ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဗိုလ္ခ်ဳပ္ေအာင္ ဆန္းပံု ႐ိုက္ႏွိပ္သြန္းေလာင္းထား ေသာ တစ္မတ္သားေရႊဒဂၤါးျပား မ်ားကို စတင္ေရာင္းခ်သည့္ေန႔မွ ၾသဂုတ္ ၂၆ ရက္အထိ ေရႊဒဂၤါး ျပားေပါင္း ငါးေထာင္ေက်ာ္ ေရာင္းခ်ထားရၿပီး က်ပ္သိန္း တစ္ေသာင္းေက်ာ္ ရရွိေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း လက္ ေထာက္အေထြေထြမန္ေနဂ်ာ ဦးလွေအာင္က   ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံု႐ိုက္ ႏွိပ္သြန္းေလာင္းထားေသာ တစ္ မတ္သား ေရႊဒဂၤါးျပားမ်ားကို ၂၀၁၈ ဧၿပီ ၂၇ ရက္ကစ၍ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ ေတာ္ရွိ ျမန္မာ့ေက်ာက္မ်က္ ရတနာေရာင္းဝယ္ေရး လုပ္ငန္း အေရာင္းဆိုင္မ်ားသို႔ ေရာင္းခ် ေပးခဲ့သည္။

‘‘ေမနဲ႔ဇြန္ရဲ႕ အေရာင္းက တက္ခဲ့တယ္လို႔ေျပာရပါတယ္။ ဒါေပမဲ့ စထြက္ခါစနဲ႔ယွဥ္ရင္ ေနာက္ပိုင္းမွာေတာ့ တျဖည္း ျဖည္း လူေတြရဲ႕စိတ္ဝင္စားမႈ ေလ်ာ့က်လာၿပီလို႔ သံုးသပ္လို႔ရ တယ္’’ဟု ဦးလွေအာင္က ေျပာ ၾကားသည္။

ယခင္က တစ္မတ္သားေရႊဒဂၤါး၏ မ်က္ႏွာပုိင္းဗဟုိတြင္ သစ္ဆြဲေနေသာ ဆင္ပုံသြန္းေလာင္းထားၿပီး ယခုအသစ္ သြန္းေလာင္းမည့္ ေရႊဒဂၤါး၏မ်က္ႏွာပိုင္းဗဟုိတြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံႏွင့္ ပံု ေအာက္တြင္  “Aung San ” အမည္ျဖင့္ ထုတ္ေ၀ျခင္းျဖစ္ေၾကာင္း ဗဟုိဘဏ္မွ သိရသည္။

ဗဟုိဘဏ္ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းေသာ္က ” ေရႊဒဂၤါးကို အရင္ကတည္းက ဗဟုိဘဏ္ကအရင္တုန္းကလဲ ထုတ္တာပဲေလ။ တစ္က်ပ္သားထုတ္တယ္။ ငါးမူးသားထုတ္တယ္။ တစ္မတ္သားထုတ္တယ္။ ပုံမွန္ေရႊဒဂၤါးဗဟုိဘဏ္က ေရာင္းေနတာရွိတယ္။ အဲဒီထဲမွာ အဲဒီထဲမွာ တစ္မတ္သားက လက္က်န္မရွိေတာ့ဘူး။ လက္က်န္မရွိေတာ့ တစ္မတ္သားကုိ အသစ္ထုတ္တာ။ ထုတ္တဲ့အခ်ိန္မွာ ဘာပဲေျပာေျပာ ျပည္သူလူထုကလည္း ေတာင္းဆိုေနတယ္။ လႊတ္ေတာ္မွာလည္း တင္ျပတာေတြ ရွိတယ္။ ႏုိင္ငံေခါင္းေဆာင္၊ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံကုိလည္း ျပည္သူလူထုက ျမင္ခ်င္တယ္။ ဒီအခ်က္ေတြေပၚမူတည္ၿပီး အႀကီးအကဲေတြရဲ႕ လမ္းညႊန္မႈနဲ႔ ဗဟုိဘဏ္အေနနဲ႔က ပုံမွန္သြန္းေလာင္းေနတဲ့ ကုန္သြားတဲ့ တစ္မတ္သားကုိ ဗုိလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ထုတ္ေ၀လိုက္တာေပါ့ေနာ္။ ျပည္သူလူထုအေနနဲ႔က အရင္တုန္းကလည္း ေရႊဒဂၤါးကို စုတာပဲေလ။ အမွတ္တရေပါ့။ အခုအမွတ္တရမွာေတာ့ ေရႊဒဂၤါးေလးစုၿပီး အမွတ္တရအျပင္ ဗုိလ္ခ်ဳပ္ပုံပါတာေလးပါ အမွတ္တရ ျပန္ျဖစ္တာေပါ့။” ဟု  ေျပာသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုပါ တစ္မတ္သားေရႊဒဂၤါးျပားမ်ား စတင္ေရာင္းခ်သည့္ ဧၿပီ ၂၇ ရက္တြင္ ျပင္ပေရႊေပါက္ေစ်းအရ ေရႊတစ္မတ္သားက်ပ္ ၂၃၅,၀၀၀ ျဖစ္ၿပီး အေလ်ာ့တြက္ႏွင့္ ကုန္က် စရိတ္ပါ ထည့္ေပါင္းပါက ေရႊ ဒဂၤါးတစ္ျပားလွ်င္ က်ပ္ ၂၄၀,၀၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပံုပါ ေရႊဒဂၤါးျပား

