ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

မိုက္ကယ္လ္ဖာရာေဒးက အဂၤလန္၊ နယူဝင္တန္ (Newington) ဇာတိ၊ ၁၇၉၁ မွာ ေမြးဖြားခဲ့ပါတယ္။ ဖခင္ျဖစ္သူ ဂ်ိမ္း ဖာရာေဒးသည္ ပန္းပဲဆရာ ျဖစ္ၿပီးအလုပ္အကိုင္ မေကာင္းသျဖင့္ မိုက္ကယ္တို႔ မိသားစုသည္ ဆင္းရဲႏြမ္းပါးစြာ ေနထိုင္ၾကရတယ္။ အသက္ ၅ ႏွစ္သားတြင္ မိုက္ကယ္အား ေက်ာင္းထားေသာ္လည္း အဆင္မေျပသျဖင့္ ၁၃ ႏွစ္သား အ႐ြယ္တြင္ ေက်ာင္းထြက္ခဲ့ရတယ္။

ေက်ာင္းမွထြက္ခဲ့ၿပီး အသက္တစ္ဆယ့္ေလးႏွစ္မွာ စာအုပ္ခ်ဳပ္၊ စာအုပ္ေရာင္းဆိုင္ တစ္ဆုိင္မွာ လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ခဲ့ရတယ္။ အဲဒီမွာ စာအုပ္ေတြအမ်ားႀကီးကို ဖတ္ခြင့္ရခဲ့တယ္။ အသက္ႏွစ္ဆယ္ မွာအဂၤလိပ္လူမ်ဳိးသိပၸံပညာေက်ာ္ ဆာဟမ္ဖရီေဒဗီ (Sir Humphry Davy) ေဟာေျပာပို႔ခ်ခ်က္ေတြကို တက္ေရာက္ နားေထာင္ခြင့္ရခဲ့လို႔သိပ္အားက်ၿပီးဆက္လက္တပည့္ခံလိုစိတ္ ေပၚလာလို႔ ေဒဗီဆီကိုစာေရးမိတယ္။

ေဒဗီက ရက္သတၱတစ္ပတ္လၽွင္ ၂၅ သၽွီလင္နဲ႔ လက္ေထာက္ခန္႔တယ္။ ႏွစ္သိပ္မၾကာဘူး။ ဖာရာေဒးကိုယ္တုိင္ အေရးပါတဲ့အသစ္ေတြ႔ရွိခ်က္ေတြ လုပ္ႏိုင္လာတယ္။ သခ်ၤာအေျခခံမွာ ညံ့ေပမယ့္ ႐ူပေဗဒစမ္းသပ္ခ်က္ေတြမွာ သူ႔ကို ေက်ာ္ႏိုင္သူမရွိပါ။ ဖာရာေဒးရဲ႕ လွ်ပ္စစ္မွာအေရးပါတဲ့ ပထမဆုံး စမ္းသပ္ေတြ႔ရွိခ်က္ဟာ ၁၈၂၁ မွာ ထြက္လာပါတယ္။ အရင္ႏွစ္ႏွစ္ေလာက္က ၾသစတက္ (Oersted) က ႐ိုး႐ိုးေျမာက္ဘက္ျပ အိမ္ေျမႇာင္ (ordinary magnetic compass) တစ္ခုအနားမွာ လွ်ပ္စစ္ဓာတ္အားစီးေနတဲ့ ဝုိင္ယာႀကိဳး (wire) ရွိေနရင္ အိမ္ေျမႇာင္လက္တံ (needle) ေရြ႕တယ္လို႔ ေတြ႔ရွိခဲ့တယ္။

