ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

“ျဖစ္ျပန္-ပ်က္ျပန္ ေလာကဓံ” ဟူသည္ႏွင့္အညီ ေမွ်ာ္လင့္ထားသည္တုိ႔ ျဖစ္မလာဘဲ မေမွ်ာ္လင့္ထားေသာ အရာတုိ႔ ပ်က္စီး ဆုံးပါးရတတ္ သည္မွာ ေလာက၏ ဓမၼတာတစ္ခု ျဖစ္ေပသည္။ မေရရာေသာ လူ႔ဘဝတြင္ ဥစၥဓန ပ်က္စီးျခင္း၊ မိသားစု ပ်က္စီးျခင္း၊ က်န္းမာေရး ပ်က္စီးျခင္း၊ ကုိယ္က်င့္တရား ပ်က္စီးျခင္း၊ အယူဆ အေတြး အေခၚ ပ်က္စိးျခင္း(ဗ်သနတရား ငါးပါး) တစ္ပါးပါးႏွင့္ ႀကဳံေတြ႔ရတတ္၏။

အမ်ားအားျဖင့္ လူဆုိသည္က နိမ့္ရာမွ ျမင့္လာလွ်င္ မုိးမျမင္ ေလမျမင္ ေအာက္ေျခလြတ္တတ္သလုိ ျမင့္ရာမွ နိမ့္က်လာလွ်င္လည္း ေျခမကုိင္မိ လက္မကုိင္မိ ေဆာက္တည္ရာမရ ျဖစ္တတ္သည္။ ယင္းသုိ႔ လူ႔ဘဝ၏ အနိမ့္ အျမင့္၊ အတက္ အက် အေျခအေန တုိ႔တြင္ မိမိ၏ ဘဝကုိ ျပိဳလဲပ်က္စီးမႈ မရွိေစ ရဘဲ၊ တည္ျငိမ္ခုိင္ခံ့စြာ ေဆာက္တည္၍ ထားႏုိင္ျခင္းသည္ မဂၤလာတစ္ပါးပင္ ျဖစ္၏။ “ေႏြေနပူသည္ အခ်ိဳ႔ေသာ သစ္သီးမ်ားကုိ ခ်ိျမိန္ေစေသာ္လည္း ႏြားနုိ႔ကုိမူ ခ်ဥ္သုိးသြားေစ၏” ဟူေသာ စကားပုံကဲံသုိ႔ အဆုိးေလာကဓံမ်ားသည္ အခ်ိဳ႔ေသာ လူမ်ားကုိ ေအာင္ျမင္မႈ သရဖူေဆာင္ႏွင္းေပးေသာ္လည္း အခ်ိဳ႔ ေသာ လူမ်ားကုိမူ က်ဆုံးမႈ ငရဲသုိ႔ ဆြဲေခၚသြားတတ္ပါသည္။

ထုိ႔ေၾကာင့္ မိမိတုိ႔ ရရွိထားေသာ စီးပြားဥစၥာ ရာထူးဂုဏ္သိန္ အရွိနန္အဝါမ်ား အေၾကာင္းအားေလ်ာ္စြာ ကုန္ဆုံး ပ်က္စီး ေလွ်ာ္က်သြားသည့္အခါ စိတ္မညွိဳးႏြမ္း မပင္ပန္းရေအာင္ ၾကည္လင္ေအးျမ တည္ျငိမ္စြာ စိတ္ကုိ ထိန္းထားႏုိင္ေသာ ခံႏုိင္မႈစြမ္းရည္ ရွိဖုိ႔ လူတုိင္း လုိအပ္လွပါသည္။ မတည္ျငိမ္ေသာ ဘဝေပး အေျခအေနေပၚတြင္ တည္ျငိမ္စြာ ရွင္သန္ ေနထုိင္ႏုိင္သည္မွာ လူသား၏ ေက်နပ္ဖြယ္ ဂုဏ္သတၱိတစ္ခု ျဖစ္ပါသည္။ ယင္းဂုဏ္သတၱိအေပၚ၌ အေျခခံ၍သာ ေအာင္ျမင္ေသာ လူ႔ဘဝတစ္ခု တည္ေဆာကႏုိင္၏။ ဤသေဘာဝကုိ တိပိဋကဓရ (ေယာ) ဆရာေတာ္၏ “ စိတ္ထားေကာင္းေသာ သူေဌးသမီး” ဆုိသည့္ ဓမၼပုံျပင္ က ညြန္ျပေနပါသည္။

