iMyanmarHouse.com - Best Property Website for Myanmar
×

ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြးအသတ္ခံရမႈမွ အမႈ႐ုပ္သိမ္းၿပီး လြတ္ေျမာက္ခြင့္ရခဲ့သူ သန္းထြဋ္ေအာင္ (ခ) သားႀကီးအပါအဝင္ သံုးဦးသည္ သမၼန္စာဆင့္ေခၚမႈ အရ ဩဂုတ္လ ၇ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ထံသို႔ လာေရာက္သတင္းေပးပို႔ခဲ့သည္။

အမႈ႐ုပ္သိမ္းျခင္းႏွင့္ပတ္သက္၍ ရာဇဝတ္ျပင္ဆင္မႈ အမွတ္ ၂၉၆ (ခ) အရ ေလွ်ာက္ထားခံရသည့္ သန္းထြဋ္ေအာင္ (ခ) သားႀကီး၊ ျပည့္ၿဖိဳးေအာင္ (ခ) ေအာင္ေလး ႏွင့္ ေက်ာ္ေဇာ (ခ) ေက်ာ္ေဇာဟန္တို႔ သံုးဦးက လာေရာက္သတင္းေပးပို႔ခဲ့ၿပီး ၎တို႔ဘက္က ေရွ႕ေနမ်ားက ကိုယ္စားလွယ္လႊဲစာမ်ား တင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ သတင္းႏွင့္ျပန္ၾကားေရးအရာရွိ ေဒၚႏြဲ႔ႏြဲ႔ဦးက ေျပာသည္။

“အမႈတြဲလည္း ေရာက္ၿပီ။ ျပင္ဆင္မႈ ေလွ်ာက္ထားခံရသူေတြလည္း ႐ံုးေတာ္ဆီ သတင္းလာပို႔သြားၿပီမို႔ ဒီအမႈ ေလွ်ာက္လဲခ်က္ ၾကားနာမယ့္ေန႔ကို ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာနဲ႔ ႐ံုးေရွ႕က ေၾကာ္ျငာသင္ပုန္းေတြမွာ သံုးပတ္ႀကိဳၿပီးေတာ့ အသိေပးထုတ္ျပန္ေပးပါမယ္”ဟု ေဒၚႏြဲ႔ႏြဲ႔ဦးက ေျပာသည္။

ယင္းအမႈကို စတင္စစ္ေဆးခဲ့သည့္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ံုး ရာဇဝတ္ႀကီးမႈ အမွတ္ ၃၄/၂၀၁၈ ၏ အမႈ႐ုပ္သိမ္းလိုက္သည့္ အမိန္႔ႏွင့္ ပတ္သက္ၿပီး ျပင္ဆင္သင့္ မျပင္ဆင္သင့္ကို တိုင္းတရားလႊတ္ေတာ္တြင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ ၾကားနာမည္ျဖစ္ကာ ျပင္ဆင္ခဲ့သည္ရွိေသာ ခ႐ိုင္တရား႐ံုး၏ အမိန္႔ကို ပယ္ဖ်က္မည္ျဖစ္ၿပီး ယင္းျပင္ဆင္မႈကို ယခင္စြဲဆိုထားသည့္ ပုဒ္မျဖင့္ ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရာဇဝတ္ျပင္ဆင္မႈ ေလွ်ာက္ထားခံရသည့္ သန္းထြဋ္ေအာင္ (ခ) သားႀကီးႏွင့္ ျပည့္ၿဖိဳးေအာင္ (ခ) ေအာင္ေလးတို႔ဘက္ မွ တရားလႊတ္ေတာ္ေရွ႕ေနမ်ားျဖစ္ေသာ ဦးေ႐ႊလိႈင္တင္၊ ဦးတင္လိႈင္ႏွင့္ ေဒၚခင္ေအး လိႈင္တို႔က ကိုယ္စားလွယ္လႊဲစာ တင္ခဲ့ၿပီး ေက်ာ္ေဇာ (ခ) ေက်ာ္ေဇာဟန္အတြက္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခ်စ္ကိုကိုက ကိုယ္စားလွယ္ လႊဲစာတင္ခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ထံမွ သိရသည္။

