ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အင္ဒုိနီးရွားႏုိင္ငံ၌ လႈပ္ခတ္ခဲ့ေသာ ျပင္းအား ၇.ဝ အဆင့္ရွိ ငလ်င္ေၾကာင့္ ေသဆံုးသူ ၃၄၇ ဦးထိ ျမင့္တက္လာခဲ့ေၾကာင္း အင္ဒုိနီးရွားအမ်ိဳးသားသဘာဝေဘးအႏၱရာယ္စီမံခန္ ့ခြဲမႈေအဂ်င္စီမွ ေျပာေရးဆုိခြင့္ရွိသူ Sutopo Purwo Nugroho က ဆုိသည္။

အဆုိပါစာရင္းဇယားမွာ ငလ်င္ဒဏ္အျပင္းအထန္ခံစားခဲ့ရသည့္ အင္ဒုိနီးရွားႏုိင္ငံ အေနာက္ Nusa Tenggara ျပည္နယ္ Lombok ကြ်န္းေပၚရွိ ေျမာက္ Lombok ခရုိင္အတြင္း ရပ္ကြက္အသီးသီးမွ ေပးပုိ ့လာေသာ အခ်က္အလက္မ်ားအားလံုးေပၚတြင္အေျခခံ၍ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာေရးဆုိခြင့္ရွိသူက ဆုိသည္။

အေစာပုိင္းထုတ္ျပန္ခ်က္မ်ားအရ ေသဆံုးသူမွာ ၁၃၁ ဦးရွိၿပီး ဒဏ္ရာရသူ ၁၄၇၇ ဦးရွိေၾကာင္း ၊ Lombok ကြ်န္းအနီးရွိ အျခားကြ်န္းသံုးကြ်န္းမွ ခရီးသြားဧည့္သည္ ၄ဝဝဝ ေက်ာ္ကုိ ကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

အင္ဒုိနီးရွားႏုိင္ငံ အေနာက္ Nusa Tenggara ျပည္နယ္ အေနာက္ေျမာက္ Lombok Timur ကြ်န္းမွ ၁၈ ကီလုိမီတာအကြာ၌ အနက္ ၁၅ ကီလုိမီတာကုိ ဗဟုိျပဳ၍ ၾသဂုတ္ ၅ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၁၈ နာရီ ၄၆ မိနစ္တြင္ အင္အားျပင္းထန္ေသာ ငလ်င္ႀကီး လႈပ္ခတ္ခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (Xinhua)
# Unicode Version ျဖင့္ ဖတ္ပါ #
အင်ဒိုနီးရှားနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ပြင်းအား ၇.ဝ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၃၄၇ ဦးထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆိုသည်။

အဆိုပါစာရင်းဇယားမှာ ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံ အနောက် Nusa Tenggara ပြည်နယ် Lombok ကျွန်းပေါ်ရှိ မြောက် Lombok ခရိုင်အတွင်း ရပ်ကွက်အသီးသီးမှ ပေးပို့လာသော အချက်အလက်များအားလုံးပေါ်တွင်အခြေခံ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အစောပိုင်းထုတ်ပြန်ချက်များအရ သေဆုံးသူမှာ ၁၃၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၄၇၇ ဦးရှိကြောင်း ၊ Lombok ကျွန်းအနီးရှိ အခြားကျွန်းသုံးကျွန်းမှ ခရီးသွားဧည့်သည် ၄ဝဝဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အနောက် Nusa Tenggara ပြည်နယ် အနောက်မြောက် Lombok Timur ကျွန်းမှ ၁၈ ကီလိုမီတာအကွာ၌ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ သြဂုတ် ၅ ရက် ဒေသစံတော်ချိန် ညနေ ၁၈ နာရီ ၄၆ မိနစ်တွင် အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (Xinhua)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top