မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


ရဲမင္းပိုင္ဟာ အႏွစ္(၂၀)နီးပါးေလာက္ အႏုပညာေလာကထဲမွာ လက္တြဲၿပီး အလုပ္လုပ္ခဲ့တဲ့  လုပ္ေဖာ္ကိုင္ဖက္ ညီအကိုေတြနဲ႕ ေရေဘးမွာ အတူတူ ပါဝင္ကူညီေပးခဲ့တယ္လို႕ သိရပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ ညီအကိုေတြနဲ႕အတူ ပရဟိတအလုပ္ေလးကို လုပ္ကိုင္ခြင့္ရတာေၾကာင့္ ရဲမင္းပိုင္တစ္ေယာက္ ေပ်ာ္လို႕ေနပါတယ္။
သရုပ္ေဆာင္ ရဲမင္းပိုင္ဟာ အႏွစ္(၂၀) နီးပါးေလာက္ အႏုပညာေလာကထဲမွာ လက္တြဲၿပီး အလုပ္လုပ္ခဲ့တဲ့ လုပ္ေဖာ္ကိုင္ဖက္ ညီအကိုေတြနဲ႕ ေရေဘးမွာ ပါဝင္ကူညီေပးခဲ့တယ္လိုု႕ သိရပါတယ္။ေရေဘးကူညီေရး ပရဟိတအဖြဲ႕မွာ ပါဝင္ကူညီေပးခဲ့တာနဲ႕ ပတ္သက္ၿပီး ရဲမင္းပိုင္ရဲ႕ ေဖ့စ္ဘြတ္မွာလည္း ယခုလုို ေရးသားထားတာေတြ႕ရပါတယ္။

"ဘဝတေလ်ွာက္ အႏွစ္ ၂ဝ နီးပါး လက္တြဲခဲ ့ေသာအႏုပညာသရုပ္ေဆာင္ ညီအကိုၾကီးေတြနဲ ့ ေကာင္းမူ ့ေလးတခု ၿပဳခဲ ့ပါတယ္။ ကိုယ့္ၿပဳေန ေသာ အလုပ္ေလးက ကိုယ့္ရင္ထဲ ကေစတနာေလးတခုပါ။အရာရာအားလံုးတို ့ဟာ အခ်ိန္တန္ေပ်ာက္ကြယ္စၿမဲပါ ေကာင္းေသာ အသိစိတ္ ေလးနဲ ့ ေကာင္းေသာအလုပ္ေလးေတြနဲ ့ ခ်မ္းသာစြာတည္ရွိၾကပါေစ" ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ၾသဂုတ္လ(၂၁) ရက္ေန႕ မနက္ပိုင္းက ေရးသားထားတာေတြ႕ရပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ ညီအကိုေတြနဲ႕အတူ ပရဟိတအလုပ္ေလးကို လုပ္ကိုင္ခြင့္ရတာေၾကာင့္ ရဲမင္းပိုင္တစ္ေယာက္ ေပ်ာ္လို႕ေနပါတယ္။

ရဲမင္းပိုင္ဟာ ဇာတ္ကားရိုက္ကူးမႈေတြျပဳလုပ္လ်က္ရွိသလုိ ဇာတ္ညႊန္းေလးေတြလည္း ေရးသားျဖစ္ေနပါတယ္။ သူကိုယ္တုိင္ ေရးသားထားတဲ့ ဇာတ္လမ္း(၂)ခုရွိတယ္လိုကလည္း သိရပါတယ္။အဲ့ဒီဇာတ္လမ္း(၂)ခုကိုလည္း ျမင့္ျမတ္အတြက္ ရည္စူးၿပီး ဖန္တီးထားတယ္လို႕ သိရပါတယ္။

