iMyanmarHouse.com - Best Property Website for Myanmar
×


အီရန္ကို ၂-၀ ဂိုးျပတ္ႏိုင္ခဲ့လို႔ ျမန္မာပရိသတ္အားလုံး ၀မ္းသာေနခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ျမန္မာအသင္းက ရမွတ္ ၄ မွတ္ရၿပီး အုပ္စုက လွည့္ျပန္ရတဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ခဲ့ပါတယ္။
ျမန္မာ ယူ-၂၃ အသင္းကို ဂ်ာမန္ လူမ်ိဳးနည္ျပ အန္တြန္နီေဟးနဲ႔ လာမယ့္ ဆူဇူကီးဖလားၿပိဳင္ပြဲအတြက္ ရည္ရြယ္ၿပီး အခုကတည္းက စုစည္း ျပင္ ဆင္မႈေတြ ျပဳလုပ္ေနပါတယ္။

ျမန္မာ ယူ-၂၃ အသင္းကို နည္းျပသစ္ အန္တြန္နီေဟး စိတ္ႀကိဳက္ ဖြဲ႕စည္းခဲ့ၿပီး မ်က္ႏွာသစ္ ကစားသမားမ်ားစြာကိုလည္း ပရိသတ္ေတြ ျမင္ ေတြ႕ခဲ့ရမွာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ယူ-၂၃ အသင္းဆိုၿပီး အာရွအားကစားၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ၃ ပြဲကစား တစ္ပြဲႏိုင္၊တစ္ပြဲသေရ၊ တစ္ပြဲရႈံး ရမွတ္ ၄ မွတ္ရရွိၿပီး းအံ့အားသင့္ဖြယ္ အုပ္စုက ထြက္ခဲ့ရပါတယ္။

ဒီပြဲမတိုင္ခင္ အန္တြန္နီေဟးက ပထမဆုံး ပြဲစဥ္အျဖစ္ တရုတ္လက္ေရြးစင္အသင္းနဲ႔ ေျခစမ္းပြဲစတင္ကစားခဲ့ရၿပီးလက္ေရြးစင္အသင္းကို စတင္ တာ၀န္ယူ ကိုင္တြယ္ခဲ့ပါတယ္။

အဲ့ေနာက္ ယူ-၂၃ အသင္းကို ဆက္လက္ဖြဲ႕စည္းၿပီး Alpine Cup 2018 ဖိတ္ေခၚဖလားၿပိဳင္ပြဲကို ကစားေစခဲ့ျပန္ပါတယ္။ ျမန္မာကစားသမား ေတြအေနနဲ႔ လက္ေရြးစင္အသင္းမွာလည္း ပါ၀င္သလို ယူ-၂၃ အသင္းမွာ ျပန္လည္ပါ၀င္တဲ့ ကစားသမားကအမ်ားစုရွိေနၿပီး အသင္းႏွစ္သင္း ၾကားမွာ ကစားသမားအနည္းငယ္သာ အေျပာင္းအလဲ ျပဳလုပ္ခဲ့တာကိုလည္းေတြ႔ရမွာ ျဖစ္ပါတယ္။

အေၾကာင္းကေတာ့ ကစားသမား ရွားပါးတဲ့ ျပႆနာကို ျမန္မာေနရွင္နယ္လိဂ္မွာ ၾကဳံေတြ႕ေနရတာ ျဖစ္ၿပီး လက္ရွိ ယူ-၂၃ အသင္းကိုသာ ျပန္ လည္ အေျခခံၿပီး လာမယ့္ ဆူဇူကီးၿပိဳင္ပြဲအတြက္ လက္ေရြးစင္အသင္းကို ဖြဲ႕စည္းရမွာ ျဖစ္ပါတယ္။

