ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာ့အႏုပညာေလာကမွာ ခ်န္လွပ္ထားလို႔မရတဲ့သူေတြအထဲမွာ ပရိသတ္ကိုရယ္စရာဟာသ ျပတ္လုံးေတြနဲ႔ အၿမဲရယ္ေမာေပ်ာ္႐ႊင္ေစတဲ့ လူ႐ႊင္ေတာ္ေတြပဲျဖစ္ပါတယ္။သူတို႔ကေတာ့ ျပည္သူေတြထဲက ျပည္သူေတြလည္းျဖစ္တာေၾကာင့္ ျပည္သူေတြအခက္ခဲ ႀကဳံေနရခ်ိန္မွာ တစ္တက္တစ္အား ပါဝင္လာၾကတာပဲ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံေနရာအႏွံ႔အျပားမွာေတာ့ ေရႀကီးမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ၾကရၿပီး ေရေဘးသင့္ျပည္သူအေျမာက္အမ်ားရဲ႕ ဒုကၡမ်ားကို ေဝမွ်ခံစားႏိုင္ရန္ လမ္းေပၚထြက္ကာ အလႉေငြေကာက္ခံေနၾကတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြအားလုံးသိၾကတဲ့အတိုင္း ယေန႔ေခတ္မွာ ဇာတ္သဘင္ရဲ႕ အခမ္းက႑ေတြကအေတာ္ေလးနဲပါးလာခဲ့ၿပီး သဘင္သမား ေတြျဖစ္ၾကတဲ့ လူ႐ႊင္ေတာ္ေတြဟာလည္း စားဝတ္ေနေရးအတြက္ အႏိုင္ႏိုင္ရပ္တည္ေနၾကတဲ့ၾကားထဲကေန တက္ႏိုင္ဘက္က ႏိုင္သေလာက္အင္အားေလးနဲ႔ စုေပါင္းလႉဒါန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ လူသာဆင္းရင္ရဲမယ္ စိတ္ႏွလုံးသားကေတာ့ ခ်မ္းသာတဲ့ဆိုတဲ့ ျမန္မာလူမ်ိဳးတို႔ရဲ႕ ျဖဴစင္တဲ့စိတ္ထားေလးေတြအရ သဘင္အစည္းအ႐ုံးအႀကီးအကဲမ်ားနဲ႔အတူ မိဘျပည္သူမ်ားထံမွ တက္ႏိုင္တဲ့ သဒၵါေငြေၾကးေလးေတြကို စုေပါင္းကာ ေရေဘးသင့္ျပည္သူေတြအတြက္ျပန္လည္လႉဒါန္းၾကတာပဲ ျဖစ္ပါတယ္။

ပရိသတ္အခ်စ္ေတာ္ လူ႐ႊင္ေတ္ာမ်ားကေတာ့ ရရွိလာတဲ့ အလႉေငြေတြနဲ႔ ကရင္ျပည္နယ္ဘက္က ေရေဘးသင့္ျပည္သူေတြအတြက္ အလႈပစၥည္းမ်ားသြားေရာက္ေပးအပ္ေနၾကၿပီပဲ ျဖစ္ပါတယ္။ဒုကၡေရာက္ေနတဲ့ျပည္သူေတြကို ေငြေၾကး ပစၥည္းမ်ားမလႈဒါန္းႏိုင္ၾကေပမဲ့ သူတို႔ ခ်မ္းသာတဲ့ ေစတနာစိတ္ရယ္ အႏုပညာရယ္ ကာယဒါနရယ္ သဒၵဒါန ေတြရယ္ကို ေပါင္းစုကာ တစ္ေထာင့္တစ္ေနရာက ပါဝင္ကုသိုလ္ယူခဲ့ၾကတဲ့ သဘင္သမား အႏုပညာရွင္ေတြရဲ႕ ပရဟိတစိတ္ထားေလးကေတာ့တကယ့္ကိုေလးစားစရာပါပဲ။ပရိသတ္ေတြအားလုံးနဲ႔ မိဘျပည္သူခုႏွစ္ရက္သားသမီးအလႈရွင္မ်ား အားလုံး ဝမ္းေျမာက္စြာ သာဓုေခၚဆိုနိင္ေစရန္ မြန္ျမတ္တဲ့ သဘင္သမားတို႔ရဲ႕ အလႉေလးကိုတင္ဆက္ေပးလိုက္ရပါတယ္။