စိတ္ထားေကာင္းေသာ သူေဌးသမီး

ျမတ္စြာဘုရား လက္ထက္ကေပါ့။ “ေတလပနာဠိ” နိဂုံး၇ြာႀကီးမွာ သူေဌးသမီးတစ္ေယာက္ ရွိခဲ့ဖူးတယ္။ ေဂါပါလသူေဌးရဲံ သမီးဆိုေတာ့ ေဂါပါလ သူေဌးသမီးလုိ႔ပဲ ဆုိရမွာေပါ့၊ ရုပ္ရည္ အင္မတန္လွတယ္၊ အထူးသျဖင့္ ဆံပင္ ေကာင္းတယ္၊ ဘုရားရွင္ရဲံ တရားနဲ႔ မစိမ္းသူမုိ႔ အသိဉာဏ္ ႀကီးတယ္၊ သဒၶါတရားေကာင္းတယ္၊ သူေဌးႀကီး ဇနီး ေမာင္ႏွံရဲ့ ရႈမျငီးတဲ့ တစ္ဦးတည္းေသာ ခ်စ္သမီးပါပဲ။ မိဘမ်ား ကြယ္လြန္သြားတဲ့အခါ ေပါမ်ားႀကြယ္ဝလွတဲ့ အေမြေတြ အားလုံးကုိ သမီးျဖစ္သူက ရလုိက္ပါတယ္။ ဒါေပမယ့္ အေမြနဲ႔ မထုိက္္ရွာေတာ့ မၾကာမီ ပစၥည္းအားလုံး ကုန္ဆုံးေပ်ာက္ပ်က္ျပီး ဆင္းရဲတဲ့ဘဝ ေရာက္သြားရ သတဲ့။

သတၱဝါေတြဟာ အတိတ္ဘဝေတြတုန္းက ေကာင္းတာေရာ ဆုိးတာေတြပါ အကုန္လုပ္ခဲ့ၾကတာဆုိေတာ့ ဘဝမွာ အတက္ အက်၊ အနိမ့္ အျမင့္ မရွိဘဲ တစ္သမတ္တည္း သြားဖုိ႔ဆုိတာက ေတာ္ေတာ္ကုိ ခက္ပါတယ္။ ေဂါပလသူေဌးသမီးက “ အသိမွန္ကန္ အဖုိးတန္” ဆုိသလုိ ဘဝကုိ တရားအသိနဲ႔ အေၾကာင္းအက်ိဳး ဆက္သြယ္ၾကည့္တတ္လုိ႔ စိတ္မပ်က္ေအာင္ တည္ျငိမ္စြာ ထိန္းတတ္ပါတယ္။ ပစၥည္းဥစၥာ ပ်က္သြားတဲ့ေနာက္ကုိ စိတ္ပ်က္တာနဲ႔ အပ်င့္ပ်က္တာ ပါမသြားရေအာင္ သတၱိရွိရွိ ထိန္းႏုိင္တယ္။ စိတ္ဓာတ္ ႀကံ့ခုိင္တယ္။ ကုိယ္ဆင္းရဲေပ မယ့္ စိတ္မဆင္းရဲေအာင္ ေနတတ္တယ္။ အလွဴဒါန္ မလုပ္ႏုိင္ေတာ့ေပမယ့္ သရဏဂုံ၊ သီလ၊ ေမတၱာတရားမ်ားကုိေတာ့ ရတဲ့နည္းနဲ႔ ျဖည့္က်င့္ႀကိဳးစား တယ္။