‘‘ဒီဟာကို ထုလုပ္တ့ဲအခါမွာ ကုန္က်တဲ့ အေထြေထြကုန္က် စရိတ္နဲ႔ အေလ်ာ့တြက္လက္ခ အတြက္ ပံုေသ ၁၂,၅၀၀ ယူတယ္။ က်န္တာကေတာ့ ေန႔ စဥ္ ေရႊေစ်းအတက္အက်ေပၚမူ တည္ၿပီး ေစ်းအေျပာင္းအလဲရွိ မယ္’’ဟု ဦးလွေအာင္က ဆက္ လက္ေျပာၾကားသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုပါ တစ္မတ္သားေရႊဒဂၤါးျပား၏ မ်က္ ႏွာပိုင္း ေဘးပတ္လည္တြင္ Central Bank of Myanmar ‘4.082 gm 999.9 Fine Gold’ ဟုပါရွိကာ အလယ္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းပံုႏွင့္ ယင္းပံုေအာက္ တြင္ Aung San ဟူ၍ပါရွိသည္။ အျခားမ်က္ႏွာျပင္တြင္ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္ ၂၀၁၈၊ တစ္မတ္သား၊ ၉၉၉ ဒသမ ၉ သန္႔စင္ေရႊဟု ျမန္မာစာလံုးျဖင့္ ေဖာ္ျပထားသည္။

ဗဟိုဘဏ္က ဗိုလ္ခ်ဳပ္ ေခါင္းျဖင့္ တစ္မတ္သားေရႊျပား မ်ားအျပင္ ငါးမူး၊ တစ္က်ပ္၊ ငါးက်ပ္၊ တစ္ဆယ္၊ ၂၀ က်ပ္ သား ေရႊဒဂၤါးျပားမ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေနၿပီး လယ္ ထြန္ေနသည့္ပံု၊ ျခေသၤ့ပံု၊ ဆင္ ပံုႏွင့္ လႊတ္ေတာ္အေဆာက္အအံု ပံုမ်ားအျဖစ္ သတ္မွတ္ဒဂၤါးမ်ား ေပၚတြင္ သေကၤတမ်ားထည့္သြင္း ႐ိုက္ႏွိပ္ ေဖာ္ျပထားသည္။

ေရႊဒဂၤါးျပားမ်ားကို ျမန္မာ ႏိုင္ငံေတာ္ ဗဟိုဘဏ္က ၁၉၉၁ တြင္ စတင္ထုတ္ေဝၿပီး ယခင္ ထုတ္ေဝခဲ့သည့္ တစ္မတ္သားေရႊ ဒဂၤါးျပား၏ မ်က္ႏွာပိုင္းအလယ္ တြင္ သစ္ဆြဲေနေသာ ဆင္ပံု႐ိုက္ ႏွိပ္ထုတ္ေဝခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7daydaily

#Unicode Version#
ဗိုလ်ချုပ်အောင် ဆန်းပုံ ရိုက်နှိပ်သွန်းလောင်းထား သော တစ်မတ်သားရွှေဒင်္ဂါးပြား များကို စတင်ရောင်းချသည့်နေ့မှ သြဂုတ် ၂၆ ရက်အထိ ရွှေဒင်္ဂါး ပြားပေါင်း ငါးထောင်ကျော် ရောင်းချထားရပြီး ကျပ်သိန်း တစ်သောင်းကျော် ရရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း လက် ထောက်အထွေထွေမန်နေဂျာ ဦးလှအောင်က   ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံရိုက် နှိပ်သွန်းလောင်းထားသော တစ် မတ်သား ရွှေဒင်္ဂါးပြားများကို ၂၀၁၈ ဧပြီ ၂၇ ရက်ကစ၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်ရှိ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း အရောင်းဆိုင်များသို့ ရောင်းချ ပေးခဲ့သည်။

‘‘မေနဲ့ဇွန်ရဲ့ အရောင်းက တက်ခဲ့တယ်လို့ပြောရပါတယ်။ ဒါပေမဲ့ စထွက်ခါစနဲ့ယှဉ်ရင် နောက်ပိုင်းမှာတော့ တဖြည်း ဖြည်း လူတွေရဲ့စိတ်ဝင်စားမှု လျော့ကျလာပြီလို့ သုံးသပ်လို့ရ တယ်’’ဟု ဦးလှအောင်က ပြော ကြားသည်။