လက္ရွိ ယူ-၂၃ အသင္းအေနနဲ႔ ဆူဇူကီးအတြက္ ကာတာမွာ သြားေရာက္မေလ့က်င့္ခင္ အခ်ိန္အေတာအတြင္းမွာေတာ့ Alpine Cup 2018 ၿပိဳင္ပြဲမွာ ေတာင္ကိုရီးယား ယူ၁၉ အသင္းကို ၄-၃ ဂိုးနဲ႔ ရႈံးခဲ့ေပမယ့္ ဘာရိန္း ယူ-၂၃ အသင္းကို တစ္ဂိုးစီ သေရကစားခဲ့ပါတယ္။ အဲ့ေနာက္ အာဆီယံေဒသတြင္း အင္အားႀကီးၿပိဳင္ဖက္ ထုိင္း ယူ-၂၃ အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ရၿပီး ဒုတိယေငြတံဆိပ္ရရွိခဲ့ပါတယ္။

အဲ့ေနာက္ အာရွအားကစားၿပိဳင္ပြဲကို ဆက္လက္၀င္ၿပိဳင္ခဲ့ၿပီး ေျမာက္ကိုရီးယားကို တစ္ဂိုးစီသေရ၊ေဆာ္ဒီကိုေတာ့ ေျခရည္တူ ကစားႏိုင္ေပမယ့္ လည္း ပင္နယ္တီေပးဂိုးေတြ မ်ားခဲဲ့လို႔ ၃ ဂိုးျပတ္ အေရးနိမ့္ခဲ့ပါတယ္။

အုပ္စုေနာက္ဆုံးပြဲမွာေတာ့ ဒီအာရွအားကစားၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆုံးအသင္းျဖစ္သလို ကမၻာ႔ဖလားၿပိဳင္ပြဲအထိ ေျခဆန္႔ေနတဲ့ အီရန္ အသင္း ကို ၂-၀ ဂိုးနဲ႔ ေျခစြမ္းအသာစီးကစားၿပီး အႏိုင္ယူျပခဲ့ပါတယ္။

ဒါေၾကာင့္ တစ္ကမၻာလုံးမွာရွိတဲ့ ျမန္မာပရိသတ္ေတြ ျမန္မာအသင္းကို ၀ိုင္း၀န္းခ်ီးက်ဴးေနၾကသလို အားေပးမႈေတြလည္းမ်ားစြာ ျမင့္တက္လာ တာကိုေတြ႕ျမင္ရပါတယ္။

ဒါေပမယ့္ အီရန္အသင္းက ျမန္မာအသင္းကို သူတင္ကိုယ္တင္ ကစားသြားျခင္းလုံး၀မရွိခဲ့သလို ေျမာက္ကိုရီးယားအသင္းနဲ႔ ပြဲစဥ္တုန္းက ေတာက္ေလွ်ာက္လက္စြမ္းျပခဲ့တဲ့ ေက်ာ္ဇင္ထက္လည္း တစ္ဂိုးမွ ေသခ်ာ ကာကြယ္ရျခင္းမရွိတာကိုေတာ့ သတိျပဳဖြယ္ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ဒါဆို နာမည္ႀကီး အီရန္အသင္းက ျမန္မာအသင္းကို တစ္ကယ္ပဲ မယွဥ္ႏုိင္ခဲ့တာလား? ျမန္မာအသင္းကပဲ အရမ္းေကာင္းခဲဲ့တာလားဆိုတာ ေမး ခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ျမန္မာနဲ႔ အီရန္ေတြ႕ဆုံခ်ိန္မွာ ႏွစ္သင္းစလုံးရဲ႕ အခြင့္အေရးကို အရင္ဆုံး တြက္ဆၾကည့္ဖို႔လိုပါတယ္။ ျမန္မာအသင္းအေနနဲ႔ တစ္မွတ္တည္းရ ထားလို႔ ေနာက္တစ္ဆင့္အတြက္ မျဖစ္မေန အႏိုုင္ကစားဖို႔ လိုေနတာေၾကာင့္ဒီပြဲမွာ ျမန္မာအသင္း ေျခကုန္ထုတ္ကစားၿပီး အႏိုင္ယူမယ္ဆိုတာ ရွင္းပါတယ္။

