ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အင္ဒုိနီးရွားႏုိင္ငံမွာ က်ငး္ပေနတဲ့ အာရွအားကစားၿပိဳင္ပြဲ အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲ အုပ္စု အက္ဖ္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ျမန္မာ ယူ-၂၃ နဲ႔ အီရန္ ယူ-၂၃ တုိ႔ ဒီေန႔ညေနက ယွဥ္ၿပိဳင္ရာ ျမန္မာအသင္းက ၂ ဂုိး ဂိုးမရွိနဲ႔ အႏုိင္ရသြားပါတယ္။

ျမန္မာအသင္းဟာ ဒီပြဲမွာ ရလဒ္ေကာင္းမွ ေနာက္တဆင့္တက္ဖို႔ ေမွ်ာ္လင့္ႏုိင္မွာ ျဖစ္လို႔ ေရကုန္ေရခန္း ႀကိဳးစားကစားခဲ့ပါတယ္။

ျမန္မာအသင္းအတြက္ အႏုိင္ဂုိးေတြကို ပြဲခ်ိန္ ၅၅ မိနစ္မွာ လြင္မုိးေအာင္နဲ႔ ၆၇ မိနစ္မွာ ထက္ၿဖဳိးေဝတို႔က သြင္းယူေပးခဲ့ပါတယ္။

ဒီေန႔ညေနပဲ တခ်ိန္တည္းယွဥ္ၿပိဳင္တဲ့ အုပ္စုအက္ဖ္က ေျမာက္ကုိရီးယားနဲ႔ ေဆာ္ဒီအာေရးဗ် ပြဲစဥ္မွာေတာ့ ေျမာက္ကုိရီးယားက ၃ ဂိုး ဂိုးမရွိနဲ႔ အႏုိင္ရသြားပါတယ္။

အုပ္စု အက္ဖ္က သုံးပြဲစီ ပြဲကုန္ ကစားၿပီးခ်ိန္မွာေတာ့ အသင္းတိုင္း တပြဲႏုိင္၊ တပြဲ႐ႈံး၊ ရမွတ္ ၄ မွတ္စီရတာ တူညီေနေပမယ့္ ဂုိးကြာျခားခ်က္အရ အီရန္က အုပ္စု ပထမ၊ ေျမာက္ကိုရီးယားက အုပ္စု ဒုတိယရၿပီး ေနာက္တဆင့္ တက္ေရာက္သြားပါတယ္။

အုပ္စု တတိယရေနရာ ရခဲ့တဲ့ ေဆာ္ဒီအာေရးဗ်အသင္းလည္း အေကာင္းဆုံး အုပ္စု တတိယအျဖစ္ ေနာက္တဆင့္တက္ေရာက္ဖို႔ အလားအလာမ်ားေနၿပီး ျမန္မာအသင္းကေတာ့ ဂုိးကြာျခားခ်က္အရ အုပ္စု ေအာက္ဆုံးမွာပဲ ရပ္တည္ႏုိင္တဲ့အတြက္ အုပ္စုကေန လွည့္ျပန္ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု အက်ဖ် နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာ ယူ-၂၃ နဲ့ အီရန် ယူ-၂၃ တို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

မြန်မာအသင်းဟာ ဒီပွဲမှာ ရလဒ်ကောင်းမှ နောက်တဆင့်တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်လို့ ရေကုန်ရေခန်း ကြိုးစားကစားခဲ့ပါတယ်။

မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၅ မိနစ်မှာ လွင်မိုးအောင်နဲ့ ၆၇ မိနစ်မှာ ထက်ဖြိုးဝေတို့က သွင်းယူပေးခဲ့ပါတယ်။

ဒီနေ့ညနေပဲ တချိန်တည်းယှဉ်ပြိုင်တဲ့ အုပ်စုအက်ဖ်က မြောက်ကိုရီးယားနဲ့ ဆော်ဒီအာရေးဗျ ပွဲစဉ်မှာတော့ မြောက်ကိုရီးယားက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု အက်ဖ်က သုံးပွဲစီ ပွဲကုန် ကစားပြီးချိန်မှာတော့ အသင်းတိုင်း တပွဲနိုင်၊ တပွဲရှုံး၊ ရမှတ် ၄ မှတ်စီရတာ တူညီနေပေမယ့် ဂိုးကွာခြားချက်အရ အီရန်က အုပ်စု ပထမ၊ မြောက်ကိုရီးယားက အုပ်စု ဒုတိယရပြီး နောက်တဆင့် တက်ရောက်သွားပါတယ်။

အုပ်စု တတိယရနေရာ ရခဲ့တဲ့ ဆော်ဒီအာရေးဗျအသင်းလည်း အကောင်းဆုံး အုပ်စု တတိယအဖြစ် နောက်တဆင့်တက်ရောက်ဖို့ အလားအလာများနေပြီး မြန်မာအသင်းကတော့ ဂိုးကွာခြားချက်အရ အုပ်စု အောက်ဆုံးမှာပဲ ရပ်တည်နိုင်တဲ့အတွက် အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top