ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ေတာင္ဥကၠလာပၿမိဳ႕နယ္ ၁၀ ရပ္ကြက္၊ အႆက ၂၆ လမ္းရွိ သရဲေျခာက္သည္ဟု နာမည္ႀကီးေနေသာ ေဆာက္လက္စႏွစ္ထပ္တိုက္ကို စစ္ေဆးမည္ျဖစ္ၿပီး မွန္ကန္မႈမရွိပါက အေရးယူမည္ျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္ ရဲတပ္ ဖြဲ႔မွ နယ္ထိန္းျဖစ္သူ တပ္ၾကပ္ေက်ာ္မင္း လိႈင္က ေျပာၾကားသည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၈ ရက္ေန႔ ည ၇ နာရီခန္႔တြင္ အဆိုပါေဆာက္လက္စ ႏွစ္ထပ္တိုက္ေပၚမွ ေဆာက္လုပ္ေရးသံုး ပစၥည္းမ်ားျဖစ္ေသာ အုတ္က်ိဳးမ်ား၊ ဘေလာက္တံုးမ်ားႏွင့္ ပ်ဥ္ေခ်ာင္းမ်ားကို အလုပ္သမားမ်ားေနထိုင္ရာ ယာယီတဲေပၚသို႔ ပစ္ခ်ျခင္း၊ တိုက္ေပၚတြင္ ယင္းပစၥည္းမ်ားျဖင့္ ပစ္ေပါက္ျခင္းမ်ားကို ျပဳလုပ္ခဲ့သျဖင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရပ္ကြက္ေနျပည္သူမ်ား လာေရာက္ၾကည့္႐ႈခဲ့ေၾကာင္း ယင္းတိုက္ကိုေဆာက္ေနသည့္ အလုပ္သမားမ်ားထံမွ သိရသည္။

“ျဖစ္စဥ္ျဖစ္တဲ့ ၈ ရက္ေန႔ညကေတာ့ လူႀကီးေတြနဲ႔လာၾကည့္တယ္။ ဘာျဖစ္လဲဆိုတာေတာ့ ႐ံုးမွာ သူတို႔ကိုေခၚၿပီး ေမးျမန္းတယ္။ စံုစမ္းစစ္ေဆးမယ္။ မွန္တယ္ဆိုရင္လည္း မွန္တယ္။ မမွန္ဘူးဆိုရင္လည္း အေရးယူမယ့္သေဘာရွိတယ္။ အခုက ကိုယ္လည္း ေသခ်ာမေတြ႔ရေတာ့ ဘာမွန္းလည္း မသိဘူး။ ရဲတပ္ဖြဲ႔က သြားေရာက္စစ္ေဆးခဲ့တယ္”ဟု တပ္ၾကပ္ေက်ာ္မင္းလိႈင္က ဆိုသည္။

ေဆာက္လက္စတိုက္မွာ ႏွစ္ထပ္စတင္ၿပီး ေက်ာက္ေလာင္းသည့္ ပထမေန႔ျဖစ္သည့္ ဩဂုတ္လ ၇ ရက္၊ ည ၇ နာရီ တြင္ အုတ္ခဲျဖင့္ သံုးခ်က္ပစ္ခဲ့ၿပီး ဩဂုတ္လ ၈ ရက္၊ ည ၇ နာရီ မွ ၁၀ နာရီေက်ာ္အထိ အုတ္ခဲက်ိဳး၊ ဘေလာက္တံုးမ်ား၊ ပ်ဥ္ေခ်ာင္းမ်ားျဖင့္ ထပ္မံပစ္ခဲ့ေၾကာင္း အလုပ္သမားေခါင္းေဆာင္က ေျပာၾကားသည္။

ျဖစ္စဥ္ျဖစ္ပြားသည့္ ႏွစ္ရက္လံုးတြင္ ယင္းတိုက္တြင္ ေဆာက္လုပ္ေနသည့္ အလုပ္သမား အမ်ိဳးသားငါးဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ေနထိုင္လ်က္ရွိေၾကာင္း အလုပ္သမားေခါင္းေဆာင္ျဖစ္သူ ကိုေဇာ္မင္းဦးက ဆိုသည္။