မရွင္းတာက အီရန္အသင္းဖက္က ျဖစ္ပါတယ္။အီရန္အသင္းက ႏွစ္ပြဲကစား တစ္ပြဲႏိုင္ တစ္ပြဲသေရက်ထားလို႔ ၄ မွတ္ရထားၿပီး ေနာက္တစ္ ဆင့္အတြက္ေသခ်ာေနေပမယ့္ ေနာက္တစ္ဆင့္ကို အုပ္စု ပထမနဲ႔ တက္ေရာက္ခဲ့မယ္ဆိုရင္ အုပ္စု ခြဲေ၀ထားမႈ အရ တစ္ဖက္အုပ္စုက အုပ္စု ဒု တိယရတဲ့ ေတာင္ကိုရီးယားနဲ႔ ေသခ်ာေပါက္ ေတြ႕ဆုံရမွာ ျဖစ္ပါတယ္။

ေဘာလုံး နည္းဗ်ဴဟာအရ ဘယ္အသင္းမွ လက္ရွိခ်န္ပီယံ အသင္းနဲ႔ အခုလို ေစာလြန္းေသးတဲ့ အခ်ိန္မွာ အခြင့္အေရးရရင္ မေတြ႕ေအာင္ေရွာင္ ၾကမွာပါ။ ဒါေၾကာင့္ အီရန္အသင္းက တစ္ဖက္က ေျမာ္ကိုရီးယား- ေဆာ္ဒီပြဲကို ခ်င့္ခ်ိန္ၿပီး ပြဲကိုထိန္းကစားခဲ့တယ္လို႔ ယူဆရပါမယ္။

အဲ့မွာပဲ ျမန္မာအသင္းက ဦးေဆာင္ဂိုးေတြ ဆက္တုိက္ရခဲ့ၿပီး ၂ဂိုးျပတ္နဲ႔ ဦးေဆာင္ေနလို႔ ျမန္မာအသင္း ေနာက္တစ္ဆင့္ တက္ၿပီလို႔ ထင္ရေပ မယ့္ တစ္ဖက္မွာ ေျမာက္ကိုရီးယားက ေဆာ္ဒီကို ၃ ဂိုးျပတ္ ဦးေဆာင္ေနလို႔ ျမန္မာအသင္းအေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ မျဖစ္မေန ေနာက္ ထပ္တစ္ဂိုး ရေအာင္ယူဖို႔လိုခဲ့ပါတယ္။

ျမန္မာအသင္းသာ ေနာက္ထပ္တစ္ဂိုးရခဲ့မယ္ဆိုရင္ ေသခ်ာေပါက္တက္မွာ ျဖစ္ေပမယ့္ အီရန္အသင္းက ျမန္မာမျဖစ္မေန အရယူရမယ့္ ေနာက္ ထပ္တစ္ဂိုးကိုေတာ့ အခြင့္မေပးခဲ့ပါဘူး။

ဘယ္သူမွ မထင္မွတ္ခဲ့တဲဲ့ အရာကေတာ့ ေျမာက္ကိုရီးယားအသင္းက ေဆာ္ဒီကို ၃ ဂိုးျပတ္နဲ႔ ႏိုင္ခဲ့မယ္ဆိုတာပါပဲ၊ဒါေၾကာင့္ ေျမာက္ကိုရီးယား ရဲ႕ အႏိုင္က အီရန္ေရာ ျမန္မာေရာ ထင္မွတ္မထားခဲ့တဲဲ့ အေျခအေနတစ္ရပ္ ျဖစ္လာခဲ့တာလည္း ျဖစ္ပါတယ္။

မူလက အီရန္အေနနဲ႔ ျမန္မာကိုရႈံးၿပီးေဆာ္ဒီက ေျမာက္ကိုရီးယားကို သေရ (သို႔) အႏိုင္ရခဲ့ရင္ေဆာ္ဒီက အုပ္စုဗိုလ္၊အီရန္က အုပ္စုဒု၊ျမန္မာက အေကာင္းဆုံး အုပ္စု တတိယနဲ႔ ေနာက္တစ္ဆင့္ကို အသီးသီးတက္ေရာက္ၾကမွာပါ။