သူမ်ားေတြလုိ အဖုိးတတ္ေတြ မဝတ္ႏုိင္ေပမယ့္ ငါ့ေခါင္းေပၚမွာ အဖုိးအတန္ဆုံး ဘုရား၊ တရား၊ သံဃာ ရတနာသုံး ရွိတယ္။ ငါ့ကုိယ္မွာ ခံ့ညားထည္ဝါလုံျခဳံလွပတဲ့ သီလေမတၱာ အဝတ္တန္ဆာကုိ ဝတ္ဆင္ေနရရတယ္။ ဘာမွ် အားငယ္ေနစရာ မလုိပါဘူး လုိ႔ ကုိယ့္ဟာကုိယ္လည္း အားေပးတတ္သတဲ့။ ေဂါပလ သူေဌးသမီးမွာ သူငယ္ခ်င္း သူေဌးသမီး တစ္ေယာက္ရွိတယ္။ အဲဒီသူေဌးသမီးက လူက လွေပမယ့္ ဆံပင္က မေကာင္းဘူးတဲ့။ သူက တစ္ေန႔ေတာ့ ေငြေၾကးဆင္းရဲ ခ်ိဳ႔ငဲ့ေနတဲ့ ေဂါပါလသူေဌးသမီးထံလာျပီး “ညီမရယ္၊ ေငြေၾကး အခက္အခဲ ျဖစ္ေနရင္ ညီမရဲံ ဆံပင္ကုိ တစ္ေထာင္နဲ႔ မမကုိ ေရာင္းပါလား” လုိ႔ဆံပင္လာ ဝယ္တယ္၊ ေဂါပလ သူေဌးသမီးကလည္း- “မိန္းမတုိ႔ဘုန္း ဆံထုံး”ဆုိျပီး “ က်က္သေရရွိတဲ့ ဒီဆံပင္ကုိေတာ့ အဆုံးမခံႏုိင္ပါ။ တစ္ေထာင္မက တစ္ေသာင္းေပးလည္း မေရာင္းႏုိင္ပါ”လုိ႔ ျပန္ျငင္းပယ္လုိက္သတဲ့။

တစ္ေန႔က်ေတာ့ အရွင္မဟာကစၥည္းအမွဴးရွိတဲ့ ရဟႏၱာရွစ္ပါးဟာ ေဂါပါလသူေဌးသမီး အိမ္ေရွ့ကုိ ခရီးေဒသ စာရီ ၾကြေတာ္မူရင္း ေရာက္လာေတာ္ မူသတဲ့။ အဲဒီအခါ သူေဌးသမီးက ၾကည္ညီုလြန္းလုိ႔ အိမ္ေပၚပင့္ျပီး ဆြမ္းကပ္ဖုိ႔ စီစဥ္ပါတယ္။ ဆြမ္းဟင္းအတြက္ ေငြလုိေနလုိ႔ သူအလြန္ ျမတ္ႏုိးတဲ့ ဆံပင္ကုိ ျဖတ္ျပီး ေရာင္းသတဲ့။ အရင္က တစ္ေထာင္ေပးတုန္းက မေရာင္းရေကာင္းလားဆုိတဲ့ အျငိဳးနဲ႔ သူငယ္ခ်င္း သူေဌးသမီးက ေစ်းအလြန္ ႏွိမ္ျပီးမွ ဝယ္ပါတယ္။ ေနာက္ဆုံး တစ္ေထာင္ေပးလုိ႔ေတာင္ မရႏုိင္တဲ့ ဆံပင္ကုိ ရွစ္က်ပ္နဲ႔ပဲ ေရာင္းလုိက္ရတယ္။ အဲဒီ ရွစ္က်ပ္နဲ႔ပဲ ခ်က္ခ်င္း ဆြမ္းစီမံျပီး ရဟႏၱာရွစ္ပါးကုိ တစ္ပါး တစ္က်န္စီ ဆြမ္းဆက္ကပ္ လွဴ ပါတယ္။ အဲဒီလုိ အခက္အခဲ အက်ပ္အတည္း ၾကားထဲက ေက်ေက်နပ္နပ္ ၾကည္ၾကည္ႏူးႏူးနဲ႔ ဆြမ္းလွဴလုိက္ရတဲ့ ကုသိုလ္ပီတိေတြေၾကာင့္ ျဖတ္ျပီး ေရာင္း လုိက္တဲ့ ဆံပင္ေတြဟာ ခ်က္ခ်င္း ျပန္ရွည္လာပါသတဲ့။

