ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
အဆိုပါအမှုအား ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး ဥာဏ်ထွန်း က လက်ခံပြီး တရားလိုအား စစ်ဆေးခြင်း ၊ သက်သေများကို စစ်ဆေးခြင်း ၊ သားမယားအဖြစ် ပြုကျင့်ခံရသူ မ . . . နှင့် ပြုကျင့်သူ ဦးတင်ထွန်း တို့ကို ရဲမှုခင်းဆေးစာဖြင့် ကသာဆေးရုံသို့ ပို့အပ်စစ်ဆေးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း ၊ အခင်းဖြစ်အရပ် သို့ သွားရောက်ကာ အသေးစိတ် စစ်ဆေးခြင်းတို့ ပြုလုပ်လျှက်ရှိပြီး ကသာမြို့မရဲစခန်းမှ (ပ)၁၁၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Credit: နိုင်ကြီး (ကသာ)
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီး ကျေးရွာအုပ်စု ဝေဆွယ်ကျေးရွာတွင် နေထိုင်သော ဦးတင်ထွန်း (၄၅ – နှစ်) သည် ညအချိန်တွင် ၎င်း၏သမီးများ ဖြစ်သော ညီအမ(၂)ဦး အိပ်နေသည့် အိပ်ခန်းအတွင်းသို့ ဝင်ကာ သမီးကြီးဖြစ်သူ မ . . . အား အတင်းအဓ္ဓမပြုကျင့် နေစဉ် တစ်ခန်းထဲ အတူနေ သမီးငယ်ဖြစ်သူမှ ထိုသို့ မပြုလုပ်ရန် တွန်းထိုးပြုလုပ် တားမြှစ်သော်လည်း မရပဲ သမီးကြီး ကို အဓ္ဓမပြုကျင့်ခဲ့သည် ။ ဦးတင်ထွန်း မှ `ဒီအကြောင်းကို ဘယ်သူ့မှမပြောရဘူး ပြောရင်နင့်ကို သတ်မယ်´ ဟု ပြောဆို ခြိမ်းခြောက်ခဲ့ သဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ နေခဲ့ရသည် ဟု ဆိုသည်။ ထိုဖြစ်စဉ်သည် ဧပြီလအတွင်းက ဖြစ်ခဲ့သော ဖြစ်စဉ်ဖြစ်ပြီး မေလ (၆)ရက်နေ့ည တွင်လည်း ဖခင်ဖြစ်သူ၏ သားမယားပြုကျင့်ခြင်းကို (၂)ကြိမ်တိုင် ပြုလုပ်ခံခဲ့ရကြောင်း ထိုကဲ့သို့ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခြင်း ခံနေရသဖြင့် မေလ (၇)ရက်နေ့တွင် မ . . . သည် ညီမ ဖြစ်သူနှင့်အတူ နေအိမ်မှ ထွက်ပြေးလာခဲ့ပြီး ကျောက်ထုံးကြီးကျေးရွာရှိ အဒေါ်ဖြစ်သူနှင့် တွေ့ဆုံကာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး ကသာမြို့မရဲစခန်း၌ မေလ(၈)ရက်နေ့ တွင် တိုင်တန်းအမှုဖွင့်ခဲ့သည်။ သမီးဖြစ်သူအား သားမယားပြုကျင့်သူ ဦးတင်ထွန်း သည် ယခင်အချိန်က မုဒိန်းမှုဖြင့် ထောင်ကျခဲ့ပြီး ယခု ဧပြီလ တွင်မှ လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။ ဦးတင်ထွန်း၏ မိန်းမဖြစ်သူမှာလည်း ဦးတင်ထွန်း မုဒိန်းမှုဖြင့် ထောင်ကျသွားစဉ် နောက်အိမ်ထောင်ပြုကာ အခြားရွာ၌ သွားရောက်နေထိုင်သဖြင့် နေအိမ်တွင် သမီး(၂)ဦးသာ ကျန်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုအား ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး ဉာဏ်ထွန်း က လက်ခံပြီး တရားလိုအား စစ်ဆေးခြင်း ၊ သက်သေများကို စစ်ဆေးခြင်း ၊ သားမယားအဖြစ် ပြုကျင့်ခံရသူ မ . . . နှင့် ပြုကျင့်သူ ဦးတင်ထွန်း တို့ကို ရဲမှုခင်းဆေးစာဖြင့် ကသာဆေးရုံသို့ ပို့အပ်စစ်ဆေးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း ၊ အခင်းဖြစ်အရပ် သို့ သွားရောက်ကာ အသေးစိတ် စစ်ဆေးခြင်းတို့ ပြုလုပ်လျှက်ရှိပြီး ကသာမြို့မရဲစခန်းမှ (ပ)၁၁၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်ကြီး (ကသာ)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top