iMyanmarHouse.com - Best Property Website for Myanmar
×

ျမရည္နႏၵာတန္ဖိုးမွ်တအိမ္ရာ တိုက္ခန္းမ်ားကို ၾသဂုတ္ ၂၆ ရက္က ပထမအသုတ္မဲႏႈိက္ေပးေနစဥ္ (ဓာတ္ပံု − Ye Lwin FB)

မႏၲေလးၿမိဳ႕ေတာ္စည္ ပင္သာယာေရးေကာ္မတီက တည္ေဆာက္သည့္ ျမရည္နႏၵာတန္ဖိုး မွ်တအိမ္ရာရွိ တိုက္ခန္း ၆၇၂ ခန္း ကို အစိုးရဝန္ထမ္း အၿငိမ္းစားမ်ားႏွင့္ လုပ္သက္ရင့္ ဝန္ထမ္းမ်ား အား မဲႏိႈက္ေရာင္းခ်ေပးခဲ့သည္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမ ရည္နႏၵာ တန္ဖိုးနည္းအိမ္ရာရွိ ပထမအသုတ္ အခန္း ၆၇၂ ခန္းကိုၾသဂုတ္ ၂၆ ရက္က မဲႏိႈက္ေပးၿပီး ၾသဂုတ္ ၂၇  ရက္တြင္ ဝယ္ယူခြင့္မဲေပါက္သူမ်ား မိမိေနထိုင္ဝယ္ယူမည့္ အခန္းမ်ားကို ကိုယ္တိုင္မဲႏိႈက္ ေရြးခ်ယ္ခြင့္ေပးမည္ ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာသည္။

‘‘မွန္မွန္ကန္ကန္နဲ႔ ပြင့္လင္း ျမင္သာစြာ လုပ္မယ္။ စည္းကမ္း ခ်က္ထဲမွာပါတယ္။ ငါးႏွစ္အ တြင္း ပိုင္ရွင္ေျပာင္းလဲျခင္း၊ ေန ထုိင္ျခင္း မလုပ္ရဘူးဆိုတာ ပါ တယ္။ သိပ္မၾကာခင္မွာ ဖိဖိစီးစီး စစ္ေဆးမယ္။ မဲေပါက္တဲ့လူမ ဟုတ္တဲ့ လက္ထဲေရာက္ေနတာ ေတြ႕ရင္ ျပန္သိမ္းမယ္။ ဝယ္ထား တဲ့လူက နစ္နာမယ္။ စည္ပင္က ေတာ့ ျပန္အမ္းမွာမဟုတ္ဘူး။ ဝယ္မိတယ္ဆိုရင္ ျပႆနာနဲ႔ ေတြ႕မယ္’’ဟု ဦးေက်ာ္ဆန္းျမင့္က ေျပာ ၾကားသည္။

ပထမအသုတ္ ေရာင္းခ်ေပး သည့္ တိုက္ခန္း ၆၇၂ ခန္းကို ပင္စင္စားဝန္ထမ္းမ်ားအတြက္ အခန္း ၂၀၀၊ ႏုိင္ငံ့ဝန္ထမ္းလုပ္သက္ ၁၀ ႏွစ္အထိ ၂၅ ခန္း၊ လုပ္သက္ ၁၁ ႏွစ္မွ ၂၅ ႏွစ္အထိ ၁၉၂ ခန္း၊ လုပ္သက္ ၂၆ ႏွစ္မွ ၆၀ ႏွစ္အထိ ၂၅၅ ခန္းကို ခြဲေဝမဲႏိႈက္ခဲ့ သည္။

ယခုတစ္ႀကိမ္တြင္ မဲေပါက္ သူမ်ားကို ၂၀၁၉ အတြင္း ဆက္ လက္ေရာင္းခ်ခ်ိန္၌ ဒုတိယအသုတ္အျဖစ္ ဆက္လက္စဥ္းစား မည္ျဖစ္သည္။

  တိုက္ခန္း ဝယ္ယူခြင့္  ေလွ်ာက္လႊာတင္ခဲ့သူ အၿငိမ္း စားဝန္ထမ္း ၂,၅၈၂ ဦး၊ ႏုိင္ငံ့ဝန္ထမ္း ၈,၆၂၂ ဦးရွိခဲ့သည္။

တိုက္ခန္းတန္ဖိုးမ်ားသည္ ေျမညီထပ္ က်ပ္သိန္း ၂၆၀၊ ပထမ ထပ္ က်ပ္သိန္း ၂၄၀၊ ဒုတိယထပ္ က်ပ္သိန္း ၂၂၀၊ တတိယထပ္ က်ပ္သိန္း ၂၁၀၊ စတုတၳထပ္ က်ပ္သိန္း ၂၀၀၊ ပၪၥမထပ္ က်ပ္သိန္း ၁၉၀ တို႔ျဖစ္သည္။