မၾကာမီမွာပဲ အရွင္မဟာကစၥည္းထံက တစ္ဆင့္ ေဂါပါလသူေဌးသမီးရဲ့ သဒၶါတရားေကာင္းပုံနဲ႔ ျမတ္ႏုိးဖြယ္ စိတ္ေနသေဘာကုိ ဥေဇၨနီ မိဖုရားအျဖစ္ ခ်ီးေျမွာက္လုိက္ပါတယ္။ ေဂါပါလသူေဌးသမီးဟာ ဘုရင္ႀကီးရဲ့ ခ်စ္စြာေသာ မိဖုရားႀကီး ျဖစ္သြားေပမယ့္ ေအာက္ေျခလြတ္မသြားပါဘူး။ “ငါ့ဘဝ ဒီလုိ အလြန္ႀကီးက်ယ္တဲ့ အျဖစ္ေရာက္ရတာ သာသနာေတာ္ေၾကာင့္၊ ရတနာသုံးရဲ့ ေက်းဇူးေၾကာင့္” ဆုိျပီး သာသနာေတာ္ကုိ ပစၥည္းေလးပါးနဲ႔ ခ်ီးေျမွာက္တယ္။ ရတနာသုံးကုိ အသည္းစြဲၾကည္ညိဳပါသတဲ့။ တရားဟာ တရားလုိ စိတ္ဝင္စားရင္ တရားက်င့္သူကုိ တရားလုိ သစၥာရွိရွိပဲ ျပန္လည္ေစာင့္ေရွာက္တတ္ စျမဲပါ။ လူ႔ဘဝမွာ အေၾကာင္းအားေလ်ာ္စြာ ရရ်ိထားတာေတြ ေပ်ာက္ကြယ္ ကုန္ဆုံးသြားရင္ စိတ္ဓာတ္ မက်ဆင္းရ ေအာင္၊ အက်င့္စာရိတၱ မပ်က္စီးရေအာင္ တရားစြမ္းအားနဲ႔ ထိန္းထားႏုိင္ရမယ္။ စည္းစိမ္ဥစၥာ ပ်က္တဲ့ေနာက္ကုိ စိတ္ပ်က္တာနဲ႔ အက်င့္ပ်က္တာ ပါမသြားေစရဘူး။

အဲဒီလုိ ခံႏုိင္ရည္ရွိဖုိ႔ဆုိတာ စားဝတ္ေနေရးအတြက္ ပစၥည္းဥစၥာကုိ ရွာေဖြစုေဆာင္းစဥ္မွာပဲ သူေတာ္ေကာင္း တရားကုိပါ ပူးတြဲရွာေဖြၾကရမွာ။ ေလာကထဲမွာ ေနရတာဆုိေတာ့ ေလာကဓံဆုိတာ အခ်ိန္မေရြးေတြ႔ႏုိင္တယ္။ ေရွာင္လုိ႔ ရတာလည္း ရွိတယ္။ ေရွာင္လုိ႔ မရတာလည္း ရွိတယ္။ ဘာပဲျဖစ္ျဖစ္ ေဂါပလ သူေဌးသမီးလုိ ကုိယ့္ဘက္က ခံႏုိင္ရည္ ရွိေအာင္ ေလ့က်င့္ထားမွ ကုိယ့္တာဝန္ ေက်မွာပါ။ မၾကာမီ ေဂါပါလ သူေဌးသမီးဟာ “ကဥၥနဝန” ေက်ာင္းတုိက္ႀကီးကုိ ေဆာက္ျပီး အရွင္မဟာကစၥည္း အမႈး ရွိတဲ့ သံဃာေတာ္အား ေရစက္ခ်ျပီး လွဴဒါန္းပါတယ္။ သာသနာျပဳ ေက်ာင္းအစ္မႀကီး ျဖစ္သြားပါေတာ့တယ္။ နိဗၺာန္ကုိဦးတည္လုိ႔ ေကာင္းမႈကုသုိလ္မ်ားကုိ အစြမ္းကုတန္ ၾကိဳးစားသြားပါေတာ့တယ္။ ဒါကေတာ့ စြန္႔လႊတ္ စြန္႔စားဝံ့တဲ့ သူေဌးသမီးတစ္ဦးရဲ့ ဘဝဇာတ္ေၾကာင္းပါပဲ။ တိပိဋကဓရ(ေယာ)ဆရာေတာ္က ဤဓမၼပုံျပင္တြင္ ရယူႏုိင္ေသာ ဘဝသင္ခန္းစားမ်ားကုိ ဤသုိ႔ ဓမၼလကၤာ သီကုံးဖြဲ႔ဆုိထားပါသည္။ + ရာထူးဂုဏ္သိန္၊ စည္းစိမ္ဥစၥာ၊ မျမဲပါ၊ ခ်ိန္ခါမေရြး ပ်က္တတ္သည္။ + အပ်က္မ်ိဳးစုံ၊ ဤလူ႔ဘုံ၌၊ ေတြ႔ႀကဳံဆုံကြဲ၊ တည္မျမဲ၊ မလြဲပ်က္ရမည္။ တရားရွိက၊ မပူရ၊ ေအးျမ တည္ျငိမ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေတာ္ဝင္ႏြယ္

