ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ ႏိုင္ငံ အေနနဲ႔ အနာဂတ္ ကာလ အာကာသ စစ္ေျမျပင္မွာ ခုခံ ကာကြယ္မႈေတြ လုပ္ ရမွာ ျဖစ္တဲ့ အတြက္ အာကာသ တပ္ဖြဲ႕သစ္ ကို ဖြဲ႕စည္း ျပင္ဆင္ဖို႔ ဒုတိယ သမၼတ မိုက္ ပန႔္စ္ တိုက္တြန္း လိုက္ပါတယ္။

၂၀၂၀ ခုႏွစ္မွာ ဆဌမေျမာက္ တပ္မႀကီး ကို တိုးခ်ဲ႕ ဖြဲ႕စည္းဖို႔ ကြန္ဂရက္ ကို ေတာင္း ဆို ခဲ့ၿပီး၊ ေနာက္ ငါးႏွစ္တာ ကာလ အတြင္း အေမရိကန္ ရဲ႕ အာကာ သ လုံၿခဳံ ေရး အစီအစဥ္မွာ ေဒၚလာ ၈ ဘီလ်ံ အပိုေဆာင္း ခ်မွတ္ ေပးဖို႔ သူက ေျပာၾကား ခဲ့ ပါတယ္။

အဲဒါ ကလည္း တ႐ုတ္ နဲ႔ ႐ုရွား တို႔ဟာ ကမာၻပတ္ လမ္းေၾကာင္း ထဲမွာ ၿဂိဳလ္တု သြားလာ လႈပ္ရွား မႈေတြ ပိုမိုေဆာင္႐ြက္ ေနၿပီး အေမရိကန္ ရဲ႕ အာကာသ စနစ္ ကို ၿခိမ္းေျခာက္မႈေတြ လုပ္ေနတာေၾကာင့္ ျဖစ္တယ္လို႔ သူက ဆို ခဲ့ပါတယ္။

အေမရိကန္ သမၼတ ထရမ့္ က မၾကာခန ဆိုသလို အာကာသ တပ္ဖြဲ႕ ဖြဲ႕စည္းေရး အတြက္ စိတ္ထက္သန္မႈ ရွိေနတဲ့ အေၾကာင္း ဖြင့္ေျပာေလ့ ရွိသလို လာမဲ့ ၅ ႏွစ္ အတြင္းမွာ ဒီစီမံကိန္း အတြက္ ေဒၚလာ ၈ ဘီလီယံ ခ်ေပးဖို႔ လည္း ကြန္ဂရက္ ကို ေတာင္းခံပါတယ္။ လတ္တေလာ အေမရိကန္ ကာကြယ္ေရး ဘတ္ဂ်က္ ကပဲ ဒီႏွစ္ အတြက္ ေဒၚလာ ၇၁၆ ဘီလ်ံ သုံးစြဲေနတာ ျဖစ္ပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔ ကေတာ့ ဒုတိယ သမၼတ မိုက္ပန္႔စ္ က ပင္တဂြန္ စစ္ဌာနခ်ဳပ္ မွာ ေနာင္လာမဲ့ စစ္ေျမျပင္ အတြက္ ျပင္ဆင္ခ်ိန္ က်ၿပီျဖစ္လို႔ အာကာသ တပ္ဖြဲ႕ မလႊဲမေသြ လိုအပ္ၿပီ လို႔ ဖြင့္ေျပာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ ၇ ပတ္ထဲက သမၼတ ထရမ့္ က ကာကြယ္ေရး ဌာန ကို လက္နက္ကိုင္တပ္ဖြဲ႕ ေတြ ထဲမွာ ဆဌမ ေျမာက္ တပ္ဖြဲ႕ အေနနဲ႔ အာကာသ တပ္ဖြဲ႕ ဖြဲ႕စည္းေရး ဟာ လိုအပ္လာၿပီ ဆိုတာ ကို လည္းေျပာပါတယ္။ ထရမ့္ ရဲ႕ အာကာသ ကာကြယ္ေရး လႈံ႕ေဆာ္မႈ ဗီဒီယို ဒီတပ္ဖြဲ႕ ဟာ တျခား ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႕ေတြ အျပင္၊ မရိန္း တပ္ဖြဲ႕၊ ကမ္းေျခေစာင့္ တပ္ဖြဲ႕ေတြ နည္းတူ ႏိုင္ငံ့ ကာကြယ္ေရး အတြက္ အာကာသသိပၸံ နည္းပညာရပ္ေတြ နဲ႔ ကြၽမ္းက်င္သူေတြ ကို ေလ့က်င့္ ခန္႔အပ္ရမွာပါ။ သမၼတႀကီးရဲ႕ လမ္းၫႊန္ခ်က္ အရ နဲ႔ သူ႔ေမွ်ာ္မွန္းခ်က္ ကို အေကာင္အထည္ ေဖၚဖို႔ ျဖစ္ပါတယ္ လို႔ သူက ဆိုပါတယ္။