ဖာရာေဒးက အဲဒါကိုအေျချပဳၿပီး သံလိုက္ကို မေရြ႕ေအာင္ခ်ဳပ္ႏိုင္ရင္ ဝိုင္ယာႀကိဳးလႈပ္ရမယ္လို႔ ေတြးမိတယ္။ အဲဒီတြက္ကိန္း (hunch) နဲ႔ စိတ္ကူးကိုေဖာ္ထုတ္တဲ့အခါ တစ္ရံတစ္ဆစ္မွ် ႀကံဆစိတ္ကူးေဖာ္ထုတ္ႏိုင္စြမ္းမရွိတဲ့ ပစၥည္းတစ္မ်ဳိး ရရွိခဲ့ပါတယ္။ သံလိုက္ဝန္းက်င္မွာ ဝုိင္ယာႀကိဳးအေခြကို လွ်ပ္စစ္ဓာတ္လႊတ္ေပးတဲ့အခါ ဝုိင္ယာႀကိဳးက အဆက္မျပတ္လည္ပတ္ေၾကာင္း ေတြ႔ရွိပါတယ္။ ဖာရာေဒးက ပထမဆုံးေပၚတဲ့ လွ်ပ္စစ္ေမာ္တာ(electric motor) ထည့္သြင္းျခင္း ျဖစ္ပါတယ္။အခုလို ဖာရာေဒးေတြ႔တဲ့ပစၥည္းဟာ ေရွးက်ေပမယ့္ ကေန႔ကမာၻမွာ သုံးစြဲေနသမွ် လွ်ပ္စစ္ေမာ္တာေတြကို ဆင္းသက္ေပါက္ဖြားေပးတဲ့ မူလပစၥည္းျဖစ္ပါတယ္။

၁၈၁၃ – ၁၅ ခုႏွစ္အတြင္း ဖာရာေဒးဟာ ေဒဗီဇနီးေမာင္ႏွံႏွင့္အတူ ဥေရာပတိုက္သို႔ သြားေရာက္ လည္ပတ္ေလ့လာခဲ့ၿပီး ျပန္လာေသာအခါ ေတာ္ဝင္အသင္း၌ အလုပ္ရသျဖင့္ သိပၸံနည္းသစ္မ်ားကို ရွာေဖြစမ္းသပ္ယင္း အေတြ႕သစ္ အျမင္သစ္မ်ားကို တစတစ ေတြ႕ျမင္လာခဲ့ပါတယ္။ ကလိုရင္း စေသာ ဓာတ္ေငြ႕မ်ားကို ဓာတ္ရည္ျပဳလုပ္ ေအာင္ျမင္ခဲ့တယ္။ ကာဗြန္ႏွင့္ ကလိုရင္းဓာတ္ ေပါင္းစပ္ေသာ ပစၥည္း ၂ မ်ိဳးကိုလည္း ေတြ႕ေသးတယ္။ သံမဏိေလာယာမ်ားကို စမ္းသပ္ၾကည့္သည့္အျပင္ မ်က္မွန္သုံးမွန္ အသစ္အဆန္းမ်ားကိုလည္း တီထြင္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ ၁၈၂၃ ခုႏွစ္တြင္ ဖာရာေဒးဟာ ေတာ္ဝင္အသင္းဝင္ ျဖစ္လာခဲ့တယ္။ ၁၈၂၅ ခုႏွစ္၌ ယင္းအသင္းတြင္ လက္ေတြ႕စမ္းသပ္ခန္း ၫႊန္ၾကားေရးမႉး ျဖစ္လာ၍ ၁၈၃၃ ခုႏွစ္တြင္ ဓာတုေဗဒ ပါေမာကၡျဖစ္လာခဲ့တယ္။

၁၈၃၁ ေရာက္တဲ့အခါ ဖာရာေဒးစတင္ေတြ႔ရွိတဲ့အခ်က္က သံလိုက္ကို ဝိုင္ယာႀကိဳးကြင္း (wire loop) ထဲ ထည့္ထားရင္ သံလိုက္လႈပ္ဆဲမွာ ဝုိင္ယာႀကိဳးကြင္းထဲကို ဓာတ္အားဝင္မယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ဒီလိုျဖစ္စဥ္ကို လွ်ပ္စစ္သံလိုက္ညိႇဳ႕ျခင္း (electromagnetic induction) လို႔ ေခၚပါတယ္။ ဒီျဖစ္စဥ္ကို ထိန္းခ်ဳပ္တဲ့ဥပေဒကို ဖာရာေဒးရဲ႕နိယာမ (Faraday’s Law) ေခၚတယ္။ အဲဒီလိုနိယာမတစ္ခုကို ေဖာ္ထုတ္ႏိုင္တာကိုပဲ ဖာရာေဒးရဲ႕ တစ္ဦးတည္းလုပ္တဲ့ အႀကီးဆုံး စြမ္းေဆာင္ခ်က္လို႔ ခ်ီးမြမ္းေျပာဆိုေလ့ ရွိပါတယ္။ဓာတုေဗဒ (chemistry) နယ္မွာလည္း ဖာရာေဒက အသိသစ္ေတြ ျဖည့္စြက္ေပးခဲ့ပါေသးတယ္။ (gases) ဓာတ္ေငြ႔ေတြကို အရည္(liquefying) ျဖစ္ေအာင္လုပ္နည္း တီထြင္ေပးပါတယ္။ ၿပီးေတာ့ ဘင္ဇင္း (benzene) အပါအဝင္ ဓာတုပစၥည္းေတြ အမ်ားႀကီးကို ေဖာ္ထုတ္ေပးခဲ့ပါတယ္။ လၽွပ္စစ္စီးေၾကာင္း ၫႈိ႔ျခင္းကို အေျခခံ၍ တယ္လီဖုန္း၊ ဓာတ္မီးႏွင့္ သံႀကိဳး႐ိုက္ျခင္းမ်ား ေပၚလာခဲ့တယ္။

