ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဂုိးတုိင္အေနာက္ကေန ဂုိးသြင္းဖုိ႔” လုိ႔ ေျပာရင္ ဘယ္သူမွ ျဖစ္ႏုိင္မယ္လုိ႔ မထင္ၾကပါဘူး။ ျဖစ္ႏုိင္တယ္လုိ႔ ထင္တဲ့သူေတြကလည္း ဂုိးပုိက္ကုိ အေရွ႕ဖက္ဆီ ေျပာင္းတပ္ၾကလိမ့္မယ္ လုိ႔ ေတြးၾကမယ့္သူေတြပါ။

Admin ကုိယ္တုိင္လည္း တစ္ေယာက္ေယာက္က “ဂုိးတုိင္ရဲ႕ အေနာက္ကေန ဂုိးသြင္းျပမယ္” လုိ႔ လာေျပာရင္ ယုံမွာမဟုတ္ပါဘူး။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြရဲ႕ၾကားမွာ ဒီကိစၥက ေခတ္စားလာခဲ့ပါၿပီ။

တကယ္ေတာ့ ဒီကိစၥက အီတလီအသင္းရဲ႕တုိက္စစ္မွဴး ဘာေလာ့တယ္လီက စတင္ခဲ့တာပါ။ ဘာေလာ့တယ္လီက သူ႕ရဲ႕ အင္စတာဂရမ္ ဗီဒီယုိတစ္ခုထဲမွာ ဂုိးတုိင္ရဲ႕အေနာက္ဖက္ ေတာ္ေတာ္ေ၀းေ၀းကေန ဂုိးေပါက္ထဲကုိ ေဘာလုံး၀င္ေအာင္ ကန္သြင္းခဲ့တာျဖစ္ၿပီး အျခားနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ေနမာ၊ ပရင့္စ္ဘုိတန္၊ ဘက္ပီ၊ ေပါ့ဂ္ဘာ၊ အီဗရာဟီမုိဗစ္နဲ႔ မာဆယ္လုိ တုိ႔ကုိ သူ႕လုိကန္သြင္းႏုိင္မလား ဆုိၿပီး စိန္ေခၚခဲ့တာပါ။

ဘာေလာ့တယ္လီလုိမ်ိဳး ကန္သြင္းႏုိင္မယ့္သူ ရွိပါ့မလားဆုိၿပီး ထင္ခဲ့ၾကေပမယ့္ ရီးယဲလ္အသင္းရဲ႕ ေနာက္ခံကစားသမား မာဆယ္လုိကေတာ့ ဒီ စိန္ေခၚမႈကုိ လက္ခံခဲ့ၿပီး ဂုိးေပါက္ရဲ႕ အေနာက္ဖက္ကေန ဂုိး၀င္ေအာင္ ကန္သြင္းျပခဲ့ပါတယ္။

မာဆယ္လုိက ရီးယဲလ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းထဲမွာ ဂုိးေပါက္ရဲ႕ အေနာက္ဖက္ ခပ္လွမ္းလွမ္းကေန ေဘာလုံးကုိ ဂုိးေပါက္ထဲ ေနာက္ျပန္၀င္ေအာင္ ကန္သြင္းျပခဲ့တာပါ။

ဒါကပဲ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြရဲ႕ စေကးဆုိတာကုိ လူေတြ သိသြားေစၿပီး ဂုိး၀င္သြားၿပီးတဲ့ေနာက္ အသင္းေဖာ္ ကာစီမီရုိနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။

မာဆယ္လုိ က သူ႕ရဲ႕ အင္စတာဂရမ္အေကာင့္ကေန သူ႕လုိမ်ိဳး ဂုိးသြင္းျပဖုိ႔ အသင္းေဖာ္ ကာစီမီရုိ ကုိ စိန္ေခၚလုိက္ျပန္ပါတယ္။ ဒီ ဗီဒီယုိက ပရိသတ္ေတြၾကားမွာ လူႀကိဳက္မ်ားခဲ့ၿပီး ခ်ီးက်ဴးသူေတြလည္း အမ်ားႀကီး ရွိခဲ့ပါတယ္။

