ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဩဂုတ္ ၉ — ဒလမွ ရန္ကုန္သို႔ အလုပ္လာလုပ္သည့္ အသက္ ၁၆ ႏွစ္အ႐ြယ္ အိမ္အကူ မိန္းကေလးငယ္တစ္ဦး ဝါယာႀကိဳးျဖင့္ ႐ိုက္ႏွက္ခံထားရသည့္ကိစၥ ႏွင့္ပတ္သက္ၿပီး ႐ိုက္ႏွက္ခဲ့သည့္အိမ္ရွင္ကို အမႈဖြင့္ရန္ျပင္ဆင္ေနသည္ဟု သက္ဆိုင္ရာ ရဲစခန္းက Myanmar Now ကို ယေန႔တြင္ေျပာသည္။

ထို မိန္းကေလးမွာ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ ၃၆ လမ္းရွိ ေနအိမ္တစ္အိမ္တြင္ အိမ္အကူ လုပ္ကိုင္ေန သည့္ ဒလၿမိဳ႕ဇာတိ မခ်ိဳၿပဳံးျဖစ္ၿပီး ထိုအိမ္သို႔ေရာက္သည္မွာ တစ္လသာ ရွိေသး ေၾကာင္း၊ ဩဂုတ္လ ၇ ရက္ေန႔တြင္ အိမ္ရွင္ ဦးေက်ာ္စိုးလင္းက တီဗီႏွင့္ ဒီဗီဒီစက္ ဆက္သြယ္ရသည့္ ဝါယာႀကိဳးျဖင့္ ႐ိုက္ႏွက္ျခင္းျဖစ္ေၾကာင္း ကာယကံရွင္မိန္းကေလးက ေျပာသည္။

“အေမက ပိုက္ဆံႏွစ္သိန္းယူၿပီး ကၽြန္မကို အိမ္အကူလုပ္ဖို႔ ထားခဲ့တာ။ ကၽြန္မက ဘာမွမလုပ္တတ္လို႔ဆိုၿပီး ႐ိုက္တာ။ ကၽြန္မကို႐ိုက္တာကို သူ႕အမ်ိဳးသမီးက ဝင္တားတာေတာင္ သူ႕အမ်ိဳးသမီးကိုပါ ႐ိုက္တာ” ဟု ၎က ယေန႔ မနက္ပိုင္းက ဆိုသည္။

တံျမက္စည္းမလွဲတတ္ျခင္း၊ အခ်က္အျပဳတ္ မတတ္ျခင္းမ်ားေၾကာင့္ ဝါယာႀကိဳးႏွစ္ပင္ပူးကာ ေက်ာကုန္း၊ ေျခသလုံး၊ ေပါင္မ်ားကို ႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း မခ်ိဳၿပဳံးက ဆိုသည္။ ယေန႔မနက္ပိုင္း ဆိပ္ကမ္းသာလမ္း အေပၚဘေလာက္ရွိ ပ်ံက်ေဈးသို႔ ေဈးဝယ္ထြက္လာသည့္ မခ်ိဳၿပဳံးကို ဒလၿမိဳ႕တြင္ အိမ္နီးနားခ်င္းျဖစ္ခဲ့သူ ေဈးသည္တစ္ဦးက မွတ္မိသိရွိၿပီး ေၿခသလုံးရွိ အၫိုအမည္းဒဏ္ရာမ်ားကို ျမင္ေတြ႕ခဲ့ရာမွ စတင္ေမးျမန္းရင္း ျဖစ္စဥ္ေပၚေပါက္ခဲ့ရျခင္းျဖစ္သည္။

အနီးဝန္းက်င္ ျပည္သူမ်ားက ေက်ာက္တံတားရဲစခန္းသို႔ လွမ္းဆက္သြယ္ရာမွ မိန္းကေလးကို လာေရာက္ ေခၚယူခဲ့ၿပီး ေဆးစစ္ခ်က္ယူရန္ ရန္ကုန္ျပည္သူ႕ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့သည္။ ေက်ာက္တံတားရဲစခန္းက မခ်ိဳၿပဳံးႏွင့္ မခ်ိဳၿပဳံး၏အစ္မ၊ အိမ္ရွင္ ဦးေက်ာ္စိုးလင္း၏တူေတာ္သူ
ကိုထြဋ္ေခါင္တို႔၏ ထြက္ဆိုခ်က္မ်ားကို ယူထားၿပီး ဒလမွ မခ်ိဳၿပဳံး၏ အေမေရာက္လၽွင္ နာက်င္ေစမႈျဖင့္ အမႈဖြင့္ခိုင္းမည္ဟု စခန္းမႉး ဒုရဲမႉးတိုးၿမိဳ႕က ေျပာသည္။အိမ္ရွင္ ဦးေက်ာ္စိုးလင္းသည္ ယမန္ေန႔ညကပင္ မကၠာသို႔ ဘုရားဖူးထြက္သြားသည္။

