iMyanmarHouse.com - Best Property Website for Myanmar
×

လစာေငြ တုိးျမင့္ရရွိမႈကိစၥနဲ႔ပတ္သက္လို႔ ကန္႔ကြက္ဆန္႔က်င္ေၾကာင္း ကေနဒါႏိုင္ငံက ဆရာ၀န္ေတြက ဆႏၵထုတ္ေဖာ္လိုက္ပါတယ္။ ခုလို လစာတုိးျမင့္မႈအေပၚ ဆန္႔က်င္ေၾကာင္း ထုတ္ေဖာ္ကန္႔ကြက္စာကိုေတာ့ ယင္းႏိုင္ငံက ဆရာ၀န္နဲ႔ ေဒသခံ၅၀၀ ေက်ာ္နဲ႔အတူ ေဆးေက်ာင္းသား ၁၅၀ ေက်ာ္တို႔ ပါ၀င္လက္မွတ္ထုိးခဲ့ၾကပါတယ္။

” မၾကာေသးခင္ကပဲ ေဆးဘက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕ ညွိႏႈိင္းမႈနဲ႔အတူ ဆရာ၀န္ေတြကို လစာေတြ တုိးျမင့္ေပးမႈအေပၚမိမိတို႔ Quebec ဆရာ၀န္ေတြက လံု႔၀ ကန္႔ကြက္ပါတယ္” ဆိုၿပီး ယင္းစာထဲမွာ ေရးထားပါတယ္။အဆုိပါ ဆႏၵျပအုပ္စုက ေျပာၾကားရာမွာေတာ့ လက္ရွိအခ်ိန္မွာေဆး၀ါးကုသမႈလုပ္ငန္းထဲမွာ သူနာျပဳေတြ၊ လူနာေတြအေနနဲ႔ အက်ပ္အတည္းေတြနဲ႔ ရုန္းကန္ေနရခ်ိန္မ်ဳိးမွာ သူတို႔ေတြကေတာ့ လစာေတြ တုိးရတဲ့အတြက္ စိတ္မသန္႔ဘဲ အျပစ္ရွိသလိုခံစားရေၾကာင္း ထုတ္ေဖာ္သြားခဲ့ပါတယ္။

” ခုလို ဆရာ၀န္ေတြကိုပဲ လစာတုိးေပးတာက တကယ္ေတာ့စိတ္ပ်က္တုန္လႈပ္မိပါတယ္၊ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ေဖာ္ကုိင္ဘက္ေတြျဖစ္ၾကတဲ့ သူနာျပဳေတြ၊ စာေရးေတြ၊အျခား၀န္ထမ္းေတြ အသီးသီးအလုပ္ခြင္ထဲမွာ အခက္အခဲေတြ ရွိေနလို႔ ျဖစ္ပါတယ္၊ ေနာက္ၿပီး လူနာေတြဆိုရင္လည္း သူတို႔ လိုအပ္တဲ့ ၀န္ေဆာင္ေထာက္ပံ့မႈေတြ လံုလံုေလာက္ေလာက္ မရၾကရွာဘူး ျဖစ္ေနတယ္၊ ဒါေတြကလည္း ဘတ္ဂ်က္အသံုးစရိတ္ျဖတ္ေတာက္ထားလို႔ ျဖစ္ရတာပါ” ဆုိၿပီး ယင္းစာထဲမွာေရးသားေဖာ္ျပထားပါတယ္။” ဒါေၾကာင့္ ကၽြန္ေတာ္တို႔ Quebec ဆရာ၀န္ေတြဘက္ကေတာင္းဆိုလိုတာက ဒီလိုမ်ဳိး သမားေတာ္ေတြကို လစာေငြ တုိးျမင့္မႈေတြ ျပန္ပယ္ဖ်က္လုိက္ဖို႔ပါပဲ၊ ေနာက္ၿပီး ဒီစနစ္ရဲ႕အရင္းအျမစ္ေတြကို တစ္ျခား က်န္းမာေရးေစာင့္ေရွာက္မႈ ၀န္ထမ္းေတြရဲ႕ ေကာင္းက်ဳိးအတြက္ ျပန္လည္ျဖန္႔ေ၀ေပးဖို႔၊ Quebec ျပည္သူေတြအတြက္ တန္ဖုိးရွိမယ့္ က်န္းမာေရး၀န္ေဆာင္မႈေတြ ေထာက္ပံ့ဖို႔ ေတာင္းဆိုပါတယ္” ဆိုၿပီး ယင္းစာထဲမွာ ေရးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
လစာငွေ တိုးမြင့်ရရှိမှုကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်ဆန့်ကျင်ကြောင်း ကနေဒါနိုင်ငံက ဆရာဝန်တွေက ဆန္ဒထုတ်ဖော်လိုက်ပါတယ်။ ခုလို လစာတိုးမြင့်မှုအပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ကန့်ကွက်စာကိုတော့ ယင်းနိုင်ငံက ဆရာဝန်နဲ့ ဒေသခံ၅၀၀ ကျော်နဲ့အတူ ဆေးကျောင်းသား ၁၅၀ ကျော်တို့ ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

