မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





# Unicode Version ဖြင့် ဖတ်ပါ #
မကြာသေးခင်အချိန်တုန်းကမှ စေ့စပ်ထားတဲ့ ဂျေလီနဲ့ ဟေလီတို့နှစ်ဦးဟာ ပန်းခြံတစ်ခုထဲမှာ စက်ဘီးလေးတွေကို ဘေးချရင်း ဂျေဘီငိုနေတာကို ဟေလီက နှစ်သိမ့်နေတဲ့ ပုံလေးတွေ လူမှုကွန်ရက်တွေပေါ် တက်လာလို့ ဘယ်လိုအခက်အခဲတွေက ငိုစေခဲ့တာလဲလို့ သို့လောသို့လောလေးတွေ သတင်းထွက်လာပါတယ်။

ပန်းခြံထဲမှာတော့ ဂျေဘီက ငိုနေတာကို ဟေလီက နှစ်သိမ့်အားပေးနေပြီး တစ်ဦးနဲ့ တစ်ဦး လက်တွေကို ကိုင်ထားကာ ဆုတောင်းနေတဲ့ ပုံလေးကြောင့် အခက်အခဲ တစ်ခုခုတော့ရှိနေပြီ လို့ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြတာပါ။
ဂျေဘီ အနေနဲ့ ဟေလီကို ချစ်တဲ့အကြောင်းစာသားတွေ နဲ့အတူ ပြီးခဲ့တဲ့ တစ်လလောက်တုန်းက တင်ခဲ့ဖူးပြီး သူ့အနေနဲ့ ဟေလီကို အရမ်းချစ်ကြောင်း၊ ဟေလီအနေနဲ့လည်းသူ့ကို ပြန်ချစ်တဲ့ အကြောင်းတွေတင်ခဲ့တာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်စတင်အနေနဲ့ ဆလီနာနဲ့ပြတ်ပြီး ဟေလီနဲ့ မတွဲခင်က ဘက်စကင်ချန်ပီယံ နဲ့ ကော့တီ ကာဒစ်ရှန်တို့ နဲ့ အရင် ဒိတ်ခဲ့ပါသေးတယ်။ နောက်မှသာ ဟေလီနဲ့ အဆင်ပြေသွားခဲ့တာပါ။ ဟေလီကတော့ အတိတ်က ကိစ္စတွေကို မေ့ထားပြီး လက်ရှိကိုသာ အကောင်းဆုံး လက်တွဲထားနေတယ် လို့ပြောခဲ့ပါတယ်။

အခုချိန်မှာတော့ အမြဲလိုလို ချစ်တဲ့အကြောင်းတွေနဲ့ သာယာနေတဲ့ အချစ်ဌက်ကလေးတွေအနေနဲ့ မုန်တိုင်းမိစရာ ကိစ္စလေးတွေ ရှိလာပြီလို့ ထွက်ပေါ်လာခဲ့တဲ့ ပုံ တွေအရ ခန့်မှန်းမိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top