iMyanmarHouse.com - Best Property Website for Myanmar
×

ယီမင္ႏိုင္ငံ ေျမာက္ပိုင္းက သူပုန္ေတြ ထိန္းခ်ဳပ္တဲ့ ေဒသမွာ ေလေၾကာင္း တိုက္ခိုက္မႈေတြအတြင္း ေက်ာင္းကားတစင္းကို ထိမွန္ၿပီး ကေလး အမ်ားအျပား ေသဆုံး ဒဏ္ရာ ရခဲ့ပါတယ္။

ေဆာ္ဒီ အာေရဗ် ဦးေဆာင္တဲ့ ပူးေပါင္း တပ္ဖြဲ႕ေတြရဲ႕ ေလေၾကာင္း တိုက္ခိုက္မႈ အတြင္း အဲဒီ ကားကို ပစ္မွတ္ထား ခဲ့တာလို႔ သတင္းရပ္ကြက္ ေတြက ေျပာပါတယ္။

ေဆာ္ဒီ ဦးေဆာင္တဲ့ ပူးေပါင္း တပ္ဖြဲ႕ေတြဟာ ဟူသီ သူပုန္ေတြနဲ႔ တိုက္ပြဲ ျဖစ္ေနတဲ့ ယီမင္ အစိုးရဘက္က အားေပး ကူညီေနတာပါ။

ထိခိုက္ဒဏ္ရာ ရသူေတြ အလုံးလိုက္ အရင္းလိုက္ ေရာက္လာေနတာကို ကူဖို႔ ေနာက္ထပ္ အေထာက္အပံ့ေတြ ပို႔ေပးမယ္လို႔ ICRC ေျပာ
ICRC ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ေဆး႐ုံမွာ အေလာင္း ၂၉ ေလာင္း ေရာက္ေနၿပီး အဲဒီ အေလာင္းေတြဟာ အသက္ ၁၄ႏွစ္ေအာက္ ကေလးေတြ ျဖစ္တယ္လို႔ ICRC ေျပာခြင့္ရ အမ်ိဳးသမီးက ေျပာပါတယ္။

ဒဏ္ရာ ရသူက ၄၉ ေယာက္ ရွိၿပီး အဲဒီထဲမွာ ကေလး အေယာက္ ၃၀ ပါတယ္လို႔ ဆိုပါတယ္။

ဟူသီ သူပုန္ေတြကေတာ့ တိုက္ခိုက္မႈအတြင္း လူ ၄၀ေက်ာ္ ေသဆုံးသြားတယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ ပူးေပါင္းတပ္ဖြဲ႕ကေတာ့ သူတို႔ဟာ မစ္ဆိုင္းဒုံး ပစ္သူေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာ ျဖစ္ၿပီး ေဆာင္ဒီအာေရဗ်ႏိုင္ငံထဲ သူပုန္ေတြ ေရာ့ကက္ ဒုံးက်ည္ ပစ္လႊတ္ခဲ့တာကို လက္တုံ႔ျပန္ ခဲ့တာလို႔ ေျပာပါတယ္။

ကေလးေတြကို လူသားဒိုင္း လို သူပုန္ေတြက အသုံးခ်ခဲ့တာလို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
ယီမင်နိုင်ငံ မြောက်ပိုင်းက သူပုန်တွေ ထိန်းချုပ်တဲ့ ဒေသမှာ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ကျောင်းကားတစင်းကို ထိမှန်ပြီး ကလေး အများအပြား သေဆုံး ဒဏ်ရာ ရခဲ့ပါတယ်။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း အဲဒီ ကားကို ပစ်မှတ်ထား ခဲ့တာလို့ သတင်းရပ်ကွက် တွေက ပြောပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေဟာ ဟူသီ သူပုန်တွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ယီမင် အစိုးရဘက်က အားပေး ကူညီနေတာပါ။

ထိခိုက်ဒဏ်ရာ ရသူတွေ အလုံးလိုက် အရင်းလိုက် ရောက်လာနေတာကို ကူဖို့ နောက်ထပ် အထောက်အပံ့တွေ ပို့ပေးမယ်လို့ ICRC ပြော
ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဆေးရုံမှာ အလောင်း ၂၉ လောင်း ရောက်နေပြီး အဲဒီ အလောင်းတွေဟာ အသက် ၁၄နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ ICRC ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

ဒဏ်ရာ ရသူက ၄၉ ယောက် ရှိပြီး အဲဒီထဲမှာ ကလေး အယောက် ၃၀ ပါတယ်လို့ ဆိုပါတယ်။

ဟူသီ သူပုန်တွေကတော့ တိုက်ခိုက်မှုအတွင်း လူ ၄၀ကျော် သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပူးပေါင်းတပ်ဖွဲ့ကတော့ သူတို့ဟာ မစ်ဆိုင်းဒုံး ပစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆောင်ဒီအာရေဗျနိုင်ငံထဲ သူပုန်တွေ ရော့ကက် ဒုံးကျည် ပစ်လွှတ်ခဲ့တာကို လက်တုံ့ပြန် ခဲ့တာလို့ ပြောပါတယ်။

ကလေးတွေကို လူသားဒိုင်း လို သူပုန်တွေက အသုံးချခဲ့တာလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top