ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တိုက္ခန္းေတြမွာေနရင္ေတာ့ ဒီလိုပဲေပါ႔ ေခါင္းထဲမထားနဲ႔”
*****
ေမး-
ေအာက္ထပ္ အိမ္ေထာင္စုမ်ား၌ ဘုရားခန္းထား၍ ကိုးကြယ္ရာ
အေပၚထပ္အိမ္ေထာင္စုတို႔၏ေအာက္မွာျဖစ္ေနတတ္၍
ဘုရားခန္း၏အေပၚ၌ သြားလာေနထိုင္သူမ်ား၌ အျပစ္ရွိပါသလား?..
(or)
ေအာက္ထပ္၌ ဘုရားခန္းထားသူမ်ားမွာ အျပစ္ရွိပါသလား?..

ေျဖ-
အထက္ထပ္၌ေနသည္ျဖစ္ေစ ေအာက္ထပ္၌ေနသည္ျဖစ္ေစ
ဗုဒၶရွင္ေတာ္ျမတ္ဘုရားအား ၾကည္ညိဳကိုးကြယ္ၾကေသာ
ဗုဒၶဘာသာဝင္မ်ားပီပီ ဘုရားခန္းကို တခမ္းတနားထား၍ ကိုးကြယ္ၾကျခင္းမွာ ဓမၼတာျဖစ္ရသည္..

ေအာက္ထပ္ျဖစ္၍ ဘုရားခန္းမထားသင့္ မကိုးကြယ္သင့္ဟူ၍ မျဖစ္သင့္ပါေခ်..
မိမိတို႔ေနထိုင္ရာေနရာ၌ အထြတ္အျမတ္ဆုံုးထား၍ ကိုးကြယ္ၾကရန္သာျဖစ္သည္..
ဤသို႔ေအာက္ထပ္၌ ဘုရားထား၍ကိုးကြယ္ျခင္းေၾကာင့္
အေပၚထပ္၌ေနသူတို႔အတြက္လည္း မရိုမေသျပဳမူသည္မမည္..
ပကတိေနျမဲအတိုင္းေနပါ..အျပစ္ျဖစ္စရာအေၾကာင္းမရွိေပ..

သာဓကအေနျဖင့္ဆိုရေသာ္ ဥတၱရသတို႔သမီးသည္ ခင္ပြန္းျဖစ္သူက
ဗုဒၶရွင္ေတာ္ျမတ္ဘုရားအားကိုးကြယ္သူမဟုတ္၍ ခင္ပြန္းျဖစ္သူအား
သူမကိုယ္စား သီရိမာအား အေပၚထပ္၌ ျပဳစုလုပ္ေကြ်းေစခဲ့သည္..
သူမ(ဥတၱရသတို႔သမီး)က ေအာက္ထပ္သို႔ဆင္းလာၿပီး
ဘုရားအမွဴးရွိေသာ သံဃာေတာ္တို႔အား ခုနစ္ရက္ပတ္လုံး ပင့္ဖိတ္၍ ဆြမ္းလုပ္ေကြ်းခဲ့ေလသည္..

ျမတ္စြာဘုရားကိုယ္ေတာ္တိုင္လည္း ဥတၱရာရွိရာ ျပသာဒ္ေအာက္ထပ္သို႔ ၾကြေရာက္ခ်ီးေျမွာက္ခဲ့သည္..
ထို႔ေၾကာင့္ အိမ္ေအာက္ထပ္၌ ေနထိုင္ေသာ္လည္း
ဘုရားခန္းထား၍ ကိုးကြယ္သင့္သည္သာျဖစ္ပါ၏..
ဘုရားခန္းသို႔ အမႈန္အမိႈက္မ်ားမက်ေရာက္ႏိုင္ရန္ အဝတ္မ်က္ႏွာၾကတ္စသည္ျဖင့္ လွလွပပျပဳလုပ္ပူေဇာ္ထားၾကရန္ကား လိုေပလိမ့္မည္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရေဝထြန္း(အရွင္တိေလာကသာရ)

#Unicode Version#
တိုက်ခန်းတွေမှာနေရင်တော့ ဒီလိုပဲပေါ့ ခေါင်းထဲမထားနဲ့”
*****
မေး-
အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ
အပေါ်ထပ်အိမ်ထောင်စုတို့၏အောက်မှာဖြစ်နေတတ်၍
ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများ၌ အပြစ်ရှိပါသလား?..
(or)
အောက်ထပ်၌ ဘုရားခန်းထားသူများမှာ အပြစ်ရှိပါသလား?..

ဖြေ-
အထက်ထပ်၌နေသည်ဖြစ်စေ အောက်ထပ်၌နေသည်ဖြစ်စေ
ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ကြည်ညိုကိုးကွယ်ကြသော
ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာဖြစ်ရသည်..

အောက်ထပ်ဖြစ်၍ ဘုရားခန်းမထားသင့် မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ..
မိမိတို့နေထိုင်ရာနေရာ၌ အထွတ်အမြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာဖြစ်သည်..
ဤသို့အောက်ထပ်၌ ဘုရားထား၍ကိုးကွယ်ခြင်းကြောင့်
အပေါ်ထပ်၌နေသူတို့အတွက်လည်း မရိုမသေပြုမူသည်မမည်..
ပကတိနေမြဲအတိုင်းနေပါ..အပြစ်ဖြစ်စရာအကြောင်းမရှိပေ..

သာဓကအနေဖြင့်ဆိုရသော် ဥတ္တရသတို့သမီးသည် ခင်ပွန်းဖြစ်သူက
ဗုဒ္ဓရှင်တော်မြတ်ဘုရားအားကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား
သူမကိုယ်စား သီရိမာအား အပေါ်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်..
သူမ(ဥတ္တရသတို့သမီး)က အောက်ထပ်သို့ဆင်းလာပြီး
ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်..

မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ်အောက်ထပ်သို့ ကြွရောက်ချီးမြှောက်ခဲ့သည်..
ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း
ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာဖြစ်ပါ၏..
ဘုရားခန်းသို့ အမှုန်အမှိုက်များမကျရောက်နိုင်ရန် အဝတ်မျက်နှာကြတ်စသည်ဖြင့် လှလှပပပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်..

ဖိုးသူတော် (www.phothutaw.com)
Credit: ရဝေထွန်း(အရှင်တိလောကသာရ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top