ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အရက္လိုက္ေသာက္ဖို႔ ေခၚတာမွာ လိုက္မေသာက္တဲ့အတြက္ စိတ္ဆိုးျပီး ေသနတ္နဲ႔ ပစ္သတ္လိုက္လို႔ လူတစ္ဦးေသဆံုးသြားတဲ့ ျဖစ္စဥ္ တစ္ခု တနသၤာရီတိုင္းေဒသၾကီး ကၽြန္းစုျမို႕နယ္ထဲက ေရျပည့္ေအာ္ ေက်းရြာမွာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေတာျပားႀကီးေက်းရြာအုပ္စု၊ ေရျပည့္ေအာ္ေက်းရြာအေနာက္ဘက္ (၁)မိုင္ခန္႔အကြာ ေဆာင္ ႀကီးေတာင္ေပၚက ဥယ်ာဥ္ ျခံမွာေနထုိင္တဲ့အသက္ ၃၃ ႏွစ္အရြယ္ ဦးစုုိးလြင္ကုိ သူ႕ရဲ႕အိမ္ေရွ႕နားမွာရပ္ေနစဥ္ ဥယ်ာဥ္ျခံခ်င္းကပ္တြင္ေနထိုင္တဲ့အသက္ ၅၆ ႏွစ္အရြယ္ ဦးျမင့္ႏိုင္ေရာက္ ရွိလာၿပီး အရက္ေသာက္ဖုိ႔ ေခၚရာမွာ ဦးစိုးလြင္က မေသာက္ခ်င္လို႔ပါလုိ႔ ျငင္းလိုက္ရာက ဦးျမင့္ႏိုင္ကေန အသင့္ယူေဆာင္လာေသာ လက္လုပ္ ယမ္းေထာင္း (ခ)တူမီးေသနတ္နဲ႔ တစ္ခ်က္ပစ္လိုက္တယ္လုိ႔ရဲတပ္ဖြဲ႔ကေျပာပါတယ္။

ဒါ့အျပင္ ထိမွန္လဲက်သြားစဥ္မွာ အသင့္ယူေဆာင္လာတဲ့ ဓားေျမွာင္နဲ႔ ဦးစိုးလြင္၏ ဝဲဘက္နားရြက္ကုိ ထပ္မံလွီးျဖတ္ေနတာကုိ ဦးစိုးလြင္ရဲ႕ ဇနီးျဖစ္သူေဒၚျမစိုးက ျမင္ေတြ႔ ကာေၾကာက္လန္႔ၿပီး ဥယ်ာဥ္ျခံေတာင္ေအာက္ကုိဆင္းျပီး ေရျပည့္ေအာ္ေက်းရြာရွိလူႀကီးထံ သြားေရာက္တိုင္တန္းခဲ့ပါတယ္။

အဲ့ဒီေနာက္ ေက်းရြာလူႀကီးေတြနဲ႔ အတူအခင္းျဖစ္ေနရာကုိ မနက္ ၇ နာရီေလာက္မွာ အခင္းျဖစ္တဲ့ ေနရာသို႔ျပန္လည္ေရာက္ရွိရာ ဦးစိုးလြင္ရဲ႕ လက္ဝဲဘက္ လက္ေမာင္းမွာ က်ည္ေပါက္ဝင္ဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္ရင္အံုကေန က်ည္ေပါက္ဝင္ၿပီး ေနာက္ေက်ာကုိ ေပါက္ထြက္ေနသည့္ ဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္နားရြက္မွာ ျပတ္ရွဒဏ္ရာ(၁)ခ်က္၊ ယာဘက္လက္ေမာင္း ပြန္းပဲ့ဒဏ္ရာ(၁)ခ်က္နဲ႔  ေသဆံုးေနတာေၾကာင့္ ကၽြန္းစုၿမိဳ႕နယ္ရဲစခန္းကအမႈဖြင့္ေဆာင္ရြက္ထားရွိလ်က္ရွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အရက်လိုက်သောက်ဖို့ ခေါ်တာမှာ လိုက်မသောက်တဲ့အတွက် စိတ်ဆိုးပြီး သေနတ်နဲ့ ပစ်သတ်လိုက်လို့ လူတစ်ဦးသေဆုံးသွားတဲ့ ဖြစ်စဉ် တစ်ခု တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ထဲက ရေပြည့်အော် ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောပြားကြီးကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ ဆောင် ကြီးတောင်ပေါ်က ဥယျာဉ်ခြံမှာနေထိုင်တဲ့အသက် ၃၃ နှစ်အရွယ် ဦးစိုးလွင်ကို သူ့ရဲ့အိမ်ရှေ့နားမှာရပ်နေစဉ် ဥယျာဉ်ခြံချင်းကပ်တွင်နေထိုင်တဲ့အသက် ၅၆ နှစ်အရွယ် ဦးမြင့်နိုင်ရောက် ရှိလာပြီး အရက်သောက်ဖို့ ခေါ်ရာမှာ ဦးစိုးလွင်က မသောက်ချင်လို့ပါလို့ ငြင်းလိုက်ရာက ဦးမြင့်နိုင်ကနေ အသင့်ယူဆောင်လာသော လက်လုပ် ယမ်းထောင်း (ခ)တူမီးသေနတ်နဲ့ တစ်ချက်ပစ်လိုက်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ထိမှန်လဲကျသွားစဉ်မှာ အသင့်ယူဆောင်လာတဲ့ ဓားမြှောင်နဲ့ ဦးစိုးလွင်၏ ဝဲဘက်နားရွက်ကို ထပ်မံလှီးဖြတ်နေတာကို ဦးစိုးလွင်ရဲ့ ဇနီးဖြစ်သူဒေါ်မြစိုးက မြင်တွေ့ ကာကြောက်လန့်ပြီး ဥယျာဉ်ခြံတောင်အောက်ကိုဆင်းပြီး ရေပြည့်အော်ကျေးရွာရှိလူကြီးထံ သွားရောက်တိုင်တန်းခဲ့ပါတယ်။

အဲ့ဒီနောက် ကျေးရွာလူကြီးတွေနဲ့ အတူအခင်းဖြစ်နေရာကို မနက် ၇ နာရီလောက်မှာ အခင်းဖြစ်တဲ့ နေရာသို့ပြန်လည်ရောက်ရှိရာ ဦးစိုးလွင်ရဲ့ လက်ဝဲဘက် လက်မောင်းမှာ ကျည်ပေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်အုံကနေ ကျည်ပေါက်ဝင်ပြီး နောက်ကျောကို ပေါက်ထွက်နေသည့် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားရွက်မှာ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်မောင်း ပွန်းပဲ့ဒဏ်ရာ(၁)ချက်နဲ့  သေဆုံးနေတာကြောင့် ကျွန်းစုမြို့နယ်ရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top