“ဩဂုတ္လ ၈ ရက္ေန႔ ည ၇ နာရီ ေလာက္ကစၿပီး ပ်ဥ္ေတြ၊ ဘေလာက္တံုးေတြနဲ႔ ေခါင္မိုးေတြေပၚပစ္ေတာ့ ေဘးေတြက ပစ္တယ္ထင္ၿပီး လိုက္ၾကည့္ေတာ့ မေတြ႔ဘူး။ ေဆာက္ေနတဲ့ ၃ လအတြင္း မေျခာက္ေသးဘူး။ ဒုတိယထပ္စတဲ့ တိုင္ေထာင္တဲ့ေန႔က ေက်ာက္ေလာင္းၿပီး စေျခာက္ေတာ့တာပဲ။ ည ၁၀ နာရီေက်ာ္ေလာက္အထိ ေခါင္မိုးေတြေပၚကို သစ္သားေခ်ာင္းေတြနဲ႔ ေတာ္ေတာ္ဆူဆူညံညံ ပစ္တယ္။ ပရိတ္ေရေတြဖ်န္းၿပီး ေတာင္းပန္လိုက္ေတာ့ မပစ္ေတာ့ဘူး။ အထဲက အတြင္းပစၥည္းေတြနဲ႔ပဲပစ္တာ။ ပထမလူႀကီးေတြကေျပာေတာ့ အိမ္ရွင္ငါးဦးေလာက္ ေျပာင္းတယ္။ မေနရဲလို႔ ေျပာင္းၾကတယ္ေျပာတယ္”ဟု ၎က ဆိုသည္။

ဩဂုတ္လ ၉ ရက္ ညေနပိုင္းတြင္ အိမ္ရွင္မ်ားက ဘုန္းႀကီးမ်ားပင့္ကာ ပရိတ္တရားမ်ား ႐ြတ္ဖတ္မည္ျဖစ္ၿပီး ယင္းပရိတ္တရားမ်ား ႐ြတ္ၿပီး ဆက္လက္ျဖစ္ပြားေနပါက အလုပ္သမားမ်ားမွာ ေဆာက္လက္စတိုက္တြင္ ညအိပ္ေတာ့မည္ မဟုတ္ေတာ့ေၾကာင္း ၎က ဆိုသည္။

“ပထမပစ္တာ အခ်င္းခ်င္းေနာက္ေနတယ္ ထင္တာ။ ေနာက္ေတာ့မွ သရဲေျခာက္မွန္းသိတယ္။ ကၽြန္ေတာ္တို႔က ေတာသားေတြဆိုေတာ့ မလိမ္တတ္ဘူး။လူထိခိုက္တာေတာ့မရွိဘူး။ ရပ္ကြက္ကေတာ့ ပရိတ္တရားနာဖို႔ မွားတာရွိရင္ ေတာင္းပန္ဖို႔ေျပာတယ္။ ကိုယ္ေတြကေတာ့ အမွားမလုပ္ေတာ့ ဘယ္လိုလုပ္ရမွန္းကို မသိဘူး။ ရပ္ကြက္ကေတာ့ စလုပ္ေတာ့ ဝက္သားမစားနဲ႔ အမဲသားမစားနဲ႔ သတိေပးတယ္။ ဒီမွာေတာ့ မစားဘူး။ အျပင္မွာေတာ့ စားတယ္။ ဩဂုတ္လ ၉ ရက္မွာ အလုပ္အားတယ္။ ပရိတ္တရားနာၿပီးမွ အလုပ္ဆက္လုပ္မယ္”ဟု အလုပ္သမားျဖစ္သူ ကိုေအာင္ကိုဝင္းက ဆိုသည္။

ယခုလက္ရွိ အိမ္ပိုင္ရွင္မွာ ငါးေယာက္ေျမာက္ျဖစ္ၿပီး ယခုတိုက္မေဆာက္မီ ယခင္က တစ္ထပ္အုတ္ခံပ်ဥ္ေထာင္အိမ္ တည္ေဆာက္ထားေၾကာင္းႏွင့္ ယခုတည္ေဆာက္မႈကို ၂၀၁၈ ခုႏွစ္၊ ဧၿပီလက စတင္ခဲ့ၿပီး ႏိုဝင္ဘာလတြင္ ေဆာက္လုပ္မႈၿပီးစီးမည္ဟု ခန္႔မွန္းထားေၾကာင္း ၎က ဆိုသည္။

