iMyanmarHouse.com - Best Property Website for Myanmar
×

ပြဲစခ်ိန္
………….
လူစံုရင္စတယ္…။ တစ္ေယာက္တည္းဆို နံရံရွိရင္ျဖစ္တယ္…။ ႏွစ္ေယာက္ဆို ဟိုေပးဒီေပး၊ သံုးေယာက္ဆို ေခြးရူး၊ ေလးေယာက္ဆို တစ္ဖက္ႏွစ္ေယာက္စီ ကန္တယ္…။

Line up
…………..
လူေကာင္ၾကည့္ခြဲတယ္…။ စေကးေကာင္းတဲ့ဘက္ အျမဲတစ္ေယာက္ေလ်ာ့တယ္..။

ေဘာလံုး
……………
လံုးေနတဲ့ဟာ အကုန္လံုး ေဘာလံုးျဖစ္တယ္…။ ဘယ္သူတီထြင္မွန္းမသိတဲ့ ေကာ္ေဘာလံုးဆို ႏွစ္ထပ္စြပ္ရတဲ့ အစဥ္အလာလည္းရွိခဲ့ဖူးတယ္..။ ေဘာလံုးပိုင္ရွင္က မ်က္ႏွာႀကီးတယ္..။ ေဘာမတယ္ဆိုတာ အဲဒီက စတယ္ထင္တယ္…။ ကြဲေအာင္ကန္တဲ့ ေကာင္ေလ်ာ္…။ ေဘာလံုးမရွိရင္ ေရသန္႔ဘူးကို ကန္တယ္..။

ပြဲပ်က္
……….
ေဘာလံုးကြဲရင္ ပြဲပ်က္တယ္..။ ေဘာလံုးပိုင္ရွင္က ေဘာလံုးျပန္သိမ္းရင္ ပြဲပ်က္တယ္..။ လူႀကီးေတြလိုက္လာရင္ ပြဲပ်က္တယ္….။

ပြဲခ်ိန္
……..
မေမာမခ်င္း၊ အိမ္က လာမေခၚမခ်င္း၊ မိုးမခ်ဳပ္မျခင္းကန္တယ္…။ တစ္ဖက္အသင္းက သေရမက်မျခင္း ကန္ခိုင္းတယ္..။

ဂိုးသမား
…………..
အရပ္ရွည္တဲ့ေကာင္နဲ႔ ၀တဲ့ေကာင္ ဂိုးေစာင့္၊ ဂိုးရင္ အဆဲခံရမယ္..။

ေနာက္တန္း၊ အလယ္တန္း၊ ေရွ႕တန္း
…………………………………………………
ကန္ေနတုန္း အဆင္ေျပသလို ကစားတယ္…။ ေနရာစံုကစားႏုိင္တဲ့သူေတြခ်ည္းပဲ..။ အေျပးျမန္တဲ့ေကာင္က တိုက္စစ္မွဴးလုပ္..။ ေဘာလံုးကိုင္တဲ့ေကာင္က ကြင္းလယ္ေဆာ့..။ လူခ်တဲ့ေကာင္က ေနာက္တန္း…။

ေအာင္ပြဲခံ
…………….
ဂိုး၀င္တိုင္း ကမၻာ့ဖလားရသလိုေအာင္ပြဲခံမယ္…။ ဟိုဘက္ကေကာင္ေတြကို ရိသဲ့သဲ့လုပ္မယ္..။ ဂိုးေပးရရင္ေတာ့ ရန္ျဖစ္ၿပီေလ…။

စေပးေဘာ
………………
ေဘာလံုးပိုင္ရွင္ဘက္ကို ဦးစားေပးရတယ္…။

ပင္နယ္တီ
……………..
လူခ်ရင္၊ အက်ီၤဆြဲရင္ လူျမင္မသင့္ေတာ္ရင္ ပင္နယ္တီေပးတယ္…။ တစ္ခ်ိဳ႕ပြဲေတြ ပင္နယ္တီေတာင္မပါဘူး..။

ေဘးထြက္ေဘာ
…………………..
ေျမာင္းေက်ာ္တာနဲ႔ေဘးထြက္ေဘာပဲ…။

ေထာင့္ကန္ေဘာ
……………………..
ေျမာင္းထိပ္က ေကာ္နာေထာင့္ပဲ….

VAR
……..
ဒိုင္လူႀကီးမထားဘူး။ VAR လည္းမရွိဘူး…BKL..ေတာ့ရွိတယ္..ေဘးကလူေတြေအာ္ရင္ ခဏရပ္တယ္..။

စိတ္အညစ္ဆံုးအခ်ိန္
……………………………
ေဘာလံုးကားေအာက္၀င္ရင္၊ ျခံစည္ရိုးေက်ာ္သြားရင္….။ ေျမာင္းထဲက်သြားရင္ အားႀကီးစိတ္ညစ္တယ္…။

မိုးရာသီ
………….
မိုးႀကိဳးပဲပစ္ပစ္၊ မုန္တိုင္းပဲ တိုက္တိုက္…မိုးရြာၿပီဆိုတာနဲ႔ ပြဲစၿပီ။ မိုးတိတ္ရင္ေတာ့ ပြဲၿပီးၿပီ..။

ပြဲၿပီးခ်ိန္
………….
အျမဲတမ္းဘယ္လိုရလဒ္ထြက္ထြက္ ေနာက္တစ္ဂိုး ေျပာေနသမွ်ကန္ေနရဦးမွာပဲ

