ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕နယ္ ျဗဳတ္ေခ်ာင္းေက်းရြာမွ ၅ လအရြယ္ သံုးမႊာပူး ကေလးငယ္ သံုးဦး၏ မိဘႏွစ္ဦးမွာ ဆင္းရဲႏြမ္းပါးသူမ်ား ျဖစ္ၾကသျဖင့္ ၎ကေလးငယ္မ်ား အတြက္ အကူအညီမ်ား လိုအပ္ေနေၾကာင္း သတင္းရရွိသည္။

၎ကေလးငယ္မ်ား ေမြးဖြားစဥ္ကတည္းကပင္ လိုအပ္သည့္ ကူညီမ်ားကို ေဆာင္ရြက္ ေပးေနသည့္ ေျမာက္ဦးျမိဳ႕ေစ်းတြင္းမွ ကိုေမာင္၀င္းေရႊက “ ကၽြန္ေတာ္တို႕ဆီကို မေန႕က မိဘေတြက သတင္းပို႔ပါတယ္။ ကေလးေတြ အခု ငွက္ေပ်ာသီးေတြနဲ႕ စားေနရတယ္။ ႏို႕မႈန္႕ေတြ မရွိေတာ့ဘူးဆိုျပီး အေၾကာင္းၾကားလာပါတယ္။ မေန႕ကေတာ့ ကၽြန္ေတာ္တို႕ နီးစပ္ရာက လူေတြ စုေပါင္းျပီး ႏို႕မႈန္႕ထုတ္ေတြ၊ တစ္ျခား အိုဗာတင္တို႕ လိုအပ္တဲ့ ပစၥည္းေတြ သံုးေလးေသာင္းဖိုး ပို႕ေပးလိုက္ပါတယ္” ဟု သူကေျပာၾကားသည္။

သုိ႔ေသာ္လည္း ေရရွည္တြင္ ၎ကေလးငယ္မ်ား အစာအဟာရ ခ်ိဳ႕တဲ့မႈ မျဖစ္ေစေရးအတြက္ တတ္နိုင္သူမ်ားက ၀ိုင္း၀န္းကူညီ ေပးၾက ေစလိုသည္ဟု ကိုေမာင္း၀င္းေရႊက ေျပာၾကားသည္။

၎အမႊာပူးကေလးငယ္ သံုးဦးမွာ ေယာက်ၤားေလး ႏွစ္ဦးႏွင့္ မိန္းခေလး တစ္ဦးတို႕ ျဖစ္ၾကျပီး လြန္ခဲ့ေသာ ၅ လခန္႕က စစ္ေတြျပည္သူ႕ ေဆးရံုၾကီးတြင္ ေမြးဖြားခဲ့သည္ဟု သိရသည္။

“ ကေလးက သံုးေယာက္ဆိုေတာ့ အေမရဲ႕ ႏို႕တစ္ခုတည္း မလံုေလာက္ေတာ့ဘူး။ ဒါေၾကာင့္ ႏို႕မႈန္႕နဲ႕ တိုက္ေနရတယ္။ မိဘေတြ ဆင္းရဲေတာ့ မႏိုင္ဘူး ျဖစ္ေနတယ္။ ဒီအတြက္ ကေလးငယ္ေတြရဲ႕ မိဘေတြက အကူအညီလိုအပ္ေနတာ ျဖစ္ပါတယ္။ အ၀တ္အစားေတြက အစ၊ အႏွီးထည္ေတြလည္း လိုအပ္ေနပါတယ္” ဟု သူကေျေျပာၾကားသည္။

၎ကေလးငယ္မ်ားအတြက္ အကူအညီ ေပးလိုသူမ်ားသည္ ကိုေမာင္၀င္းေရႊ- ေစ်းတြင္း (၀၉၂၅၀၇၆၂၁၀၁)၊ ကိုေအာင္လင္းထြန္း- ျဗဳတ္ေခ်ာင္း (၀၉၂၆၄၆၁၃၇၇၂) ႏွင့္ ကိုသန္းထြန္း- ေက်ာ္စက္ပစၥည္းဆိုင္ (၀၉၂၅၄၆၉၂၇၀၃) သို႕ ဆက္သြယ္ ကူညီႏိုင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mmfeed

#Unicode Version#
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဗြုတ်ချောင်းကျေးရွာမှ ၅ လအရွယ် သုံးမွှာပူး ကလေးငယ် သုံးဦး၏ မိဘနှစ်ဦးမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသဖြင့် ၎င်းကလေးငယ်များ အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

၎င်းကလေးငယ်များ မွေးဖွားစဉ်ကတည်းကပင် လိုအပ်သည့် ကူညီများကို ဆောင်ရွက် ပေးနေသည့် မြောက်ဦးမြို့ဈေးတွင်းမှ ကိုမောင်ဝင်းရွှေက “ ကျွန်တော်တို့ဆီကို မနေ့က မိဘတွေက သတင်းပို့ပါတယ်။ ကလေးတွေ အခု ငှက်ပျောသီးတွေနဲ့ စားနေရတယ်။ နို့မှုန့်တွေ မရှိတော့ဘူးဆိုပြီး အကြောင်းကြားလာပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ နီးစပ်ရာက လူတွေ စုပေါင်းပြီး နို့မှုန့်ထုတ်တွေ၊ တစ်ခြား အိုဗာတင်တို့ လိုအပ်တဲ့ ပစ္စည်းတွေ သုံးလေးသောင်းဖိုး ပို့ပေးလိုက်ပါတယ်” ဟု သူကပြောကြားသည်။

သို့သော်လည်း ရေရှည်တွင် ၎င်းကလေးငယ်များ အစာအဟာရ ချို့တဲ့မှု မဖြစ်စေရေးအတွက် တတ်နိုင်သူများက ဝိုင်းဝန်းကူညီ ပေးကြ စေလိုသည်ဟု ကိုမောင်းဝင်းရွှေက ပြောကြားသည်။

၎င်းအမွှာပူးကလေးငယ် သုံးဦးမှာ ယောင်္ကျားလေး နှစ်ဦးနှင့် မိန်းခလေး တစ်ဦးတို့ ဖြစ်ကြပြီး လွန်ခဲ့သော ၅ လခန့်က စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် မွေးဖွားခဲ့သည်ဟု သိရသည်။

“ ကလေးက သုံးယောက်ဆိုတော့ အမေရဲ့ နို့တစ်ခုတည်း မလုံလောက်တော့ဘူး။ ဒါကြောင့် နို့မှုန့်နဲ့ တိုက်နေရတယ်။ မိဘတွေ ဆင်းရဲတော့ မနိုင်ဘူး ဖြစ်နေတယ်။ ဒီအတွက် ကလေးငယ်တွေရဲ့ မိဘတွေက အကူအညီလိုအပ်နေတာ ဖြစ်ပါတယ်။ အဝတ်အစားတွေက အစ၊ အနှီးထည်တွေလည်း လိုအပ်နေပါတယ်” ဟု သူကြေပြောကြားသည်။

၎င်းကလေးငယ်များအတွက် အကူအညီ ပေးလိုသူများသည် ကိုမောင်ဝင်းရွှေ- ဈေးတွင်း (၀၉၂၅၀၇၆၂၁၀၁)၊ ကိုအောင်လင်းထွန်း- ဗြုတ်ချောင်း (၀၉၂၆၄၆၁၃၇၇၂) နှင့် ကိုသန်းထွန်း- ကျော်စက်ပစ္စည်းဆိုင် (၀၉၂၅၄၆၉၂၇၀၃) သို့ ဆက်သွယ် ကူညီနိုင်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  mmfeed

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top