''ကၽြန္ေတာ္ရင္ထဲမွာရွိေသာ ဇာတ္အိမ္ေလးႏွစ္ထုပ္ပါ။ ဒါေပမဲ ့ခုခ်ိန္မွာေအာင္ၿမင္မယ္လို ့မယူဆေတာ့ပါဘူး။ ဒီ ဇာတ္အိမ္ ေလးႏွစ္ထုပ္ဟာ ပညာေပး အသိေပး ၾကည့္ရႈသူေတြရဲ ့ရင္ထဲ မွာႏွင့္ကနဲ တခုခုက်န္ရစ္ေစမည့္ဇာတ္အိမ္ေလးႏွစ္ထုပ္ၿဖစ္ပါတယ္။ ကၽြန္ေတာ္ စိတ္ကူးထဲ မွာလည္းေခါင္းေဆာင္သရုပ္ေဆာင္ညီငယ္ ၿမင့္ၿမတ္ ကိုရည္စူးၿပီး ဖန္တီးစိတ္ကူးထားပါတယ္'' လုိ႔ ၾသဂုတ္လ(၁၃) ရက္ေန႕က ရဲမင္းပိုင္က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ရဲမင္းပိုင္ဟာ မၾကာခင္မွာ အမိျမန္မာျပည္ကေန ျပန္လည္ထြက္ခြာေတာ့မွာဆိုတဲ့အေၾကာင္းကိုလည္း ေျပာထားတာ ေတြ႕ရပါတယ္။

သရုပ္ေဆာင္ရဲမင္းပုိင္ကုိေတာ့ အရင္တုန္းက ဖုိက္တင္မင္းသားတစ္ေယာက္အျဖစ္ နယ္ပရိသတ္၊ ၿမိဳ႕ပရိသတ္ေတြအမ်ားႀကီး အားေပးခဲ့ၾက တာပါ။ အဲ့ဒီေနာက္ အေမရိကကုိေရာက္ရွိသြားၿပီးေနာက္မွာေတာ့ ျမန္မာပရိသတ္ေတြ နဲ႔ အႏုပညာအလုပ္ေတြကုိ ၁၀စုႏွစ္အေက်ာ္ ေဝးကြာသြားခဲ့တာပါ။

အခုဆုိရင္ ရဲမင္းပုိင္ဟာ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာ ျမန္မာႏုိင္ငံကုိ ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ျပန္ေရာက္ လာ တဲ့ အခ်ိန္မွာလည္း ရဲမင္းပုိင္ျပန္လာၿပီဆုိတဲ့ ဇာတ္လမ္းတုိေလးကုိ သူ႔ရဲ႕ ပရိသတ္ေတြဆီအေရာက္ပုိ႔ႏုိင္ဖုိ႔ ရုိက္ကူးခဲ့ ပါတယ္။ အဲ့ဒီေနာက္ ဇာတ္ကားေတြလည္း ဆက္တုိက္ရုိက္ကူးထားပါေသးတယ္။ မၾကာခင္မွာေတာ့ ရဲမင္းပုိင္က အေမရိကကုိ ျပန္ေတာ့မွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
ရဲမင်းပိုင်ဟာ အနှစ်(၂၀)နီးပါးလောက် အနုပညာလောကထဲမှာ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့  လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့ ရေဘေးမှာ အတူတူ ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့အတူ ပရဟိတအလုပ်လေးကို လုပ်ကိုင်ခွင့်ရတာကြောင့် ရဲမင်းပိုင်တစ်ယောက် ပျော်လို့နေပါတယ်။
သရုပ်ဆောင် ရဲမင်းပိုင်ဟာ အနှစ်(၂၀) နီးပါးလောက် အနုပညာလောကထဲမှာ လက်တွဲပြီး အလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့ ရေဘေးမှာ ပါဝင်ကူညီပေးခဲ့တယ်လိုု့ သိရပါတယ်။ရေဘေးကူညီရေး ပရဟိတအဖွဲ့မှာ ပါဝင်ကူညီပေးခဲ့တာနဲ့ ပတ်သက်ပြီး ရဲမင်းပိုင်ရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလိုု ရေးသားထားတာတွေ့ရပါတယ်။

