iMyanmarHouse.com - Best Property Website for Myanmar
×

သားစုိးတစ္ေယာက္ သားေလး ထက္အာကာစုိး အျပင္ ေနာက္ထပ္ ရင္ေသြးေလး တစ္ေယာက္ထပ္ရေတာ့မယ္လုိ႔ သိရပါတယ္။ ဇနီးျဖစ္သူကေတာ့ အခုခ်ိန္မွာ ကုိယ္ဝန္ ၂ လေက်ာ္လာၿပီလုိ႔ ဆုိပါတယ္။ အလုပ္ေတြ အရမ္းမ်ားေနတဲ့ ၾကားက ဇနီးကိုေတာ့ အရင္ကထက္ ပုိၿပီး ဂရုစုိက္ေနတယ္လုိ႔ ဆုိပါတယ္။

အဆုိေတာ္သားစုိးတစ္ေယာက္ သားေလး ထက္အာကာစုိး အျပင္ ေနာက္ထပ္ ရင္ေသြးေလး တစ္ေယာက္ထပ္ရေတာ့မယ္လုိ႔ သိရပါတယ္။ ဇနီးျဖစ္သူကေတာ့ အခုခ်ိန္မွာ ကုိယ္ဝန္ ၂ လေက်ာ္လာၿပီလုိ႔ ဆုိပါတယ္။ သားေလး တစ္ေယာက္ ပုိင္ဆုိင္ထားၿပီး ျဖစ္တဲ့အတြက္ သမီးေလး လုိခ်င္တဲ့အေၾကာင္း Duwun Media ကေန ေျပာျပလာပါတယ္။

'' သားသားအတြက္ ညီေလး ဒါမွမဟုတ္ ညီမေလး ေပါ့။ ဘာေလးျဖစ္မလဲေတာ့မသိေသးဘူး အခုမွ ၂ လေက်ာ္ေက်ာ္ပဲရွိေသးတာဆုိေတာ့ သားေလးကေတာ့ ညီမေလးကုိ ခ်စ္တယ္လုိ႔ေျပာတယ္။ ကၽြန္ေတာ္ကလည္း သမီးေလး လုိခ်င္တယ္။ ေလာေလာဆယ္ကေတာ့ အမ်ဳိးသမီးက ကုိယ္ဝန္နဲ႔ဆုိေတာ့ သူ႔ကုိ  အရင္အခ်ိန္ေတြကထက္ ပုိဂရုစုိက္ရတယ္'' လုိ႔ သားစုိးက ေျပာပါတယ္။

ဒုတိယရင္ေသြးေလး ကုိယ္ဝန္ကုိ လြယ္ထားရတဲ့ ဇနီးကိုေတာ့ အရင္ကထက္ ပုိၿပီး ဂရုစုိက္ေနတယ္လုိ႔ ဆုိပါတယ္။ ကုိယ္ဝန္ကုိလည္း သားေလး ေမြးခဲ့တုန္းက ေဒါက္တာ စုိးလြင္နဲ႔ ပဲ ဗိုက္အပ္ထားသလုိ ဒီဆရာဝန္နဲ႔ပဲ ေမြးမယ္လုိ႔ သူကေျပာပါတယ္။

'' ေလာေလာဆယ္ေတာ့ ေဒါက္တာ စိုးလြင္ဆီမွာ ဗုိက္အပ္ထားတယ္၊ သားသားနဲ႔တုန္းကလည္း ေဒါက္တာ စုိးလြင္ ကုိပဲ အပ္ခဲ့တာဆုိေတာ့ ကေလးေမြးဖုိ႔ ကိစၥေတြကုိ သူနဲ႔ပဲ ဆက္ၿပီးေဆာင္ရြက္သြားမွာျဖစ္ပါတယ္'' ဆိုၿပီးေတာ့ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ အဆုိေတာ္ သားစုိးက ေျဖဆုိေပးခဲ့တာပါ။

သားစုိးဟာ ဇနီးျဖစ္သူကုိလည္း ဂရုစုိက္မႈေတြ ျပဳလုပ္ေနရသလုိ အႏုပညာအလုပ္ေတြ၊ စီးပြားေရး အလုပ္ေတြမွာပါ ဦးေဆာင္ေနရသူ ျဖစ္ပါတယ္။ အလုပ္ေတြ အရမ္းမ်ားတာေၾကာင့္ မၾကာခင္က ထြက္ရွိထားတဲ့ '' ေရာသမႏွပ္'' လက္ဖက္ကုိ ရန္ကုန္မွာေတာင္ ျဖန္႔ခိ်ဖုိ႔ မအား ေသးဘူးတဲ့။