အဆိုပါေန႔က ဦးေက်ာ္စိုးလင္းသည္ အျပင္မွျပန္လာစဥ္ကတည္းက ေဒါသထြက္ေနသည္ကိုေတြ႕ရေၾကာင္း၊ အိမ္အကူျဖစ္သူ မခ်ိဳၿပဳံးကလည္း အိမ္အခန္းတစ္ခန္းထဲတြင္ပင္ တံျမက္စည္းလွဲေနသည္မွာ တစ္နာရီနီးပါး ရွိေနသျဖင့္ ဦးေက်ာ္စိုးလင္း ေဒါသျဖစ္ကာ ဝါယာႀကိဳးျဖင့္ ႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း မ်က္ျမင္ သက္ေသတစ္ဦးၿဖစ္သည့္ ဦးေက်ာ္စိုးလင္း၏တူ ကိုထြဋ္ေခါင္က ေျပာသည္။

“ကၽြန္ေတာ္တို႔အေမရဲ႕အိမ္မွာ မခ်ိဳၿပဳံးရဲ႕ အစ္မ အိမ္အကူလုပ္ေနတာဆို ကိုးႏွစ္ရွိၿပီ။ ဦးေက်ာ္စိုးလင္းတို႔အိမ္မွာ အဲ့ဒီေန႔က ကၽြန္ေတာ္ကိုယ္တိုင္ရွိေနတာ။ ဦးေက်ာ္စိုးလင္းက ႐ိုက္တယ္ဆိုတာေတာ့ ဟုတ္တယ္။ ဒါေပမယ့္ ဆုံးမတဲ့သေဘာမ်ိဳးနဲ႔ပဲလို႔ ကၽြန္ေတာ္ထင္တယ္။ မခ်ိဳၿပဳံးကလည္း မလုပ္တတ္မကိုင္တတ္တာမ်ား၊ အဲ့ဒီေန႔က ဦးေက်ာ္စိုးလင္း ကလည္း အျပင္က ျပန္လာကတည္းက ေဒါသထြက္ေနေတာ့ သူ႕ကိုပါ မဲလိုက္တဲ့သေဘာမ်ိဳးပါ။ ဦးေက်ာ္စိုးလင္းရဲ႕ မိန္းမကိုေတာင္ ႐ိုက္တာလာတားရလားဆိုၿပီး ႐ိုက္ေသးတယ္” ဟု ၎က ဆိုသည္။

မခ်ိဳၿပဳံး၏ မိဘမ်ားႏွင့္ ေတြ႕ဆုံကာ ေျပလည္မႈရရွိေအာင္ ေဆာင္႐ြက္သြားရန္ စီစဥ္ေနေၾကာင္း၊ ကိုေက်ာ္စိုးလင္းအေနျဖင့္ ယမန္ေန႔ညက မကၠာသို႔ ဘုရားဖူးထြက္သြားသည့္အတြက္ ကိစၥအဝဝကို မိမိကပင္ တာဝန္ယူ ေျဖရွင္းသြားမွာျဖစ္ေၾကာင္း ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ကြန္ရက္အဖြဲ႕မွ ကိုေက်ာ္လင္းဦးက ဆက္ေျပာသည္။

“ျဖစ္သြားတာကေတာ့ စိတ္အခန္႔မသင့္လို႔ ႐ိုး႐ိုးဆုံးမတာပါပဲဗ်ာ။ ဦးေက်ာ္စိုးလင္းကလည္း စိတ္သေဘာေကာင္းတဲ့သူပါပဲ။ သူကိုယ္တိုင္႐ိုက္ခဲ့တဲ့အခ်ိန္တုံးက စိတ္မေကာင္းလို႔ ကေလးမေလးကိုေတာင္ မကၠာမသြားခင္ မုန္႔ဖိုးေတြဘာေတြ ေပးခဲ့ေသးတယ္။ ကေလးမေလးကလည္း ‘အသား (က်ဴလီယာ လူမ်ိဳးတို႔ အသုံးအရ ‘အေဖ’) ျမန္ျမန္ျပန္လာ’လို႔ေတာင္ ေျပာေသးတယ္” ဟု ၎က ဆိုသည္။

