ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


ဝါဝါေအာင္ဟာ '' အဆုိေတာ္ေတြ ေနတဲ့ရြာ'' ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပြဲစီစဥ္သူ ဒီဇုိင္နာ ဒိတ္ဒိတ္ႀကဲ ဆုိတဲ့ မမႀကီး ေနရာက ပါဝင္ သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ပရိသတ္ျမင္ဖူးေနၾက မဟုတ္တဲ့ ဒီဇုိင္းေလးကုိလည္း ဝါဝါေအာင္က သူကုိယ္တုိင္ စဥ္းစားၿပီး ဖန္တီး ဝတ္ဆင္ခ့ဲတယ္လုိ႔ ဆက္လက္ ေျပာျပလာပါတယ္။
သရုပ္ေဆာင္ ဝါဝါေအာင္ဟာ '' အဆုိေတာ္ေတြ ေနတဲ့ရြာ'' ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပြဲစီစဥ္သူ ဒီဇုိင္နာ ဒိတ္ဒိတ္ႀကဲ ဆုိတဲ့ မမႀကီး ေနရာက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာလည္း ကာရုိက္တာနာမည္နဲ႔ လုိက္ဖက္ေအာင္ ဒိတ္ဒိတ္ႀကဲ ႀကိဳး စားထားတဲ့ အေၾကာင္းကုိလည္း ပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ဒီဇာတ္ကားထဲမွာ အန္တီဝါက ပြဲစီစဥ္သူ ဒိတ္ဒိတ္ႀကဲေနရာက သရုပ္ေဆာင္ရတာပါ။ ကုိယ့္ကုိယ္ကုိ အသက္ႀကီးတယ္လို႔ အေျပာမခံဘူး၊ မမ ေနရာကပဲ ေနလာတာ ကုိယ္အသက္ႀကီးတာကုိ အသက္ႀကီးတယ္လုိ႔ အေျပာမခံခ်င္တဲ့ အမ်ဳိးသမီးေနရာက သရုပ္ေဆာင္ထားတယ္။ ဒါရုိက္ တာ ရာဇဝင္ကုိကလည္း သူလုိခ်င္တဲ့ ပုံစံေလးကုိေျပာျပတယ္၊ သူနဲ႔ကေတာ့ လက္တြဲညီတဲ့ သားအမိေတြပါပဲ'' လုိ႔ ဆုိပါတယ္။

ပါဝင္ရတ့ဲ ဇာတ္ရုပ္နဲ႔လည္း လုိက္ဖက္မႈရွိေအာင္ ဖက္ရွင္က အစ ေသေသခ်ာခ်ာ စဥ္းစားရတယ္လုိ႔ ဆုိပါတယ္။ ပရိသတ္ျမင္ဖူးေနၾက မဟုတ္တဲ့ ဒီဇုိင္းေလးကုိလည္း ဝါဝါေအာင္က သူကုိယ္တုိင္ စဥ္းစားၿပီး ဖန္တီး ဝတ္ဆင္ခ့ဲတယ္လုိ႔ ဆက္လက္ ေျပာျပလာပါတယ္။

'' ဒီဇာတ္ကားမွာက်ေတာ့ ပြဲစီစဥ္သူ အဆုိေတာ္ မႀကီးေပါ့ေလ၊ အန္ကယ္တုိ႔ စုံတြဲလည္းပါတယ္။ ျမင္လုိက္တာနဲ႔ ကုိယ့္ကုိ ထင္းထင္းႀကီး မေထာ္မနန္းျဖစ္ေစတာေပါ့။ အ့ဲဒါနဲ႔ အေရာင္ေၾကာင္တာေလးေတြကုိ စဥ္းစားၿပီး ကုိယ္ဝတ္ေနၾက ကုိယ္လုပ္ေနၾက မဟုတ္တဲ့ ပုံစံေတြနဲ႔ ေထာ္ေလာ္ကန္႔လန္႔ ျဖစ္ေစမယ့္ အုိင္ဒီယာေလးကုိ စဥ္းစားျဖစ္လုိက္တာပါ'' လို႔ ေျပာပါတယ္။