Unicode Version
“ဖြစ်ပြန်-ပျက်ပြန် လောကဓံ” ဟူသည်နှင့်အညီ မျှော်လင့်ထားသည်တို့ ဖြစ်မလာဘဲ မမျှော်လင့်ထားသော အရာတို့ ပျက်စီး ဆုံးပါးရတတ် သည်မှာ လောက၏ ဓမ္မတာတစ်ခု ဖြစ်ပေသည်။ မရေရာသော လူ့ဘဝတွင် ဥစ္စဓန ပျက်စီးခြင်း၊ မိသားစု ပျက်စီးခြင်း၊ ကျန်းမာရေး ပျက်စီးခြင်း၊ ကိုယ်ကျင့်တရား ပျက်စီးခြင်း၊ အယူဆ အတွေး အခေါ် ပျက်စိးခြင်း(ဗျသနတရား ငါးပါး) တစ်ပါးပါးနှင့် ကြုံတွေ့ရတတ်၏။

အများအားဖြင့် လူဆိုသည်က နိမ့်ရာမှ မြင့်လာလျှင် မိုးမမြင် လေမမြင် အောက်ခြေလွတ်တတ်သလို မြင့်ရာမှ နိမ့်ကျလာလျှင်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဆောက်တည်ရာမရ ဖြစ်တတ်သည်။ ယင်းသို့ လူ့ဘဝ၏ အနိမ့် အမြင့်၊ အတက် အကျ အခြေအနေ တို့တွင် မိမိ၏ ဘဝကို ပြိုလဲပျက်စီးမှု မရှိစေ ရဘဲ၊ တည်ငြိမ်ခိုင်ခံ့စွာ ဆောက်တည်၍ ထားနိုင်ခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်၏။ “နွေနေပူသည် အချို့သော သစ်သီးများကို ချိမြိန်စေသော်လည်း နွားနို့ကိုမူ ချဉ်သိုးသွားစေ၏” ဟူသော စကားပုံကဲံသို့ အဆိုးလောကဓံများသည် အချို့သော လူများကို အောင်မြင်မှု သရဖူဆောင်နှင်းပေးသော်လည်း အချို့ သော လူများကိုမူ ကျဆုံးမှု ငရဲသို့ ဆွဲခေါ်သွားတတ်ပါသည်။

