(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္အတြင္း အခုႏွစ္ေရႀကီးၿပီး စိုက္ပ်ိဳးစပါးေတြ ပ်က္စီးဆံုး႐ံႈးမႈျဖစ္စဥ္မွာ ႏွစ္ေပါင္းငါးဆယ္ေက်ာ္အတြင္း အဆိုးဆံုး အေျခအေနျဖစ္ၿပီး အနိမ့္ပိုင္ေဒသေတြမွာ ပိုမိုခံစားခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ျဖဴးၿမိဳ႕နယ္အတြင္းမွာ စပါးစိုက္ပ်ိဳးၿပီး လယ္ေျမဧကေပါင္း တသိန္းသံုးေသာင္းေက်ာ္ရွိရာ ေရႀကီးမႈေၾကာင့္ လယ္ေျမဧကေပါင္း ၂၆၉၆၆ ေရနစ္ျမဳပ္ခဲ့ကာ အခုလက္ရွိမွာ ဧကေျခာက္ေထာင္ေလာက္ပဲ ေရေပၚျပန္ေပၚလာၿပီး ပ်က္စီးမႈစားရင္းေကာက္ယူရာ ဧကႏွစ္ေထာင္ေက်ာ္ ပ်က္စီးသြားၿပီျဖစ္တယ္လို႔ ျဖဴးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ စားရင္းေတြအရ သိရပါတယ္။

အရင္ႏွစ္ေတြကလည္း ပံုမွန္ေရႀကီးမႈေတြ ရွိခဲ့ေပမယ့္ အခုႏွစ္ေလာက္ ပ်က္စီးမႈမရွိေၾကာင္းနဲ႔ အဲဒီေဒသမွာ ႏွစ္စဥ္ ဝါဆို၊ ဝါေခါင္နဲ႔ ေတာ္သလင္းလေတြမွာ ေရႀကီးမႈ ျဖစ္တယ္္လို႔ ဆိုပါတယ္။

က်ီးပင္ေပါက္ေက်းရြာမွ ဦးစိန္မင္းက “က်ေနာ္တို႔ရြာမွာ ေရက ၅ ေပေလာက္ တက္သြားတယ္။ စပါးေတြကေတာ့ အကုန္ျမဳပ္ကုန္တာေပါ့။ က်ေနာ္တို႔ေဒသက အနိမ့္ပိုင္းျဖစ္ေနေတာ့ ေရတက္ၿပီးဆိုတာနဲ႔ ေရာက္လာေတာ့တာပဲ။ စပါးေတြက ေရျပန္က်သြားတဲ့အခ်ိန္မွာ ျမင္တဲ့အတိုင္းပဲ ဘယ္လိုမွမရေတာ့ဘူး။ ဒီစပါးေတြက အကုန္ေသမွာပါ။ လက္ရွိအပင္ေထာင္ေနေပမယ့္ ေနပူခ်ိန္နဲ႔ႏံုးေတြ ကပ္ေနလို႔ အပင္ေတြကျပားၿပီး တျဖည္းျဖည္းေသကုန္ၾကမွပါ။ ေနာက္ပိုင္းဆို ကြင္းေျပာင္ျဖစ္သြားမယ္။ က်ေနာ္တို႔ေဒသမွာတင္ ဧကရာေက်ာ္ပ်က္စီးတယ္။ က်ေနာ္တို႔ေဒသကလည္း စပါးမရတာေၾကာင့္ ပဲကိုအားကိုး ၿပီးစာေနရတာ။ ပဲကလည္းေစ်းကေတာ့ အခက္အခဲ ျဖစ္တာေပါ့။ စပါးေလး ေကာင္းလိုက္မယ္ဆိုရင္ေတာ့ ေတာ္ေသးတာေပါ့။ အခုစပါးကလည္းပ်က္ေတာ့ အခက္အခဲ့ေတြကေတာ့ ျဖစ္တာေပါ့။ ဒီေဒသက ေတာင္သူေတြ အေနနဲ႔ ေရွ႕ဆက္ရမယ့္ ခရီးအတြက္ စဥ္းစားဖို႔ေတာင္ ခက္ေနတယ္။ က်ေနာ့္အသက္ ၅၃ ႏွစ္ရွိၿပီ။ ေရႀကီးတာေတြေတာ့ရွိတယ္။ အရင္ႏွစ္ကႀကီးတာေတြက ပ်က္စီးေလာက္တဲ့ အဆင့္အထိမရွိဘူး။ ၅၃ ႏွစ္ကာလမွာ ဒီႏွစ္ေလာက္ေရႀကီးတာ မႀကံဳဖူးေသးဘူး” လို႔ ေျပာပါတယ္။

တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္နီဝင္းက “ေရနစ္ပ်က္စီးသြားတဲ့ မ်ိဳးစပါးေတာ့ ျပန္ေပးလိမ့္မယ္လို႔ ထင္ပါတယ္။ အစိုးရကလည္း ပစ္မထားပါဘူး ကူညီမွာပါ။ ဘာလိုအပ္လဲဆိုေတာ့ ေရျမဳပ္ၿပီးပ်က္စီးသြားတဲ့ စပါးဧကကို အတိအက်ေပါ့။ တခ်ဳိ႕က်ေတာ့လည္း မပ်က္စီးဘဲ ပ်က္စီးသြားတာနဲ႔ ေရာသြားတတ္လို႔ တိတိက်က်နဲ႔ မွန္မွန္ကန္ကန္ စာရင္းေကာက္ၿပီး တင္ေပးရမွာေတာ့ အုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ တာဝန္ပါ။ သူတို႔ေပးပို႔တဲ့ စာရင္းအတိုင္းကိုပဲ ႏိုင္ငံေတာ္ကလည္း ျပန္လည္ေထာက္ပံ့ ေပးမွာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ေရႀကီးမႈေၾကာင့္ျဖဴးၿမိဳ႕နယ္အတြင္းရွိ စစ္ေတာင္းျမစ္နဲ႔ နီးတဲ့ ေက်းရြာအုပ္စု ၆ အုပ္စုက ေက်းရြာေပါင္း ၁၆ ရြာ၊ ေရေဘးဒဏ္ခံခဲရၿပီး စာသင္ေက်ာင္းေပါင္း ၂၂၈ ေက်ာင္းရွိၿပီး ေက်ာင္းေပါင္း ၂၂ ေက်ာင္းကိုလည္း ပိတ္ထားခဲ့ရပါတယ္။

သတင္း-ေက်ာ္ေအာင္(ကညြတ္ကြင္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း အခုနှစ်ရေကြီးပြီး စိုက်ပျိုးစပါးတွေ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်မှာ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း အဆိုးဆုံး အခြေအနေဖြစ်ပြီး အနိမ့်ပိုင်ဒေသတွေမှာ ပိုမိုခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ စပါးစိုက်ပျိုးပြီး လယ်မြေဧကပေါင်း တသိန်းသုံးသောင်းကျော်ရှိရာ ရေကြီးမှုကြောင့် လယ်မြေဧကပေါင်း ၂၆၉၆၆ ရေနစ်မြုပ်ခဲ့ကာ အခုလက်ရှိမှာ ဧကခြောက်ထောင်လောက်ပဲ ရေပေါ်ပြန်ပေါ်လာပြီး ပျက်စီးမှုစားရင်းကောက်ယူရာ ဧကနှစ်ထောင်ကျော် ပျက်စီးသွားပြီဖြစ်တယ်လို့ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စားရင်းတွေအရ သိရပါတယ်။