သတင္းအရင္းအျမစ္ – ေကာင္းေက်ာ္(လူ႐ႊင္ေတာ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာ့အနုပညာလောကမှာ ချန်လှပ်ထားလို့မရတဲ့သူတွေအထဲမှာ ပရိသတ်ကိုရယ်စရာဟာသ ပြတ်လုံးတွေနဲ့ အမြဲရယ်မောပျော်ရွှင်စေတဲ့ လူရွှင်တော်တွေပဲဖြစ်ပါတယ်။သူတို့ကတော့ ပြည်သူတွေထဲက ပြည်သူတွေလည်းဖြစ်တာကြောင့် ပြည်သူတွေအခက်ခဲ ကြုံနေရချိန်မှာ တစ်တက်တစ်အားပါဝင်လာကြတာပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့ ရေကြီးမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပြီး ရေဘေးသင့်ပြည်သူအမြောက်အများရဲ့ ဒုက္ခများကို ဝေမျှခံစားနိုင်ရန် လမ်းပေါ်ထွက်ကာ အလှူငွေကောက်ခံနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ယနေ့ခေတ်မှာ ဇာတ်သဘင်ရဲ့ အခမ်းကဏ္ဍတွေကအတော်လေးနဲပါးလာခဲ့ပြီး သဘင်သမား တွေဖြစ်ကြတဲ့ လူရွှင်တော်တွေဟာလည်း စားဝတ်နေရေးအတွက် အနိုင်နိုင်ရပ်တည်နေကြတဲ့ကြားထဲကနေ တက်နိုင်ဘက်က နိုင်သလောက်အင်အားလေးနဲ့ စုပေါင်းလှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ လူသာဆင်းရင်ရဲမယ် စိတ်နှလုံးသားကတော့ ချမ်းသာတဲ့ဆိုတဲ့ မြန်မာလူမျိုးတို့ရဲ့ ဖြူစင်တဲ့စိတ်ထားလေးတွေအရ သဘင်အစည်းအရုံးအကြီးအကဲများနဲ့အတူ မိဘပြည်သူများထံမှ တက်နိုင်တဲ့ သဒ္ဒါငွေကြေးလေးတွေကို စုပေါင်းကာ ရေဘေးသင့်ပြည်သူတွေအတွက်ပြန်လည်လှူဒါန်းကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် လူရွှင်တေ်ာများကတော့ ရရှိလာတဲ့ အလှူငွေတွေနဲ့ ကရင်ပြည်နယ်ဘက်က ရေဘေးသင့်ပြည်သူတွေအတွက် အလှုပစ္စည်းများသွားရောက်ပေးအပ်နေကြပြီပဲ ဖြစ်ပါတယ်။ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ငွေကြေး ပစ္စည်းများမလှုဒါန်းနိုင်ကြပေမဲ့ သူတို့ ချမ်းသာတဲ့ စေတနာစိတ်ရယ် အနုပညာရယ် ကာယဒါနရယ် သဒ္ဒဒါန တွေရယ်ကို ပေါင်းစုကာ တစ်ထောင့်တစ်နေရာက ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ သဘင်သမား အနုပညာရှင်တွေရဲ့ ပရဟိတစိတ်ထားလေးကတော့တကယ့်ကိုလေးစားစရာပါပဲ။ပရိသတ်တွေအားလုံးနဲ့ မိဘပြည်သူခုနှစ်ရက်သားသမီးအလှုရှင်များ အားလုံး ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိင်စေရန် မွန်မြတ်တဲ့ သဘင်သမားတို့ရဲ့ အလှူလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

သတင်းအရင်းအမြစ် – ကောင်းကျော်(လူရွှင်တော်)

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top