"ဘဝတလျှောက် အနှစ် ၂ဝ နီးပါး လက်တွဲခဲ ့သောအနုပညာသရုပ်ဆောင် ညီအကိုကြီးတွေနဲ ့ ကောင်းမူ ့လေးတခု ပြုခဲ ့ပါတယ်။ ကိုယ့်ပြုနေ သော အလုပ်လေးက ကိုယ့်ရင်ထဲ ကစေတနာလေးတခုပါ။အရာရာအားလုံးတို ့ဟာ အချိန်တန်ပျောက်ကွယ်စမြဲပါ ကောင်းသော အသိစိတ် လေးနဲ ့ ကောင်းသောအလုပ်လေးတွေနဲ ့ ချမ်းသာစွာတည်ရှိကြပါစေ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၂၁) ရက်နေ့ မနက်ပိုင်းက ရေးသားထားတာတွေ့ရပါတယ်။

လုပ်ဖော်ကိုင်ဖက် ညီအကိုတွေနဲ့အတူ ပရဟိတအလုပ်လေးကို လုပ်ကိုင်ခွင့်ရတာကြောင့် ရဲမင်းပိုင်တစ်ယောက် ပျော်လို့နေပါတယ်။

ရဲမင်းပိုင်ဟာ ဇာတ်ကားရိုက်ကူးမှုတွေပြုလုပ်လျက်ရှိသလို ဇာတ်ညွှန်းလေးတွေလည်း ရေးသားဖြစ်နေပါတယ်။ သူကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်း(၂)ခုရှိတယ်လိုကလည်း သိရပါတယ်။အဲ့ဒီဇာတ်လမ်း(၂)ခုကိုလည်း မြင့်မြတ်အတွက် ရည်စူးပြီး ဖန်တီးထားတယ်လို့ သိရပါတယ်။

''ကျွန်တော်ရင်ထဲမှာရှိသော ဇာတ်အိမ်လေးနှစ်ထုပ်ပါ။ ဒါပေမဲ ့ခုချိန်မှာအောင်မြင်မယ်လို ့မယူဆတော့ပါဘူး။ ဒီ ဇာတ်အိမ် လေးနှစ်ထုပ်ဟာ ပညာပေး အသိပေး ကြည့်ရှုသူတွေရဲ ့ရင်ထဲ မှာနှင့်ကနဲ တခုခုကျန်ရစ်စေမည့်ဇာတ်အိမ်လေးနှစ်ထုပ်ဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးထဲ မှာလည်းခေါင်းဆောင်သရုပ်ဆောင်ညီငယ် မြင့်မြတ် ကိုရည်စူးပြီး ဖန်တီးစိတ်ကူးထားပါတယ်'' လို့ သြဂုတ်လ(၁၃) ရက်နေ့က ရဲမင်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရဲမင်းပိုင်ဟာ မကြာခင်မှာ အမိမြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မှာဆိုတဲ့အကြောင်းကိုလည်း ပြောထားတာ တွေ့ရပါတယ်။

သရုပ်ဆောင်ရဲမင်းပိုင်ကိုတော့ အရင်တုန်းက ဖိုက်တင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်၊ မြို့ပရိသတ်တွေအများကြီး အားပေးခဲ့ကြ တာပါ။ အဲ့ဒီနောက် အမေရိကကိုရောက်ရှိသွားပြီးနောက်မှာတော့ မြန်မာပရိသတ်တွေ နဲ့ အနုပညာအလုပ်တွေကို ၁၀စုနှစ်အကျော် ဝေးကွာသွားခဲ့တာပါ။

အခုဆိုရင် ရဲမင်းပိုင်ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြန်ရောက် လာ တဲ့ အချိန်မှာလည်း ရဲမင်းပိုင်ပြန်လာပြီဆိုတဲ့ ဇာတ်လမ်းတိုလေးကို သူ့ရဲ့ ပရိသတ်တွေဆီအရောက်ပို့နိုင်ဖို့ ရိုက်ကူးခဲ့ ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးထားပါသေးတယ်။ မကြာခင်မှာတော့ ရဲမင်းပိုင်က အမေရိကကို ပြန်တော့မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top