အဆိုပါအမႈတြင္ ေနာက္ခံအေၾကာင္းအရင္း၊ အျခားဆက္ႏႊယ္ပတ္သက္မႈမ်ားႏွင့္ စပ္လ်ဥ္း၍ တိက်စြာစိစစ္ၿပီး ဥပေဒႏွင့္အညီ မွန္ကန္စြာ ေဆာင္႐ြက္ေရးအတြက္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ၎၏ အိမ္ေတာ္တြင္ ျပည္ေထာင္စု တရားသူႀကီးခ်ဳပ္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ႏွင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒တို႔ကို ေတြ႔ဆံုလမ္းၫႊန္မွာၾကားခဲ့ၿပီး ေကာ္မရွင္က အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၃ (ဂ) အရ ေက်ာ္ေစာ သတင္းအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version#

ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုမှ အမှုရုပ်သိမ်းပြီး လွတ်မြောက်ခွင့်ရခဲ့သူ သန်းထွဋ်အောင် (ခ) သားကြီးအပါအဝင် သုံးဦးသည် သမ္မန်စာဆင့်ခေါ်မှု အရ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ လာရောက်သတင်းပေးပို့ခဲ့သည်။

အမှုရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆ (ခ) အရ လျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး နှင့် ကျော်ဇော (ခ) ကျော်ဇောဟန်တို့ သုံးဦးက လာရောက်သတင်းပေးပို့ခဲ့ပြီး ၎င်းတို့ဘက်က ရှေ့နေများက ကိုယ်စားလှယ်လွှဲစာများ တင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

“အမှုတွဲလည်း ရောက်ပြီ။ ပြင်ဆင်မှု လျှောက်ထားခံရသူတွေလည်း ရုံးတော်ဆီ သတင်းလာပို့သွားပြီမို့ ဒီအမှု လျှောက်လဲချက် ကြားနာမယ့်နေ့ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ဖေ့စ်ဘွတ်ခ် စာမျက်နှာနဲ့ ရုံးရှေ့က ကြော်ငြာသင်ပုန်းတွေမှာ သုံးပတ်ကြိုပြီးတော့ အသိပေးထုတ်ပြန်ပေးပါမယ်”ဟု ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။

ယင်းအမှုကို စတင်စစ်ဆေးခဲ့သည့် အရှေ့ပိုင်းခရိုင် တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ ၏ အမှုရုပ်သိမ်းလိုက်သည့် အမိန့်နှင့် ပတ်သက်ပြီး ပြင်ဆင်သင့် မပြင်ဆင်သင့်ကို တိုင်းတရားလွှတ်တော်တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကာ ပြင်ဆင်ခဲ့သည်ရှိသော ခရိုင်တရားရုံး၏ အမိန့်ကို ပယ်ဖျက်မည်ဖြစ်ပြီး ယင်းပြင်ဆင်မှုကို ယခင်စွဲဆိုထားသည့် ပုဒ်မဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခံရသည့် သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ဘက် မှ တရားလွှတ်တော်ရှေ့နေများဖြစ်သော ဦးရွှေလှိုင်တင်၊ ဦးတင်လှိုင်နှင့် ဒေါ်ခင်အေး လှိုင်တို့က ကိုယ်စားလှယ်လွှဲစာ တင်ခဲ့ပြီး ကျော်ဇော (ခ) ကျော်ဇောဟန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက ကိုယ်စားလှယ် လွှဲစာတင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

အဆိုပါအမှုတွင် နောက်ခံအကြောင်းအရင်း၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိကျစွာစိစစ်ပြီး ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၎င်း၏ အိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ကို တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ပြီး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ (ဂ) အရ ကျော်စော သတင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top