အေမရိကန္ အစိုးရ အျမင္မွာ အာကာသအတြင္း လွည့္လည္ေနတဲ့ အေမရိကန္ ဆက္သြယ္ေရး ၿဂိဳလ္တု ေတြ အနီးမွာ ႐ုရွား နဲ႔ တ႐ုတ္ ၿဂိဳလ္တု ေတြ က မလွမ္းမကမ္း က လိုက္ပါလာၿပီး အေမရိကန္ရဲ႕ အာကာသ စနစ္ေတြ အေပၚ ေႏွာင့္ယွက္ အႏၲရာယ္ ျပဳတဲ့ အသြင္ေဆာင္ေနေၾကာင္း၊ ဒါေတြ ကို ဟန္႔တားႏိုင္ေအာင္ ေသးငယ္တဲ့ မစ္ဆိုင္းလ္ အခ်က္ေပး အာကာသယာဥ္ ငယ္ ေတြ အျပင္၊ ဆက္သြယ္ေရး စနစ္ ေတြ ကို ပိတ္ဆို႔ႏိုင္ေရး စနစ္ေတြ ကိုပါ တည္ေဆာက္ ဖို႔ လိုလာတဲ့ အေၾကာင္းေတြ ကို မစၥတာ ပန္႔စ္ က ရွင္းျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန် နိုင်ငံ အနေနဲ့ အနာဂတ် ကာလ အာကာသ စစ်မြေပြင်မှာ ခုခံ ကာကွယ်မှုတွေ လုပ် ရမှာ ဖြစ်တဲ့ အတွက် အာကာသ တပ်ဖွဲ့သစ် ကို ဖွဲ့စည်း ပြင်ဆင်ဖို့ ဒုတိယ သမ္မတ မိုက် ပန့်စ် တိုက်တွန်း လိုက်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ဆဌမမြောက် တပ်မကြီး ကို တိုးချဲ့ ဖွဲ့စည်းဖို့ ကွန်ဂရက် ကို တောင်း ဆို ခဲ့ပြီး၊ နောက် ငါးနှစ်တာ ကာလ အတွင်း အမေရိကန် ရဲ့ အာကာ သ လုံခြုံ ရေး အစီအစဉ်မှာ ဒေါ်လာ ၈ ဘီလျံ အပိုဆောင်း ချမှတ် ပေးဖို့ သူက ပြောကြား ခဲ့ ပါတယ်။

