ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လူငယ္တစ္ဦးျဖစ္ေပမယ့္လည္း ႐ုပ္ရွင္ဂီတဘက္ေပါင္းစုံမွာ ႀကိဳးစားပမ္းစားလုပ္ကိုင္ရင္း ပရိသတ္ေတြရင္ထဲက အသိမွတ္ျပဳအားေပးျခင္းခံေနရတဲ့ ယုန္ေလးကေတာ့ လက္ရွိမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္ဦးမင္းေဇာ္ရဲ႕သမီးေလး သြန္းပိုးအိမ္အတြက္ သီခ်င္းေရးေပးလိုက္တယ္လို႔သိရပါတယ္။

သြန္းပိုးအိမ္ကေတာ့ Myanmar Idol Season 3 ၿပိဳင္ပြဲႀကီးမွာဝင္ေရာက္ယွဥ္ၿပိဳင္ဖူးတာေၾကာင့္ ပရိသတ္ေတြနဲ႔အရမ္းႀကီးမစိမ္းသူေလးျဖစ္မယ္ထင္ပါတယ္ေနာ္။သူမကေတာ့ Myanmar Idol Season 3 ၿပိဳင္ပြဲႀကီးမွာ Golden Ticket Winner ရရွိခဲ့ေပမယ့္ေနာက္တစ္ဆင့္မွစိတ္မေကာင္းစြာနဲ႔ ျပဳတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။

ၿပိဳင္ပြဲကေန ေစာေစာစီးစီးထြက္လိုက္ရေပမယ့္ သူမရဲ႕ ခ်ိဳသာတဲ့အသံေလးနဲ႔ ထူးျခားတဲ့ သီခ်င္းဆိုစြမ္းရည္ေတြေၾကာင့္ သူမဟာအရည္အခ်င္းရွိတဲ့သူတစ္ေယာက္ဆိုတာ ပရိသတ္ေတြအားလုံးသိၾကမွာပါ။

သူမမွာ ထူးျခားတဲ့အရည္အခ်င္းေတြရွိတယ္ဆိုတာယုံၾကည္တာေၾကာင့္ ယုန္ေလးတစ္ေယာက္သီခ်င္းေရးေပးဖို႔ ဆုံးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။သြန္းပိုးအိမ္ကေတာ့ ဂီတလမ္းေၾကာင္းေပၚမွာ ဆယ္စုႏွစ္တစ္ခုအထိေအာင္ျမင္စြာရပ္တည္လာတဲ့ ဝါရင့္အဆိုေတာ္တစ္ဦးရဲ႕ အခုလိုကမ္းလွမ္းျခင္းခံခဲ့ရတာေၾကာင့္ အရမ္းကိုေပ်ာ္႐ႊင္ေနမယ္ဆိုတာအေသအခ်ာပါပဲေနာ္။

ယုန္ေလးကေတာ့ အခုလိုအရည္ခ်င္းရွိတဲ့အဆိုေတာ္ေပါက္စေလးေတြ တက္သစ္စသ႐ုပ္ေဆာင္ေလးေတြကို အၿမဲလက္တြဲေခၚေလ့ရွိတဲ့ အႏုပညာလမ္းေၾကာင္းေပၚက စီနီယာေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။လက္ရွိယုန္ေလး႐ိုက္ကူးထားတဲ့ Special 9 ဇာတ္ကားႀကီးမွာလည္း တက္သစ္စလူငယ္အဆိုဝါသနာရွင္ေလးေတြကို ထည့္သြင္းသ႐ုပ္ေဆာင္ခိုင္းခဲ့ကာ အႏုပညာလမ္းေၾကာင္းေပၚေရာက္ေအာင္တစ္ေထာင့္တစ္ေနရာက လက္တြဲေခၚကူညီေနတာပဲ ျဖစ္ပါတယ္။