သူေရးသားတဲ့ က်မ္းေတြထဲမွာ အဖုိးအတန္ဆုံးက်မ္းကေတာ့ လွ်ပ္စစ္ဓာတုေဗဒ (electrochemistry) ဆိုတဲ့ လွ်ပ္စီးေတြေၾကာင့္ ဓာတုအက်ဳိး (chemical effects) ျဖစ္ေပၚပုံကို ေလ့လာခ်က္ ျဖစ္ပါတယ္။ ဖာရာေဒးဟာ အေသအခ်ာ စမ္းသပ္ခ်က္ေတြလုပ္ၿပီးမွ လွ်ပ္လိုက္ (electrolyte) ပစၥည္းနိယာမႏွစ္ခ်က္ကို ေဖာ္ထုတ္ခဲ့တယ္။ ဒီနိယာမေတြကို သူ႔နာမည္နဲ႔ တြဲဖက္ေခၚေျပာေလ့ရွိပါတယ္။ ဒီနိယာမေတြလည္း လွ်ပ္စစ္ဓာတုေဗဒပညာရဲ႕ အေျခခံအေၾကာင္းျခင္းရာေတြ ျဖစ္ပါတယ္။ တခ်ဳိ႕အေရးပါတဲ့ ေဝါဟာရ ဥပမာ- အန္ႏုတ္ (anode)၊ ကတ္သုတ္(cathode)၊ အီလက္ထ႐ုတ္ (electrode)၊ အိုင္ယြန္(iron)ေတြကို ဖာရာေဒးထြင္တယ္။ အသုံးတြင္က်ယ္လာေအာင္ ေျပာေဟာပါတယ္။

႐ူပေဗဒမွာ သံလိုက္ပိုင္းဆိုင္ရာအား (magnetic lines of force) နဲ႔ လွ်ပ္စစ္ပိုင္းဆုိင္ရာအား (electric lines of force) ဆိုတဲ့ အဖိုးတန္စိတ္ကူးတစ္ခုကို စတင္ေဖာ္ထုတ္ပါတယ္။ သံလိုက္ကို ေရွ႕တန္းမတင္ဘဲ ဝန္းက်င္နယ္ပယ္ဆက္စပ္ပုံကိုေျပာရင္း မက္စ္ဝဲရဲ႕ ညီမွ်ျခင္း (equations) ေတြကိုပါထည့္ၿပီး ေခတ္႐ူပေဗဒ တိုးတက္ေရးလမ္းစကို ခ်ေပးပါတယ္။ ဝင္႐ိုးစြန္းအလင္း (polarized light) ကို သံလိုက္ျပင္ (magnetic field) ေပၚျဖတ္ၿပီးလႊတ္ရင္ အလင္းသန္႔ျခင္း (polarization) ေျပာင္းမယ္တဲ့။ ဒီကိစၥကို စတင္ေဖာ္ထုတ္ႏိုင္တာ သိပ္ေက်းဇူးရွိတယ္။