” မကြာသေးခင်ကပဲ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းမှုနဲ့အတူ ဆရာဝန်တွေကို လစာတွေ တိုးမြင့်ပေးမှုအပေါ်မိမိတို့ Quebec ဆရာဝန်တွေက လုံ့၀ ကန့်ကွက်ပါတယ်” ဆိုပြီး ယင်းစာထဲမှာ ရေးထားပါတယ်။အဆိုပါ ဆန္ဒပြအုပ်စုက ပြောကြားရာမှာတော့ လက်ရှိအချိန်မှာဆေးဝါးကုသမှုလုပ်ငန်းထဲမှာ သူနာပြုတွေ၊ လူနာတွေအနေနဲ့ အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရချိန်မျိုးမှာ သူတို့တွေကတော့ လစာတွေ တိုးရတဲ့အတွက် စိတ်မသန့်ဘဲ အပြစ်ရှိသလိုခံစားရကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

” ခုလို ဆရာဝန်တွေကိုပဲ လစာတိုးပေးတာက တကယ်တော့စိတ်ပျက်တုန်လှုပ်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဖြစ်ကြတဲ့ သူနာပြုတွေ၊ စာရေးတွေ၊အခြားဝန်ထမ်းတွေ အသီးသီးအလုပ်ခွင်ထဲမှာ အခက်အခဲတွေ ရှိနေလို့ ဖြစ်ပါတယ်၊ နောက်ပြီး လူနာတွေဆိုရင်လည်း သူတို့ လိုအပ်တဲ့ ဝန်ဆောင်ထောက်ပံ့မှုတွေ လုံလုံလောက်လောက် မရကြရှာဘူး ဖြစ်နေတယ်၊ ဒါတွေကလည်း ဘတ်ဂျက်အသုံးစရိတ်ဖြတ်တောက်ထားလို့ ဖြစ်ရတာပါ” ဆိုပြီး ယင်းစာထဲမှာရေးသားဖော်ပြထားပါတယ်။” ဒါကြောင့် ကျွန်တော်တို့ Quebec ဆရာဝန်တွေဘက်ကတောင်းဆိုလိုတာက ဒီလိုမျိုး သမားတော်တွေကို လစာငွေ တိုးမြင့်မှုတွေ ပြန်ပယ်ဖျက်လိုက်ဖို့ပါပဲ၊ နောက်ပြီး ဒီစနစ်ရဲ့အရင်းအမြစ်တွေကို တစ်ခြား ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေရဲ့ ကောင်းကျိုးအတွက် ပြန်လည်ဖြန့်ဝေပေးဖို့၊ Quebec ပြည်သူတွေအတွက် တန်ဖိုးရှိမယ့် ကျန်းမာရေးဝန်ဆောင်မှုတွေ ထောက်ပံ့ဖို့ တောင်းဆိုပါတယ်” ဆိုပြီး ယင်းစာထဲမှာ ရေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top