ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×




Credit: dvb
# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ကျောက်မီးသွေးတွင်း တစ်ခုမှာတော့ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါကျောက်မီးသွေးတွင်းကတော့ ကွေ့ကျိုးပြည်နယ်မှာ တည်ရှိတဲ့ ပုဂ္ဂလိကပိုင် ပန်းနန် ကျောက်မီးသွေးတွင်းပဲဖြစ်ပါတယ်။မတော်တဆမှုကတော့ တနင်္လာနေ့ ည ကိုနာရီ မှာစတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးရေ လေးဦးထိရှိခဲ့ပါတယ်။

သို့ပေမယ့် လူ ကိုးဦး ပျောက်ဆုံးနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေသေးတယ်လို့ သိရပါတယ် အဆိုပါပျောက်ဆုံးနေတဲ့ လုပ်သားတွေကိုတော့ ကယ်ဆယ်ရေးအဖွဲ့က ၂၄ နာရီလုံးအလှည့် ကျစနစ်နဲ့ရှာဖွေနေပြီး ပိတ်ဆို့နေတဲ့ ဥမင်မီတာ ၄၀ လောက်ကိုအရင်ရှင်းပြီးပေမယ့် ၅၈ မီတာလောက် ဆက်လက်ရှင်းလင်းဖို့လိုနေပါသေးတယ်။

ယခုကယ်ဆယ်ရေးက မြေအောက်က နေရာကျဉ်းကျဉ်းလေးထဲမှာ လုပ်ရတာဖြစ်တာကြောင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သလို လူအင်အားတွေလည်း အများကြီးလိုအပ်တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top