အလင္း (light) နဲ႔ သံလိုက္ဓာတ္ (magnetism) ဟာ ဆက္စပ္မႈရွိပါကလားလို႔ သူေျပာေတာ့မွ စၿပီးသိလာၾကတာ ျဖစ္ပါတယ္။ ဖာရာေဒးဟာ သိပ္ေတာ္တဲ့ပုဂၢိဳလ္ပါ။ အလုပ္လုပ္ရာတြင္ စိတ္ထက္သန္စြာ ဇြဲေကာင္းေကာင္းႏွင့္ လုပ္တတ္တယ္။ ႐ုပ္လည္းေခ်ာတယ္။ သိပၸံအေၾကာင္းေဟာေျပာရာမွာလည္း သိပ္လူႀကိဳက္မ်ားတယ္။ ဒါေပမယ့္ ေမာက္မာတဲ့စိတ္မရွိဘူး။ အေက်ာ္အေစာ၊ ေငြနဲ႔ ဂုဏ္ပကာသနကိုလည္း ဂ႐ုမစိုက္ပါ။ သူ႔ကို ‘ဆာ’ဘြဲ႔ ေပးတယ္။ လက္မခံပါ။ ႏွစ္အနည္းငယ္ အတြင္း၌ပင္ သိပၸံနည္းပညာႏွင့္ သက္ဆိုင္ေသာ စာတမ္းေပါင္း ၁၅၇ ေစာင္ ေရးသားခဲ့ၿပီး စမ္းသပ္မႈေပါင္း ေထာင္နဲ႔ခ်ီျပဳလုပ္ခဲ့ေသာ လူသားအက်ဳိးျပဳပုဂၢဳိလ္ႀကီးျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အုိင္းစတုိင္းတုိ႔လုိ သူ႔ေနာက္ပိုင္းေခတ္ သိပၸံပညာရွင္ႀကီးေတြက မုိက္ကယ္ဖာရာေဒးကုိ အလြန္ေလးစားခဲ့ၾကတာျဖစ္တယ္။

ၿဗိတိသွ်အသင္းေတာ္ဥကၠ႒ (the British Royal Society) တင္တာလည္း ျငင္းတယ္။ စီးပြားျဖစ္ အလုပ္လုပ္သူမ်ိဳး မဟုတ္သျဖင့္ ေငြေၾကးၾကပ္တည္း ခ်ိဳ႕တဲ့စြာ ေနထိုင္ရေပမယ့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အိမ္ေထာင္သက္ရွည္တယ္။ သားသမီးမထြန္းကားပါ။ သူ႔ကိုေလးစားလြန္းတဲ့အတြက္ ၿဗိတိသၽွအစိုးရက တစ္ႏွစ္လၽွင္ ေပါင္ ၃၀၀ က် ဆုအျဖစ္ အသက္ထက္ဆုံး ခ်ီးျမႇင့္ခဲ့တယ္။  ၁၈၅၈ ခုႏွစ္တြင္ ဝိတိုရိယ ဘုရင္မႀကီးက ဟမ္ပက္တန္ကုတ္ရပ္ကြက္တြင္ အိမ္တစ္လုံးေပးခဲ့ၿပီး အဲဒီအိမ္မွာပဲ ကြယ္လြန္သည္အထိေနသြားခဲ့တယ္။ ၁၈၆၇ခုႏွစ္မွာ ကြယ္လြန္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က အသက္ ၇၆ႏွစ္ ရွိၿပီျဖစ္ပါတယ္။

ေဒါက္တာသန္းထြန္း ရဲ႕ ေက်ာ္စြာ ၁၀၀ စာအုပ္မွ
Myanmar Wikipedia

Via : Ko Kyaw Min Htwe

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဇုန္
# Unicode Version ျဖင့္ ဖတ္ပါ #
မိုက်ကယ်လ်ဖာရာဒေးက အင်္ဂလန်၊ နယူဝင်တန် (Newington) ဇာတိ၊ ၁၇၉၁ မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂျိမ်း ဖာရာဒေးသည် ပန်းပဲဆရာ ဖြစ်ပြီးအလုပ်အကိုင် မကောင်းသဖြင့် မိုက်ကယ်တို့ မိသားစုသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရတယ်။ အသက် ၅ နှစ်သားတွင် မိုက်ကယ်အား ကျောင်းထားသော်လည်း အဆင်မပြေသဖြင့် ၁၃ နှစ်သား အရွယ်တွင် ကျောင်းထွက်ခဲ့ရတယ်။

ကျောင်းမှထွက်ခဲ့ပြီး အသက်တစ်ဆယ့်လေးနှစ်မှာ စာအုပ်ချုပ်၊ စာအုပ်ရောင်းဆိုင် တစ်ဆိုင်မှာ လုပ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ရတယ်။ အဲဒီမှာ စာအုပ်တွေအများကြီးကို ဖတ်ခွင့်ရခဲ့တယ်။ အသက်နှစ်ဆယ် မှာအင်္ဂလိပ်လူမျိုးသိပ္ပံပညာကျော် ဆာဟမ်ဖရီဒေဗီ (Sir Humphry Davy) ဟောပြောပို့ချချက်တွေကို တက်ရောက် နားထောင်ခွင့်ရခဲ့လို့သိပ်အားကျပြီးဆက်လက်တပည့်ခံလိုစိတ် ပေါ်လာလို့ ဒေဗီဆီကိုစာရေးမိတယ်။

