ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×






source : mirror.co.uk

Credit: နတ်စည်ေတာ် (MyanmarNote)
# Unicode Version ဖြင့် ဖတ်ပါ #
အဇာဘိုင်ဂျန်ရဲ့ အအောင်မြင်ဆုံး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Mahbuba Mammadzada အမည်ရ အသက်(၂၃)နှစ်အရွယ် မော်ဒယ်မလေးဟာ သူရဲ့ အပျိုစဉ်ဘဝကို ရောင်းချတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ မော်ဒယ်က သူမရဲ့ အပျိုစင်ဘဝကို ပေါင် (၈၉၀၀၀)နဲ့ ဈေးဖွင့်ထားပြီး၊ ဒီလို လုပ်လိုက်ခြင်းအတွက် မိခင် ဂုဏ်ယူနေလိမ့်မယ်လို့ ဆိုပါတယ်။

Mahbuba ကမ်းလှမ်းထားတဲ့ဈေးဟာ ကြမ်းခင်းဈေးသာ ဖြစ်ပြီး၊ လေလံစနစ်နဲ့ ဒီထက်ပိုပေးနိုင်သူကို သူမက အပျိုစင်ဘဝ ရောင်းချသွားမယ်လို့ ပြောပါတယ်။ ဒီငွေတွေနဲ့ မိခင်ဖြစ်သူကို အိမ်ကောင်းကောင်း ဝယ်ပေးမှာဖြစ်ပြီး၊ ပိုလျှံတဲ့ပိုက်ဆံကိုတော့ သူမ နိုင်ငံခြားမှာ လေ့လာမှုတွေပြုလုပ်ရာမှာ အသုံးပြုမယ်လို့ ပြောပါတယ်။

Mahbuba က ” အမေက ကျမအတွက် အရာရာကို အနစ်နာခံခဲ့သူပါ … အခု ကျမ အလှည့်ရောက်ပါပြီ … ကျမအတွက် သူမကို ဂုဏ်ယူစေချင်ပါတယ် … “လို့ ပြောပါတယ်။ သူမဟာ နာမည်ကျော်ကုမ္ပဏီဖြစ်တဲ့ Cinderella Escorts ကုမ္ပဏီနဲ့ ဆက်သွယ်ခဲ့ပြီး အဆိုပါကုမ္ပဏီဟာ ဆယ်လီအမျိုးသမီးတွေရဲ့ အပျိုစင်ဈေးပြိုင်လေလံကို ဒိုင်ခံပြီး ကျင်းပပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Mahbuba ဟာ ကနဦးတုန်းက Cinderella Escorts အေဂျင်စီမှာ Maria ဆိုတဲ့နာမည်ဝှက်နဲ့ ဝင်ရောက်စာရင်းပေးသွင်းခဲ့ပြီး ဗွီဒီယိုဖိုင်တစ်ခု ပေးပို့ကာ သူမရဲ့ အစီအစဉ်ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမဟာ နာမည်ကျော်မော်ဒယ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Mahbuba က အနည်းဆုံး ပေါင် (၉၀၀၀၀)လောက်တော့ ရှာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှုပေးတဲ့ Cinderella Escorts အေဂျင်စီက ရရှိငွေရဲ့ (၂၀)%ကို ဝန်ဆောင်မှုအဖြစ် ပြန်လည်ပေးအပ်ရမှာ ဖြစ်ပြီး၊ အဆိုပါ အေဂျင်စီဟာ နာမည်ကျော် မော်ဒယ်တွေ၊ အလှပဂေးကောင်မလေးတွေရဲ့ အပျိုစင်လေလံနဲ့ တစ်နှစ်မှာ ပေါင်သန်းချီ အမြတ်ရနေတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။ Mahbuba ဟာ လက်ရှိအချိန်မှာ တူရကီမှာ နေထိုင်နေပါတယ်။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စညေ်တာ် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top