iMyanmarHouse.com - Best Property Website for Myanmar
×

ျပင္သစ္မွာ အစုိးရကျပဳလုပ္ေစခဲ့တဲ့ စစ္ေဆးမႈရလဒ္တစ္ခုအရ ႏုိင္ငံထဲ႐ွိ တံတားအစင္းေရ ၈၄၀ ဟာ ဆုိး႐ြားစြာပ်က္စီးေနၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္း ၿပဳိက်ႏုိင္တဲ့ အႏၱရာယ္႐ွိေနတယ္လို႕ သိရပါတယ္။

သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္ရဲ႕ အစုိးရက ယခင္ကတည္းက ႏုိင္ငံအတြင္း အေျခခံ အေဆာက္အအုံသစ္ဆုိင္ရာ အသုံးစရိတ္မ်ား သုံးစြဲသြားမယ္လို႕ ကတိျပဳထားခဲ့ပါတယ္။

သို႕ေသာ္ ၾသဂုတ္ ၁၄ ရက္ေန႕က အိမ္နီးခ်င္း အီတလီႏုိင္ငံမွာ တံတားတစ္စင္းၿပဳိက်ကာ လူ ၄၃ ဦး ေသဆုံးမႈ ျဖစ္ခဲ့ၿပီးေနာက္ ျပင္သစ္အစိုးရကုိလည္း ဖိအားေပးမႈေတြ ႐ွိလာခဲ့ပါတယ္။

တနဂၤေႏြေန႕ (ၾသဂုတ္ ၁၉ ရက္) က Journal du Dimanche သတင္းစာမွာ ထုတ္ျပန္ေဖာ္ျပခဲ့တဲ့ စစ္ေဆးမႈရလဒ္အရ ျပင္သစ္ႏုိင္ငံအတြင္း အစိုးရရဲ႕ ထိန္းသိမ္းမႈေအာက္မွာ႐ွိေနတဲ့ တံတားအစင္းေရး ၁၂,၀၀၀ အနက္ သုံးပုံတစ္ပုံဟာ ျပဳျပင္ရန္လုိအပ္ေနတယ္လို႕ ဆုိပါတယ္။

တစ္ႏုိင္ငံလုံး႐ွိ တံတားေတြရဲ႕ ၇ ရာခုိင္ႏႈန္းျဖစ္တဲ့ တံတားအစင္းေရ ၈၄၀ ကေတာ့ လက္႐ွိ အေျခအေနအတုိင္း ထား႐ွိပါက လာမယ့္ႏွစ္မ်ားအတြင္း ၿပဳိက်ႏုိင္တဲ့ အႏၱရာယ္႐ွိေနေၾကာင္း အဆုိပါ စစ္ေဆးမႈရလဒ္က ေျပာထားပါတယ္။

ထုိစစ္ေဆးမႈက ျပင္သစ္ႏုိင္ငံအတြင္း ပုဂၢလိကပုိင္ ကုမၸဏေတြ သုိ႕မဟုတ္ ေဒသဆုိင္ရာ အာဏာပိုင္ေတြရဲ႕ ထိန္းသိမ္းမႈေအာက္မွာ႐ွိေနတဲ့ အျခား အစင္းေရေထာင္နဲ႕ခ်ီတဲ့ တံတားေတြရဲ႕ အေျခအေနကုိေတာ့ ေဖာ္ျပထားျခင္း မ႐ွိပါဘူး။

လက္႐ွိ ျပင္သစ္အစုိးရက ၿပီးခဲ့တဲ့လအတြင္း ထုတ္ျပန္ခဲ့တဲ့ စစ္ေဆးမႈရလဒ္တစ္ခုမွာေတာ့ ယခင္အစုိးရေတြက စဥ္ဆက္မျပတ္ ျပဳျပင္ထိန္းသိမ္းမႈ မ႐ွိခဲ့ေၾကာင္းနဲ႕ လမ္းပုိင္းဆုိင္ရာ အသုံးစရိတ္ လုံေလာက္စြာမသုံးခဲ့ေၾကာင္း အျပစ္တင္ခဲ့ပါတယ္။

ယာဥ္အသြားအလာ မ်ားျပားလာမႈနဲ႕ ရာသီဥတုေၾကာင့္ လမ္းပုိင္းဆုိင္ရာ အေျခခံအေဆာက္အအုံ ျပႆနာကို ပုိမုိဆုိး႐ြားလာေစခဲ့တယ္လို႕လည္း ဆုိပါတယ္။

သယ္ယူပုိ႕ေဆာင္ေရးဝန္ႀကီး အဲလစ္ဇဘက္သ္ဘြန္းကေတာ့ တံတားေတြကုိ ျပဳျပင္ထိန္းသိမ္းမႈ ဦးစားေပး လုပ္ေဆာင္မွာျဖစ္ၿပီး ျပင္သစ္လမ္းေတြအတြက္ အသုံးစရိတ္ ယူ႐ုိေငြ တစ္ဘီလီယံ (အေမရိကန္ေဒၚလာ ၁.၁၄ ဘီလီယံ) အသုံးျပဳသြားရန္ စီစဥ္ထားတယ္လို႕ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း Franceinfo ေရဒီယုိသတင္းဌာနကုိ ေျပာခဲ့ပါတယ္။