ဒေဗီက ရက်သတ္တတစ်ပတ်လျှင် ၂၅ သျှီလင်နဲ့ လက်ထောက်ခန့်တယ်။ နှစ်သိပ်မကြာဘူး။ ဖာရာဒေးကိုယ်တိုင် အရေးပါတဲ့အသစ်တွေ့ရှိချက်တွေ လုပ်နိုင်လာတယ်။ သင်္ချာအခြေခံမှာ ညံ့ပေမယ့် ရူပဗေဒစမ်းသပ်ချက်တွေမှာ သူ့ကို ကျော်နိုင်သူမရှိပါ။ ဖာရာဒေးရဲ့ လျှပ်စစ်မှာအရေးပါတဲ့ ပထမဆုံး စမ်းသပ်တွေ့ရှိချက်ဟာ ၁၈၂၁ မှာ ထွက်လာပါတယ်။ အရင်နှစ်နှစ်လောက်က သြစတက် (Oersted) က ရိုးရိုးမြောက်ဘက်ပြ အိမ်မြှောင် (ordinary magnetic compass) တစ်ခုအနားမှာ လျှပ်စစ်ဓာတ်အားစီးနေတဲ့ ဝိုင်ယာကြိုး (wire) ရှိနေရင် အိမ်မြှောင်လက်တံ (needle) ရွေ့တယ်လို့ တွေ့ရှိခဲ့တယ်။

ဖာရာဒေးက အဲဒါကိုအခြေပြုပြီး သံလိုက်ကို မရွေ့အောင်ချုပ်နိုင်ရင် ဝိုင်ယာကြိုးလှုပ်ရမယ်လို့ တွေးမိတယ်။ အဲဒီတွက်ကိန်း (hunch) နဲ့ စိတ်ကူးကိုဖော်ထုတ်တဲ့အခါ တစ်ရံတစ်ဆစ်မျှ ကြံဆစိတ်ကူးဖော်ထုတ်နိုင်စွမ်းမရှိတဲ့ ပစ္စည်းတစ်မျိုး ရရှိခဲ့ပါတယ်။ သံလိုက်ဝန်းကျင်မှာ ဝိုင်ယာကြိုးအခွေကို လျှပ်စစ်ဓာတ်လွှတ်ပေးတဲ့အခါ ဝိုင်ယာကြိုးက အဆက်မပြတ်လည်ပတ်ကြောင်း တွေ့ရှိပါတယ်။ ဖာရာဒေးက ပထမဆုံးပေါ်တဲ့ လျှပ်စစ်မော်တာ(electric motor) ထည့်သွင်းခြင်း ဖြစ်ပါတယ်။အခုလို ဖာရာဒေးတွေ့တဲ့ပစ္စည်းဟာ ရှေးကျပေမယ့် ကနေ့ကမ္ဘာမှာ သုံးစွဲနေသမျှ လျှပ်စစ်မော်တာတွေကို ဆင်းသက်ပေါက်ဖွားပေးတဲ့ မူလပစ္စည်းဖြစ်ပါတယ်။

