ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ထူးဆန္းေထြလာ အံ့ၾသဖြယ္ရာ လက္ေဆးကန္

အပင္ေတြဘယ္ေလာက္မ်ားေနေပမယ့္လည္းသစ္ရြက္တရြက္မွကန္ထဲမွာမရွိတဲ့ဘုရား႐ွင္ကုိယ္ေတာ္လက္ေဆးခဲ့ေသာလက္ေဆးကန္

ထူးဆန္းေထြလာ အံ့ၾသဖြယ္ရာ လက္ေဆးကန္

ကေလးၿမိဳ႕၏ ထူးဆန္းေထြလာ အံ့ၾသဖြယ္ရာ လက္ေဆးကန္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ ၃ဝ၆၉ ေပ ျမင္႔ေသာ ေတာင္ေပၚတြင္တည္ရွိသည့္ ေရကန္ျဖစ္ၿပီး ေမာ္လုိက္ခ႐ိုင္ႏွင္႔ ကေလးခ႐ိုင္ နယ္စပ္ေနရာတြင္ တည္ရွိကာ ကေလး-တမူး ျမန္မာ-အိႏၵိယခ်စ္ၾကည္ေရးကားလမ္းမႀကီးေဘး ကေလးၿမိဳ႕နယ္ ရန္မ်ဳိးေအာင္ေက်းရြာအနီးမွ ေျပာင္ဘုတ္-ေမာ္လုိက္လမ္းအတုိင္း ၁၄ မုိင္ခန္႔ေတာင္တက္ခရီးသြားကာ ေမာ္လုိက္ၿမိဳ႕မွ ၁၉ မုိင္ေဝးသည့္ ေနရာတြင္ တည္ရိွသည္။

ျမတ္ဗုဒၶငါးဝါအရတြင္ ခ်င္းတြင္းျမစ္အထက္ပုိင္း ေမာ္လုိက္ၿမိဳ႕အနီး နန္းဇလိန္ရြာ၏အေနာက္ဘက္ ဆြမ္းဘုဥ္းေတာင္သို႔ ၾကြေရာက္ခဲ့သည့္အတြက္ ယခုတုိင္ ”ဆြမ္းဘုဥ္းေတာင္” ဟုအမည္တြင္ၿပီး ထုိဆြမ္းဘုဥ္းေတာင္ေပၚတြင္ ညီေတာ္အာနႏၵာက လက္ေဆးရန္ ေရခပ္ေပးသည့္ကန္ကုိ ”လက္ေဆးကန္” ဟု ယေန႔တုိင္ေခၚတြင္ခဲ့ကာ ဆြမ္းဘုဥ္းဘုရားကုိလည္း ယေန႔တုိင္ဖူးေျမာ္ႏိုင္သည္။

လက္ေဆးကန္ေရျပင္သည္ အက်ယ္ ၁၈ ဧကခန္႔ရွိၿပီး ျမတ္ဗုဒၶ၏လက္ေဆးကန္ဝန္းက်င္တြင္ ဝါးခါးေရစုိေတာရွိျခင္း၊ ေႏြ-မိုး-ေဆာင္း ေရျပင္အတက္အက် မရွိျခင္း၊ အၿမဲတမ္းၾကည္လင္ေအးျမျခင္း၊ ေရကန္အတြင္း အမိႈက္ကင္းစင္ျခင္း၊ ကန္တြင္းရိွ အမိႈက္ႏွင္႔ သစ္ရြက္ေျခာက္မ်ားကို ငွက္ေကာင္အဖြဲ႕လုိက္ျဖင့္ ကိုက္ခ်ီၿပီး သန္႔ရွင္းေရးလုပ္ျခင္း၊ ေရအမ်ဳိးအစား PH-7 ရွိျခင္းတုိ႔ေၾကာင္႔ အလြန္ထူးဆန္းသည့္ ေရကန္ျဖစ္သည္။

ယင္းအျပင္ ကေလးသမုိင္းႏွင့္ဆက္စပ္သည့္ သမုိင္းတစ္ခုတြင္လည္း အိႏၵိယႏုိင္ငံ ရာဇၿဂိဳဟ္မွေျပးလာခဲ့ၾကေသာ အဇာတသတ္မင္း၏ ေဆြေတာ္မ်ဳိးေတာ္ ေျမးေတာ္ ျမစ္ေတာ္မ်ားတြင္ ရဟႏၲာအရွင္ျမတ္ ၅ဝဝလုိက္ပါခဲ့ရာ ယခုလက္ေဆးကန္ေနရာေတာထဲတြင္ပင္ သီတင္းသုံးခဲ့ၾကေၾကာင္း ကေလးၿမိဳ႕သမုိင္းအေၾကာင္း စုေဆာင္းသူတုိ႔က ဆုိသည္။