ျပင္သစ္နဲ႕အိမ္နီးခ်င္း အီတလီႏုိင္ငံမွာ ၾသဂုတ္ ၁၄ ရက္ေန႕က ဂ်ီႏုိအာၿမဳိ႕႐ွိ မုိရန္ဒီတံတား ၿပဳိက်ခဲ့မႈေၾကာင့္ လူ ၄၃ ဦး ေသဆုံးခဲ့ပါတယ္။

မုိရန္ဒီတံတားကုိ ၁၉၆၀ ျပည့္လြန္ ႏွစ္မ်ားအတြင္း တည္ေဆာက္ခဲ့ၿပီး ေပ ၆၅၀ ႐ွည္လ်ားေၾကာင္း သိရပါတယ္။ အဆုိပါ တံတားဟာ အီတလီအေနာက္ေျမာက္ပုိင္း A10 အျမန္လမ္းမႀကီးေပၚမွာ တည္႐ွိေနၿပီး ေအာက္ဘက္မွာ ျမစ္တစ္စင္းနဲ႕ ရထားလမ္းမ်ား ႐ွိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
CreditDuwun
#Unicode Version #
ပြင်သစ်မှာ အစိုးရကပြုလုပ်စေခဲ့တဲ့ စစ်ဆေးမှုရလဒ်တစ်ခုအရ နိုင်ငံထဲရှိ တံတားအစင်းရေ ၈၄၀ ဟာ ဆိုးရွားစွာပျက်စီးနေပြီး လာမယ့်နှစ်အနည်းငယ်အတွင်း ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။

သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ အစိုးရက ယခင်ကတည်းက နိုင်ငံအတွင်း အခြေခံ အဆောက်အအုံသစ်ဆိုင်ရာ အသုံးစရိတ်များ သုံးစွဲသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

သို့သော် သြဂုတ် ၁၄ ရက်နေ့က အိမ်နီးချင်း အီတလီနိုင်ငံမှာ တံတားတစ်စင်းပြိုကျကာ လူ ၄၃ ဦး သေဆုံးမှု ဖြစ်ခဲ့ပြီးနောက် ပြင်သစ်အစိုးရကိုလည်း ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။

တနင်္ဂနွေနေ့ (သြဂုတ် ၁၉ ရက်) က Journal du Dimanche သတင်းစာမှာ ထုတ်ပြန်ဖော်ပြခဲ့တဲ့ စစ်ဆေးမှုရလဒ်အရ ပြင်သစ်နိုင်ငံအတွင်း အစိုးရရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ တံတားအစင်းရေး ၁၂,၀၀၀ အနက် သုံးပုံတစ်ပုံဟာ ပြုပြင်ရန်လိုအပ်နေတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးရှိ တံတားတွေရဲ့ ရ ရာခိုင်နှုန်းဖြစ်တဲ့ တံတားအစင်းရေ ၈၄၀ ကတော့ လက်ရှိ အခြေအနေအတိုင်း ထားရှိပါက လာမယ့်နှစ်များအတွင်း ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း အဆိုပါ စစ်ဆေးမှုရလဒ်က ပြောထားပါတယ်။

ထိုစစ်ဆေးမှုက ပြင်သစ်နိုင်ငံအတွင်း ပုဂ္ဂလိကပိုင် ကုမ္ပဏတွေ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုအောက်မှာရှိနေတဲ့ အခြား အစင်းရေထောင်နဲ့ချီတဲ့ တံတားတွေရဲ့ အခြေအနေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

လက်ရှိ ပြင်သစ်အစိုးရက ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်ဆေးမှုရလဒ်တစ်ခုမှာတော့ ယခင်အစိုးရတွေက စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ကြောင်းနဲ့ လမ်းပိုင်းဆိုင်ရာ အသုံးစရိတ် လုံလောက်စွာမသုံးခဲ့ကြောင်း အပြစ်တင်ခဲ့ပါတယ်။

ယာဉ်အသွားအလာ များပြားလာမှုနဲ့ ရာသီဥတုကြောင့် လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ပြဿနာကို ပိုမိုဆိုးရွားလာစေခဲ့တယ်လို့လည်း ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး အဲလစ်ဇဘက်သ်ဘွန်းကတော့ တံတားတွေကို ပြုပြင်ထိန်းသိမ်းမှု ဦးစားပေး လုပ်ဆောင်မှာဖြစ်ပြီး ပြင်သစ်လမ်းတွေအတွက် အသုံးစရိတ် ယူရိုငွေ တစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံ) အသုံးပြုသွားရန် စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Franceinfo ရေဒီယိုသတင်းဌာနကို ပြောခဲ့ပါတယ်။

ပြင်သစ်နဲ့အိမ်နီးချင်း အီတလီနိုင်ငံမှာ သြဂုတ် ၁၄ ရက်နေ့က ဂျီနိုအာမြို့ရှိ မိုရန်ဒီတံတား ပြိုကျခဲ့မှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပါတယ်။

မိုရန်ဒီတံတားကို ၁၉၆၀ ပြည့်လွန် နှစ်များအတွင်း တည်ဆောက်ခဲ့ပြီး ပေ ၆၅၀ ရှည်လျားကြောင်း သိရပါတယ်။ အဆိုပါ တံတားဟာ အီတလီအနောက်မြောက်ပိုင်း A10 အမြန်လမ်းမကြီးပေါ်မှာ တည်ရှိနေပြီး အောက်ဘက်မှာ မြစ်တစ်စင်းနဲ့ ရထားလမ်းများ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)

ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top