ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×





Credit:RFA Burmese
# Unicode Version ဖြင့် ဖတ်ပါ #
ဗီယက်နမ်နိုင်ငံမှာ မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းတခုက မူးယစ်ဆေးစွဲသူ နှစ်ရာလောက် ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆေးစွဲသူတချို့ကို ဥပဒေအရ ဆေးဖြတ်စခန်းတွေမှာ နှစ်နှစ်အထိ မဖြတ်မနေရထားရှိပါတယ်။ တချို့လည်း မိဘ ဆွေမျိုးတွေကပို့လို့ ရောက်ရှိလာသူတွေဖြစ်ပါတယ်။ ဗီယက်နမ်ဆေးဖြတ်စခန်းတွေမှာ လူနဲ့နေရာ မမျှအောင် ပြည့်သိပ်နေတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

အခုလတ်တလောနှစ်တွေအတွင်း ဆေးဖြတ်စခန်းတွေထဲကနေ ထွက်ပြေးကြတဲ့အမှုတွေ မကြာခဏ ပေါ်ပေါက်နေပါတယ်။ ထွက်ပြေးသူတွေထဲက တဝက်လောက်သာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ စခန်းအရာရှိ တဦးကပြောပါတယ်။

ဗီယက်နမ်မှာ မူးယစ်ဆေးစွဲသူအဖြစ် မှတ်ပုံတင်ထားခံရသူပေါင်း နှစ်သိန်းနှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top