ယခုအခါ လက္ေဆးကန္တြင္ ဆရာေတာ္ဦးကုမာရ(ဂန္႔ေဂါ) ေက်ာင္းထုိင္သီတင္းသုံးေတာ္မူသည့္လက္ေဆးကန္ေတာင္ထိပ္ေပၚတြင္ ေရႊကံသာမုနိေစတီေတာ္ျမတ္ႀကီးကို ဖူးေျမာ္ၾကည္ညိဳႏုိင္ၿပီး ဘုရားရင္ျပင္ေတာ္မွ ကေလးၿမိဳ႕နယ္တစ္ခြင္လုံး၏ အလွ႐ႈခင္းမ်ားကို ၾကည့္႐ႈခံစားႏုိင္သည္။

လက္ေဆးကန္သည္ ယခုတုိင္ ေတာေတာင္ေရေျမ မပ်က္ယြင္းေသးသည့္ေနရာျဖစ္ၿပီး ဆြမ္းဘုဥ္းေတာင္တြင္ သစ္ေတာ၊ ဝါးေတာႀကီးမ်ားက်န္ေသးသည့္အျပင္ ဆရာေတာ္ဦးကုမာရ၏ အဆုိအမိန္႔စကားအရ သဘာဝေတာေကာင္၊ သားေကာင္မ်ား၊ က်ား၊ ဝက္ဝံ၊ ေျပာင္စသည့္ အေကာင္ႀကီးမ်ား က်န္ေသးသည္ဟုဆုိသည္။

ယခုအခါ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္လာၿပီး ဘုရား၊ ေက်ာင္းကန္၊ ဇရပ္တို႔ျဖင္႔ ျပည့္စုံလာသည့္အတြက္ ဘုရားဖူးခရီး၊ ေလ့လာေရးခရီးသြားေရာက္သူမ်ားျပားလာၿပီး အထူးသျဖင့္ သီတင္းကြၽတ္ခ်ိန္၊ ကထိန္ခင္းခ်ိန္ႏွင့္ သႀကၤန္ကာလတုိ႔တြင္ ဘုရားဖူးသြားေရာက္သူ၊ ေလ့လာေရးခရီးသြားေရာက္သူ အမ်ားဆုံးေနရာျဖစ္ကာ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္မ်ားကလည္း စိတ္ဝင္စားလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်ဳိးနက္

#Unicode Version#
ထူးဆန်းထွေလာ အံ့သြဖွယ်ရာ လက်ဆေးကန်

အပင်တွေဘယ်လောက်များနေပေမယ့်လည်းသစ်ရွက်တရွက်မှကန်ထဲမှာမရှိတဲ့ဘုရားရှင်ကိုယ်တော်လက်ဆေးခဲ့သောလက်ဆေးကန်

ထူးဆန်းထွေလာ အံ့သြဖွယ်ရာ လက်ဆေးကန်

ကလေးမြို့၏ ထူးဆန်းထွေလာ အံ့သြဖွယ်ရာ လက်ဆေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃ဝ၆၉ ပေ မြင့်သော တောင်ပေါ်တွင်တည်ရှိသည့် ရေကန်ဖြစ်ပြီး မော်လိုက်ခရိုင်နှင့် ကလေးခရိုင် နယ်စပ်နေရာတွင် တည်ရှိကာ ကလေး-တမူး မြန်မာ-အိန္ဒိယချစ်ကြည်ရေးကားလမ်းမကြီးဘေး ကလေးမြို့နယ် ရန်မျိုးအောင်ကျေးရွာအနီးမှ ပြောင်ဘုတ်-မော်လိုက်လမ်းအတိုင်း ၁၄ မိုင်ခန့်တောင်တက်ခရီးသွားကာ မော်လိုက်မြို့မှ ၁၉ မိုင်ဝေးသည့် နေရာတွင် တည်ရှိသည်။

