ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တာ႐ိုးမက်ိဳးေစရန္ ေရထိန္းတံခါးဖြင့္လိုက္ၿပီးေနာက္ တနသၤာရီျမစ္ေရႀကီးေနသည္ကို ၾသဂုတ္ ၂၀ ရက္ညေနပိုင္းကေတြ႕ရစဥ္ (ဓာတ္ပံု − ေအာင္ေက်ာ္ဟိန္း)

တနသၤာရီျမစ္ေရ အႏၲ ရာယ္ေရမွတ္ေက်ာ္ကာ တာ႐ိုး က်ိဳးေပါက္ႏုိင္သျဖင့္ တနသၤာရီ ၿမိဳ႕၏ ေရထိန္းတံခါးကို ဖြင့္ခ်ခဲ့ ၿပီး ျမစ္ေရဆက္တိုးေန၍ အနိမ့္ ပိုင္းရပ္ကြက္မ်ားအတြင္း ေနထုိင္ သူမ်ားအေနျဖင့္ ယာယီကယ္ ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေရႊ႕ ရန္ အေရးေပၚသတိေပးခ်က္ ထုတ္ျပန္ထားသည္။

ျမစ္ေရတက္မႈေၾကာင့္ ၿမိဳ႕ ေရထိန္းတံခါးကို ယခုကဲ့သို႔ ဖြင့္ ခ်မႈမ်ိဳး ယခင္က တစ္ႀကိမ္တစ္ခါ မွ် မရွိခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။‘‘တျဖည္းျဖည္း ဖြင့္မယ္။ အဓိကျပႆနာက ျမစ္ေရထက္ ၿမိဳ႕တြင္းေရက ေလးေပနိမ့္ေန တယ္။ တာကလည္း ႀကံ႕ခိုင္ေရး မေကာင္းေတာ့ အျပင္က ေရဝိတ္ မ်ားၿပီးၿပိဳရင္ ေရက ေဝါခနဲဝင္ လာႏိုင္တယ္။ ဒါေၾကာင့္ သတိ ေပးခ်က္ ထုတ္ျပန္ၿပီး စပီကာေတြနဲ႔လိုက္ၿပီး အသိေပးေနတယ္’’ဟု တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ဩဂုတ္ ၂၀ ရက္ ညေန ၃ နာရီခြဲတြင္ ေျပာသည္။

တနသၤာရီၿမိဳ႕ ေခ်ာင္းႀကီး ရပ္ကြက္အနီးရွိ ေရထိန္းတံခါး သည္ ေရေအာက္နစ္ျမဳပ္လာသျဖင့္ ဩဂုတ္ ၂၀ ရက္ ညေန၄ နာရီ ခန္႔ကစတင္၍ ႏွစ္နာရီခန္႔အၾကာ လူအင္အား၊ စက္ပစၥည္းကိရိယာမ်ား အသံုးျပဳ၍ ခက္ခက္ခဲခဲ ဖြင့္ခ်ခဲ့ရေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဟိန္းက ေျပာသည္။

ေရထိန္းတံခါး ဖြင့္ခ်မႈေၾကာင့္ လက္ရွိတြင္ ၿမိဳ႕အတြင္းသို႔ ျမစ္ေရဝင္ေရာက္မႈမ်ားရွိေနၿပီး ယေန႔ (ဩဂုတ္ ၂၁ ရက္) ၌ အနိမ့္ပိုင္းရွိ အိမ္ေျခ ၃၀၀ ခန္႔ ေရနစ္ျမဳပ္ႏိုင္ေၾကာင္း ၎က ဆုိသည္။

