ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေမေမ ခ်စ္သုေဝဟာ သူ႔ထက္ သူ႔ရဲက သမီးေလးေတြကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြရွိလုိ႔ ဝမ္းသာၾကည္ႏူးရတယ္လုိ႔ ဆုိပါတယ္။ တစ္ႏွစ္ နဲ႔ ေလးလ သမီးေလးေတြကုိလည္း စည္းကမ္းရွိရွိ ေနထုိင္ တတ္ေအာင္ သြန္သင္ဆုံးမတာေတြ ရွိတယ္ လုိ႔ ေျပာပါတယ္။

ေမေမ ခ်စ္သုေဝဟာ သူ႔ထက္ သူ႔ရဲက သမီးေလးေတြကုိ ခ်စ္ၾကတဲ့ ပရိသတ္ေတြရွိလုိ႔ ဝမ္းသာၾကည္ႏူးရတယ္လုိ႔ ဆုိပါတယ္။ ခ်စ္စရာ ေကာင္းၿပီး အရြယ္နဲ႔ မလုိက္ေအာင္ လည္လြန္း၊ အတတ္ျမန္လြန္းတဲ့ ေခတ္နဲ႔ သစ္ရဲ႕ အေၾကာင္းကုိလည္း မီဒီယာေတြ ကေန တဆင့္ေျပာျပလာပါတယ္။

'' သူတို႔ေလးေတြကေတာ့ မမထက္ေတာင္ အခ်စ္ခံရေသးတယ္ေပါ့ေနာ္။ အဲ့ဒီအတြက္ကုိလည္း အေမတစ္ေယာက္အေနနဲ႔ ဘာနဲ႔မွ မတူတဲ့ ၾကည္ႏူးမႈေလးေတာ့ ျဖစ္မိတာေပါ့ေနာ္။ ေခတ္ နဲ႔ သစ္ တုိ႔က သူတုိ႔ အရြယ္ထက္ အတတ္လည္း ျမန္တယ္၊ ေခတ္ဆုိရင္ အသီးေတြကုိလည္း အမ်ဳိး ၂၀ ေလာက္ သူသိေနၿပီ။ တိရစၦာန္ေလးေတြ ဆုိလည္း သူ သိေနၿပီ ေျပာလည္း ေျပာတတ္ေနၿပီ'' လုိ႔ ဆုိပါတယ္။

တစ္ႏွစ္ နဲ႔ ေလးလ သမီးေလးေတြ ျဖစ္ၾကတဲ့ ေမျမန္မာေခတ္ နဲ႔ ေမျမန္မာသစ္ တုိ႔ကုိလည္း မိခင္ျဖစ္တဲ့ ခ်စ္သုေဝက စည္းကမ္းရွိရွိ ေနထုိင္ တတ္ေအာင္ သြန္သင္ဆုံးမတာေတြ ရွိတယ္၊ ကိုယ့္တာဝန္ ကုိယ္ ယူတတ္ေအာင္လုိ႔လည္း သင္ေပးတာမ်ဳိးေတြ ရွိတယ္လုိ႔  ၾသဂုတ္လ ၁၀ ရက္ေန႔ ခ်စ္သုေဝရဲ႕ ေမြးေန႔ အလွဴမွာ ေျဖဆုိခဲ့တာပါ။

'' သမီးေလးေတြက လိမ္လည္း လိမ္မာၾကပါတယ္။ သူတုိ႔ေလးေတြ အရြယ္ငယ္ေပမယ့္ စည္းကမ္းေလးန႔ဲ ေနတတ္ေအာင္၊ သူတုိ႔ တာဝန္ေလး ေတြ သူတုိ႔ ယူတတ္ေအာင္၊ သူတုိ႔ကုိယ္ သူတုိ႔ ယုံၾကည္မႈရွိေအာင္ တတ္ႏုိင္တဲ့ ဘက္ကေနၿပီးေတာ့ သူတုိ႔ေလးေတြကုိ ပ်ဳိးေထာင္ေပးရတာ ေပါ့ေနာ္'' လုိ႔ သူကေျပာပါတယ္။

ေမျမန္မာေခတ္ နဲ႔ ေမျမန္မာသစ္ တုိ႔ရဲ႕ ေမေမ ျဖစ္တဲ့ ခ်စ္သုေဝက လက္ရွိပုိင္ဆုိင္ထားတဲ့ အျမႊာသမီးေလးေတြေၾကာင့္ အရမ္းကုိ ေပ်ာ္ရႊင္ ေနရပါတယ္။ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ကုိသာမက သမီးေလးေတြကုိလည္း ပရိသတ္အမ်ားႀကီးက ခ်စ္ေပးၾကလုိ႔ ဝမ္းသာမဆုံး ျဖစ္ရတယ္လို႕ ေျပာျပပါေသးတယ္။

'' မမက သားသမီးရ ကံေကာင္းတယ္၊ မမ သားသမီးေလးေတြကုိ ခ်စ္ၾကတယ္။ အဲ့ဒီအတြက္ သူတုိ႔ကုိ ေႏြးေႏြးေထြးေထြး ေမတၱာေလးေတြနဲ႔ ပဲ သူတုိ႔ကုိ ရွင္သန္ေစခ်င္တယ္။ အဲ့ဒီ ဆုေတာင္းေလး မမျပည့္ခဲ့တယ္။ သူတုိ႔ကုိ မျမင္ရေသးခင္ကတည္းက ခ်စ္ၾကတာ၊ ဘုရားသခင္ရဲ႕ ေစာင့္ေရွာက္ျခင္းကုိလည္း ခံရတယ္၊ ပရိသတ္ေတြကလည္း သမီးေလးေတြကုိ ခ်စ္ေပးၾကလိ႔ု ဝမ္းသာတယ္'' လုိ႔ ဆုိပါတယ္။