ဒါေၾကာင့္လည္း ေတာင္ကိုရီးယားလို လက္ရွိခ်န္ပီယံကိုေရွာင္ဖို႔ အီရန္ အကြက္ခ်ကစားခဲ့တာ ေပၚလြင္ခဲ့ပါတယ္။ ျမန္မာအသင္းကေတာ့ အခြင့္ အေရးေတြ ရေပမယ့္လည္း ေနာက္ဆုံး အခြင့္အေရးျဖစ္ခဲ့တဲ့ ေဒြးကိုကိုခ်စ္ရဲ႕ ဂိုး ဂိုးဘားတန္းထိ ျပန္ထြက္ခဲ့တာက ကံၾကမၼာကို အေျပာင္းအလဲ ျဖစ္ေစခဲ့တယ္လို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

အီရန္ကေတာ့ ျမန္မာကို ထိန္းကစားရင္း သူတို႔လိုခ်င္တဲ့ အုပ္စုဒုတိယေနရာကို အရယူဖို႔ ၾကံရြယ္ခဲ့ေပမယ့္ တစ္ဖက္က ေျပာင္းျပန္ရလဒ္ ေၾကာင့္ ေနာက္ဆုံးမွာ ျမန္မာကို ေနာက္တစ္ဂိုးမေပးရဖို႔ အသည္းအသန္ ပိတ္ဆုိ႔ ကစားရင္း ကိုယ့္အတက္ကိုယ္ဆူးသလို ေနာက္ဆုံးက်ေတာ့ လည္း ဂိုးကြာျခားခ်က္အရ အုပ္စုဗိုလ္နဲ႔သာ ေနာက္တစ္ဆင့္တက္ၿပီး ေတာင္ကိုရီးယားနဲ႔ ဆုံခဲ့ရပါၿပီ။

ေျမာက္ကိုရီးယားကေတာ့ အုပ္စုဒုတိယနဲ႔ တက္သြားလို႔ တစ္ဖက္က ဘဂၤလားေဒ့ရွ္အသင္းနဲ႔ ေတြ႕ရမွာ ျဖစ္ၿပီး ေဆာ္ဒီကေတာ့  တရုတ္အသင္း နဲ႔ ေတြ႕ဆုံေနခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာအသင္းအေနနဲ႔ ကစားပုံနဲ႔ စိတ္ဓာတ္ပိုင္းမ်ားစြာ တိုးတက္လာခဲ့တယ္လို႔ ဆိုႏိုင္ေပမယ့္ အဆုံးသတ္ပိုင္းအားနည္းမႈေတြက အသင္းရဲ႕ ရလဒ္ကို သိသိသာသာေျပာင္းလဲႏိုင္စြမ္းမရွိေသးတာကိုလည္း သတိျပဳရပါဦးမယ္။

လာမယ့္ဆူဇူကီးမတိုင္ခင္ ကာတာ ေျခစမ္းခရီးစဥ္မွာ ယခုထက္ပိုတဲ့ ေလ့က်င့္မႈ၊အေတြ႕အၾကဳံနဲ႔ ရလဒ္ပိုင္းေတြ တိုးတက္လာဖို႔ ေမွ်ာ္လင့္ရင္း ဆူဇူကီးၾကရင္ ျပန္လည္ဆုံေတြ႕ၾကပါဦးစို႔......။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
အီရန်ကို ၂-၀ ဂိုးပြတ်နိုင်ခဲ့လို့ မြန်မာပရိသတ်အားလုံး ၀မ်းသာနေခဲ့ပေမယ့် ကံမကောင်းစွာပဲ မြန်မာအသင်းက ရမှတ် ၄ မှတ်ရပြီး အုပ်စုက လှည့်ပြန်ရတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ခဲ့ပါတယ်။
မြန်မာ ယူ-၂၃ အသင်းကို ဂျာမန် လူမျိုးနည်ပြ အန်တွန်နီဟေးနဲ့ လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ရည်ရွယ်ပြီး အခုကတည်းက စုစည်း ပြင် ဆင်မှုတွေ ပြုလုပ်နေပါတယ်။

