(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ေရႊႀတိဂံနယ္ေျမ မဲေခါင္ျမစ္ကိုုျဖတ္ျပီး သယ္ေဆာင္လာတဲ့စိတ္ၾကြေဆး ၄.၇သန္းေက်ာ္ကို ထုိင္းအာဏာပိုင္ေတြက ထိုင္းႏုိင္ငံ နုေကာ္ဖႏံုျပည္နယ္ထဲမွာ ဖမ္းဆီးမိခဲ့ပါတယ္။ ကာလတန္ဖိုး ဘတ္သန္းေပါင္း ၉၀၀ေက်ာ္ တန္ဖိုးရွိတယ္လုိ႕ဆုိပါတယ္။

ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္း၊ ျမန္မာ၊ လာအို သံုးႏုိ္င္ငံထိစပ္ေနတဲ့ ေရႊၾတိဂံေဒသကေန လာတဲ့့စိတ္ၾကြေဆးေပါင္း ၄သန္း ေက်ာ္ကို သယ္ေဆာင္ လာတဲ့ ကားတစီးကုိ ရပ္တန္႔ ခိုင္းရာကေန ကားေပၚက လူေတြ ထြက္ေျပးသြားတဲ့အတြက္ ထုိင္းရဲေတြက ရွာေဖြဖမ္းဆီးခ့ဲရာမွာ အမ်ိဳးသမီးတဦးကုိသာ ဖမ္းဆီမိခဲ့ပါတယ္။

ရဲမွဴးၾကီး ဖိစစ္ေထာင္ဒီနဲ ့ တပ္ရင္း ၂၁၀ က တာ၀န္ရွိသူေတြ ပူးေပါင္းျပဳလုုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ရွင္းျပခဲ့တာကေတာ့ စိတ္ၾကြေဆးျပား ေပါင္း ၄ သန္းေက်ာ္သယ္္ေဆာင္လာတဲ့ အနက္ေရာင္းကားငယ္တစင္း ကို ရွာေဖြဖို႕ အတြက္ရပ္တန္႔ ခိုင္းရာမွာ ကားေပၚမွာပါလာသူေတြက ထြက္ေျပးသြားခဲ့ၿပီး ၿခံတခုထဲမွာ ပုန္းေနတဲ့ အသက္ (၃၃)ႏွစ္အရြယ္ အမ်ိဳးသမီးတဦးကုိပဲ ဖမ္းဆိးမိခဲ့တယ္လုိ႕ဆုိပါတယ္။

အခုုဖမ္းဆီးမိတဲ့ စိတ္ၾကြေဆးျပားေတြဟာ ၉ ၉ ၉ တဆိပ္ ၿပိဳင္ကားပံုု
နဲ ့ စထုုတ္လုုပ္တာျဖစ္တယ္လို ့ဆုိပါတယ္။ အဲဒီတံဆိပ္ကေတာ့ သူတို ့ဖမ္းမိတဲ့ တံဆိပ္အသစ္ျဖစ္တယ္လုိ႔ လည္းဆုိပါတယ္။

အခုုလိုုဖမ္းဆီးနိုုင္တာဟာ စိတ္ၾကြေဆးျပားေတြ အမ်ားအျပား ၀င္ေရာက္
လာတယ္ဆိုတဲ့ ႀကိဳတင္သတင္းရထားခဲ့တာေၾကာင့္ နေကာ္ဖႏံုု
ျပည္နယ္ အေ၀းေျပးလမ္းမ ၂၁၂ နဲ ့ ၂၂၃ လမ္းမေတြမွာ ရဲနဲ ့ စစ္တပ္ပူးေပါင္း အဖြဲ ့ပိတ္ဆိုု ့ရွာေဖြ ေနခဲ့တာလို႔ ဆိုပါတယ္။

စိတ္ၾကြေဆး အမ်ားအျပားသယ္ေဆာင္လာတဲ့ တိုုယိုုတာ အနက္ေရာင္ ကားကိုု ၾသဂုတ္လ ၇ ရက္ေန႕ည (၈)နာရီေက်ာ္အခ်ိိန္မွ ေတြ ့ရွိခဲ့တာျဖစ္ျပိး စစ္ေဆးေရးဂိတ္နဲ ့ တကီလိုမီတာအကြာမွာ ပဲကားကျပန္ေကြ ့ျပီးေမာင္းေျပးခဲ့တယ္လို႔ လည္း ရဲမူးႀကီးက ဆုိပါတယ္။

စစ္တပ္နဲ ့ရဲေတြဟာ လမ္းမေတြပိတ္ထားျပီးျဖစ္လိုု ့
ေမာင္းေျပးလို ့မလြတ္ေတာ့တာေၾကာင့္ ကားရပ္ျပီး
မူယစ္ေဆး၀ါးသမားေတြက ထြက္ေျပးသြားခဲ့တာကိုု စစ္တပ္အဖြဲ ့၀င္ေတြ က လိုုက္လံ
ဖမ္းဆီးတဲ့အခါ ျခံဳထဲထဲပုုန္းေနတဲ့ အမ်ိဳးသမီးတဦးကုိ စစ္ေဆးေရးအဖြဲ ့ေတြက
ရွာ ေတြ ခဲ့တာလိုလည္းဆုိပါတယ္။ အဲဒီ အမ်ိဳးသမီးကို ထိမ္းသိမ္းထားျပီး ဆက္လက္စစ္ေဆးေနပါတယ္။