အရင်နှစ်တွေကလည်း ပုံမှန်ရေကြီးမှုတွေ ရှိခဲ့ပေမယ့် အခုနှစ်လောက် ပျက်စီးမှုမရှိကြောင်းနဲ့ အဲဒီဒေသမှာ နှစ်စဉ် ဝါဆို၊ ဝါခေါင်နဲ့ တော်သလင်းလတွေမှာ ရေကြီးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ကျီးပင်ပေါက်ကျေးရွာမှ ဦးစိန်မင်းက “ကျနော်တို့ရွာမှာ ရေက ၅ ပေလောက် တက်သွားတယ်။ စပါးတွေကတော့ အကုန်မြုပ်ကုန်တာပေါ့။ ကျနော်တို့ဒေသက အနိမ့်ပိုင်းဖြစ်နေတော့ ရေတက်ပြီးဆိုတာနဲ့ ရောက်လာတော့တာပဲ။ စပါးတွေက ရေပြန်ကျသွားတဲ့အချိန်မှာ မြင်တဲ့အတိုင်းပဲ ဘယ်လိုမှမရတော့ဘူး။ ဒီစပါးတွေက အကုန်သေမှာပါ။ လက်ရှိအပင်ထောင်နေပေမယ့် နေပူချိန်နဲ့နုံးတွေ ကပ်နေလို့ အပင်တွေကပြားပြီး တဖြည်းဖြည်းသေကုန်ကြမှပါ။ နောက်ပိုင်းဆို ကွင်းပြောင်ဖြစ်သွားမယ်။ ကျနော်တို့ဒေသမှာတင် ဧကရာကျော်ပျက်စီးတယ်။ ကျနော်တို့ဒေသကလည်း စပါးမရတာကြောင့် ပဲကိုအားကိုး ပြီးစာနေရတာ။ ပဲကလည်းဈေးကတော့ အခက်အခဲ ဖြစ်တာပေါ့။ စပါးလေး ကောင်းလိုက်မယ်ဆိုရင်တော့ တော်သေးတာပေါ့။ အခုစပါးကလည်းပျက်တော့ အခက်အခဲ့တွေကတော့ ဖြစ်တာပေါ့။ ဒီဒေသက တောင်သူတွေ အနေနဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် စဉ်းစားဖို့တောင် ခက်နေတယ်။ ကျနော့်အသက် ၅၃ နှစ်ရှိပြီ။ ရေကြီးတာတွေတော့ရှိတယ်။ အရင်နှစ်ကကြီးတာတွေက ပျက်စီးလောက်တဲ့ အဆင့်အထိမရှိဘူး။ ၅၃ နှစ်ကာလမှာ ဒီနှစ်လောက်ရေကြီးတာ မကြုံဖူးသေးဘူး” လို့ ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းက “ရေနစ်ပျက်စီးသွားတဲ့ မျိုးစပါးတော့ ပြန်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အစိုးရကလည်း ပစ်မထားပါဘူး ကူညီမှာပါ။ ဘာလိုအပ်လဲဆိုတော့ ရေမြုပ်ပြီးပျက်စီးသွားတဲ့ စပါးဧကကို အတိအကျပေါ့။ တချို့ကျတော့လည်း မပျက်စီးဘဲ ပျက်စီးသွားတာနဲ့ ရောသွားတတ်လို့ တိတိကျကျနဲ့ မှန်မှန်ကန်ကန် စာရင်းကောက်ပြီး တင်ပေးရမှာတော့ အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ပါ။ သူတို့ပေးပို့တဲ့ စာရင်းအတိုင်းကိုပဲ နိုင်ငံတော်ကလည်း ပြန်လည်ထောက်ပံ့ ပေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရေကြီးမှုကြောင့်ဖြူးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်နဲ့ နီးတဲ့ ကျေးရွာအုပ်စု ၆ အုပ်စုက ကျေးရွာပေါင်း ၁၆ ရွာ၊ ရေဘေးဒဏ်ခံခဲရပြီး စာသင်ကျောင်းပေါင်း ၂၂၈ ကျောင်းရှိပြီး ကျောင်းပေါင်း ၂၂ ကျောင်းကိုလည်း ပိတ်ထားခဲ့ရပါတယ်။

သတင်း-ကျော်အောင်(ကညွတ်ကွင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top