မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အသက္(၂၁)ႏွစ္အရြယ္ Gym အလုပ္႐ုံမွာ အလုပ္လုပ္တဲ့ အမ်ိဳးသမီးဟာ ကေလးကုိ သူမရဲ႕ကားထဲမွာ ဝင္ေမြးၿပီးေနာက္ အဲဒီေမြးကင္းစကေလးငယ္ေလးကို အမႈိက္ထည့္တဲ့ အိတ္ထဲကို ထည့္ကာ ကားၾကမ္းျပင္ေပၚမွာ အမႈိက္ပစ္သလုိ၊ ျဖစ္သလုိ စြန္႔ပစ္ထားခဲ့ပါတယ္။ ကေလးငယ္လည္း ေမြးၿပီး နာရီပုိင္းအတြင္းေသဆုံးသြားပါတယ္။

ျပစ္မႈက်ဴးလြန္သူ အမ်ိဳးသမီးရဲဲ႕နာမည္ကေတာ့ Brennan Geller ျဖစ္ၿပီး သူမကုိ ရဲက လူသတ္မႈ၊ ကေလးသူငယ္ ညႇဥ္းပန္းႏွိပ္စက္မႈနဲ႔ တရားစြဲဆုိထားပါတယ္။ သူမဟာ ေသာၾကာေန႔က ကေလးကုိ ေမြးၿပီးကတည္းက ေဆးဘက္ဆုိင္ရာ သူနာျပဳနဲ႔အေရးေပၚအဖြဲ႕ေတြကို ေခၚရမယ့္အစား ကေလးကုိ တမင္ေသေစလုိတဲ့သေဘာနဲ႔ အခုလုိျျပဳလုပ္ခဲ့တာပါ။

ဒါေပမယ့္ Geller ကေတာ့ ၿပီးခဲ့တဲ့ တနလၤာက သူမမွာ ေသေစလုိတဲ့စိတ္မရွိဘူးလုိ႔ ေျဗာင္ျငင္းခဲ့ေပမယ့္ ရဲတပ္ဖြဲ႕ဝင္ေတြကေတာ့ သူကုိ ျပစ္မႈမ်ားစြာနဲ႔ စြဲခ်က္တင္ၿပီးပါၿပီ။ Geller ဟာ ေတာင္ကယ္႐ုိလုိင္းနာ လီဇင္တန္မွာ ေနထုိင္သူျဖစ္ၿပီး၊ ေသဆုံးသြားတဲ့ ကေလးငယ္ရဲ႕လိင္ကုိေတာ့ သတင္းမွာ ထည့္သြင္းေဖာ္ျပထားျခင္း မရွိပါဘူး။

ကေလးကို စြန္႔ပစ္ၿပီးေနာက္ သူမဟာ ေသြးထြက္လြန္ေနတဲ့ အေျခအေနကို ကုစားဖုိ႔ ေဆး႐ုံကုိသြားေရာက္ကုသခဲ့ရာမွ ကေလးေမြးခဲ့တဲ့ လကၡဏာရပ္ေတြကုိ ေဒါက္တာေတြကတစ္ဆင့္ ေဖာ္ထုတ္ႏုိင္ခဲ့တာပါ။ ေဒါက္တာေတြက Lexington County Sheriff ရဲတပ္ဖြဲ႕ကုိ အေၾကာင္းၾကားခဲ့ရာ ၿပီးခဲ့တဲ့ စေနေန႔ကမွ အမႈေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြက သူမရဲ႕ကားကို ရွာေဖြတဲ့အခါမွာ ကေလးကုိ ပလက္စတစ္အိတ္ထဲ ထည့္ထားလွ်က္ ေတြ႕ရၿပီး အသက္ကေတာ့ ေသဆုံးေနပါၿပီ။ ဒါေၾကာင့္ ျပစ္မႈက်ဴးလြန္သူတရားခံ Geller ကုိ ခ်က္ခ်င္းဖမ္းဆီးခဲ့ပါတယ္။ အခုဆုိရင္ Geller ဟာ ေထာင္ဒဏ္အနည္းဆုံး (၁၀)ႏွစ္အထိ ခ်မွတ္ခံရဖုိ႔ ရွိေနပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၂၁)နှစ်အရွယ် Gym အလုပ်ရုံမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဟာ ကလေးကို သူမရဲ့ကားထဲမှာ ဝင်မွေးပြီးနောက် အဲဒီမွေးကင်းစကလေးငယ်လေးကို အမှိုက်ထည့်တဲ့ အိတ်ထဲကို ထည့်ကာ ကားကြမ်းပြင်ပေါ်မှာ အမှိုက်ပစ်သလို၊ ဖြစ်သလို စွန့်ပစ်ထားခဲ့ပါတယ်။ ကလေးငယ်လည်း မွေးပြီး နာရီပိုင်းအတွင်းသေဆုံးသွားပါတယ်။

ပြစ်မှုကျူးလွန်သူ အမျိုးသမီးရဲ့နာမည်ကတော့ Brennan Geller ဖြစ်ပြီး သူမကို ရဲက လူသတ်မှု၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူမဟာ သောကြာနေ့က ကလေးကို မွေးပြီးကတည်းက ဆေးဘက်ဆိုင်ရာ သူနာပြုနဲ့အရေးပေါ်အဖွဲ့တွေကို ခေါ်ရမယ့်အစား ကလေးကို တမင်သေစေလိုတဲ့သဘောနဲ့ အခုလိုြပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် Geller ကတော့ ပြီးခဲ့တဲ့ တနင်္လာက သူမမှာ သေစေလိုတဲ့စိတ်မရှိဘူးလို့ ဗြောင်ငြင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကတော့ သူကို ပြစ်မှုများစွာနဲ့ စွဲချက်တင်ပြီးပါပြီ။ Geller ဟာ တောင်ကယ်ရိုလိုင်းနာ လီဇင်တန်မှာ နေထိုင်သူဖြစ်ပြီး၊ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့လိင်ကိုတော့ သတင်းမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။

ကလေးကို စွန့်ပစ်ပြီးနောက် သူမဟာ သွေးထွက်လွန်နေတဲ့ အခြေအနေကို ကုစားဖို့ ဆေးရုံကိုသွားရောက်ကုသခဲ့ရာမှ ကလေးမွေးခဲ့တဲ့ လက္ခဏာရပ်တွေကို ဒေါက်တာတွေကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာပါ။ ဒေါက်တာတွေက Lexington County Sheriff ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ပြီးခဲ့တဲ့ စနေနေ့ကမှ အမှုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက သူမရဲ့ကားကို ရှာဖွေတဲ့အခါမှာ ကလေးကို ပလက်စတစ်အိတ်ထဲ ထည့်ထားလျှက် တွေ့ရပြီး အသက်ကတော့ သေဆုံးနေပါပြီ။ ဒါကြောင့် ပြစ်မှုကျူးလွန်သူတရားခံ Geller ကို ချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ အခုဆိုရင် Geller ဟာ ထောင်ဒဏ်အနည်းဆုံး (၁၀)နှစ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top