ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





အခြားတစ်ယောက်ကလည်း သူမရဲ့ ချစ်သူနဲ့ အချစ်ဗျူဟာ ခင်းခဲ့တဲ့ အမျိုးသမီးကို ဆက်သွယ်ပြီး၊ ” ငါကားထဲမှာ ငါ့ချစ်သူနဲ့ ဖောက်ပြန်ရင်း ခြေအိတ်တွေ ကျန်နေခဲ့တဲ့ အမျိုးသမီး … နင် ခြေအိတ်တွေ ပြန်လိုချင်သလား၊ ” စသည်ဖြင့် ရေးသားခဲ့ပါတယ်။



source : thesun.co.uk

Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်မှာ အာရှနိုင်ငံတွေထက် ပွင့်လင်းလွန်းကြတဲ့ ဥရောပတစ်ခွင် နိုင်ငံတွေမှာပင်လျှင် ကိုယ်နဲ့ သက်ဆိုင်တဲ့ ချစ်သူ၊ ခင်ပွန်း၊ ဇနီးတို့ရဲ့ ဖောက်ပြန်မှုတွေကို လက်မခံကြပါဘူး။ ဒေါသအလျှောက် တုန့်ပြန်ကြပါတယ်။ တစ်ခါတလေမှာ ဖောက်ပြန်သူနှစ်ယောက်စလုံးကို အမိဖမ်းပြီး ထိုးကြိတ်ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ ပုံတွေကတော့ အခြားသူတွေနဲ့ မတူဘဲ သူတို့နဲ့ သက်ဆိုင်တဲ့ သူတွေရဲ့ ဖောက်ပြန်မှုတွေကို အင်တာနက်ပေါ်မှာ ဓာတ်ပုံသက်သေနဲ့ တင်ပြီး အရှက်ခွဲထားတာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ပုံကတော့ အမျိုးသားတစ်ယောက်က တင်ထားတဲ့ပုံဖြစ်ပြီး ဖော်ပြထားတဲ့ စာရဲ့ လိုရင်းအဓိပ္ပါယ်မှာ ” ကျွန်တော့်ကို နည်းနည်းလေးပဲ ချစ်တဲ့ချစ်သူက နောက်ကွယ်မှာ အရက်မူးလာတဲ့အခါ လူတစ်ယောက်ကို အိမ်ကိုခေါ်ဖို့ ကြိုးစားပါတယ် … “စသဖြင့် ဖော်ပြထားပါတယ်။

အထက်ပါ ပုံကတော့ အိမ်ရှင်မတစ်ယောက်က သူမရဲ့ ခင်ပွန်းနဲ့ သူမတို့အိမ်ကို ငှားရမ်းအသုံးပြုတဲ့ အမျိုးသမီးတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိတာကို တင်ထားတာ ဖြစ်ပါတယ်။

အခြားတစ်ယောက်ကလည်း သူမရဲ့ ချစ်သူနဲ့ အချစ်ဗျူဟာ ခင်းခဲ့တဲ့ အမျိုးသမီးကို ဆက်သွယ်ပြီး၊ ” ငါကားထဲမှာ ငါ့ချစ်သူနဲ့ ဖောက်ပြန်ရင်း ခြေအိတ်တွေ ကျန်နေခဲ့တဲ့ အမျိူးသမီး … နင် ခြေအိတ်တွေ ပြန်လိုချင်သလား၊ ” စသည်ဖြင့် ရေးသားခဲ့ပါတယ်။

အခြားတစ်ယောက်ကတော့ သူမရဲ့ချစ်သူနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးရဲ့ အတွင်းခံအင်္ကျီကို မျှဝေထားပြီး၊ သူမက ” ကျွန်မ ရည်းစား .. မဟုတ်ဘူး .. ကျွန်မရဲ့ ရည်းစားဟောင်းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးရဲ့အတွင်းခံအင်္ကျီပါ “စသဖြင့် ဖော်ပြထားပြီး၊ ဒီအင်္ကျီကို သူမရဲ့ ချစ်သူက ဘယ်သူပိုင်သလဲဆိုတာ မသိကြောင်းနဲ့၊ သူမရဲ့ Post ကို Share ပေးစေလိုကြောင်း၊ ဒါမှ ပိုင်ရှင်အမှန်က လာယူနိုင်မှာ ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

အခြားတစ်ယောက်ကတော့ သူမရဲ့ ချစ်သူ ဖောက်ပြန်ခဲ့တဲ့ နေရာကို ညွှန်ပြထားတဲ့ ဓာတ်ပုံကို မျှဝေထားပြီး ” ရှင်တို့ ကိုယ်နဲ့ လေးနှစ်လောက် တွဲခဲ့တဲ့ချစ်သူ အခြားကောင်မလေးတွေနဲ့ ဖောက်ပြန်နေတာကို တွေ့ရင် ဘာလုပ်မလဲ … ကျွန်မကတော့ တစ်ခါတည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး … အကြိမ်ပေါင်းများစွာ … အမျိုးသမီးပေါင်း များစွာနဲ့ကို တွေ့ခဲ့ရတာပါ “လို့ ရေးသားခဲ့ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top