မာဆယ္လုိဟာ ဘာေလာ့တယ္လီရဲ႕ စိန္ေခၚမႈကုိ လက္ခံခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္ၿပီး ေနမာ၊ မုိဗစ္၊ ဘက္ပီ တုိ႔ ဒီစိန္ေခၚမႈကုိ ဘယ္လုိတုန္႔ျပန္မလဲဆုိတာ အားလုံးက စိတ္၀င္တစား ေစာင့္ၾကည့္ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
ဂိုးတိုင်အနောက်ကနေ ဂိုးသွင်းဖို့” လို့ ပြောရင် ဘယ်သူမှ ဖြစ်နိုင်မယ်လို့ မထင်ကြပါဘူး။ ဖြစ်နိုင်တယ်လို့ ထင်တဲ့သူတွေကလည်း ဂိုးပိုက်ကို အရှေ့ဖက်ဆီ ပြောင်းတပ်ကြလိမ့်မယ် လို့ တွေးကြမယ့်သူတွေပါ။

Admin ကိုယ်တိုင်လည်း တစ်ယောက်ယောက်က “ဂိုးတိုင်ရဲ့ အနောက်ကနေ ဂိုးသွင်းပြမယ်” လို့ လာပြောရင် ယုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေရဲ့ကြားမှာ ဒီကိစ္စက ခေတ်စားလာခဲ့ပါပြီ။

တကယ်တော့ ဒီကိစ္စက အီတလီအသင်းရဲ့တိုက်စစ်မှူး ဘာလော့တယ်လီက စတင်ခဲ့တာပါ။ ဘာလော့တယ်လီက သူ့ရဲ့ အင်စတာဂရမ် ဗီဒီယိုတစ်ခုထဲမှာ ဂိုးတိုင်ရဲ့အနောက်ဖက် တော်တော်ဝေးဝေးကနေ ဂိုးပေါက်ထဲကို ဘောလုံးဝင်အောင် ကန်သွင်းခဲ့တာဖြစ်ပြီး အခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ နေမာ၊ ပရင့်စ်ဘိုတန်၊ ဘက်ပီ၊ ပေါ့ဂ်ဘာ၊ အီဗရာဟီမိုဗစ်နဲ့ မာဆယ်လို တို့ကို သူ့လိုကန်သွင်းနိုင်မလား ဆိုပြီး စိန်ခေါ်ခဲ့တာပါ။

ဘာလော့တယ်လီလိုမျိုး ကန်သွင်းနိုင်မယ့်သူ ရှိပါ့မလားဆိုပြီး ထင်ခဲ့ကြပေမယ့် ရီးယဲလ်အသင်းရဲ့ နောက်ခံကစားသမား မာဆယ်လိုကတော့ ဒီ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး ဂိုးပေါက်ရဲ့ အနောက်ဖက်ကနေ ဂိုးဝင်အောင် ကန်သွင်းပြခဲ့ပါတယ်။

မာဆယ်လိုက ရီးယဲလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ ဂိုးပေါက်ရဲ့ အနောက်ဖက် ခပ်လှမ်းလှမ်းကနေ ဘောလုံးကို ဂိုးပေါက်ထဲ နောက်ပြန်ဝင်အောင် ကန်သွင်းပြခဲ့တာပါ။

ဒါကပဲ ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ စကေးဆိုတာကို လူတွေ သိသွားစေပြီး ဂိုးဝင်သွားပြီးတဲ့နောက် အသင်းဖော် ကာစီမီရိုနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

မာဆယ်လို က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ သူ့လိုမျိုး ဂိုးသွင်းပြဖို့ အသင်းဖော် ကာစီမီရို ကို စိန်ခေါ်လိုက်ပြန်ပါတယ်။ ဒီ ဗီဒီယိုက ပရိသတ်တွေကြားမှာ လူကြိုက်များခဲ့ပြီး ချီးကျူးသူတွေလည်း အများကြီး ရှိခဲ့ပါတယ်။

မာဆယ်လိုဟာ ဘာလော့တယ်လီရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်ပြီး နေမာ၊ မိုဗစ်၊ ဘက်ပီ တို့ ဒီစိန်ခေါ်မှုကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top