အဲဒါေတြကေတာ့ ကေလးဘ၀က အင္မတန္ႀကီးက်ယ္တဲ့ ေဘာလံုးဥပေဒေလးေတြေပါ့..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original uploader
# Unicode Version ျဖင့္ ဖတ္ပါ #
ပွဲစချိန်
………….
လူစုံရင်စတယ်…။ တစ်ယောက်တည်းဆို နံရံရှိရင်ဖြစ်တယ်…။ နှစ်ယောက်ဆို ဟိုပေးဒီပေး၊ သုံးယောက်ဆို ခွေးရူး၊ လေးယောက်ဆို တစ်ဖက်နှစ်ယောက်စီ ကန်တယ်…။

Line up
…………..
လူကောင်ကြည့်ခွဲတယ်…။ စကေးကောင်းတဲ့ဘက် အမြဲတစ်ယောက်လျော့တယ်..။

ဘောလုံး
……………
လုံးနေတဲ့ဟာ အကုန်လုံး ဘောလုံးဖြစ်တယ်…။ ဘယ်သူတီထွင်မှန်းမသိတဲ့ ကော်ဘောလုံးဆို နှစ်ထပ်စွပ်ရတဲ့ အစဉ်အလာလည်းရှိခဲ့ဖူးတယ်..။ ဘောလုံးပိုင်ရှင်က မျက်နှာကြီးတယ်..။ ဘောမတယ်ဆိုတာ အဲဒီက စတယ်ထင်တယ်…။ ကွဲအောင်ကန်တဲ့ ကောင်လျော်…။ ဘောလုံးမရှိရင် ရေသန့်ဘူးကို ကန်တယ်..။

ပွဲပျက်
……….
ဘောလုံးကွဲရင် ပွဲပျက်တယ်..။ ဘောလုံးပိုင်ရှင်က ဘောလုံးပြန်သိမ်းရင် ပွဲပျက်တယ်..။ လူကြီးတွေလိုက်လာရင် ပွဲပျက်တယ်….။

ပွဲချိန်
……..
မမောမချင်း၊ အိမ်က လာမခေါ်မချင်း၊ မိုးမချုပ်မခြင်းကန်တယ်…။ တစ်ဖက်အသင်းက သရေမကျမခြင်း ကန်ခိုင်းတယ်..။

ဂိုးသမား
…………..
အရပ်ရှည်တဲ့ကောင်နဲ့ ဝတဲ့ကောင် ဂိုးစောင့်၊ ဂိုးရင် အဆဲခံရမယ်..။

နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း
…………………………………………………
ကန်နေတုန်း အဆင်ပြေသလို ကစားတယ်…။ နေရာစုံကစားနိုင်တဲ့သူတွေချည်းပဲ..။ အပြေးမြန်တဲ့ကောင်က တိုက်စစ်မှူးလုပ်..။ ဘောလုံးကိုင်တဲ့ကောင်က ကွင်းလယ်ဆော့..။ လူချတဲ့ကောင်က နောက်တန်း…။

အောင်ပွဲခံ
…………….
ဂိုးဝင်တိုင်း ကမ္ဘာ့ဖလားရသလိုအောင်ပွဲခံမယ်…။ ဟိုဘက်ကကောင်တွေကို ရိသဲ့သဲ့လုပ်မယ်..။ ဂိုးပေးရရင်တော့ ရန်ဖြစ်ပြီလေ…။

စပေးဘော
………………
ဘောလုံးပိုင်ရှင်ဘက်ကို ဦးစားပေးရတယ်…။

ပင်နယ်တီ
……………..
လူချရင်၊ အကျီၤဆွဲရင် လူမြင်မသင့်တော်ရင် ပင်နယ်တီပေးတယ်…။ တစ်ချို့ပွဲတွေ ပင်နယ်တီတောင်မပါဘူး..။

ဘေးထွက်ဘော
…………………..
မြောင်းကျော်တာနဲ့ဘေးထွက်ဘောပဲ…။

ထောင့်ကန်ဘော
……………………..
မြောင်းထိပ်က ကော်နာထောင့်ပဲ….

VAR
……..
ဒိုင်လူကြီးမထားဘူး။ VAR လည်းမရှိဘူး…BKL..တော့ရှိတယ်..ဘေးကလူတွေအော်ရင် ခဏရပ်တယ်..။

စိတ်အညစ်ဆုံးအချိန်
……………………………
ဘောလုံးကားအောက်ဝင်ရင်၊ ခြံစည်ရိုးကျော်သွားရင်….။ မြောင်းထဲကျသွားရင် အားကြီးစိတ်ညစ်တယ်…။

မိုးရာသီ
………….
မိုးကြိုးပဲပစ်ပစ်၊ မုန်တိုင်းပဲ တိုက်တိုက်…မိုးရွာပြီဆိုတာနဲ့ ပွဲစပြီ။ မိုးတိတ်ရင်တော့ ပွဲပြီးပြီ..။

ပွဲပြီးချိန်
………….
အမြဲတမ်းဘယ်လိုရလဒ်ထွက်ထွက် နောက်တစ်ဂိုး ပြောနေသမျှကန်နေရဦးမှာပဲ

အဲဒါတွေကတော့ ကလေးဘဝက အင်မတန်ကြီးကျယ်တဲ့ ဘောလုံးဥပဒေလေးတွေပေါ့..

ဖိုးသူတော် (www.phothutaw.com)
Credit: original uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top