မြန်မာ ယူ-၂၃ အသင်းကို နည်းပြသစ် အန်တွန်နီဟေး စိတ်ကြိုက် ဖွဲ့စည်းခဲ့ပြီး မျက်နှာသစ် ကစားသမားများစွာကိုလည်း ပရိသတ်တွေ မြင် တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူ-၂၃ အသင်းဆိုပြီး အာရှအားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ ပွဲကစား တစ်ပွဲနိုင်၊တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၄ မှတ်ရရှိပြီး းအံ့အားသင့်ဖွယ် အုပ်စုက ထွက်ခဲ့ရပါတယ်။

ဒီပွဲမတိုင်ခင် အန်တွန်နီဟေးက ပထမဆုံး ပွဲစဉ်အဖြစ် တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲစတင်ကစားခဲ့ရပြီးလက်ရွေးစင်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။

အဲ့နောက် ယူ-၂၃ အသင်းကို ဆက်လက်ဖွဲ့စည်းပြီး Alpine Cup 2018 ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ကစားစေခဲ့ပြန်ပါတယ်။ မြန်မာကစားသမား တွေအနေနဲ့ လက်ရွေးစင်အသင်းမှာလည်း ပါ၀င်သလို ယူ-၂၃ အသင်းမှာ ပြန်လည်ပါ၀င်တဲ့ ကစားသမားကအများစုရှိနေပြီး အသင်းနှစ်သင်း ကြားမှာ ကစားသမားအနည်းငယ်သာ အပြောင်းအလဲ ပြုလုပ်ခဲ့တာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။

အကြောင်းကတော့ ကစားသမား ရှားပါးတဲ့ ပြဿနာကို မြန်မာနေရှင်နယ်လိဂ်မှာ ကြုံတွေ့နေရတာ ဖြစ်ပြီး လက်ရှိ ယူ-၂၃ အသင်းကိုသာ ပြန် လည် အခြေခံပြီး လာမယ့် ဆူဇူကီးပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

လက်ရှိ ယူ-၂၃ အသင်းအနေနဲ့ ဆူဇူကီးအတွက် ကာတာမှာ သွားရောက်မလေ့ကျင့်ခင် အချိန်အတောအတွင်းမှာတော့ Alpine Cup 2018 ပြိုင်ပွဲမှာ တောင်ကိုရီးယား ယူ၁၉ အသင်းကို ၄-၃ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် ဘာရိန်း ယူ-၂၃ အသင်းကို တစ်ဂိုးစီ သရေကစားခဲ့ပါတယ်။ အဲ့နောက် အာဆီယံဒေသတွင်း အင်အားကြီးပြိုင်ဖက် ထိုင်း ယူ-၂၃ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဒုတိယငွေတံဆိပ်ရရှိခဲ့ပါတယ်။

အဲ့နောက် အာရှအားကစားပြိုင်ပွဲကို ဆက်လက်ဝင်ပြိုင်ခဲ့ပြီး မြောက်ကိုရီးယားကို တစ်ဂိုးစီသရေ၊ဆော်ဒီကိုတော့ ခြေရည်တူ ကစားနိုင်ပေမယ့် လည်း ပင်နယ်တီပေးဂိုးတွေ များခဲဲ့လို့ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲမှာတော့ ဒီအာရှအားကစားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်သလို ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ခြေဆန့်နေတဲ့ အီရန် အသင်း ကို ၂-၀ ဂိုးနဲ့ ခြေစွမ်းအသာစီးကစားပြီး အနိုင်ယူပြခဲ့ပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာပရိသတ်တွေ မြန်မာအသင်းကို ၀ိုင်းဝန်းချီးကျူးနေကြသလို အားပေးမှုတွေလည်းများစွာ မြင့်တက်လာ တာကိုတွေ့မြင်ရပါတယ်။