၁၈၁၃ – ၁၅ ခုနှစ်အတွင်း ဖာရာဒေးဟာ ဒေဗီဇနီးမောင်နှံနှင့်အတူ ဥရောပတိုက်သို့ သွားရောက် လည်ပတ်လေ့လာခဲ့ပြီး ပြန်လာသောအခါ တော်ဝင်အသင်း၌ အလုပ်ရသဖြင့် သိပ္ပံနည်းသစ်များကို ရှာဖွေစမ်းသပ်ယင်း အတွေ့သစ် အမြင်သစ်များကို တစတစ တွေ့မြင်လာခဲ့ပါတယ်။ ကလိုရင်း စသော ဓာတ်ငွေ့များကို ဓာတ်ရည်ပြုလုပ် အောင်မြင်ခဲ့တယ်။ ကာဗွန်နှင့် ကလိုရင်းဓာတ် ပေါင်းစပ်သော ပစ္စည်း ၂ မျိုးကိုလည်း တွေ့သေးတယ်။ သံမဏိလောယာများကို စမ်းသပ်ကြည့်သည့်အပြင် မျက်မှန်သုံးမှန် အသစ်အဆန်းများကိုလည်း တီထွင်ခဲ့ပါသေးတယ်။ ဒါကြောင့် ၁၈၂၃ ခုနှစ်တွင် ဖာရာဒေးဟာ တော်ဝင်အသင်းဝင် ဖြစ်လာခဲ့တယ်။ ၁၈၂၅ ခုနှစ်၌ ယင်းအသင်းတွင် လက်တွေ့စမ်းသပ်ခန်း ညွှန်ကြားရေးမှူး ဖြစ်လာ၍ ၁၈၃၃ ခုနှစ်တွင် ဓာတုဗေဒ ပါမောက္ခဖြစ်လာခဲ့တယ်။

၁၈၃၁ ရောက်တဲ့အခါ ဖာရာဒေးစတင်တွေ့ရှိတဲ့အချက်က သံလိုက်ကို ဝိုင်ယာကြိုးကွင်း (wire loop) ထဲ ထည့်ထားရင် သံလိုက်လှုပ်ဆဲမှာ ဝိုင်ယာကြိုးကွင်းထဲကို ဓာတ်အားဝင်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို လျှပ်စစ်သံလိုက်ညှို့ခြင်း (electromagnetic induction) လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကို ထိန်းချုပ်တဲ့ဥပဒေကို ဖာရာဒေးရဲ့နိယာမ (Faraday’s Law) ခေါ်တယ်။ အဲဒီလိုနိယာမတစ်ခုကို ဖော်ထုတ်နိုင်တာကိုပဲ ဖာရာဒေးရဲ့ တစ်ဦးတည်းလုပ်တဲ့ အကြီးဆုံး စွမ်းဆောင်ချက်လို့ ချီးမွမ်းပြောဆိုလေ့ ရှိပါတယ်။ဓာတုဗေဒ (chemistry) နယ်မှာလည်း ဖာရာဒေက အသိသစ်တွေ ဖြည့်စွက်ပေးခဲ့ပါသေးတယ်။ (gases) ဓာတ်ငွေ့တွေကို အရည်(liquefying) ဖြစ်အောင်လုပ်နည်း တီထွင်ပေးပါတယ်။ ပြီးတော့ ဘင်ဇင်း (benzene) အပါအဝင် ဓာတုပစ္စည်းတွေ အများကြီးကို ဖော်ထုတ်ပေးခဲ့ပါတယ်။ လျှပ်စစ်စီးကြောင်း ညှို့ခြင်းကို အခြေခံ၍ တယ်လီဖုန်း၊ ဓာတ်မီးနှင့် သံကြိုးရိုက်ခြင်းများ ပေါ်လာခဲ့တယ်။

သူရေးသားတဲ့ ကျမ်းတွေထဲမှာ အဖိုးအတန်ဆုံးကျမ်းကတော့ လျှပ်စစ်ဓာတုဗေဒ (electrochemistry) ဆိုတဲ့ လျှပ်စီးတွေကြောင့် ဓာတုအကျိုး (chemical effects) ဖြစ်ပေါ်ပုံကို လေ့လာချက် ဖြစ်ပါတယ်။ ဖာရာဒေးဟာ အသေအချာ စမ်းသပ်ချက်တွေလုပ်ပြီးမှ လျှပ်လိုက် (electrolyte) ပစ္စည်းနိယာမနှစ်ချက်ကို ဖော်ထုတ်ခဲ့တယ်။ ဒီနိယာမတွေကို သူ့နာမည်နဲ့ တွဲဖက်ခေါ်ပြောလေ့ရှိပါတယ်။ ဒီနိယာမတွေလည်း လျှပ်စစ်ဓာတုဗေဒပညာရဲ့ အခြေခံအကြောင်းခြင်းရာတွေ ဖြစ်ပါတယ်။ တချို့အရေးပါတဲ့ ဝေါဟာရ ဥပမာ- အန်နုတ် (anode)၊ ကတ်သုတ်(cathode)၊ အီလက်ထရုတ် (electrode)၊ အိုင်ယွန်(iron)တွေကို ဖာရာဒေးထွင်တယ်။ အသုံးတွင်ကျယ်လာအောင် ပြောဟောပါတယ်။

