ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×




Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
Myanmar Idol Season3 ပြိုင်ပွဲကြီးမှာ Winnerဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့ ဖြိုးမြတ်အောင်ကတော့ပရိသတ်တွေသဘောကျရတဲ့ အနုပညာကြယ်တစ်ပွင့်ဖြစ်လို့နေပါပြီ။တတိုင်းပြည်လုံးကပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့Myanmar Idol Season3 ပြိုင်ပွဲကြီးမှာ ပရိသတ်တွေအားပေးရကြိုးနပ်အောင်ကြိုးစားသွားခဲ့တာ ပရိသတ်တွေအားလုံး အမြင်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူပြောထားတဲ့အတိုင်း ဘာသာရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေပြီး အနုပညာခြေလှမ်းသစ်တွေကိုလည်း ဆက်လက်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ ရိုးသားကြိုးစားတဲ့ ဟင်္သာတ သားလေးဖြိုးမြတ်အောင် ဟာဆိုရင်ဖြင့် Myanmar Idol Season3 ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တစ်လျှောက်လုံး ပရိသတ်တွေကို မတူညီတဲ့ ရင်ခုန်စရာရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ပြိုင်ပွဲပြီးဆုံးသွားတဲ့အထိ ပရိသတ်တွေရဲ့ အုတ်အုတ်ကျပ်ကျပ် အားပေးမှုလက်ခုတ်သံတွေဟာ ဖြိုးမြတ်အောင်အပေါ်ထားရှိတဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေက သက်သေတွေပဲဖြစ်ပါတယ်။ ယခုမှာတော့ ဖြိုးမြတ်အောင်ဟာ အန်ကယ်ဦးသိန်းတန်တို့ ဇနီးမောင်နှံတို့နဲ့ အတူကြည်နူးစရာ မြင်ကွင်းပုံရိတ်လေးတွေကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။

အန်ကယ်ကတော့ ဖြိုးမြတ်အောင်ရဲ့ ဆရာလည်းဖြစ် အားကျရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်တာကြောင့် ယခုလိုဆုံတွေ့ရတာကို ဖြိုးမြတ်အောင်တစ်ယောက် ပျော်ရွှင်နေတာကို တွေ့မြင်ရပါတယ်။ရိုးသားကြိုးစားတဲ့ ဖြိုးမြတ်အောင်တစ်ယောက် အန်ကယ်တို့နဲ့အတူတွေ့ ရတော့ တကယ့်ကိုကြည်နူးမိပြီး ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေကိုလည်း လူမှုကွန်ယက်ပေါ်မှာ မျှဝေထားတာတွေ့မြင်ရပါတယ် ။ဖြိုးမြတ်အောင်ရဲ့ ပရိသတ်တွေအနေနဲ့လည်း ယခုလိုတွေ့ဆုံမှုကို မြင်တွေ့ရပြီးကြည်နူးမိရင် တစ်ခုခုပြောခဲ့ကြဖို့ မမေ့နဲ့အုံးနော်။မိဘကို ရိုသေပြီးကိုင်းရှိုင်းတဲ့ ဖြိုးမြတ်အောင်ရဲ့ ဂီတလျှောက်လှမ်းမှုတွေကိုလည်း အစဉ်မပြတ်အားပေးကြဖို့ တိုက်တွန်းလိုက်ပရစေ…

ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top