အဲ့ဒီေနာက္ ဝါဝါေအာင္ဟာ ျမန္မာျပည္သိန္းတန္ရဲ႕ ဇနီးျဖစ္သူ ေဒၚႏုနႏၵာသန္းရဲ႕ သူငယ္ခ်င္းေနရာကပါဝင္သရုပ္ေဆာင္ရမွာ ျဖစ္လုိ႔ ေသေသခ်ာခ်ာေလး သရုပ္ေဆာင္ခ့ဲရတယ္လုိ႔ ဆုိပါတယ္။ ဒီ့ထက္ပုိလုပ္ေပးခ်င္တဲ့ ပုံစံေလးေတြရွိေသးတယ္ဆုိတာကုိ ၾသဂုတ္လ ၁၉ ရက္ေန႔ မနက္ပုိင္းက အဆုိေတာ္ေတြ ေနတဲ့ရြာ ဇာတ္ကားအထူးျပသပြဲက Duwun Media ကုိ သီးသန္႔ ေျပာျပခဲ့တာျဖစ္ပါတယ္။

'' ဒီဇာတ္ကားထဲမွာ မႏုနႏၵာသန္း လည္း ပါေတာ့ တဆင့္ေလာက္ ေလွ်ာ့ေပးရမယ္ေပါ့။ ဟုိဘက္ကုိလည္း နည္းနည္းေလး ပ့ံပုိးေပးရမွာ ဆုိေတာ့ အန္တီဝါ့ဘက္ကုိ အရမ္းႀကီး မလုပ္ဖုိ႔၊ တကယ္ေတာ့ လုပ္ခ်င္ေသးတယ္ Yes တုိ႔ No တုိ႔ကုိ မတ္တပ္ရပ္ၿပီး လုပ္လုိက္တာမ်ဳိး ေပါ့ေနာ္။ သူတုိ႔ လုိခ်င္တဲ့ ပုံစံမ်ဳိးျဖစ္ေအာင္ အန္တီဝါ လုပ္ေပးရတာပါ'' လုိ႔ သူကဆုိပါတယ္။

ဝါဝါေအာင္ ကုိေတာ့ ဇာတ္ပုိ႔ ဇာတ္ရံ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြ  စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ ဒီေန႔ ဒီအခ်ိန္ ထိ က်ရာဇာတ္ရုပ္မွာ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားျပင္ဆင္  သရုပ္ေဆာင္ႏုိင္တာေၾကာင့္လည္း ပရိသတ္အခုိင္အမာ ရရွိေနတာ ျဖစ္ပါ တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #

ဝါဝါအောင်ဟာ '' အဆိုတော်တွေ နေတဲ့ရွာ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပွဲစီစဉ်သူ ဒီဇိုင်နာ ဒိတ်ဒိတ်ကြဲ ဆိုတဲ့ မမကြီး နေရာက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပရိသတ်မြင်ဖူးနေကြ မဟုတ်တဲ့ ဒီဇိုင်းလေးကိုလည်း ဝါဝါအောင်က သူကိုယ်တိုင် စဉ်းစားပြီး ဖန်တီး ဝတ်ဆင်ခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။
သရုပ်ဆောင် ဝါဝါအောင်ဟာ '' အဆိုတော်တွေ နေတဲ့ရွာ'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပွဲစီစဉ်သူ ဒီဇိုင်နာ ဒိတ်ဒိတ်ကြဲ ဆိုတဲ့ မမကြီး နေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ကာရိုက်တာနာမည်နဲ့ လိုက်ဖက်အောင် ဒိတ်ဒိတ်ကြဲ ကြိုး စားထားတဲ့ အကြောင်းကိုလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ အန်တီဝါက ပွဲစီစဉ်သူ ဒိတ်ဒိတ်ကြဲနေရာက သရုပ်ဆောင်ရတာပါ။ ကိုယ့်ကိုယ်ကို အသက်ကြီးတယ်လို့ အပြောမခံဘူး၊ မမ နေရာကပဲ နေလာတာ ကိုယ်အသက်ကြီးတာကို အသက်ကြီးတယ်လို့ အပြောမခံချင်တဲ့ အမျိုးသမီးနေရာက သရုပ်ဆောင်ထားတယ်။ ဒါရိုက် တာ ရာဇဝင်ကိုကလည်း သူလိုချင်တဲ့ ပုံစံလေးကိုပြောပြတယ်၊ သူနဲ့ကတော့ လက်တွဲညီတဲ့ သားအမိတွေပါပဲ'' လို့ ဆိုပါတယ်။

