ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ရည္းစားျဖစ္သူေရနစ္ေသ ဆံုးၿပီး ေနာက္တစ္ေန႔တြင္ အ သက္(၂၁)ႏွစ္အရြယ္ မိန္းကေလး ငယ္ အဆိပ္ေသာက္ ေသဆံုးမႈ သထံုၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သုဓမၼဝတီနယ္ေျမ ရဲစခန္း တာ ဝန္ရွိသူတစ္ဦးက ေျပာသည္။

 ရည္းစားျဖစ္သူ အသက္ (၂၂)ႏွစ္အရြယ္ အမ်ိဳးသားသည္ ၾသဂုတ္ ၈ ရက္နံနက္က ၎ေန ထုိင္ရာ ဒလဘန္းရြာႏွင့္ ရွမ္းစုရြာ ၾကား တံတားအနီးရွိ ေရေျမာင္း ထဲတြင္ ေရနစ္ေသဆံုးခဲ့သျဖင့္ ယင္းမိန္းကေလးငယ္သည္ စိတ္ ညစ္ၿပီး အဆိပ္ေသာက္ေသဆံုးခဲ့ ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းရင္က ေျပာသည္။

‘‘သူ႔ရည္းစားေသဆံုးတဲ့ ကိစၥနဲ႔ တာဝန္ရွိသူေတြက သူ႔ကို ေမးေတာ့ ေနာက္ေန႔လည္း သူ႔ကို မေတြ႕ရဘူးလို႔ ေျပာေနေသးတယ္။ အဲဒါနဲ႔ သူ႔အိမ္က လူေတြကို သတိထားေစာင့္ၾကည့္ဖို႔ ေျပာလိုက္ ေသးတယ္။ သူ႔အိမ္က လူေတြ ေစာင့္ၾကည့္ေနရင္းက အခုလို ျဖစ္သြားတာပါ’’ဟု ရွမ္းစုေက်းရြာ တာဝန္ခံ ဦးေငြဆိုင္က ေျပာသည္။ အဆိုပါ မိန္းကေလးသည္ ၾသဂုတ္ ၉ ရက္ နံနက္ ၃ နာရီခြဲခန္႔တြင္ ျခင္ေထာင္အတြင္း ညည္းညဴေနသျဖင့္ ၎၏ အစ္မက ၾကည့္႐ႈရာ ပိုတက္အဆိပ္ေသာက္ ထားၿပီး ႏႈတ္ခမ္းမ်ားျပာႏွမ္းကာ ေခၚမရသျဖင့္ သထံုခ႐ိုင္ေဆး႐ံုႀကီးသို႔ တင္ပို႔ကုသစဥ္ ေသဆံုးခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပ ထားသည္။

အဆုိပါမိန္းကေလးအဆိပ္ ေသာက္ေသဆံုးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္၊ မဟုတ္ စစ္ေဆးရန္ အ ေလာင္းကို သထံုေဆး႐ံုႀကီးသို႔ ပို႔ၿပီး ေသမႈေသခင္းအမႈဖြင့္ စစ္ ေဆးေနေၾကာင္း သုဓမၼဝတီနယ္ ေျမရဲစခန္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day
#Unicode Version#
ရည်းစားဖြစ်သူရေနစ်သေ ဆုံးပြီး နောက်တစ်နေ့တွင် အ သက်(၂၁)နှစ်အရွယ် မိန်းကလေး ငယ် အဆိပ်သောက် သေဆုံးမှု သထုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သုဓမ္မဝတီနယ်မြေ ရဲစခန်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 ရည်းစားဖြစ်သူ အသက် (၂၂)နှစ်အရွယ် အမျိုးသားသည် သြဂုတ် ၈ ရက်နံနက်က ၎င်းနေ ထိုင်ရာ ဒလဘန်းရွာနှင့် ရှမ်းစုရွာ ကြား တံတားအနီးရှိ ရေမြောင်း ထဲတွင် ရေနစ်သေဆုံးခဲ့သဖြင့် ယင်းမိန်းကလေးငယ်သည် စိတ် ညစ်ပြီး အဆိပ်သောက်သေဆုံးခဲ့ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရင်က ပြောသည်။

‘‘သူ့ရည်းစားသေဆုံးတဲ့ ကိစ္စနဲ့ တာဝန်ရှိသူတွေက သူ့ကို မေးတော့ နောက်နေ့လည်း သူ့ကို မတွေ့ရဘူးလို့ ပြောနေသေးတယ်။ အဲဒါနဲ့ သူ့အိမ်က လူတွေကို သတိထားစောင့်ကြည့်ဖို့ ပြောလိုက် သေးတယ်။ သူ့အိမ်က လူတွေ စောင့်ကြည့်နေရင်းက အခုလို ဖြစ်သွားတာပါ’’ဟု ရှမ်းစုကျေးရွာ တာဝန်ခံ ဦးငွေဆိုင်က ပြောသည်။ အဆိုပါ မိန်းကလေးသည် သြဂုတ် ၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် ခြင်ထောင်အတွင်း ညည်းညူနေသဖြင့် ၎င်း၏ အစ်မက ကြည့်ရှုရာ ပိုတက်အဆိပ်သောက် ထားပြီး နှုတ်ခမ်းများပြာနှမ်းကာ ခေါ်မရသဖြင့် သထုံခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

အဆိုပါမိန်းကလေးအဆိပ် သောက်သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန် အ လောင်းကို သထုံဆေးရုံကြီးသို့ ပို့ပြီး သေမှုသေခင်းအမှုဖွင့် စစ် ဆေးနေကြောင်း သုဓမ္မဝတီနယ် မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top