ဒါပေမယ့် အီရန်အသင်းက မြန်မာအသင်းကို သူတင်ကိုယ်တင် ကစားသွားခြင်းလုံးဝမရှိခဲ့သလို မြောက်ကိုရီးယားအသင်းနဲ့ ပွဲစဉ်တုန်းက တောက်လျှောက်လက်စွမ်းပြခဲ့တဲ့ ကျော်ဇင်ထက်လည်း တစ်ဂိုးမှ သေချာ ကာကွယ်ရခြင်းမရှိတာကိုတော့ သတိပြုဖွယ်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါဆို နာမည်ကြီး အီရန်အသင်းက မြန်မာအသင်းကို တစ်ကယ်ပဲ မယှဉ်နိုင်ခဲ့တာလား? မြန်မာအသင်းကပဲ အရမ်းကောင်းခဲဲ့တာလားဆိုတာ မေး ခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

မြန်မာနဲ့ အီရန်တွေ့ဆုံချိန်မှာ နှစ်သင်းစလုံးရဲ့ အခွင့်အရေးကို အရင်ဆုံး တွက်ဆကြည့်ဖို့လိုပါတယ်။ မြန်မာအသင်းအနေနဲ့ တစ်မှတ်တည်းရ ထားလို့ နောက်တစ်ဆင့်အတွက် မဖြစ်မနေ အနိုုင်ကစားဖို့ လိုနေတာကြောင့်ဒီပွဲမှာ မြန်မာအသင်း ခြေကုန်ထုတ်ကစားပြီး အနိုင်ယူမယ်ဆိုတာ ရှင်းပါတယ်။

မရှင်းတာက အီရန်အသင်းဖက်က ဖြစ်ပါတယ်။အီရန်အသင်းက နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေကျထားလို့ ၄ မှတ်ရထားပြီး နောက်တစ် ဆင့်အတွက်သေချာနေပေမယ့် နောက်တစ်ဆင့်ကို အုပ်စု ပထမနဲ့ တက်ရောက်ခဲ့မယ်ဆိုရင် အုပ်စု ခွဲဝေထားမှု အရ တစ်ဖက်အုပ်စုက အုပ်စု ဒု တိယရတဲ့ တောင်ကိုရီးယားနဲ့ သေချာပေါက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဘောလုံး နည်းဗျူဟာအရ ဘယ်အသင်းမှ လက်ရှိချန်ပီယံ အသင်းနဲ့ အခုလို စောလွန်းသေးတဲ့ အချိန်မှာ အခွင့်အရေးရရင် မတွေ့အောင်ရှောင် ကြမှာပါ။ ဒါကြောင့် အီရန်အသင်းက တစ်ဖက်က မြော်ကိုရီးယား- ဆော်ဒီပွဲကို ချင့်ချိန်ပြီး ပွဲကိုထိန်းကစားခဲ့တယ်လို့ ယူဆရပါမယ်။

အဲ့မှာပဲ မြန်မာအသင်းက ဦးဆောင်ဂိုးတွေ ဆက်တိုက်ရခဲ့ပြီး ၂ဂိုးပြတ်နဲ့ ဦးဆောင်နေလို့ မြန်မာအသင်း နောက်တစ်ဆင့် တက်ပြီလို့ ထင်ရပေ မယ့် တစ်ဖက်မှာ မြောက်ကိုရီးယားက ဆော်ဒီကို ၃ ဂိုးပြတ် ဦးဆောင်နေလို့ မြန်မာအသင်းအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မဖြစ်မနေ နောက် ထပ်တစ်ဂိုး ရအောင်ယူဖို့လိုခဲ့ပါတယ်။