‘‘ဒီည ေရဝင္ႏႈန္းနဲ႔ဆုိရင္ မနက္ျဖန္ (ၾသဂုတ္ ၂၁) ေလာက္ဆုိရင္ ၿမိဳ႕ထဲအနိမ့္ဆံုးေနရာမွာ ရွစ္ေပေလာက္ ရွိလာလိမ့္မယ္။ အနိမ့္ပိုင္းမွာရွိတဲ့ အိမ္ေတြ အေပၚထပ္အထိ ေရျမဳပ္သြားႏုိင္တယ္’’ ဟု ဦးေအာင္ေက်ာ္ဟိန္းက ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေရနစ္ျမဳပ္ႏုိင္ သည့္ တနသၤာရီၿမိဳ႕ေပၚ ရပ္ကြက္ မ်ားအတြင္း ေနထိုင္သူမ်ားကို ၿမိဳ႕ နယ္ မီးသတ္တပ္ဖြဲ႕ အပါအဝင္ ကူညီကယ္ဆယ္ေရးေဆာင္ရြက္ ေနသူမ်ားက ေရေဘးကယ္ဆယ္ ေရး စခန္းမ်ားသို႔ အေရးေပၚ ေျပာင္းေရႊ႕ေနေၾကာင္း ကူညီကယ္ဆယ္ေရးေဆာင္ရြက္ေနသူမ်ားက ေျပာသည္။

ဩဂုတ္ ၂၀ ရက္ ည ၈ နာရီ တုိင္းတာခ်က္အရ တနသၤာရီျမစ္ ေရသည္ စိုးရိမ္ေရမွတ္ ၁၇ ေပ၊အႏၲရာယ္ေရမွတ္ ၂၄ ေပထက္ ေက်ာ္လြန္ကာ ၂၆ ေပေက်ာ္ အထိ ျမစ္ေရဆက္တိုးေနေၾကာင္း ဦးေအာင္ေက်ာ္ဟိန္းက ေျပာၾကား သည္။ တနသၤာရီၿမိဳ႕နယ္အတြင္း ေရေဘးသင့္ေနသည္မွာ တစ္လ ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ရာ ၁၉၉၄ ေနာက္ပိုင္း ကာလအရွည္ဆံုးႏွင့္ အဆုိးရြားဆံုးျမစ္ေရႀကီးမႈႏွင့္ ႀကံဳ ေတြ႕ေနရေၾကာင္း ၎က မွတ္ခ်က္ျပဳသည္။

လက္ရွိတြင္ ေရေဘးေၾကာင့္ ယာယီကယ္ဆယ္ေရးစခန္းေျခာက္ခု၌ လူ ၁,၀၀၀ ခန္႔  ခိုလႈံေနရၿပီး ၿမိဳ႕နယ္လူဦးေရ၏ ေလးပံုတစ္ပံုခန္႔ျဖစ္သည့္ လူ ၂၅,၀၀၀ ခန္႔ ေရေဘးႀကံဳေတြ႕ေနရသည္။ လာမည့္ရက္မ်ားတြင္လည္း ျမစ္ေရဆက္တိုးေနမည္ဆုိပါက ကယ္ဆယ္ေရး စခန္းမ်ား ထပ္မံ တုိးလာမည္ျဖစ္ေၾကာင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူမ်ားက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7daydaily

#Unicode Version#
တာရိုးမကျိုးစေရန် ရေထိန်းတံခါးဖွင့်လိုက်ပြီးနောက် တနင်္သာရီမြစ်ရေကြီးနေသည်ကို သြဂုတ် ၂၀ ရက်ညနေပိုင်းကတွေ့ရစဉ် (ဓာတ်ပုံ − အောင်ကျော်ဟိန်း)


တနင်္သာရီမြစ်ရေ အန္တ ရာယ်ရေမှတ်ကျော်ကာ တာရိုး ကျိုးပေါက်နိုင်သဖြင့် တနင်္သာရီ မြို့၏ ရေထိန်းတံခါးကို ဖွင့်ချခဲ့ ပြီး မြစ်ရေဆက်တိုးနေ၍ အနိမ့် ပိုင်းရပ်ကွက်များအတွင်း နေထိုင် သူများအနေဖြင့် ယာယီကယ် ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ ရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

