ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

က်န္းမာေရး၀န္ထမ္းေတြအတြက္ လာမယ့္ ဘ႑ာနွစ္မွာ က်ပ္ ၂၆၃ ဘီလ်ံ က်ပ္နဲ႔ ၀န္ထမ္းအိမ္ရာေတြကုိ ေဆာက္လုပ္သြားမယ္လုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ ျမင့္ေထြးက ပခုကၠဴမွာျပဳလုပ္တဲ့ အတုိင္ပင္ခံပုဂၢိဳလ္နဲ႔ ေဒသခံစကား၀ုိင္းမွာ ေျပာၾကားခဲ့ပါတယ္။

စကား၀ုိင္းမွာ ေဒသခံျပည္သူတစ္ဦးရဲ႕ က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ မယဥ္ေက်းတဲ့ကိစၥကို ေမးျမန္းရာမွာ ၀န္ႀကီးက ထည့္သြင္းေျဖၾကားခဲ့တာျဖစ္ပါတယ္။

က်န္းမာေရး၀န္ႀကီးက က်န္မားေရး၀န္ထမ္းေတြ လက္ရွိ ၾကံဳေတြ႕ေနရာတကာ ၀န္ထမ္းအိမ္ရာ ျပသနာျဖစ္ေနၿပီး ေအာက္တုိဘာလအတြင္း ဘတ္ဂ်က္ရတာနဲ႔ အိမ္ရာေတြကုိ ေဆာက္လုပ္ေပးေတာ့မယ္လုိ႔ ဆုိပါတယ္။

“ ၀န္ထမ္းေတြက ဘာျပသနာတတ္ေနလဲဆိုေတာ့ ၀န္ထမ္းအိမ္ရာပါ။  ၂၀၁၈-၁၉ ဘတ္ဂ်တ္ မွာ၂၆၃ဘီလ်ံက်ပ္ကုိ ၀န္ထမ္းအိမ္ရာေတြေဆာက္မယ္။အကုန္လံုးလည္းသတ္မွတ္ၿပီးပါၿပီ။ တိုင္းနဲ႔ ျပည္နယ္အလုိက္  ဘယ္ေဆးရုံ၊ဘယ္မွာ အကုန္အေသးစိတ္ရွိပါတယ္။ေအာက္တုိဘာ ဘတ္ဂ်က္ရတာနဲ႔ စေဆာက္မယ္။ တုိင္းနဲ႔ ျပည္နယ္ အစိုးရေတြကုိတာ၀န္ခံခိုင္းမယ္။ ၀န္ထမ္းအိမ္ရာေတြကုိ ေနာက္ႏွစ္လည္းတုိးေပးမယ္။ ေဆးရုံအသစ္ကေတာ့ အေျခအေနအရ အရမ္းလုိအပ္မွပဲ တုိးေပးမယ္။ အသစ္ေဆာက္မယ္။ ရွိတဲ့ ေဆးရုံမွာလည္း  ဆရာ၀န္ေတြ ၊ ဆရာမေတြ ျဖစ္ေအာင္လည္း ကၽြန္ေတာ္လုပ္ေပးပါ့မယ္” လုိ႔ ၀န္ႀကီးက ေျပာၾကားခဲ့ပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကလည္း က်န္းမာေရး၀န္ထမ္းေတြ မယဥ္ေက်းတဲ့ ကိစၥမွာ က်န္းမာေရး၀န္ထမ္းေတြ မလုံေလာက္တာနဲ႔သက္ဆုိင္တယ္လုိ႔လည္း ေျပာၾကားခဲ့ပါတယ္။

“က်န္းမာေရး၀န္ထမ္းေတြ မယဥ္ေက်းတဲ့ကိစၥကလည္း ဆရာ၀န္၊ဆရာမေတြ၊ သူနာျပဳေတြ မလုံေလာက္တာနဲ႔လည္း ဆုိင္ပါတယ္။အလုပ္က သိပ္မ်ားေနေတာ့ နည္းနည္းၾကမ္းသြားတာေပါ့’’ လုိ႔ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကျန်းမာရေးဝန်ထမ်းတွေအတွက် လာမယ့် ဘဏ္ဍာနှစ်မှာ ကျပ် ၂၆၃ ဘီလျံ ကျပ်နဲ့ ဝန်ထမ်းအိမ်ရာတွေကို ဆောက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပခုက္ကူမှာပြုလုပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံစကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။

စကားဝိုင်းမှာ ဒေသခံပြည်သူတစ်ဦးရဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မယဉ်ကျေးတဲ့ကိစ္စကို မေးမြန်းရာမှာ ဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးက ကျန်မားရေးဝန်ထမ်းတွေ လက်ရှိ ကြုံတွေ့နေရာတကာ ဝန်ထမ်းအိမ်ရာ ပြသနာဖြစ်နေပြီး အောက်တိုဘာလအတွင်း ဘတ်ဂျက်ရတာနဲ့ အိမ်ရာတွေကို ဆောက်လုပ်ပေးတော့မယ်လို့ ဆိုပါတယ်။

“ ဝန်ထမ်းတွေက ဘာပြသနာတတ်နေလဲဆိုတော့ ဝန်ထမ်းအိမ်ရာပါ။  ၂၀၁၈-၁၉ ဘတ်ဂျတ် မှာ၂၆၃ဘီလျံကျပ်ကို ဝန်ထမ်းအိမ်ရာတွေဆောက်မယ်။အကုန်လုံးလည်းသတ်မှတ်ပြီးပါပြီ။ တိုင်းနဲ့ ပြည်နယ်အလိုက်  ဘယ်ဆေးရုံ၊ဘယ်မှာ အကုန်အသေးစိတ်ရှိပါတယ်။အောက်တိုဘာ ဘတ်ဂျက်ရတာနဲ့ စဆောက်မယ်။ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကိုတာဝန်ခံခိုင်းမယ်။ ဝန်ထမ်းအိမ်ရာတွေကို နောက်နှစ်လည်းတိုးပေးမယ်။ ဆေးရုံအသစ်ကတော့ အခြေအနေအရ အရမ်းလိုအပ်မှပဲ တိုးပေးမယ်။ အသစ်ဆောက်မယ်။ ရှိတဲ့ ဆေးရုံမှာလည်း  ဆရာဝန်တွေ ၊ ဆရာမတွေ ဖြစ်အောင်လည်း ကျွန်တော်လုပ်ပေးပါ့မယ်” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ ကိစ္စမှာ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တာနဲ့သက်ဆိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ကိစ္စကလည်း ဆရာဝန်၊ဆရာမတွေ၊ သူနာပြုတွေ မလုံလောက်တာနဲ့လည်း ဆိုင်ပါတယ်။အလုပ်က သိပ်များနေတော့ နည်းနည်းကြမ်းသွားတာပေါ့’’ လို့ ပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top