထားတဲ့ ကိစၥတစ္ခုကုိ ျပဳလုပ္လုိက္ပါတယ္။

ကြင္းနံေဘးက နည္းျပစည္းထဲမွာ ရပ္ၿပီး ကစားသမားေတြကုိ ေအာ္ဟစ္ေနတဲ့ ဆန္ဒြိဳင္းဟာ သူ႕ေဘးကေန ေဘာလုံးဆြဲေျပးလာတဲ့ ခ်င္ဒီယာကစားသမားကုိ ေျခထုိးခံၿပီး ေဘာလုံးဖ်က္ထုတ္လုိက္တာပါပဲ။

မထင္မွတ္ပဲ ျဖစ္သြားတဲ့အျဖစ္အပ်က္ေၾကာင့္ ကစားသမားလည္း လဲက်သြားခဲ့ရသလို ၿပိဳင္ဖက္အသင္းနည္းျပေတြ ကစားသမားေတြက သူ႕ဆီကုိ ေရာက္ရွိလာၾကပါေတာ့တယ္။

ကြင္းလယ္ဒုိင္ကလည္း ခ်က္ခ်င္းပဲ ဆန္ဒြိဳင္းကုိ နည္းျပခုံတန္းက ထြက္သြားေစခဲ့ၿပီး ပြဲၾကည့္စင္အေပၚမွာသာ သြားေရာက္ၾကည့္ရႈေစခဲ့ပါတယ္။

ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာေတာ့ ဆန္ဒြိဳင္းက သူ႕ရဲ႕အျပဳအမူအတြက္ အားလုံးကုိ ေတာင္းပန္လုိိက္ၿပီး သူ႕အနားကုိေဘာလုံးဆြဲလာတဲ့ ကစားသမားေရာက္လာခ်ိန္မွာ ေဘာလုံးဖ်က္ထုတ္ခ်င္စိတ္က ဘယ္လုိမွ တားမရေအာင္ ျဖစ္သြားတယ္လုိ႔ ၀န္ခံလုိက္ပါတယ္။

ဆန္ဒြိဳင္းရဲ႕အသင္းဟာ ပြဲအၿပီးမွာလည္း (၁-၁) ဆုိတဲ့ရလဒ္သာ ရခဲ့ေပမယ့္ ကြင္းအတြင္းမွာရွိတဲ့ ကစားသမားဆီက ေဘာလုံးကုိ ဖ်က္ထုတ္ဖုိ႔ ႀကိဳးစားခဲ့တဲ့ ဆန္ဒြိဳင္းကေတာ့ ရုိေမးနီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ အေရးယူမႈကုိ ခံရဖုိ႔ရွိေနခဲ့ပါၿပီ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုမေးနီးယားနိုင်ငံရဲ့ ဒုတိယတန်းလိဂ်ပြိုင်ပွဲ၊ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချင်ဒီယာ အသင်းနဲ့ အာဂက်စ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဂက်စ်အသင်းရဲ့နည်းပြ ဆန်ဒွိုင်းဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကွင်းဘေးကနေ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။

ချင်ဒီယာအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ အဲဒီပွဲစဉ်ဟာ ပွဲချိန် မိနစ် (၈၀) အထိ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဆန်ဒွိုင်းရဲ့ ကစားသမားတွေဟာ အိမ်ရှင်အသင်းရဲ့ဖိအားပေးမှုကို ခံနေရတာပါ။

အဲဒီအချိန်မှာပဲ နည်းပြ ဆန်ဒွိုင်း က မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကို ပြုလုပ်လိုက်ပါတယ်။

ကွင်းနံဘေးက နည်းပြစည်းထဲမှာ ရပ်ပြီး ကစားသမားတွေကို အော်ဟစ်နေတဲ့ ဆန်ဒွိုင်းဟာ သူ့ဘေးကနေ ဘောလုံးဆွဲပြေးလာတဲ့ ချင်ဒီယာကစားသမားကို ခြေထိုးခံပြီး ဘောလုံးဖျက်ထုတ်လိုက်တာပါပဲ။

မထင်မှတ်ပဲ ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့် ကစားသမားလည်း လဲကျသွားခဲ့ရသလို ပြိုင်ဖက်အသင်းနည်းပြတွေ ကစားသမားတွေက သူ့ဆီကို ရောက်ရှိလာကြပါတော့တယ်။

ကွင်းလယ်ဒိုင်ကလည်း ချက်ချင်းပဲ ဆန်ဒွိုင်းကို နည်းပြခုံတန်းက ထွက်သွားစေခဲ့ပြီး ပွဲကြည့်စင်အပေါ်မှာသာ သွားရောက်ကြည့်ရှုစေခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဆန်ဒွိုင်းက သူ့ရဲ့အပြုအမူအတွက် အားလုံးကို တောင်းပန်လိုက်ပြီး သူ့အနားကိုဘောလုံးဆွဲလာတဲ့ ကစားသမားရောက်လာချိန်မှာ ဘောလုံးဖျက်ထုတ်ချင်စိတ်က ဘယ်လိုမှ တားမရအောင် ဖြစ်သွားတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဆန်ဒွိုင်းရဲ့အသင်းဟာ ပွဲအပြီးမှာလည်း (၁-၁) ဆိုတဲ့ရလဒ်သာ ရခဲ့ပေမယ့် ကွင်းအတွင်းမှာရှိတဲ့ ကစားသမားဆီက ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ဆန်ဒွိုင်းကတော့ ရိုမေးနီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုကို ခံရဖို့ရှိနေခဲ့ပါပြီ…။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top