ထို့ကြောင့် မိမိတို့ ရရှိထားသော စီးပွားဥစ္စာ ရာထူးဂုဏ်သိန် အရှိနန်အဝါများ အကြောင်းအားလျော်စွာ ကုန်ဆုံး ပျက်စီး လျှော်ကျသွားသည့်အခါ စိတ်မညှိုးနွမ်း မပင်ပန်းရအောင် ကြည်လင်အေးမြ တည်ငြိမ်စွာ စိတ်ကို ထိန်းထားနိုင်သော ခံနိုင်မှုစွမ်းရည် ရှိဖို့ လူတိုင်း လိုအပ်လှပါသည်။ မတည်ငြိမ်သော ဘဝပေး အခြေအနေပေါ်တွင် တည်ငြိမ်စွာ ရှင်သန် နေထိုင်နိုင်သည်မှာ လူသား၏ ကျေနပ်ဖွယ် ဂုဏ်သတ္တိတစ်ခု ဖြစ်ပါသည်။ ယင်းဂုဏ်သတ္တိအပေါ်၌ အခြေခံ၍သာ အောင်မြင်သော လူ့ဘဝတစ်ခု တည်ဆောကနိုင်၏။ ဤသဘောဝကို တိပိဋကဓရ (ယော) ဆရာတော်၏ “ စိတ်ထားကောင်းသော သူဌေးသမီး” ဆိုသည့် ဓမ္မပုံပြင် က ညွန်ပြနေပါသည်။

စိတ်ထားကောင်းသော သူဌေးသမီး

မြတ်စွာဘုရား လက်ထက်ကပေါ့။ “တေလပနာဠိ” နိဂုံးရွာကြီးမှာ သူဌေးသမီးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဂေါပါလသူဌေးရဲံ သမီးဆိုတော့ ဂေါပါလ သူဌေးသမီးလို့ပဲ ဆိုရမှာပေါ့၊ ရုပ်ရည် အင်မတန်လှတယ်၊ အထူးသဖြင့် ဆံပင် ကောင်းတယ်၊ ဘုရားရှင်ရဲံ တရားနဲ့ မစိမ်းသူမို့ အသိဉာဏ် ကြီးတယ်၊ သဒ္ဓါတရားကောင်းတယ်၊ သူဌေးကြီး ဇနီး မောင်နှံရဲ့ ရှုမငြီးတဲ့ တစ်ဦးတည်းသော ချစ်သမီးပါပဲ။ မိဘများ ကွယ်လွန်သွားတဲ့အခါ ပေါများကြွယ်ဝလှတဲ့ အမွေတွေ အားလုံးကို သမီးဖြစ်သူက ရလိုက်ပါတယ်။ ဒါပေမယ့် အမွေနဲ့ မထိုက်ရှာတော့ မကြာမီ ပစ္စည်းအားလုံး ကုန်ဆုံးပျောက်ပျက်ပြီး ဆင်းရဲတဲ့ဘဝ ရောက်သွားရ သတဲ့။

သတ္တဝါတွေဟာ အတိတ်ဘဝတွေတုန်းက ကောင်းတာရော ဆိုးတာတွေပါ အကုန်လုပ်ခဲ့ကြတာဆိုတော့ ဘဝမှာ အတက် အကျ၊ အနိမ့် အမြင့် မရှိဘဲ တစ်သမတ်တည်း သွားဖို့ဆိုတာက တော်တော်ကို ခက်ပါတယ်။ ဂေါပလသူဌေးသမီးက “ အသိမှန်ကန် အဖိုးတန်” ဆိုသလို ဘဝကို တရားအသိနဲ့ အကြောင်းအကျိုး ဆက်သွယ်ကြည့်တတ်လို့ စိတ်မပျက်အောင် တည်ငြိမ်စွာ ထိန်းတတ်ပါတယ်။ ပစ္စည်းဥစ္စာ ပျက်သွားတဲ့နောက်ကို စိတ်ပျက်တာနဲ့ အပျင့်ပျက်တာ ပါမသွားရအောင် သတ္တိရှိရှိ ထိန်းနိုင်တယ်။ စိတ်ဓာတ် ကြံ့ခိုင်တယ်။ ကိုယ်ဆင်းရဲပေ မယ့် စိတ်မဆင်းရဲအောင် နေတတ်တယ်။ အလှူဒါန် မလုပ်နိုင်တော့ပေမယ့် သရဏဂုံ၊ သီလ၊ မေတ္တာတရားများကိုတော့ ရတဲ့နည်းနဲ့ ဖြည့်ကျင့်ကြိုးစား တယ်။