“ဒီတိုက္ေနရာက ႏွစ္ေပါင္း အေတာ္ၾကာၿပီ။ လမ္းေထာင့္မွာရွိေတာ့ သူ႔တိုက္ကို ေသးလာေပါက္တဲ့သူေတြ၊ တိုက္ေရွ႕ကေန အမဲသား၊ ဝက္သားယူသြားတဲ့သူေတြဆို သရဲေျခာက္ခံထိတယ္။ အိမ္ကို ႏွစ္ထပ္တင္ေဆာက္လို႔ မရဘူးလို႔ ၾကားသိရတယ္။ ဒီရပ္ကြက္မွာ ေနထိုင္သူ ေတာ္ေတာ္မ်ားမ်ားေတာ့ ဒီအိမ္အေၾကာင္း သိၾကတယ္”ဟု ယင္း ၁၀ ရပ္ကြက္အတြင္း ေနထိုင္သူ ဦးေဇာ္က ၎၏ အေတြ႔အႀကံဳကို ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version#

တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက်၊ အဿက ၂၆ လမ်းရှိ သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဆောက်လက်စနှစ်ထပ်တိုက်ကို စစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ရဲတပ် ဖွဲ့မှ နယ်ထိန်းဖြစ်သူ တပ်ကြပ်ကျော်မင်း လှိုင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက်နေ့ ည ၇ နာရီခန့်တွင် အဆိုပါဆောက်လက်စ နှစ်ထပ်တိုက်ပေါ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်သော အုတ်ကျိုးများ၊ ဘလောက်တုံးများနှင့် ပျဉ်ချောင်းများကို အလုပ်သမားများနေထိုင်ရာ ယာယီတဲပေါ်သို့ ပစ်ချခြင်း၊ တိုက်ပေါ်တွင် ယင်းပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း ယင်းတိုက်ကိုဆောက်နေသည့် အလုပ်သမားများထံမှ သိရသည်။

“ဖြစ်စဉ်ဖြစ်တဲ့ ၈ ရက်နေ့ညကတော့ လူကြီးတွေနဲ့လာကြည့်တယ်။ ဘာဖြစ်လဲဆိုတာတော့ ရုံးမှာ သူတို့ကိုခေါ်ပြီး မေးမြန်းတယ်။ စုံစမ်းစစ်ဆေးမယ်။ မှန်တယ်ဆိုရင်လည်း မှန်တယ်။ မမှန်ဘူးဆိုရင်လည်း အရေးယူမယ့်သဘောရှိတယ်။ အခုက ကိုယ်လည်း သေချာမတွေ့ရတော့ ဘာမှန်းလည်း မသိဘူး။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်”ဟု တပ်ကြပ်ကျော်မင်းလှိုင်က ဆိုသည်။

ဆောက်လက်စတိုက်မှာ နှစ်ထပ်စတင်ပြီး ကျောက်လောင်းသည့် ပထမနေ့ဖြစ်သည့် ဩဂုတ်လ ၇ ရက်၊ ည ၇ နာရီ တွင် အုတ်ခဲဖြင့် သုံးချက်ပစ်ခဲ့ပြီး ဩဂုတ်လ ၈ ရက်၊ ည ၇ နာရီ မှ ၁၀ နာရီကျော်အထိ အုတ်ခဲကျိုး၊ ဘလောက်တုံးများ၊ ပျဉ်ချောင်းများဖြင့် ထပ်မံပစ်ခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်က ပြောကြားသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နှစ်ရက်လုံးတွင် ယင်းတိုက်တွင် ဆောက်လုပ်နေသည့် အလုပ်သမား အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး နေထိုင်လျက်ရှိကြောင်း အလုပ်သမားခေါင်းဆောင်ဖြစ်သူ ကိုဇော်မင်းဦးက ဆိုသည်။