မြတ်ဗုဒ္ဓငါးဝါအရတွင် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်မြို့အနီး နန်းဇလိန်ရွာ၏အနောက်ဘက် ဆွမ်းဘုဉ်းတောင်သို့ ကြွရောက်ခဲ့သည့်အတွက် ယခုတိုင် ”ဆွမ်းဘုဉ်းတောင်” ဟုအမည်တွင်ပြီး ထိုဆွမ်းဘုဉ်းတောင်ပေါ်တွင် ညီတော်အာနန္ဒာက လက်ဆေးရန် ရေခပ်ပေးသည့်ကန်ကို ”လက်ဆေးကန်” ဟု ယနေ့တိုင်ခေါ်တွင်ခဲ့ကာ ဆွမ်းဘုဉ်းဘုရားကိုလည်း ယနေ့တိုင်ဖူးမြော်နိုင်သည်။

လက်ဆေးကန်ရေပြင်သည် အကျယ် ၁၈ ဧကခန့်ရှိပြီး မြတ်ဗုဒ္ဓ၏လက်ဆေးကန်ဝန်းကျင်တွင် ဝါးခါးရေစိုတောရှိခြင်း၊ နွေ-မိုး-ဆောင်း ရေပြင်အတက်အကျ မရှိခြင်း၊ အမြဲတမ်းကြည်လင်အေးမြခြင်း၊ ရေကန်အတွင်း အမှိုက်ကင်းစင်ခြင်း၊ ကန်တွင်းရှိ အမှိုက်နှင့် သစ်ရွက်ခြောက်များကို ငှက်ကောင်အဖွဲ့လိုက်ဖြင့် ကိုက်ချီပြီး သန့်ရှင်းရေးလုပ်ခြင်း၊ ရေအမျိုးအစား PH-7 ရှိခြင်းတို့ကြောင့် အလွန်ထူးဆန်းသည့် ရေကန်ဖြစ်သည်။

ယင်းအပြင် ကလေးသမိုင်းနှင့်ဆက်စပ်သည့် သမိုင်းတစ်ခုတွင်လည်း အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မှပြေးလာခဲ့ကြသော အဇာတသတ်မင်း၏ ဆွေတော်မျိုးတော် မြေးတော် မြစ်တော်များတွင် ရဟန္တာအရှင်မြတ် ၅ဝဝလိုက်ပါခဲ့ရာ ယခုလက်ဆေးကန်နေရာတောထဲတွင်ပင် သီတင်းသုံးခဲ့ကြကြောင်း ကလေးမြို့သမိုင်းအကြောင်း စုဆောင်းသူတို့က ဆိုသည်။

ယခုအခါ လက်ဆေးကန်တွင် ဆရာတော်ဦးကုမာရ(ဂန့်ဂေါ) ကျောင်းထိုင်သီတင်းသုံးတော်မူသည့်လက်ဆေးကန်တောင်ထိပ်ပေါ်တွင် ရွှေကံသာမုနိစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနိုင်ပြီး ဘုရားရင်ပြင်တော်မှ ကလေးမြို့နယ်တစ်ခွင်လုံး၏ အလှရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။

လက်ဆေးကန်သည် ယခုတိုင် တောတောင်ရေမြေ မပျက်ယွင်းသေးသည့်နေရာဖြစ်ပြီး ဆွမ်းဘုဉ်းတောင်တွင် သစ်တော၊ ဝါးတောကြီးများကျန်သေးသည့်အပြင် ဆရာတော်ဦးကုမာရ၏ အဆိုအမိန့်စကားအရ သဘာဝတောကောင်၊ သားကောင်များ၊ ကျား၊ ဝက်ဝံ၊ ပြောင်စသည့် အကောင်ကြီးများ ကျန်သေးသည်ဟုဆိုသည်။

ယခုအခါ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ဘုရား၊ ကျောင်းကန်၊ ဇရပ်တို့ဖြင့် ပြည့်စုံလာသည့်အတွက် ဘုရားဖူးခရီး၊ လေ့လာရေးခရီးသွားရောက်သူများပြားလာပြီး အထူးသဖြင့် သီတင်းကျွတ်ချိန်၊ ကထိန်ခင်းချိန်နှင့် သြင်္ကန်ကာလတို့တွင် ဘုရားဖူးသွားရောက်သူ၊ လေ့လာရေးခရီးသွားရောက်သူ အများဆုံးနေရာဖြစ်ကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဂျိုးနက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top