လက္ရွိမွာလည္း ယုန္ေလးပြဲထုတ္ေပးအုန္းမယ့္ အဆိုေတာ္မေလး သြန္းပိုးအိမ္ရဲ႕ သီခ်င္းေလးေတြကိုလည္း အားေပးဖို႔အဆင့္သင့္ပဲလား ပရိသတ္ႀကီး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#
လူငယ်တစ်ဦးဖြစ်ပေမယ့်လည်း ရုပ်ရှင်ဂီတဘက်ပေါင်းစုံမှာ ကြိုးစားပမ်းစားလုပ်ကိုင်ရင်း ပရိသတ်တွေရင်ထဲက အသိမှတ်ပြုအားပေးခြင်းခံနေရတဲ့ ယုန်လေးကတော့ လက်ရှိမှာ ဇာတ်ပို့သရုပ်ဆောင်ဦးမင်းဇော်ရဲ့သမီးလေး သွန်းပိုးအိမ်အတွက် သီချင်းရေးပေးလိုက်တယ်လို့သိရပါတယ်။

သွန်းပိုးအိမ်ကတော့ Myanmar Idol Season 3 ပြိုင်ပွဲကြီးမှာဝင်ရောက်ယှဉ်ပြိုင်ဖူးတာကြောင့် ပရိသတ်တွေနဲ့အရမ်းကြီးမစိမ်းသူလေးဖြစ်မယ်ထင်ပါတယ်နော်။သူမကတော့ Myanmar Idol Season 3 ပြိုင်ပွဲကြီးမှာ Golden Ticket Winner ရရှိခဲ့ပေမယ့်နောက်တစ်ဆင့်မှစိတ်မကောင်းစွာနဲ့ ပြုတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲကနေ စောစောစီးစီးထွက်လိုက်ရပေမယ့် သူမရဲ့ ချိုသာတဲ့အသံလေးနဲ့ ထူးခြားတဲ့ သီချင်းဆိုစွမ်းရည်တွေကြောင့် သူမဟာအရည်အချင်းရှိတဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေအားလုံးသိကြမှာပါ။

သူမမှာ ထူးခြားတဲ့အရည်အချင်းတွေရှိတယ်ဆိုတာယုံကြည်တာကြောင့် ယုန်လေးတစ်ယောက်သီချင်းရေးပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။သွန်းပိုးအိမ်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တစ်ခုအထိအောင်မြင်စွာရပ်တည်လာတဲ့ ဝါရင့်အဆိုတော်တစ်ဦးရဲ့ အခုလိုကမ်းလှမ်းခြင်းခံခဲ့ရတာကြောင့် အရမ်းကိုပျော်ရွှင်နေမယ်ဆိုတာအသေအချာပါပဲနော်။

ယုန်လေးကတော့ အခုလိုအရည်ချင်းရှိတဲ့အဆိုတော်ပေါက်စလေးတွေ တက်သစ်စသရုပ်ဆောင်လေးတွေကို အမြဲလက်တွဲခေါ်လေ့ရှိတဲ့ အနုပညာလမ်းကြောင်းပေါ်က စီနီယာကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။လက်ရှိယုန်လေးရိုက်ကူးထားတဲ့ Special 9 ဇာတ်ကားကြီးမှာလည်း တက်သစ်စလူငယ်အဆိုဝါသနာရှင်လေးတွေကို ထည့်သွင်းသရုပ်ဆောင်ခိုင်းခဲ့ကာ အနုပညာလမ်းကြောင်းပေါ်ရောက်အောင်တစ်ထောင့်တစ်နေရာက လက်တွဲခေါ်ကူညီနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ယုန်လေးပွဲထုတ်ပေးအုန်းမယ့် အဆိုတော်မလေး သွန်းပိုးအိမ်ရဲ့ သီချင်းလေးတွေကိုလည်း အားပေးဖို့အဆင့်သင့်ပဲလား ပရိသတ်ကြီး။


ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top