အ႐ိုက္ႏွက္ခံခဲ့ရသည့္ မခ်ိဳ႕ၿပဳံး၏ ဒဏ္ရာမ်ား
(ဓာတ္ပုံ – ေအာင္ၿငိမ္းခ်မ္း / Myanmar Now)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ထက္ေခါင္လင္း / Myanmar Now

#Unicode Version#

ဩဂုတ် ၉ — ဒလမှ ရန်ကုန်သို့ အလုပ်လာလုပ်သည့် အသက် ၁၆ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်တစ်ဦး ဝါယာကြိုးဖြင့် ရိုက်နှက်ခံထားရသည့်ကိစ္စ နှင့်ပတ်သက်ပြီး ရိုက်နှက်ခဲ့သည့်အိမ်ရှင်ကို အမှုဖွင့်ရန်ပြင်ဆင်နေသည်ဟု သက်ဆိုင်ရာ ရဲစခန်းက Myanmar Now ကို ယနေ့တွင်aNပာသည်။

ထို မိန်းကလေးမှာ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူ လုပ်ကိုင်နေ သည့် ဒလမြို့ဇာတိ မချိုပြုံးဖြစ်ပြီး ထိုအိမ်သို့ရောက်သည်မှာ တစ်လသာ ရှိသေး ကြောင်း၊ ဩဂုတ်လ ၇ ရက်နေ့တွင် အိမ်ရှင် ဦးကျော်စိုးလင်းက တီဗီနှင့် ဒီဗီဒီစက် ဆက်သွယ်ရသည့် ဝါယာကြိုးဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း ကာယကံရှင်မိန်းကလေးက ပြောသည်။

“အမေက ပိုက်ဆံနှစ်သိန်းယူပြီး ကျွန်မကို အိမ်အကူလုပ်ဖို့ ထားခဲ့တာ။ ကျွန်မက ဘာမှမလုပ်တတ်လို့ဆိုပြီး ရိုက်တာ။ ကျွန်မကိုရိုက်တာကို သူ့အမျိုးသမီးက ဝင်တားတာတောင် သူ့အမျိုးသမီးကိုပါ ရိုက်တာ” ဟု ၎င်းက ယနေ့ မနက်ပိုင်းက ဆိုသည်။

တံမြက်စည်းမလှဲတတ်ခြင်း၊ အချက်အပြုတ် မတတ်ခြင်းများကြောင့် ဝါယာကြိုးနှစ်ပင်ပူးကာ ကျောကုန်း၊ ခြေသလုံး၊ ပေါင်များကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မချိုပြုံးက ဆိုသည်။ ယနေ့မနက်ပိုင်း ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ရှိ ပျံကျဈေးသို့ ဈေးဝယ်ထွက်လာသည့် မချိုပြုံးကို ဒလမြို့တွင် အိမ်နီးနားချင်းဖြစ်ခဲ့သူ ဈေးသည်တစ်ဦးက မှတ်မိသိရှိပြီး ခြေသလုံးရှိ အညိုအမည်းဒဏ်ရာများကို မြင်တွေ့ခဲ့ရာမှ စတင်မေးမြန်းရင်း ဖြစ်စဉ်ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

အနီးဝန်းကျင် ပြည်သူများက ကျောက်တံတားရဲစခန်းသို့ လှမ်းဆက်သွယ်ရာမှ မိန်းကလေးကို လာရောက် ခေါ်ယူခဲ့ပြီး ဆေးစစ်ချက်ယူရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။ ကျောက်တံတားရဲစခန်းက မချိုပြုံးနှင့် မချိုပြုံး၏အစ်မ၊ အိမ်ရှင် ဦးကျော်စိုးလင်း၏တူတော်သူ
ကိုထွဋ်ခေါင်တို့၏ ထွက်ဆိုချက်များကို ယူထားပြီး ဒလမှ မချိုပြုံး၏ အမေရောက်လျှင် နာကျင်စေမှုဖြင့် အမှုဖွင့်ခိုင်းမည်ဟု စခန်းမှူး ဒုရဲမှူးတိုးမြို့က ပြောသည်။အိမ်ရှင် ဦးကျော်စိုးလင်းသည် ယမန်နေ့ညကပင် မက္ကာသို့ ဘုရားဖူးထွက်သွားသည်။

