ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

 အိႏၵိယနိုင္ငံတြင္ ဆရာတပည့္ႏွစ္ဦး ေမွာ္ပညာၿပိဳင္ၾကရာမွ တပည့္ျဖစ္သူက ဆရာနဲ႔သူ၏မိသားစုအားလုံးကို သတ္ျဖတ္ကာ ေနအိမ္တြင္ ေျမျမဳတ္လက္စေဖ်ာက္မွုတစ္ခု ျဖစ္ပြားခဲ့သည္။

ေမွာ္ပညာရွင္ Kanat Krishnan (၅၂ ႏွစ္)၊ ဇနီးျဖစ္သူ Susheela (၅၀ ႏွစ္)၊ သမီး Arsha (၂၁ ႏွစ္)၊ သား Arjun (၁၈ ႏွစ္) တို႔ရဲ့ အေလာင္းကို အိႏၵိယနိုင္ငံ အေနာက္ေတာင္ပိုင္း ကရာလာျပည္နယ္က သူတို႔ရဲ့ေနအိမ္ၿခံဝင္းအတြင္း တြင္းတူးၿပီး ျမဳတ္ႏွံခဲ့ထားခဲ့တာကို ၿပီးခဲ့တဲ့အပတ္က ရဲအဖြဲ႕က ရွာေတြ႕ခဲ့ပါတယ္။

စုံစမ္းစစ္ေဆးမွုအရ အဓိကသံသယတရားခံျဖစ္သူ Aneesh (ေမွာ္ဆရာ) ဟာ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က Kanat ၏ တပည့္ရင္း ျဖစ္ခဲ့ၿပီး ေမွာ္ပညာရပ္ကို အတူတစ္ကြ ေလ့လာခဲ့ၾကသူမ်ားျဖစ္သည္။ ေနာက္ပိုင္းတြင္ Aneesh က ဆရာျဖစ္သူထံမွ ဂိုဏ္ခြဲၿပီး တစ္စင္ေထာင္ေနခဲ့သည္။

ဒါေပမယ့္ သူ႔ရဲ့ေမွာ္ပညာက အစြမ္းမထက္ေတာ့တဲ့အတြက္ သူ႔ရဲ့စိတ္ထဲမွာ ဆရာျဖစ္သူက သူ႔ရဲ့ေမွာ္အစြမ္းမ်ားကို ခိုးႏွုတ္ယူခဲ့သည္ဟု သံသယႏွင့္ အၿငိဳးထားခဲ့သည္။ သူ၏ ေမွာ္ပညာမ်ား ျပန္လည္အစြမ္းထက္လာမည့္နည္းမွာ ဆရာျဖစ္သူ Kanat ကို ရွင္းပစ္မွ ျဖစ္မည္ဟု ယုံၾကည္သျဖင့္ သတ္ျဖတ္မည့္အစီစဥ္ကို လနဲ႔ခ်ီကာ စနစ္တက်ေရးဆြဲခဲ့သည္။

သူ၏အစီစဥ္မ်ားကို သူငယ္ခ်င္းျဖစ္သူ Libeesh က ကူညီခဲ့သည္။ အဲဒီေနာက္ ဆရာျဖစ္သူ၏ အိမ္သို႔သြားကာ ဆိတ္တစ္ေကာင္သတ္မည္ဟု ပတ္ဝန္းက်င္ကို သတင္းလႊင့္ခဲ့ၿပီး အိမ္ထဲမွာ မိသားစုေလးဦးစလုံးကို ကိစၥတုံးစီရင္ခဲ့သည္။ သမီးျဖစ္သူက ဝါရင္းတုတ္နဲ႔ ျပန္လည္ခုခံခဲ့ေပမယ့္ ေနာက္ဆုံးမွာ အသတ္ခံခဲ့ရသလို သားျဖစ္သူမွာလည္း ေတာခုတ္ဓားနဲ႔ ခုတ္ပိုင္းခံခဲ့ရသည္။