ယခင်က တစ်မတ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံသွန်းလောင်းထားပြီး ယခုအသစ် သွန်းလောင်းမည့် ရွှေဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ အောက်တွင်  “Aung San ” အမည်ဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ” ရွှေဒင်္ဂါးကို အရင်ကတည်းက ဗဟိုဘဏ်ကအရင်တုန်းကလဲ ထုတ်တာပဲလေ။ တစ်ကျပ်သားထုတ်တယ်။ ငါးမူးသားထုတ်တယ်။ တစ်မတ်သားထုတ်တယ်။ ပုံမှန်ရွှေဒင်္ဂါးဗဟိုဘဏ်က ရောင်းနေတာရှိတယ်။ အဲဒီထဲမှာ အဲဒီထဲမှာ တစ်မတ်သားက လက်ကျန်မရှိတော့ဘူး။ လက်ကျန်မရှိတော့ တစ်မတ်သားကို အသစ်ထုတ်တာ။ ထုတ်တဲ့အချိန်မှာ ဘာပဲပြောပြော ပြည်သူလူထုကလည်း တောင်းဆိုနေတယ်။ လွှတ်တော်မှာလည်း တင်ပြတာတွေ ရှိတယ်။ နိုင်ငံခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကိုလည်း ပြည်သူလူထုက မြင်ချင်တယ်။ ဒီအချက်တွေပေါ်မူတည်ပြီး အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့ ဗဟိုဘဏ်အနေနဲ့က ပုံမှန်သွန်းလောင်းနေတဲ့ ကုန်သွားတဲ့ တစ်မတ်သားကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေလိုက်တာပေါ့နော်။ ပြည်သူလူထုအနေနဲ့က အရင်တုန်းကလည်း ရွှေဒင်္ဂါးကို စုတာပဲလေ။ အမှတ်တရပေါ့။ အခုအမှတ်တရမှာတော့ ရွှေဒင်္ဂါးလေးစုပြီး အမှတ်တရအပြင် ဗိုလ်ချုပ်ပုံပါတာလေးပါ အမှတ်တရ ပြန်ဖြစ်တာပေါ့။” ဟု  ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်မတ်သားရွှေဒင်္ဂါးပြားများ စတင်ရောင်းချသည့် ဧပြီ ၂၇ ရက်တွင် ပြင်ပရွှေပေါက်ဈေးအရ ရွှေတစ်မတ်သားကျပ် ၂၃၅,၀၀၀ ဖြစ်ပြီး အလျော့တွက်နှင့် ကုန်ကျ စရိတ်ပါ ထည့်ပေါင်းပါက ရွှေ ဒင်္ဂါးတစ်ပြားလျှင် ကျပ် ၂၄၀,၀၀၀ ဖြင့် ရောင်းချခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ရွှေဒင်္ဂါးပြား

‘‘ဒီဟာကို ထုလုပ်တဲ့အခါမှာ ကုန်ကျတဲ့ အထွေထွေကုန်ကျ စရိတ်နဲ့ အလျော့တွက်လက်ခ အတွက် ပုံသေ ၁၂,၅၀၀ ယူတယ်။ ကျန်တာကတော့ နေ့ စဉ် ရွှေဈေးအတက်အကျပေါ်မူ တည်ပြီး ဈေးအပြောင်းအလဲရှိ မယ်’’ဟု ဦးလှအောင်က ဆက် လက်ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်မတ်သားရွှေဒင်္ဂါးပြား၏ မျက် နှာပိုင်း ဘေးပတ်လည်တွင် Central Bank of Myanmar ‘4.082 gm 999.9 Fine Gold’ ဟုပါရှိကာ အလယ်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံနှင့် ယင်းပုံအောက် တွင် Aung San ဟူ၍ပါရှိသည်။ အခြားမျက်နှာပြင်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ၂၀၁၈၊ တစ်မတ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

ဗဟိုဘဏ်က ဗိုလ်ချုပ် ခေါင်းဖြင့် တစ်မတ်သားရွှေပြား များအပြင် ငါးမူး၊ တစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်၊ ၂၀ ကျပ် သား ရွှေဒင်္ဂါးပြားများကိုလည်း ထုတ်လုပ်ရောင်းချနေပြီး လယ် ထွန်နေသည့်ပုံ၊ ခြင်္သေ့ပုံ၊ ဆင် ပုံနှင့် လွှတ်တော်အဆောက်အအုံ ပုံများအဖြစ် သတ်မှတ်ဒင်္ဂါးများ ပေါ်တွင် သင်္ကေတများထည့်သွင်း ရိုက်နှိပ် ဖော်ပြထားသည်။

ရွှေဒင်္ဂါးပြားများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ၁၉၉၁ တွင် စတင်ထုတ်ဝေပြီး ယခင် ထုတ်ဝေခဲ့သည့် တစ်မတ်သားရွှေ ဒင်္ဂါးပြား၏ မျက်နှာပိုင်းအလယ် တွင် သစ်ဆွဲနေသော ဆင်ပုံရိုက် နှိပ်ထုတ်ဝေခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top