iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံက နာမည္ၾကီး မိတ္ကပ္ပညာရွင္ ညီညီေမာင္ (စမ္းေခ်ာင္း)ကေတာ့ လူတိုင္းနဲ႔ သိပ္ျပီးေတာ့ စိမ္းမယ္ မထင္ပါဘူး။ မိန္းမနဲ႔တူေအာင္ ခြဲစိတ္ျပဳျပင္မႈေတြ လုပ္ခဲ့ျပီး ဟာသဗီဒီယိုေလးေတြကို Facebook ေပၚတင္တာေၾကာင့္ ပိုျပီးေတာ့ နာမည္ရလာတဲ့ မိတ္ကပ္ပညာရွင္လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ညီညီေမာင္ (စမ္းေခ်ာင္း) က အႏုပညာလႈပ္ရွားမႈေတြကိုလည္း ျပဳလုပ္ေနတာ ျဖစ္တယ္။ ထို႔ေနာက္ သူ႔အေနနဲ႔ ဖန္ျပြန္သေႏၶသား လုပ္ထားျပီး ေအာင္ျမင္သြားရင္ေတာ့ ခ်ျပမယ္ဟု ေျပာၾကားလာခဲ့ပါတယ္။

ညီညီေမာင္ (စမ္းေခ်ာင္း) ကေတာ့ MC 7 နဲ႔အင္တာဗ်ဴးတြင္ “ခုလက္ရွိကေတာ့ Facebook ေၾကာ္ျငာေလးေတြ ရိုက္ျဖစ္တယ္။ ၂၀ ေက်ာ္က်ရင္ေတာ့ မထက္ရယ္ လင္းရယ္ သုရယ္ ၃ ေယာက္မိတ္ကပ္ေၾကာ္ျငာ ရိုက္မယ္။ သူတို႔ဖန္ျပြန္သေႏၶသားေလး လုပ္ထားတာ ေအာင္ျမင္သေလာက္ေတာ့ ရွိေနတယ္ေပါ့။

ဒါေပမဲ့လည္း အရမ္းၾကီးမေသခ်ာေသးေတ့ာ မေျပာေသးတာပါ။ ေသခ်ာျပီ သေႏၶေအာင္သြားျပီးဆိုရင္ေတာ့ အားလံုးခ်ျပသြားမွာပါ။ သူတို႔ကေတာ့ ေအာင္မယ္လို႔ ေျပာၾကတာပဲ။ အဓိကကေတာ့ ကိုယ့္ရဲ့ မ်ိဳးဆက္လု႔ိ ထင္လို႔ပါ။ အမွန္တိုင္းေျပာၾကရင္ေတာ့ သုတို႔က မိန္းမလ်ာေတြေလ။ ကုိယ္ကိုတိုင္ ကိုယ္ဝန္ေဆာင္ဖို႔လည္း မျဖစ္ႏိုင္ဘူးေလ။ လိင္ကြဲကိုလည္း စိတ္မဝင္စားဘူး။ အဲ့ဒါေၾကာင့္ယူျဖစ္တာပါ”

ဆက္လက္ျပီး ညီညီေမာင္ (စမ္းေခ်ာင္း) ကေတာ့ “ခ်စ္သူဆိုတာက ခ်စ္သူပဲေပါ့။ ခ်စ္တဲ့သူပဲ ရွိတာေပါ့။ ဒီလိုပါပဲ။ ေျပာျပပါ့မယ္။ ေသခ်ာရင္ အားလံုးကို မေသခ်ာေသးလို႔ မေျပာေသးတာပါ။ ေသခ်ာရင္ေတာ့ အားလံုးကို ခ်ျပရမွာပဲေလ။ ကုိယ္ခ်စ္တဲ့ မီဒီယာေတြ ကိုယ္ခ်စ္တဲ့ ပရိသတ္ေတြ အားလံုးကို လိမ္စရာလည္း အေၾကာင္းမရွိပါဘူး။ အားလံုးကိုခ်ျပရမွာပဲေလ။ သုက ဘာလုပ္ပြင့္ပြင့္လင္းလင္းပဲ လုပ္တတ္တာဆိုေတာ့ ေသခ်ာရင္ အားလံုးကို ေျပာျပပါ့မယ္”

အလွေတြပိုျပီးေတာ့ ျပင္လာတာ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “ဒါကေတာ့ ကိုယ္လည္း ျပင္ျပင္ဆင္ဆင္ေနတတ္လာတာလည္း ပါပါတယ္။ ျပီးေတာ့ သူမ်ားေတြ ေတာ္ေတာ္မ်ားမ်ားခ်စ္တဲ့ မ်က္လံုးနဲ႔ ၾကည့္ေပးတာေၾကာင့္လို႔လည္း ထင္ပါတယ္”