သူများတွေလို အဖိုးတတ်တွေ မဝတ်နိုင်ပေမယ့် ငါ့ခေါင်းပေါ်မှာ အဖိုးအတန်ဆုံး ဘုရား၊ တရား၊ သံဃာ ရတနာသုံး ရှိတယ်။ ငါ့ကိုယ်မှာ ခံ့ညားထည်ဝါလုံခြုံလှပတဲ့ သီလမေတ္တာ အဝတ်တန်ဆာကို ဝတ်ဆင်နေရရတယ်။ ဘာမျှ အားငယ်နေစရာ မလိုပါဘူး လို့ ကိုယ့်ဟာကိုယ်လည်း အားပေးတတ်သတဲ့။ ဂေါပလ သူဌေးသမီးမှာ သူငယ်ချင်း သူဌေးသမီး တစ်ယောက်ရှိတယ်။ အဲဒီသူဌေးသမီးက လူက လှပေမယ့် ဆံပင်က မကောင်းဘူးတဲ့။ သူက တစ်နေ့တော့ ငွေကြေးဆင်းရဲ ချို့ငဲ့နေတဲ့ ဂေါပါလသူဌေးသမီးထံလာပြီး “ညီမရယ်၊ ငွေကြေး အခက်အခဲ ဖြစ်နေရင် ညီမရဲံ ဆံပင်ကို တစ်ထောင်နဲ့ မမကို ရောင်းပါလား” လို့ဆံပင်လာ ဝယ်တယ်၊ ဂေါပလ သူဌေးသမီးကလည်း- “မိန်းမတို့ဘုန်း ဆံထုံး”ဆိုပြီး “ ကျက်သရေရှိတဲ့ ဒီဆံပင်ကိုတော့ အဆုံးမခံနိုင်ပါ။ တစ်ထောင်မက တစ်သောင်းပေးလည်း မရောင်းနိုင်ပါ”လို့ ပြန်ငြင်းပယ်လိုက်သတဲ့။

တစ်နေ့ကျတော့ အရှင်မဟာကစ္စည်းအမှူးရှိတဲ့ ရဟန္တာရှစ်ပါးဟာ ဂေါပါလသူဌေးသမီး အိမ်ရှေ့ကို ခရီးဒေသ စာရီ ကြွတော်မူရင်း ရောက်လာတော် မူသတဲ့။ အဲဒီအခါ သူဌေးသမီးက ကြည်ညီုလွန်းလို့ အိမ်ပေါ်ပင့်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ပါတယ်။ ဆွမ်းဟင်းအတွက် ငွေလိုနေလို့ သူအလွန် မြတ်နိုးတဲ့ ဆံပင်ကို ဖြတ်ပြီး ရောင်းသတဲ့။ အရင်က တစ်ထောင်ပေးတုန်းက မရောင်းရကောင်းလားဆိုတဲ့ အငြိုးနဲ့ သူငယ်ချင်း သူဌေးသမီးက ဈေးအလွန် နှိမ်ပြီးမှ ဝယ်ပါတယ်။ နောက်ဆုံး တစ်ထောင်ပေးလို့တောင် မရနိုင်တဲ့ ဆံပင်ကို ရှစ်ကျပ်နဲ့ပဲ ရောင်းလိုက်ရတယ်။ အဲဒီ ရှစ်ကျပ်နဲ့ပဲ ချက်ချင်း ဆွမ်းစီမံပြီး ရဟန္တာရှစ်ပါးကို တစ်ပါး တစ်ကျန်စီ ဆွမ်းဆက်ကပ် လှူ ပါတယ်။ အဲဒီလို အခက်အခဲ အကျပ်အတည်း ကြားထဲက ကျေကျေနပ်နပ် ကြည်ကြည်နူးနူးနဲ့ ဆွမ်းလှူလိုက်ရတဲ့ ကုသိုလ်ပီတိတွေကြောင့် ဖြတ်ပြီး ရောင်း လိုက်တဲ့ ဆံပင်တွေဟာ ချက်ချင်း ပြန်ရှည်လာပါသတဲ့။