ကာလတန္ဖိုး ဘတ္ေငြ သန္းေပါင္း ၉၀၀ ေက်ာ္ရွိတဲ့ စိတ္ၾကြေဆးျပား ေတြနဲ႕အတူ ဖမ္းဆီးမိတဲ့ အမ်ိဳးသမီးရဲ႕ ဘဏ္အေကာင့္မွာလည္း ဘတ္ေငြ သန္းခ်ီစာရင္းရွိေနတာေႀကာင့္ ဆက္လက္စစ္ေဆးေနပါတယ္။ ထြက္ေျပးလြတ္ေျမာက္သြားသူေတြ ျဖစ္တဲ့ မူးယစ္ဂိုုဏ္း၀င္ေတြ ကိုု ဆက္လက္ေဖၚထုုတ္သြားမွာျဖစ္တယ္လိုု ့လည္း ၾသဂုတ္လ ၈ရက္ေန႕မွာျပဳလုုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ထိုင္းအာဏာပိုုင္ေတြက ထုုတ္ေဖၚေျပာဆိုုသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: VOA News
# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကိုဖြတ်ပြီး သယ်ဆောင်လာတဲ့စိတ်ကြွဆေး ၄.၇သန်းကျော်ကို ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ နုကော်ဖနုံပြည်နယ်ထဲမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၉၀၀ကျော် တန်ဖိုးရှိတယ်လို့ဆိုပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှေတြိဂံဒေသကနေ လာတဲ့စိတ်ကြွဆေးပေါင်း ၄သန်း ကျော်ကို သယ်ဆောင် လာတဲ့ ကားတစီးကို ရပ်တန့် ခိုင်းရာကနေ ကားပေါ်က လူတွေ ထွက်ပြေးသွားတဲ့အတွက် ထိုင်းရဲတွေက ရှာဖွေဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတဦးကိုသာ ဖမ်းဆီမိခဲ့ပါတယ်။

ရဲမှူးကြီး ဖိစစ်ထောင်ဒီနဲ့ တပ်ရင်း ၂၁၀ က တာဝန်ရှိသူတွေ ပူးပေါင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့တာကတော့ စိတ်ကြွဆေးပြား ပေါင်း ၄ သန်းကျော်သယ်ဆောင်လာတဲ့ အနက်ရောင်းကားငယ်တစင်း ကို ရှာဖွေဖို့ အတွက်ရပ်တန့် ခိုင်းရာမှာ ကားပေါ်မှာပါလာသူတွေက ထွက်ပြေးသွားခဲ့ပြီး ခြံတခုထဲမှာ ပုန်းနေတဲ့ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတဦးကိုပဲ ဖမ်းဆိးမိခဲ့တယ်လို့ဆိုပါတယ်။

အခုဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ၉ ၉ ၉ တဆိပ် ပြိုင်ကားပုံ
နဲ့ စထုတ်လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီတံဆိပ်ကတော့ သူတို့ဖမ်းမိတဲ့ တံဆိပ်အသစ်ဖြစ်တယ်လို့ လည်းဆိုပါတယ်။

အခုလိုဖမ်းဆီးနိုင်တာဟာ စိတ်ကြွဆေးပြားတွေ အများအပြား ဝင်ရောက်
လာတယ်ဆိုတဲ့ ကြိုတင်သတင်းရထားခဲ့တာကြောင့် နကော်ဖနုံ
ပြည်နယ် အဝေးပြေးလမ်းမ ၂၁၂ နဲ့ ၂၂၃ လမ်းမတွေမှာ ရဲနဲ့ စစ်တပ်ပူးပေါင်း အဖွဲ့ပိတ်ဆို့ရှာဖွေ နေခဲ့တာလို့ ဆိုပါတယ်။

စိတ်ကြွဆေး အများအပြားသယ်ဆောင်လာတဲ့ တိုယိုတာ အနက်ရောင် ကားကို သြဂုတ်လ ၇ ရက်နေ့ည (၈)နာရီကျော်အချိန်မှ တွေ့ရှိခဲ့တာဖြစ်ပြိး စစ်ဆေးရေးဂိတ်နဲ့ တကီလိုမီတာအကွာမှာ ပဲကားကပြန်ကွေ့ပြီးမောင်းပြေးခဲ့တယ်လို့ လည်း ရဲမူးကြီးက ဆိုပါတယ်။

စစ်တပ်နဲ့ရဲတွေဟာ လမ်းမတွေပိတ်ထားပြီးဖြစ်လို့
မောင်းပြေးလို့မလွတ်တော့တာကြောင့် ကားရပ်ပြီး
မူယစ်ဆေးဝါးသမားတွေက ထွက်ပြေးသွားခဲ့တာကို စစ်တပ်အဖွဲ့ဝင်တွေ က လိုက်လံ
ဖမ်းဆီးတဲ့အခါ ခြုံထဲထဲပုန်းနေတဲ့ အမျိုးသမီးတဦးကို စစ်ဆေးရေးအဖွဲ့တွေက
ရှာ တွေ ခဲ့တာလိုလည်းဆိုပါတယ်။ အဲဒီ အမျိုးသမီးကို ထိမ်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေပါတယ်။

ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၉၀၀ ကျော်ရှိတဲ့ စိတ်ကြွဆေးပြား တွေနဲ့အတူ ဖမ်းဆီးမိတဲ့ အမျိုးသမီးရဲ့ ဘဏ်အကောင့်မှာလည်း ဘတ်ငွေ သန်းချီစာရင်းရှိနေတာကြောင့် ဆက်လက်စစ်ဆေးနေပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူတွေ ဖြစ်တဲ့ မူးယစ်ဂိုဏ်းဝင်တွေ ကို ဆက်လက်ဖေါ်ထုတ်သွားမှာဖြစ်တယ်လို့လည်း သြဂုတ်လ ၈ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: VOA News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top