မြစ်ရေတက်မှုကြောင့် မြို့ ရေထိန်းတံခါးကို ယခုကဲ့သို့ ဖွင့် ချမှုမျိုး ယခင်က တစ်ကြိမ်တစ်ခါ မျှ မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။‘‘တဖြည်းဖြည်း ဖွင့်မယ်။ အဓိကပြဿနာက မြစ်ရေထက် မြို့တွင်းရေက လေးပေနိမ့်နေ တယ်။ တာကလည်း ကြံ့ခိုင်ရေး မကောင်းတော့ အပြင်က ရေဝိတ် များပြီးပြိုရင် ရေက ဝေါခနဲဝင် လာနိုင်တယ်။ ဒါကြောင့် သတိ ပေးချက် ထုတ်ပြန်ပြီး စပီကာတွေနဲ့လိုက်ပြီး အသိပေးနေတယ်’’ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဩဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲတွင် ပြောသည်။

တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက်အနီးရှိ ရေထိန်းတံခါး သည် ရေအောက်နစ်မြုပ်လာသဖြင့် ဩဂုတ် ၂၀ ရက် ညနေ၄ နာရီ ခန့်ကစတင်၍ နှစ်နာရီခန့်အကြာ လူအင်အား၊ စက်ပစ္စည်းကိရိယာများ အသုံးပြု၍ ခက်ခက်ခဲခဲ ဖွင့်ချခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

ရေထိန်းတံခါး ဖွင့်ချမှုကြောင့် လက်ရှိတွင် မြို့အတွင်းသို့ မြစ်ရေဝင်ရောက်မှုများရှိနေပြီး ယနေ့ (ဩဂုတ် ၂၁ ရက်) ၌ အနိမ့်ပိုင်းရှိ အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒီည ရေဝင်နှုန်းနဲ့ဆိုရင် မနက်ဖြန် (သြဂုတ် ၂၁) လောက်ဆိုရင် မြို့ထဲအနိမ့်ဆုံးနေရာမှာ ရှစ်ပေလောက် ရှိလာလိမ့်မယ်။ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်တွေ အပေါ်ထပ်အထိ ရေမြုပ်သွားနိုင်တယ်’’ ဟု ဦးအောင်ကျော်ဟိန်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ရေနစ်မြုပ်နိုင် သည့် တနင်္သာရီမြို့ပေါ် ရပ်ကွက် များအတွင်း နေထိုင်သူများကို မြို့ နယ် မီးသတ်တပ်ဖွဲ့ အပါအဝင် ကူညီကယ်ဆယ်ရေးဆောင်ရွက် နေသူများက ရေဘေးကယ်ဆယ် ရေး စခန်းများသို့ အရေးပေါ် ပြောင်းရွှေ့နေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။

ဩဂုတ် ၂၀ ရက် ည ၈ နာရီ တိုင်းတာချက်အရ တနင်္သာရီမြစ် ရေသည် စိုးရိမ်ရေမှတ် ၁၇ ပေ၊အန္တရာယ်ရေမှတ် ၂၄ ပေထက် ကျော်လွန်ကာ ၂၆ ပေကျော် အထိ မြစ်ရေဆက်တိုးနေကြောင်း ဦးအောင်ကျော်ဟိန်းက ပြောကြား သည်။ တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်နေသည်မှာ တစ်လ ကျော်ကြာမြင့်နေပြီဖြစ်ရာ ၁၉၉၄ နောက်ပိုင်း ကာလအရှည်ဆုံးနှင့် အဆိုးရွားဆုံးမြစ်ရေကြီးမှုနှင့် ကြုံ တွေ့နေရကြောင်း ၎င်းက မှတ်ချက်ပြုသည်။

လက်ရှိတွင် ရေဘေးကြောင့် ယာယီကယ်ဆယ်ရေးစခန်းခြောက်ခု၌ လူ ၁,၀၀၀ ခန့်  ခိုလှုံနေရပြီး မြို့နယ်လူဦးရေ၏ လေးပုံတစ်ပုံခန့်ဖြစ်သည့် လူ ၂၅,၀၀၀ ခန့် ရေဘေးကြုံတွေ့နေရသည်။ လာမည့်ရက်များတွင်လည်း မြစ်ရေဆက်တိုးနေမည်ဆိုပါက ကယ်ဆယ်ရေး စခန်းများ ထပ်မံ တိုးလာမည်ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top