ပါဝင်ရတဲ့ ဇာတ်ရုပ်နဲ့လည်း လိုက်ဖက်မှုရှိအောင် ဖက်ရှင်က အစ သေသေချာချာ စဉ်းစားရတယ်လို့ ဆိုပါတယ်။ ပရိသတ်မြင်ဖူးနေကြ မဟုတ်တဲ့ ဒီဇိုင်းလေးကိုလည်း ဝါဝါအောင်က သူကိုယ်တိုင် စဉ်းစားပြီး ဖန်တီး ဝတ်ဆင်ခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။

'' ဒီဇာတ်ကားမှာကျတော့ ပွဲစီစဉ်သူ အဆိုတော် မကြီးပေါ့လေ၊ အန်ကယ်တို့ စုံတွဲလည်းပါတယ်။ မြင်လိုက်တာနဲ့ ကိုယ့်ကို ထင်းထင်းကြီး မထော်မနန်းဖြစ်စေတာပေါ့။ အဲ့ဒါနဲ့ အရောင်ကြောင်တာလေးတွေကို စဉ်းစားပြီး ကိုယ်ဝတ်နေကြ ကိုယ်လုပ်နေကြ မဟုတ်တဲ့ ပုံစံတွေနဲ့ ထော်လော်ကန့်လန့် ဖြစ်စေမယ့် အိုင်ဒီယာလေးကို စဉ်းစားဖြစ်လိုက်တာပါ'' လို့ ပြောပါတယ်။

အဲ့ဒီနောက် ဝါဝါအောင်ဟာ မြန်မာပြည်သိန်းတန်ရဲ့ ဇနီးဖြစ်သူ ဒေါ်နုနန္ဒာသန်းရဲ့ သူငယ်ချင်းနေရာကပါဝင်သရုပ်ဆောင်ရမှာ ဖြစ်လို့ သေသေချာချာလေး သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ့ထက်ပိုလုပ်ပေးချင်တဲ့ ပုံစံလေးတွေရှိသေးတယ်ဆိုတာကို သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက အဆိုတော်တွေ နေတဲ့ရွာ ဇာတ်ကားအထူးပြသပွဲက Duwun Media ကို သီးသန့် ပြောပြခဲ့တာဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာ မနုနန္ဒာသန်း လည်း ပါတော့ တဆင့်လောက် လျှော့ပေးရမယ်ပေါ့။ ဟိုဘက်ကိုလည်း နည်းနည်းလေး ပ့ံပိုးပေးရမှာ ဆိုတော့ အန်တီဝါ့ဘက်ကို အရမ်းကြီး မလုပ်ဖို့၊ တကယ်တော့ လုပ်ချင်သေးတယ် Yes တို့ No တို့ကို မတ်တပ်ရပ်ပြီး လုပ်လိုက်တာမျိုး ပေါ့နော်။ သူတို့ လိုချင်တဲ့ ပုံစံမျိုးဖြစ်အောင် အန်တီဝါ လုပ်ပေးရတာပါ'' လို့ သူကဆိုပါတယ်။

ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ  စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် ထိ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင်  သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top