မကြာမီမှာပဲ အရှင်မဟာကစ္စည်းထံက တစ်ဆင့် ဂေါပါလသူဌေးသမီးရဲ့ သဒ္ဓါတရားကောင်းပုံနဲ့ မြတ်နိုးဖွယ် စိတ်နေသဘောကို ဥဇ္ဇေနီ မိဖုရားအဖြစ် ချီးမြှောက်လိုက်ပါတယ်။ ဂေါပါလသူဌေးသမီးဟာ ဘုရင်ကြီးရဲ့ ချစ်စွာသော မိဖုရားကြီး ဖြစ်သွားပေမယ့် အောက်ခြေလွတ်မသွားပါဘူး။ “ငါ့ဘဝ ဒီလို အလွန်ကြီးကျယ်တဲ့ အဖြစ်ရောက်ရတာ သာသနာတော်ကြောင့်၊ ရတနာသုံးရဲ့ ကျေးဇူးကြောင့်” ဆိုပြီး သာသနာတော်ကို ပစ္စည်းလေးပါးနဲ့ ချီးမြှောက်တယ်။ ရတနာသုံးကို အသည်းစွဲကြည်ညိုပါသတဲ့။ တရားဟာ တရားလို စိတ်ဝင်စားရင် တရားကျင့်သူကို တရားလို သစ္စာရှိရှိပဲ ပြန်လည်စောင့်ရှောက်တတ် စမြဲပါ။ လူ့ဘဝမှာ အကြောင်းအားလျော်စွာ ရရျိထားတာတွေ ပျောက်ကွယ် ကုန်ဆုံးသွားရင် စိတ်ဓာတ် မကျဆင်းရ အောင်၊ အကျင့်စာရိတ္တ မပျက်စီးရအောင် တရားစွမ်းအားနဲ့ ထိန်းထားနိုင်ရမယ်။ စည်းစိမ်ဥစ္စာ ပျက်တဲ့နောက်ကို စိတ်ပျက်တာနဲ့ အကျင့်ပျက်တာ ပါမသွားစေရဘူး။

အဲဒီလို ခံနိုင်ရည်ရှိဖို့ဆိုတာ စားဝတ်နေရေးအတွက် ပစ္စည်းဥစ္စာကို ရှာဖွေစုဆောင်းစဉ်မှာပဲ သူတော်ကောင်း တရားကိုပါ ပူးတွဲရှာဖွေကြရမှာ။ လောကထဲမှာ နေရတာဆိုတော့ လောကဓံဆိုတာ အချိန်မရွေးတွေ့နိုင်တယ်။ ရှောင်လို့ ရတာလည်း ရှိတယ်။ ရှောင်လို့ မရတာလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဂေါပလ သူဌေးသမီးလို ကိုယ့်ဘက်က ခံနိုင်ရည် ရှိအောင် လေ့ကျင့်ထားမှ ကိုယ့်တာဝန် ကျေမှာပါ။ မကြာမီ ဂေါပါလ သူဌေးသမီးဟာ “ကဉ္စနဝန” ကျောင်းတိုက်ကြီးကို ဆောက်ပြီး အရှင်မဟာကစ္စည်း အမှုး ရှိတဲ့ သံဃာတော်အား ရေစက်ချပြီး လှူဒါန်းပါတယ်။ သာသနာပြု ကျောင်းအစ်မကြီး ဖြစ်သွားပါတော့တယ်။ နိဗ္ဗာန်ကိုဦးတည်လို့ ကောင်းမှုကုသိုလ်များကို အစွမ်းကုတန် ကြိုးစားသွားပါတော့တယ်။ ဒါကတော့ စွန့်လွှတ် စွန့်စားဝံ့တဲ့ သူဌေးသမီးတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ တိပိဋကဓရ(ယော)ဆရာတော်က ဤဓမ္မပုံပြင်တွင် ရယူနိုင်သော ဘဝသင်ခန်းစားများကို ဤသို့ ဓမ္မလင်္ကာ သီကုံးဖွဲ့ဆိုထားပါသည်။ + ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ မမြဲပါ၊ ချိန်ခါမရွေး ပျက်တတ်သည်။ + အပျက်မျိုးစုံ၊ ဤလူ့ဘုံ၌၊ တွေ့ကြုံဆုံကွဲ၊ တည်မမြဲ၊ မလွဲပျက်ရမည်။ တရားရှိက၊ မပူရ၊ အေးမြ တည်ငြိမ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  တော်ဝင်နွယ်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top