ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တခါတရံမွာ ဘာဆိုဘာမွ မလုပ္ခ်င္ေလာက္ေအာင္ကို ပင္ပန္းႏုံးခ်ိေနတာမ်ိဳး ျဖစ္ဖူးၾကမွာပါ။ ဒါကိုေတာ့ လူအမ်ားက ပ်င္းရိတဲ့အမူအက်င့္အျဖစ္သာ သတ္မွတ္ေလ့ရွိၾကပါတယ္။ ဘာမွ လုပ္ခ်င္  ကိုင္ခ်င္စိတ္၊ သြားလာခ်င္စိတ္ကို မရွိေလာက္ေအာင္ ႏံုးခ်ိလာတဲ့အခါ ကိုယ့္ရဲ႕ က်န္းမာေရး အေျခ အေနကို ေသခ်ာေစာင့္ၾကည့္သင့္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ဒါဟာ စိတ္ပိုင္း ဆိုင္ရာက်န္းမာေရးနဲ႔လည္း သက္ေရာက္မႈ ရွိေနသလို၊ ရုပ္ပိုင္းဆိုင္္ရာ က်န္းမာေရးနဲ႔လည္း ဆက္စပ္မႈ ရွိေနပါတယ္။

ဒါေပမယ့္ အေၾကာင္းမဲ့ပင္ပန္းႏံုးခ်ိေနရျခင္းရဲ႕ အေၾကာင္းအရင္းကို ကိုယ္တိုင္ဆန္းစစ္ၾကည့္ပါ။ စိတ္ဖိစီးမႈမ်ားေနတဲ့အတြက္ေၾကာင့္လား၊ စိတ္ညစ္ေနတဲ့အတြက္ေၾကာင့္လား၊ မိန္းကေလးေတြ အေနနဲ႔ေတာ့ လစဥ္ဓမၼတာလာခါနီးနဲ႔ လာၿပီး ကာလဝန္းက်င္ေတြမွာ ျဖစ္တတ္တဲ့ စိတ္ပိုင္းဆုိင္ရာ ဂဏာမၿငိမ္တဲ့ လကၡဏာေၾကာင့္လား ဆိုတာကို ခြဲျခားသိဖို႔လိုပါတယ္။ ဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ အေပၚမွာေျပာခဲ့သလို၊က်န္းမာေရးဆိုင္ရာ ျပႆနာတစ္ရပ္ေၾကာင့္ပါ။ ဒီလို စိတ္မပါလက္မပါနဲ႔ ႏံုးခ်ိျခင္း မျဖစ္ေပၚခင္မွာ ေရွ႕ေျပးက်န္းမာေရး လကၡဏာရပ္ေတြ ျပတတ္ပါတယ္။ ဒါေတြကေတာ့…

(၁) စိတ္မၾကည္မလင္ျဖစ္ျခင္း

(၂) အေမ့အေလ်ာ့ႀကီးလာျခင္း

(၃) ကိုယ္လက္ ပင္ပန္းႏြမ္းနယ္ျခင္း

(၄) စြမ္းအင္ကုန္ဆံုးသလို ခံစားရျခင္း စတဲ့ လကၡဏာရပ္ေတြ ျဖစ္ေပၚလာၿပီိဆိုရင္ေတာ့ သင္ဟာ ပင္ပန္းႏံုးခ်ိျခင္းေဝဒနာကို ခံစားေနရပါၿပီ။

ဒီလိုေတြ ျဖစ္ေပၚၿပီး ေသခ်ာဂရုမစိုက္ဘူးဆိုရင္ေတာ့ ေနာက္ဆက္တြဲက်န္းမာေရးဆိုးက်ိဳးေတြျဖစ္တဲ့..

(၁) ဖ်ားနာျခင္း

(၂) အစာအိမ္နာျခင္း

(၃) ေရဓာတ္ကုန္ခမ္းျခင္း

(၄) ဦးေႏွာက္လုပ္ေဆာင္မႈ ကေမာက္ကမ ျဖစ္ျခင္း

(၅) ေက်ာက္ကပ္အလုပ္လုပ္မႈ ေႏွးေကြးလာျခင္း

(၆) ညဘက္အိပ္စက္ရခက္ခဲျခင္း

(၇) ခႏၶာကိုယ္တြင္း အာဟာရစုပ္ယူမႈ အားနည္းလာျခင္း စတာေတြ ျဖစ္ေပၚလာတတ္တာကို သတိျပဳသင့္ပါတယ္။

ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ဘာမွ မပူလိုက္ပါနဲ႔။ အလြယ္တကူ ကုသမယ့္ နည္းလမ္းေတြ ရွိေနပါတယ္ေနာ္။ 