တိုက္ခန္းဝယ္ယူခြင့္ရသူ မ်ားသည္ တိုက္ခန္းတန္ဖိုးကို အေက်ေပးေခ်သည့္ စနစ္ႏွင့္ ဘဏ္ေခ်းေငြစနစ္ ၁၅ ႏွစ္အထိ အရစ္က် ဝယ္ယူသည့္စနစ္ ႏွစ္မ်ိဳးရမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေျပာၾကားထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများကို သြဂုတ် ၂၆ ရက်က ပထမအသုတ်မဲနှိုက်ပေးနေစဉ် (ဓာတ်ပုံ − Ye Lwin FB)

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက တည်ဆောက်သည့် မြရည်နန္ဒာတန်ဖိုး မျှတအိမ်ရာရှိ တိုက်ခန်း ၆၇၂ ခန်း ကို အစိုးရဝန်ထမ်း အငြိမ်းစားများနှင့် လုပ်သက်ရင့် ဝန်ထမ်းများ အား မဲနှိုက်ရောင်းချပေးခဲ့သည်။

ချမ်းမြသာစည်မြို့နယ် မြ ရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာရှိ ပထမအသုတ် အခန်း ၆၇၂ ခန်းကိုသြဂုတ် ၂၆ ရက်က မဲနှိုက်ပေးပြီး သြဂုတ် ၂၇  ရက်တွင် ဝယ်ယူခွင့်မဲပေါက်သူများ မိမိနေထိုင်ဝယ်ယူမည့် အခန်းများကို ကိုယ်တိုင်မဲနှိုက် ရွေးချယ်ခွင့်ပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

‘‘မှန်မှန်ကန်ကန်နဲ့ ပွင့်လင်း မြင်သာစွာ လုပ်မယ်။ စည်းကမ်း ချက်ထဲမှာပါတယ်။ ငါးနှစ်အ တွင်း ပိုင်ရှင်ပြောင်းလဲခြင်း၊ နေ ထိုင်ခြင်း မလုပ်ရဘူးဆိုတာ ပါ တယ်။ သိပ်မကြာခင်မှာ ဖိဖိစီးစီး စစ်ဆေးမယ်။ မဲပေါက်တဲ့လူမ ဟုတ်တဲ့ လက်ထဲရောက်နေတာ တွေ့ရင် ပြန်သိမ်းမယ်။ ဝယ်ထား တဲ့လူက နစ်နာမယ်။ စည်ပင်က တော့ ပြန်အမ်းမှာမဟုတ်ဘူး။ ဝယ်မိတယ်ဆိုရင် ပြဿနာနဲ့ တွေ့မယ်’’ဟု ဦးကျော်ဆန်းမြင့်က ပြော ကြားသည်။

ပထမအသုတ် ရောင်းချပေး သည့် တိုက်ခန်း ၆၇၂ ခန်းကို ပင်စင်စားဝန်ထမ်းများအတွက် အခန်း ၂၀၀၊ နိုင်ငံ့ဝန်ထမ်းလုပ်သက် ၁၀ နှစ်အထိ ၂၅ ခန်း၊ လုပ်သက် ၁၁ နှစ်မှ ၂၅ နှစ်အထိ ၁၉၂ ခန်း၊ လုပ်သက် ၂၆ နှစ်မှ ၆၀ နှစ်အထိ ၂၅၅ ခန်းကို ခွဲဝေမဲနှိုက်ခဲ့ သည်။

ယခုတစ်ကြိမ်တွင် မဲပေါက် သူများကို ၂၀၁၉ အတွင်း ဆက် လက်ရောင်းချချိန်၌ ဒုတိယအသုတ်အဖြစ် ဆက်လက်စဉ်းစား မည်ဖြစ်သည်။

  တိုက်ခန်း ဝယ်ယူခွင့်  လျှောက်လွှာတင်ခဲ့သူ အငြိမ်း စားဝန်ထမ်း ၂,၅၈၂ ဦး၊ နိုင်ငံ့ဝန်ထမ်း ၈,၆၂၂ ဦးရှိခဲ့သည်။

တိုက်ခန်းတန်ဖိုးများသည် မြေညီထပ် ကျပ်သိန်း ၂၆၀၊ ပထမ ထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ် ကျပ်သိန်း ၂၀၀၊ ပဉ္စမထပ် ကျပ်သိန်း ၁၉၀ တို့ဖြစ်သည်။

တိုက်ခန်းဝယ်ယူခွင့်ရသူ များသည် တိုက်ခန်းတန်ဖိုးကို အကျေပေးချေသည့် စနစ်နှင့် ဘဏ်ချေးငွေစနစ် ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူသည့်စနစ် နှစ်မျိုးရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောကြားထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top