အဆိုပါနေ့က ဦးကျော်စိုးလင်းသည် အပြင်မှပြန်လာစဉ်ကတည်းက ဒေါသထွက်နေသည်ကိုတွေ့ရကြောင်း၊ အိမ်အကူဖြစ်သူ မချိုပြုံးကလည်း အိမ်အခန်းတစ်ခန်းထဲတွင်ပင် တံမြက်စည်းလှဲနေသည်မှာ တစ်နာရီနီးပါး ရှိနေသဖြင့် ဦးကျော်စိုးလင်း ဒေါသဖြစ်ကာ ဝါယာကြိုးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေတစ်ဦးဖြစ်သည့် ဦးကျော်စိုးလင်း၏တူ ကိုထွဋ်ခေါင်က ပြောသည်။

“ကျွန်တော်တို့အမေရဲ့အိမ်မှာ မချိုပြုံးရဲ့ အစ်မ အိမ်အကူလုပ်နေတာဆို ကိုးနှစ်ရှိပြီ။ ဦးကျော်စိုးလင်းတို့အိမ်မှာ အဲ့ဒီနေ့က ကျွန်တော်ကိုယ်တိုင်ရှိနေတာ။ ဦးကျော်စိုးလင်းက ရိုက်တယ်ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆုံးမတဲ့သဘောမျိုးနဲ့ပဲလို့ ကျွန်တော်ထင်တယ်။ မချိုပြုံးကလည်း မလုပ်တတ်မကိုင်တတ်တာများ၊ အဲ့ဒီနေ့က ဦးကျော်စိုးလင်း ကလည်း အပြင်က ပြန်လာကတည်းက ဒေါသထွက်နေတော့ သူ့ကိုပါ မဲလိုက်တဲ့သဘောမျိုးပါ။ ဦးကျော်စိုးလင်းရဲ့ မိန်းမကိုတောင် ရိုက်တာလာတားရလားဆိုပြီး ရိုက်သေးတယ်” ဟု ၎င်းက ဆိုသည်။

မချိုပြုံး၏ မိဘများနှင့် တွေ့ဆုံကာ ပြေလည်မှုရရှိအောင် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း၊ ကိုကျော်စိုးလင်းအနေဖြင့် ယမန်နေ့ညက မက္ကာသို့ ဘုရားဖူးထွက်သွားသည့်အတွက် ကိစ္စအဝဝကို မိမိကပင် တာဝန်ယူ ဖြေရှင်းသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတည်ဆောက်မှု ကွန်ရက်အဖွဲ့မှ ကိုကျော်လင်းဦးက ဆက်ပြောသည်။

“ဖြစ်သွားတာကတော့ စိတ်အခန့်မသင့်လို့ ရိုးရိုးဆုံးမတာပါပဲဗျာ။ ဦးကျော်စိုးလင်းကလည်း စိတ်သဘောကောင်းတဲ့သူပါပဲ။ သူကိုယ်တိုင်ရိုက်ခဲ့တဲ့အချိန်တုံးက စိတ်မကောင်းလို့ ကလေးမလေးကိုတောင် မက္ကာမသွားခင် မုန့်ဖိုးတွေဘာတွေ ပေးခဲ့သေးတယ်။ ကလေးမလေးကလည်း ‘အသား (ကျူလီယာ လူမျိုးတို့ အသုံးအရ ‘အဖေ’) မြန်မြန်ပြန်လာ’လို့တောင် ပြောသေးတယ်” ဟု ၎င်းက ဆိုသည်။

အရိုက်နှက်ခံခဲ့ရသည့် မချို့ပြုံး၏ ဒဏ်ရာများ
(ဓာတ်ပုံ – အောင်ငြိမ်းချမ်း / Myanmar Now)
ဖိုးသူတော် (www.phothutaw.com)
Credit:ထက်ခေါင်လင်း / Myanmar Now
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top