(၁) ေရမ်ားမ်ားေသာက္ပါ

(၂) အာဟာရရွိတဲ့ အစားအေသာက္မ်ားကို ေရြးခ်ယ္စားသံုးပါ

(၃) ေကာ္ဖီႀကိဳက္တဲ့သူဆိုရင္ ေကာ္ဖီေသာက္သံုးႏုိင္ပါတယ္

(၄) ပ်ားရည္နဲ႔ သံပရိုရည္ေသာက္ပါ

(၅) စိတ္ဖိစီးမႈေလ်ာ့ခ်ပါ

(၆) Green tea ေသာက္ပါ

(၇) အိပ္ေရးဝဝအိပ္ပါ

(၈) ေထာပတ္သီး၊ ငွက္ေပ်ာသီးစတဲ့ မဂၢနီဆီယံၾကြယ္ဝတဲ့ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးေပးပါ။ ဒါဆိုရင္ေတာ့ ပ်င္းရိျခင္းလို႔ သတ္မွတ္ၾကတဲ့ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရွိေလာက္ေအာင္ ပင္ပန္းႏံုးခ်ိ တဲ့ေဝဒနာ သက္သာေပ်ာက္ကင္းေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ့ပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
တခါတရံမှာ ဘာဆိုဘာမှ မလုပ်ချင်လောက်အောင်ကို ပင်ပန်းနုံးချိနေတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကိုတော့ လူအများက ပျင်းရိတဲ့အမူအကျင့်အဖြစ်သာ သတ်မှတ်လေ့ရှိကြပါတယ်။ ဘာမှ လုပ်ချင်  ကိုင်ချင်စိတ်၊ သွားလာချင်စိတ်ကို မရှိလောက်အောင် နုံးချိလာတဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေး အခြေ အနေကို သေချာစောင့်ကြည့်သင့်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ ဒါဟာ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးနဲ့လည်း သက်ရောက်မှု ရှိနေသလို၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

ဒါပေမယ့် အကြောင်းမဲ့ပင်ပန်းနုံးချိနေရခြင်းရဲ့ အကြောင်းအရင်းကို ကိုယ်တိုင်ဆန်းစစ်ကြည့်ပါ။ စိတ်ဖိစီးမှုများနေတဲ့အတွက်ကြောင့်လား၊ စိတ်ညစ်နေတဲ့အတွက်ကြောင့်လား၊ မိန်းကလေးတွေ အနေနဲ့တော့ လစဉ်ဓမ္မတာလာခါနီးနဲ့ လာပြီး ကာလဝန်းကျင်တွေမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဂဏာမငြိမ်တဲ့ လက္ခဏာကြောင့်လား ဆိုတာကို ခွဲခြားသိဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အပေါ်မှာပြောခဲ့သလို၊ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ကြောင့်ပါ။ ဒီလို စိတ်မပါလက်မပါနဲ့ နုံးချိခြင်း မဖြစ်ပေါ်ခင်မှာ ရှေ့ပြေးကျန်းမာရေး လက္ခဏာရပ်တွေ ပြတတ်ပါတယ်။ ဒါတွေကတော့…


(၁) စိတ်မကြည်မလင်ဖြစ်ခြင်း

(၂) အမေ့အလျော့ကြီးလာခြင်း

(၃) ကိုယ်လက် ပင်ပန်းနွမ်းနယ်ခြင်း

(၄) စွမ်းအင်ကုန်ဆုံးသလို ခံစားရခြင်း စတဲ့ လက္ခဏာရပ်တွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ သင်ဟာ ပင်ပန်းနုံးချိခြင်းဝေဒနာကို ခံစားနေရပါပြီ။

ဒီလိုတွေ ဖြစ်ပေါ်ပြီး သေချာဂရုမစိုက်ဘူးဆိုရင်တော့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေဖြစ်တဲ့..

(၁) ဖျားနာခြင်း

(၂) အစာအိမ်နာခြင်း

(၃) ရေဓာတ်ကုန်ခမ်းခြင်း

(၄) ဦးနှောက်လုပ်ဆောင်မှု ကမောက်ကမ ဖြစ်ခြင်း

(၅) ကျောက်ကပ်အလုပ်လုပ်မှု နှေးကွေးလာခြင်း

(၆) ညဘက်အိပ်စက်ရခက်ခဲခြင်း

(၇) ခန္ဓာကိုယ်တွင်း အာဟာရစုပ်ယူမှု အားနည်းလာခြင်း စတာတွေ ဖြစ်ပေါ်လာတတ်တာကို သတိပြုသင့်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင်တော့ ဘာမှ မပူလိုက်ပါနဲ့။ အလွယ်တကူ ကုသမယ့် နည်းလမ်းတွေ ရှိနေပါတယ်နော်။ 

(၁) ရေများများသောက်ပါ

(၂) အာဟာရရှိတဲ့ အစားအသောက်များကို ရွေးချယ်စားသုံးပါ

(၃) ကော်ဖီကြိုက်တဲ့သူဆိုရင် ကော်ဖီသောက်သုံးနိုင်ပါတယ်

(၄) ပျားရည်နဲ့ သံပရိုရည်သောက်ပါ

(၅) စိတ်ဖိစီးမှုလျော့ချပါ

(၆) Green tea သောက်ပါ

(၇) အိပ်ရေးဝဝအိပ်ပါ

(၈) ထောပတ်သီး၊ ငှက်ပျောသီးစတဲ့ မဂ္ဂနီဆီယံကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးပေးပါ။ ဒါဆိုရင်တော့ ပျင်းရိခြင်းလို့ သတ်မှတ်ကြတဲ့ လုပ်ချင်ကိုင်ချင်စိတ် မရှိလောက်အောင် ပင်ပန်းနုံးချိ တဲ့ဝေဒနာ သက်သာပျောက်ကင်းစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ပလပ်ဖောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top