ရူပဗေဒမှာ သံလိုက်ပိုင်းဆိုင်ရာအား (magnetic lines of force) နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာအား (electric lines of force) ဆိုတဲ့ အဖိုးတန်စိတ်ကူးတစ်ခုကို စတင်ဖော်ထုတ်ပါတယ်။ သံလိုက်ကို ရှေ့တန်းမတင်ဘဲ ဝန်းကျင်နယ်ပယ်ဆက်စပ်ပုံကိုပြောရင်း မက်စ်ဝဲရဲ့ ညီမျှခြင်း (equations) တွေကိုပါထည့်ပြီး ခေတ်ရူပဗေဒ တိုးတက်ရေးလမ်းစကို ချပေးပါတယ်။ ဝင်ရိုးစွန်းအလင်း (polarized light) ကို သံလိုက်ပြင် (magnetic field) ပေါ်ဖြတ်ပြီးလွှတ်ရင် အလင်းသန့်ခြင်း (polarization) ပြောင်းမယ်တဲ့။ ဒီကိစ္စကို စတင်ဖော်ထုတ်နိုင်တာ သိပ်ကျေးဇူးရှိတယ်။

အလင်း (light) နဲ့ သံလိုက်ဓာတ် (magnetism) ဟာ ဆက်စပ်မှုရှိပါကလားလို့ သူပြောတော့မှ စပြီးသိလာကြတာ ဖြစ်ပါတယ်။ ဖာရာဒေးဟာ သိပ်တော်တဲ့ပုဂ္ဂိုလ်ပါ။ အလုပ်လုပ်ရာတွင် စိတ်ထက်သန်စွာ ဇွဲကောင်းကောင်းနှင့် လုပ်တတ်တယ်။ ရုပ်လည်းချောတယ်။ သိပ္ပံအကြောင်းဟောပြောရာမှာလည်း သိပ်လူကြိုက်များတယ်။ ဒါပေမယ့် မောက်မာတဲ့စိတ်မရှိဘူး။ အကျော်အစော၊ ငွေနဲ့ ဂုဏ်ပကာသနကိုလည်း ဂရုမစိုက်ပါ။ သူ့ကို ‘ဆာ’ဘွဲ့ ပေးတယ်။ လက်မခံပါ။ နှစ်အနည်းငယ် အတွင်း၌ပင် သိပ္ပံနည်းပညာနှင့် သက်ဆိုင်သော စာတမ်းပေါင်း ၁၅၇ စောင် ရေးသားခဲ့ပြီး စမ်းသပ်မှုပေါင်း ထောင်နဲ့ချီပြုလုပ်ခဲ့သော လူသားအကျိုးပြုပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အိုင်းစတိုင်းတို့လို သူ့နောက်ပိုင်းခေတ် သိပ္ပံပညာရှင်ကြီးတွေက မိုက်ကယ်ဖာရာဒေးကို အလွန်လေးစားခဲ့ကြတာဖြစ်တယ်။

ဗြိတိသျှအသင်းတော်ဥက္ကဋ္ဌ (the British Royal Society) တင်တာလည်း ငြင်းတယ်။ စီးပွားဖြစ် အလုပ်လုပ်သူမျိုး မဟုတ်သဖြင့် ငွေကြေးကြပ်တည်း ချို့တဲ့စွာ နေထိုင်ရပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထောင်သက်ရှည်တယ်။ သားသမီးမထွန်းကားပါ။ သူ့ကိုလေးစားလွန်းတဲ့အတွက် ဗြိတိသျှအစိုးရက တစ်နှစ်လျှင် ပေါင် ၃၀၀ ကျ ဆုအဖြစ် အသက်ထက်ဆုံး ချီးမြှင့်ခဲ့တယ်။  ၁၈၅၈ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မကြီးက ဟမ်ပက်တန်ကုတ်ရပ်ကွက်တွင် အိမ်တစ်လုံးပေးခဲ့ပြီး အဲဒီအိမ်မှာပဲ ကွယ်လွန်သည်အထိနေသွားခဲ့တယ်။ ၁၈၆၇ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က အသက် ၇၆နှစ် ရှိပြီဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း ရဲ့ ကျော်စွာ ၁၀၀ စာအုပ်မှ
Myanmar Wikipedia

Via : Ko Kyaw Min Htwe

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဇုန်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top