အမွုတြင္ ပါဝင္ကူညီခဲ့သူ Libeesh ကို ရဲအဖြဲ႕က ဖမ္းဆီးရမိထားၿပီး အဓိကတရားခံျဖစ္သူ Aneesh ကေတာ့ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရွိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 အိန္ဒိယနိုင်ငံတွင် ဆရာတပည့်နှစ်ဦး မှော်ပညာပြိုင်ကြရာမှ တပည့်ဖြစ်သူက ဆရာနဲ့သူ၏မိသားစုအားလုံးကို သတ်ဖြတ်ကာ နေအိမ်တွင် မြေမြုတ်လက်စဖျောက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

မှော်ပညာရှင် Kanat Krishnan (၅၂ နှစ်)၊ ဇနီးဖြစ်သူ Susheela (၅၀ နှစ်)၊ သမီး Arsha (၂၁ နှစ်)၊ သား Arjun (၁၈ နှစ်) တို့ရဲ့ အလောင်းကို အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကရာလာပြည်နယ်က သူတို့ရဲ့နေအိမ်ခြံဝင်းအတွင်း တွင်းတူးပြီး မြုတ်နှံခဲ့ထားခဲ့တာကို ပြီးခဲ့တဲ့အပတ်က ရဲအဖွဲ့က ရှာတွေ့ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုအရ အဓိကသံသယတရားခံဖြစ်သူ Aneesh (မှော်ဆရာ) ဟာ လွန်ခဲ့သော နှစ်အနည်းငယ်က Kanat ၏ တပည့်ရင်း ဖြစ်ခဲ့ပြီး မှော်ပညာရပ်ကို အတူတစ်ကွ လေ့လာခဲ့ကြသူများဖြစ်သည်။ နောက်ပိုင်းတွင် Aneesh က ဆရာဖြစ်သူထံမှ ဂိုဏ်ခွဲပြီး တစ်စင်ထောင်နေခဲ့သည်။

ဒါပေမယ့် သူ့ရဲ့မှော်ပညာက အစွမ်းမထက်တော့တဲ့အတွက် သူ့ရဲ့စိတ်ထဲမှာ ဆရာဖြစ်သူက သူ့ရဲ့မှော်အစွမ်းများကို ခိုးနှုတ်ယူခဲ့သည်ဟု သံသယနှင့် အငြိုးထားခဲ့သည်။ သူ၏ မှော်ပညာများ ပြန်လည်အစွမ်းထက်လာမည့်နည်းမှာ ဆရာဖြစ်သူ Kanat ကို ရှင်းပစ်မှ ဖြစ်မည်ဟု ယုံကြည်သဖြင့် သတ်ဖြတ်မည့်အစီစဉ်ကို လနဲ့ချီကာ စနစ်တကျရေးဆွဲခဲ့သည်။

သူ၏အစီစဉ်များကို သူငယ်ချင်းဖြစ်သူ Libeesh က ကူညီခဲ့သည်။ အဲဒီနောက် ဆရာဖြစ်သူ၏ အိမ်သို့သွားကာ ဆိတ်တစ်ကောင်သတ်မည်ဟု ပတ်ဝန်းကျင်ကို သတင်းလွှင့်ခဲ့ပြီး အိမ်ထဲမှာ မိသားစုလေးဦးစလုံးကို ကိစ္စတုံးစီရင်ခဲ့သည်။ သမီးဖြစ်သူက ဝါရင်းတုတ်နဲ့ ပြန်လည်ခုခံခဲ့ပေမယ့် နောက်ဆုံးမှာ အသတ်ခံခဲ့ရသလို သားဖြစ်သူမှာလည်း တောခုတ်ဓားနဲ့ ခုတ်ပိုင်းခံခဲ့ရသည်။

အမှုတွင် ပါဝင်ကူညီခဲ့သူ Libeesh ကို ရဲအဖွဲ့က ဖမ်းဆီးရမိထားပြီး အဓိကတရားခံဖြစ်သူ Aneesh ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။
 ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top