






Credit: MMFeed

# Unicode Version ဖြင့် ဖတ်ပါ #
လတ်တလောမှာ စိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့ ရွှေမင်းသမီးနဲ့ အဆိုတော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေကို ရှင်းရှင်းလင်းလင်းသိစေဖို့အတွက် ဒီနေ့ညလေးမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကိုယ်တိုင် တရားဝင်ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။

နှစ်ယောက်အတူ ဘန်ကောက်မှာရိုက်ကူးထားတဲ့ပုံရိပ်တွေကို ချပြလိုက်ပြီးနောက်ပိုင်းမှာတော့ ရွှေထူးနဲ့ရွှေမှုံတို့နှစ်ဦးလုံးက သူတို့ချစ်သူချင်း ချစ်စနိုးခေါ်ကြတဲ့နာမည်လေးတွေနဲ့အတူ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

တစ်ဦးဆီက တစ်ဦးမျက်နှာမခွာနိုင်အောင်ချစ်ကြတဲ့ သူတို့နှစ်ဦး

ရွှေမှုံကတော့ ” I Love You Coe Coe ” ဆိုပြီး သူမရဲ့ My Day မှာ ရေးသားထားခဲ့တာပါ။

ရွှေထူးကလည်း သူ့ရဲ့ My Day မှာ ” I Love U More Sarkalay ” ဆိုပြီး စာကလေးကိုပိုချစ်တဲ့အကြောင်း ရေးသားထားပါသေးတယ်။

ချစ်ပရိသတ်တွေလည်း တစ်ဦးနဲ့တစ်ဦး ချစ်မဝဖြစ်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source:Htoo Khant & Shwe Mhone Yati’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top