ပရိသတ္ေတြကို ေျပာခ်င္တာကေတာ့ “သုသုတို႔လို ေယာက်ာ္းခႏၶာကိုယ္ကို မိန္းမတန္ဆာေတြ ဆင္ျပီးဝတ္ထားတဲ့သူေတြကို ခ်စ္ေပးတာ ေက်းဇူးအရမ္းကို တင္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version#
ကျွန်တော်တို့ မြန်မာနိုင်ငံက နာမည်ကြီး မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)ကတော့ လူတိုင်းနဲ့ သိပ်ပြီးတော့ စိမ်းမယ် မထင်ပါဘူး။ မိန်းမနဲ့တူအောင် ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့ပြီး ဟာသဗီဒီယိုလေးတွေကို Facebook ပေါ်တင်တာကြောင့် ပိုပြီးတော့ နာမည်ရလာတဲ့ မိတ်ကပ်ပညာရှင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ညီညီမောင် (စမ်းချောင်း) က အနုပညာလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေတာ ဖြစ်တယ်။ ထို့နောက် သူ့အနေနဲ့ ဖန်ပြွန်သန္ဓေသား လုပ်ထားပြီး အောင်မြင်သွားရင်တော့ ချပြမယ်ဟု ပြောကြားလာခဲ့ပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ MC 7 နဲ့အင်တာဗျူးတွင် “ခုလက်ရှိကတော့ Facebook ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ၂၀ ကျော်ကျရင်တော့ မထက်ရယ် လင်းရယ် သုရယ် ၃ ယောက်မိတ်ကပ်ကြော်ငြာ ရိုက်မယ်။ သူတို့ဖန်ပြွန်သန္ဓေသားလေး လုပ်ထားတာ အောင်မြင်သလောက်တော့ ရှိနေတယ်ပေါ့။

ဒါပေမဲ့လည်း အရမ်းကြီးမသေချာသေးတေ့ာ မပြောသေးတာပါ။ သေချာပြီ သန္ဓေအောင်သွားပြီးဆိုရင်တော့ အားလုံးချပြသွားမှာပါ။ သူတို့ကတော့ အောင်မယ်လို့ ပြောကြတာပဲ။ အဓိကကတော့ ကိုယ့်ရဲ့ မျိုးဆက်လု့ိ ထင်လို့ပါ။ အမှန်တိုင်းပြောကြရင်တော့ သုတို့က မိန်းမလျာတွေလေ။ ကိုယ်ကိုတိုင် ကိုယ်ဝန်ဆောင်ဖို့လည်း မဖြစ်နိုင်ဘူးလေ။ လိင်ကွဲကိုလည်း စိတ်မဝင်စားဘူး။ အဲ့ဒါကြောင့်ယူဖြစ်တာပါ”

ဆက်လက်ပြီး ညီညီမောင် (စမ်းချောင်း) ကတော့ “ချစ်သူဆိုတာက ချစ်သူပဲပေါ့။ ချစ်တဲ့သူပဲ ရှိတာပေါ့။ ဒီလိုပါပဲ။ ပြောပြပါ့မယ်။ သေချာရင် အားလုံးကို မသေချာသေးလို့ မပြောသေးတာပါ။ သေချာရင်တော့ အားလုံးကို ချပြရမှာပဲလေ။ ကိုယ်ချစ်တဲ့ မီဒီယာတွေ ကိုယ်ချစ်တဲ့ ပရိသတ်တွေ အားလုံးကို လိမ်စရာလည်း အကြောင်းမရှိပါဘူး။ အားလုံးကိုချပြရမှာပဲလေ။ သုက ဘာလုပ်ပွင့်ပွင့်လင်းလင်းပဲ လုပ်တတ်တာဆိုတော့ သေချာရင် အားလုံးကို ပြောပြပါ့မယ်”

အလှတွေပိုပြီးတော့ ပြင်လာတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ဒါကတော့ ကိုယ်လည်း ပြင်ပြင်ဆင်ဆင်နေတတ်လာတာလည်း ပါပါတယ်။ ပြီးတော့ သူများတွေ တော်တော်များများချစ်တဲ့ မျက်လုံးနဲ့ ကြည့်ပေးတာကြောင့်လို့လည်း ထင်ပါတယ်”

ပရိသတ်တွေကို ပြောချင်တာကတော့ “သုသုတို့လို ယောကျာ်းခန္ဓာကိုယ်ကို မိန်းမတန်ဆာတွေ ဆင်ပြီးဝတ်ထားတဲ့သူတွေကို ချစ်ပေးတာ ကျေးဇူးအရမ်းကို တင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top