အဲဒါ ကလည်း တရုတ် နဲ့ ရုရှား တို့ဟာ ကမ္ဘာပတ် လမ်းကြောင်း ထဲမှာ ဂြိုလ်တု သွားလာ လှုပ်ရှား မှုတွေ ပိုမိုဆောင်ရွက် နေပြီး အမေရိကန် ရဲ့ အာကာသ စနစ် ကို ခြိမ်းခြောက်မှုတွေ လုပ်နေတာကြောင့် ဖြစ်တယ်လို့ သူက ဆို ခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရမ့် က မကြာခန ဆိုသလို အာကာသ တပ်ဖွဲ့ ဖွဲ့စည်းရေး အတွက် စိတ်ထက်သန်မှု ရှိနေတဲ့ အကြောင်း ဖွင့်ပြောလေ့ ရှိသလို လာမဲ့ ၅ နှစ် အတွင်းမှာ ဒီစီမံကိန်း အတွက် ဒေါ်လာ ၈ ဘီလီယံ ချပေးဖို့ လည်း ကွန်ဂရက် ကို တောင်းခံပါတယ်။ လတ်တလော အမေရိကန် ကာကွယ်ရေး ဘတ်ဂျက် ကပဲ ဒီနှစ် အတွက် ဒေါ်လာ ၇၁၆ ဘီလျံ သုံးစွဲနေတာ ဖြစ်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့ ကတော့ ဒုတိယ သမ္မတ မိုက်ပန့်စ် က ပင်တဂွန် စစ်ဌာနချုပ် မှာ နောင်လာမဲ့ စစ်မြေပြင် အတွက် ပြင်ဆင်ချိန် ကျပြီဖြစ်လို့ အာကာသ တပ်ဖွဲ့ မလွှဲမသွေ လိုအပ်ပြီ လို့ ဖွင့်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၇ ပတ်ထဲက သမ္မတ ထရမ့် က ကာကွယ်ရေး ဌာန ကို လက်နက်ကိုင်တပ်ဖွဲ့ တွေ ထဲမှာ ဆဌမ မြောက် တပ်ဖွဲ့ အနေနဲ့ အာကာသ တပ်ဖွဲ့ ဖွဲ့စည်းရေး ဟာ လိုအပ်လာပြီ ဆိုတာ ကို လည်းပြောပါတယ်။ ထရမ့် ရဲ့ အာကာသ ကာကွယ်ရေး လှုံ့ဆော်မှု ဗီဒီယို ဒီတပ်ဖွဲ့ ဟာ တခြား ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ အပြင်၊ မရိန်း တပ်ဖွဲ့၊ ကမ်းခြေစောင့် တပ်ဖွဲ့တွေ နည်းတူ နိုင်ငံ့ ကာကွယ်ရေး အတွက် အာကာသသိပ္ပံ နည်းပညာရပ်တွေ နဲ့ ကျွမ်းကျင်သူတွေ ကို လေ့ကျင့် ခန့်အပ်ရမှာပါ။ သမ္မတကြီးရဲ့ လမ်းညွှန်ချက် အရ နဲ့ သူ့မျှော်မှန်းချက် ကို အကောင်အထည် ဖေါ်ဖို့ ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။

အမေရိကန် အစိုးရ အမြင်မှာ အာကာသအတွင်း လှည့်လည်နေတဲ့ အမေရိကန် ဆက်သွယ်ရေး ဂြိုလ်တု တွေ အနီးမှာ ရုရှား နဲ့ တရုတ် ဂြိုလ်တု တွေ က မလှမ်းမကမ်း က လိုက်ပါလာပြီး အမေရိကန်ရဲ့ အာကာသ စနစ်တွေ အပေါ် နှောင့်ယှက် အန္တရာယ် ပြုတဲ့ အသွင်ဆောင်နေကြောင်း၊ ဒါတွေ ကို ဟန့်တားနိုင်အောင် သေးငယ်တဲ့ မစ်ဆိုင်းလ် အချက်ပေး အာကာသယာဉ် ငယ် တွေ အပြင်၊ ဆက်သွယ်ရေး စနစ် တွေ ကို ပိတ်ဆို့နိုင်ရေး စနစ်တွေ ကိုပါ တည်ဆောက် ဖို့ လိုလာတဲ့ အကြောင်းတွေ ကို မစ္စတာ ပန့်စ် က ရှင်းပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top