ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စပိန္ကေန ခြဲထြက္ဖို႔ ႀကိဳးစားေနတဲ့ ကာတာလိုနီးယားေဒသမွာ ၾသဂုတ္ ၂ဝ ရက္ေန႔က ဓားကိုင္ထားသူတဦးက ရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ရဲက ပစ္သတ္ခဲ့ပါတယ္။

ကာတာလိုနီးယားေဒသ ဘာစီလိုနာၿမိဳ႕အနီး ေကာ္နီလာေဒသက ရဲစခန္းထဲကို လူတဦးက ဓားနဲ႔ ဝင္ေရာက္တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ေသနတ္နဲ႔ ပစ္သတ္ခဲ့တယ္လို႔ ေဒသခံ ရဲတပ္ဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္က သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ဓားနဲ႔တိုက္ခိုက္သူဟာ အယ္လ္ဂ်ီးရီးယားႏိုင္ငံကေန အေျခခ်ေနထိုင္သူတဦးျဖစ္ၿပီး အသက္ ၂၉ ႏွစ္အရြယ္ရိွသူျဖစ္တယ္လို႔ စပိန္အစိုးရ႐ုပ္သံ RTVE သတင္းမွာ ေဖာ္ျပထားပါတယ္။

မႏွစ္ ၾသဂုတ္ ၁၇ ရက္ေန႔က ဘာစီလိုနာၿမိဳ႕ရိွ လူစည္ကားရာ လမ္းမတခုမွာ အစၥလာမၼစ္ အၾကမ္းဖက္သမားတဦးက ကားနဲ႔တိုက္ခိုက္ခဲ့တာေၾကာင့္ လူ ၁၄ ဦး ေသဆုံးၿပီး ၁ဝဝ ေက်ာ္ ဒဏ္ရာရရိွခဲ့ပါတယ္။

အဲဒီအၾကမ္းဖက္တိုက္ခိုက္မႈဟာ စပိန္ႏိုင္ငံမွာ ၁ဝ စုႏွစ္တခုအတြင္း အဆိုဝါးဆုံး အၾကမ္းဖက္ တိုက္ခိုက္ခံရမႈျဖစ္ၿပီး အခုႏွစ္ ၾသဂုတ္ ၁၇ ရက္ေန႔က အဲဒီတိုက္ခိုက္မႈ တႏွစ္ျပည့္အခမ္းအနား က်င္းပခဲ့တယ္လို႔ ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
စပိန်ကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ကာတာလိုနီးယားဒေသမှာ သြဂုတ် ၂ဝ ရက်နေ့က ဓားကိုင်ထားသူတဦးက ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ရဲက ပစ်သတ်ခဲ့ပါတယ်။

ကာတာလိုနီးယားဒေသ ဘာစီလိုနာမြို့အနီး ကော်နီလာဒေသက ရဲစခန်းထဲကို လူတဦးက ဓားနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓားနဲ့တိုက်ခိုက်သူဟာ အယ်လ်ဂျီးရီးယားနိုင်ငံကနေ အခြေချနေထိုင်သူတဦးဖြစ်ပြီး အသက် ၂၉ နှစ်အရွယ်ရှိသူဖြစ်တယ်လို့ စပိန်အစိုးရရုပ်သံ RTVE သတင်းမှာ ဖော်ပြထားပါတယ်။

မနှစ် သြဂုတ် ၁၇ ရက်နေ့က ဘာစီလိုနာမြို့ရှိ လူစည်ကားရာ လမ်းမတခုမှာ အစ္စလာမ္မစ် အကြမ်းဖက်သမားတဦးက ကားနဲ့တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၁ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ စပိန်နိုင်ငံမှာ ၁ဝ စုနှစ်တခုအတွင်း အဆိုဝါးဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပြီး အခုနှစ် သြဂုတ် ၁၇ ရက်နေ့က အဲဒီတိုက်ခိုက်မှု တနှစ်ပြည့်အခမ်းအနား ကျင်းပခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top