“ဩဂုတ်လ ၈ ရက်နေ့ ည ၇ နာရီ လောက်ကစပြီး ပျဉ်တွေ၊ ဘလောက်တုံးတွေနဲ့ ခေါင်မိုးတွေပေါ်ပစ်တော့ ဘေးတွေက ပစ်တယ်ထင်ပြီး လိုက်ကြည့်တော့ မတွေ့ဘူး။ ဆောက်နေတဲ့ ၃ လအတွင်း မခြောက်သေးဘူး။ ဒုတိယထပ်စတဲ့ တိုင်ထောင်တဲ့နေ့က ကျောက်လောင်းပြီး စခြောက်တော့တာပဲ။ ည ၁၀ နာရီကျော်လောက်အထိ ခေါင်မိုးတွေပေါ်ကို သစ်သားချောင်းတွေနဲ့ တော်တော်ဆူဆူညံညံ ပစ်တယ်။ ပရိတ်ရေတွေဖျန်းပြီး တောင်းပန်လိုက်တော့ မပစ်တော့ဘူး။ အထဲက အတွင်းပစ္စည်းတွေနဲ့ပဲပစ်တာ။ ပထမလူကြီးတွေကပြောတော့ အိမ်ရှင်ငါးဦးလောက် ပြောင်းတယ်။ မနေရဲလို့ ပြောင်းကြတယ်ပြောတယ်”ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၉ ရက် ညနေပိုင်းတွင် အိမ်ရှင်များက ဘုန်းကြီးများပင့်ကာ ပရိတ်တရားများ ရွတ်ဖတ်မည်ဖြစ်ပြီး ယင်းပရိတ်တရားများ ရွတ်ပြီး ဆက်လက်ဖြစ်ပွားနေပါက အလုပ်သမားများမှာ ဆောက်လက်စတိုက်တွင် ညအိပ်တော့မည် မဟုတ်တော့ကြောင်း ၎င်းက ဆိုသည်။

“ပထမပစ်တာ အချင်းချင်းနောက်နေတယ် ထင်တာ။ နောက်တော့မှ သရဲခြောက်မှန်းသိတယ်။ ကျွန်တော်တို့က တောသားတွေဆိုတော့ မလိမ်တတ်ဘူး။လူထိခိုက်တာတော့မရှိဘူး။ ရပ်ကွက်ကတော့ ပရိတ်တရားနာဖို့ မှားတာရှိရင် တောင်းပန်ဖို့ပြောတယ်။ ကိုယ်တွေကတော့ အမှားမလုပ်တော့ ဘယ်လိုလုပ်ရမှန်းကို မသိဘူး။ ရပ်ကွက်ကတော့ စလုပ်တော့ ဝက်သားမစားနဲ့ အမဲသားမစားနဲ့ သတိပေးတယ်။ ဒီမှာတော့ မစားဘူး။ အပြင်မှာတော့ စားတယ်။ ဩဂုတ်လ ၉ ရက်မှာ အလုပ်အားတယ်။ ပရိတ်တရားနာပြီးမှ အလုပ်ဆက်လုပ်မယ်”ဟု အလုပ်သမားဖြစ်သူ ကိုအောင်ကိုဝင်းက ဆိုသည်။

ယခုလက်ရှိ အိမ်ပိုင်ရှင်မှာ ငါးယောက်မြောက်ဖြစ်ပြီး ယခုတိုက်မဆောက်မီ ယခင်က တစ်ထပ်အုတ်ခံပျဉ်ထောင်အိမ် တည်ဆောက်ထားကြောင်းနှင့် ယခုတည်ဆောက်မှုကို ၂၀၁၈ ခုနှစ်၊ ဧပြီလက စတင်ခဲ့ပြီး နိုဝင်ဘာလတွင် ဆောက်လုပ်မှုပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။

“ဒီတိုက်နေရာက နှစ်ပေါင်း အတော်ကြာပြီ။ လမ်းထောင့်မှာရှိတော့ သူ့တိုက်ကို သေးလာပေါက်တဲ့သူတွေ၊ တိုက်ရှေ့ကနေ အမဲသား၊ ဝက်သားယူသွားတဲ့သူတွေဆို သရဲခြောက်ခံထိတယ်။ အိမ်ကို နှစ်ထပ်တင်ဆောက်လို့ မရဘူးလို့ ကြားသိရတယ်။ ဒီရပ်ကွက်မှာ နေထိုင်သူ တော်တော်များများတော့ ဒီအိမ်အကြောင်း သိကြတယ်”ဟု ယင်း ၁၀ ရပ်ကွက်အတွင်း နေထိုင်သူ ဦးဇော်က ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top