မြန်မာအသင်းသာ နောက်ထပ်တစ်ဂိုးရခဲ့မယ်ဆိုရင် သေချာပေါက်တက်မှာ ဖြစ်ပေမယ့် အီရန်အသင်းက မြန်မာမဖြစ်မနေ အရယူရမယ့် နောက် ထပ်တစ်ဂိုးကိုတော့ အခွင့်မပေးခဲ့ပါဘူး။

ဘယ်သူမှ မထင်မှတ်ခဲ့တဲဲ့ အရာကတော့ မြောက်ကိုရီးယားအသင်းက ဆော်ဒီကို ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့မယ်ဆိုတာပါပဲ၊ဒါကြောင့် မြောက်ကိုရီးယား ရဲ့ အနိုင်က အီရန်ရော မြန်မာရော ထင်မှတ်မထားခဲ့တဲဲ့ အခြေအနေတစ်ရပ် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မူလက အီရန်အနေနဲ့ မြန်မာကိုရှုံးပြီးဆော်ဒီက မြောက်ကိုရီးယားကို သရေ (သို့) အနိုင်ရခဲ့ရင်ဆော်ဒီက အုပ်စုဗိုလ်၊အီရန်က အုပ်စုဒု၊မြန်မာက အကောင်းဆုံး အုပ်စု တတိယနဲ့ နောက်တစ်ဆင့်ကို အသီးသီးတက်ရောက်ကြမှာပါ။

ဒါကြောင့်လည်း တောင်ကိုရီးယားလို လက်ရှိချန်ပီယံကိုရှောင်ဖို့ အီရန် အကွက်ချကစားခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အခွင့် အရေးတွေ ရပေမယ့်လည်း နောက်ဆုံး အခွင့်အရေးဖြစ်ခဲ့တဲ့ ဒွေးကိုကိုချစ်ရဲ့ ဂိုး ဂိုးဘားတန်းထိ ပြန်ထွက်ခဲ့တာက ကံကြမ္မာကို အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

အီရန်ကတော့ မြန်မာကို ထိန်းကစားရင်း သူတို့လိုချင်တဲ့ အုပ်စုဒုတိယနေရာကို အရယူဖို့ ကြံရွယ်ခဲ့ပေမယ့် တစ်ဖက်က ပြောင်းပြန်ရလဒ် ကြောင့် နောက်ဆုံးမှာ မြန်မာကို နောက်တစ်ဂိုးမပေးရဖို့ အသည်းအသန် ပိတ်ဆို့ ကစားရင်း ကိုယ့်အတက်ကိုယ်ဆူးသလို နောက်ဆုံးကျတော့ လည်း ဂိုးကွာခြားချက်အရ အုပ်စုဗိုလ်နဲ့သာ နောက်တစ်ဆင့်တက်ပြီး တောင်ကိုရီးယားနဲ့ ဆုံခဲ့ရပါပြီ။

မြောက်ကိုရီးယားကတော့ အုပ်စုဒုတိယနဲ့ တက်သွားလို့ တစ်ဖက်က ဘင်္ဂလားဒေ့ရှ်အသင်းနဲ့ တွေ့ရမှာ ဖြစ်ပြီး ဆော်ဒီကတော့  တရုတ်အသင်း နဲ့ တွေ့ဆုံနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းများစွာ တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုတွေက အသင်းရဲ့ ရလဒ်ကို သိသိသာသာပြောင်းလဲနိုင်စွမ်းမရှိသေးတာကိုလည်း သတိပြုရပါဦးမယ်။

လာမယ့်ဆူဇူကီးမတိုင်ခင် ကာတာ ခြေစမ်းခရီးစဉ်မှာ ယခုထက်ပိုတဲ့ လေ့ကျင့်မှု၊အတွေ့အကြုံနဲ့ ရလဒ်ပိုင်းတွေ တိုးတက်လာဖို့ မျှော်လင့်ရင်း ဆူဇူကီးကြရင် ပြန်လည်ဆုံတွေ့ကြပါဦးစို့......။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top