ေမေမ ခ်စ္သုေဝက သမီးေလးေတြရဲ႕ ပံုေလးေတြနဲ႔ ဗီဒီယိုဖိုင္ေလးေတြကို ေဖ့စ္ဘြတ္ကေန ပရိသတ္ေတြကို မွ်ေ၀ေလ့ရွိၿပီး သူတုိ႔ရဲ႕ ပံုေလးေတြ ၊ ဗီဒီယိုေလးေတြဟာ ၾကည့္႐ွဴသူ အျမဲတမ္း ၁ သိန္းေက်ာ္ ရွိေနတတ္ကာ Share အေရအတြက္ ေထာင္ခ်ီလို႔ Like ဆုိရင္လည္း ေသာင္းနဲ႔ခ်ီ ရွိေနတာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
မေမေ ချစ်သုဝေဟာ သူ့ထက် သူ့ရဲက သမီးလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။ တစ်နှစ် နဲ့ လေးလ သမီးလေးတွေကိုလည်း စည်းကမ်းရှိရှိ နေထိုင် တတ်အောင် သွန်သင်ဆုံးမတာတွေ ရှိတယ် လို့ ပြောပါတယ်။

မေမေ ချစ်သုဝေဟာ သူ့ထက် သူ့ရဲက သမီးလေးတွေကို ချစ်ကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာကြည်နူးရတယ်လို့ ဆိုပါတယ်။ ချစ်စရာ ကောင်းပြီး အရွယ်နဲ့ မလိုက်အောင် လည်လွန်း၊ အတတ်မြန်လွန်းတဲ့ ခေတ်နဲ့ သစ်ရဲ့ အကြောင်းကိုလည်း မီဒီယာတွေ ကနေ တဆင့်ပြောပြလာပါတယ်။

'' သူတို့လေးတွေကတော့ မမထက်တောင် အချစ်ခံရသေးတယ်ပေါ့နော်။ အဲ့ဒီအတွက်ကိုလည်း အမေတစ်ယောက်အနေနဲ့ ဘာနဲ့မှ မတူတဲ့ ကြည်နူးမှုလေးတော့ ဖြစ်မိတာပေါ့နော်။ ခေတ် နဲ့ သစ် တို့က သူတို့ အရွယ်ထက် အတတ်လည်း မြန်တယ်၊ ခေတ်ဆိုရင် အသီးတွေကိုလည်း အမျိုး ၂၀ လောက် သူသိနေပြီ။ တိရစ္ဆာန်လေးတွေ ဆိုလည်း သူ သိနေပြီ ပြောလည်း ပြောတတ်နေပြီ'' လို့ ဆိုပါတယ်။

တစ်နှစ် နဲ့ လေးလ သမီးလေးတွေ ဖြစ်ကြတဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ကိုလည်း မိခင်ဖြစ်တဲ့ ချစ်သုဝေက စည်းကမ်းရှိရှိ နေထိုင် တတ်အောင် သွန်သင်ဆုံးမတာတွေ ရှိတယ်၊ ကိုယ့်တာဝန် ကိုယ် ယူတတ်အောင်လို့လည်း သင်ပေးတာမျိုးတွေ ရှိတယ်လို့  သြဂုတ်လ ၁၀ ရက်နေ့ ချစ်သုဝေရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

'' သမီးလေးတွေက လိမ်လည်း လိမ်မာကြပါတယ်။ သူတို့လေးတွေ အရွယ်ငယ်ပေမယ့် စည်းကမ်းလေးနဲ့ နေတတ်အောင်၊ သူတို့ တာဝန်လေး တွေ သူတို့ ယူတတ်အောင်၊ သူတို့ကိုယ် သူတို့ ယုံကြည်မှုရှိအောင် တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ သူတို့လေးတွေကို ပျိုးထောင်ပေးရတာ ပေါ့နော်'' လို့ သူကပြောပါတယ်။

မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ရဲ့ မေမေ ဖြစ်တဲ့ ချစ်သုဝေက လက်ရှိပိုင်ဆိုင်ထားတဲ့ အမြွှာသမီးလေးတွေကြောင့် အရမ်းကို ပျော်ရွှင် နေရပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်ကိုသာမက သမီးလေးတွေကိုလည်း ပရိသတ်အများကြီးက ချစ်ပေးကြလို့ ဝမ်းသာမဆုံး ဖြစ်ရတယ်လို့ ပြောပြပါသေးတယ်။

'' မမက သားသမီးရ ကံကောင်းတယ်၊ မမ သားသမီးလေးတွေကို ချစ်ကြတယ်။ အဲ့ဒီအတွက် သူတို့ကို နွေးနွေးထွေးထွေး မေတ္တာလေးတွေနဲ့ ပဲ သူတို့ကို ရှင်သန်စေချင်တယ်။ အဲ့ဒီ ဆုတောင်းလေး မမပြည့်ခဲ့တယ်။ သူတို့ကို မမြင်ရသေးခင်ကတည်းက ချစ်ကြတာ၊ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းကိုလည်း ခံရတယ်၊ ပရိသတ်တွေကလည်း သမီးလေးတွေကို ချစ်ပေးကြလို့ ဝမ်းသာတယ်'' လို့ ဆိုပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top