'' လက္ဖက္ကလည္း ထြက္တယ္၊ အေခြကလည္း လုပ္ေနတယ္။ ၿပီးေတာ့ အိမ္ျခံေျမ  ကိစၥကလည္း အငွားေတြသြက္တယ္၊  ေစ်းက်လာတဲ့ အခ်ိန္မွာ ဝယ္တဲ့ သူေတြကလည္း ေမးလာတဲ့ အလုပ္ေတြရွိေနေတာ့ အလုပ္ေတြက ေပါင္းစုံ ရႈပ္ေနတာေပါ့ေနာ္။ လက္ဖက္ကုိလည္း နယ္ ေအာ္ဒါေတြ က်တာ မ်ားတဲ့အတြက္ ရန္ကုန္မွာ ျဖန္႔ဖုိ႔ကုိ ေတာ္ေတာ္ေလး အခ်ိန္ယူေနရတယ္'' လုိ႔ ဆုိပါတယ္။

အႏုပညာလႈပ္ရွားမႈေတြ သိပ္မေတြ႔ရေတာ့တဲ့ သားစုိးဟာ ကုိယ္ပုိင္စားေသာက္ကုန္လုပ္ငန္းျဖစ္တဲ့ ေရာသမႏွပ္ လက္ဖက္လုပ္ငန္းကို ဦးေဆာင္ေနရၿပီျဖစ္ပါတယ္။ အဲ့ဒါအျပင္ သားစုိးတုိ႔ ဇနီးေမာင္ႏွံရဲ႕ ပထမအႀကိမ္ ကုိယ္ပုိင္စီးပြားေရးျဖစ္တဲ့ ေရႊပုိးနန္းေတာ္ ဆုိတဲ့ ပုိးထည္ဆုိင္ႀကီးကလည္း ေအာင္ျမင္မႈရရွိထားပါတယ္။ ျမန္မာမုန္႔ေတြထုတ္ဖုိ႔လည္း ျပင္ဆင္ေနတယ္လုိ႔ ဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
သားစိုးတစ်ယောက် သားလေး ထက်အာကာစိုး အပြင် နောက်ထပ် ရင်သွေးလေး တစ်ယောက်ထပ်ရတော့မယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူကတော့ အခုချိန်မှာ ကိုယ်ဝန် ၂ လကျော်လာပြီလို့ ဆိုပါတယ်။ အလုပ်တွေ အရမ်းများနေတဲ့ ကြားက ဇနီးကိုတော့ အရင်ကထက် ပိုပြီး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

အဆိုတော်သားစိုးတစ်ယောက် သားလေး ထက်အာကာစိုး အပြင် နောက်ထပ် ရင်သွေးလေး တစ်ယောက်ထပ်ရတော့မယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူကတော့ အခုချိန်မှာ ကိုယ်ဝန် ၂ လကျော်လာပြီလို့ ဆိုပါတယ်။ သားလေး တစ်ယောက် ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့အတွက် သမီးလေး လိုချင်တဲ့အကြောင်း Duwun Media ကနေ ပြောပြလာပါတယ်။

'' သားသားအတွက် ညီလေး ဒါမှမဟုတ် ညီမလေး ပေါ့။ ဘာလေးဖြစ်မလဲတော့မသိသေးဘူး အခုမှ ၂ လကျော်ကျော်ပဲရှိသေးတာဆိုတော့ သားလေးကတော့ ညီမလေးကို ချစ်တယ်လို့ပြောတယ်။ ကျွန်တော်ကလည်း သမီးလေး လိုချင်တယ်။ လောလောဆယ်ကတော့ အမျိုးသမီးက ကိုယ်ဝန်နဲ့ဆိုတော့ သူ့ကို  အရင်အချိန်တွေကထက် ပိုဂရုစိုက်ရတယ်'' လို့ သားစိုးက ပြောပါတယ်။

ဒုတိယရင်သွေးလေး ကိုယ်ဝန်ကို လွယ်ထားရတဲ့ ဇနီးကိုတော့ အရင်ကထက် ပိုပြီး ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ကိုလည်း သားလေး မွေးခဲ့တုန်းက ဒေါက်တာ စိုးလွင်နဲ့ ပဲ ဗိုက်အပ်ထားသလို ဒီဆရာဝန်နဲ့ပဲ မွေးမယ်လို့ သူကပြောပါတယ်။

'' လောလောဆယ်တော့ ဒေါက်တာ စိုးလွင်ဆီမှာ ဗိုက်အပ်ထားတယ်၊ သားသားနဲ့တုန်းကလည်း ဒေါက်တာ စိုးလွင် ကိုပဲ အပ်ခဲ့တာဆိုတော့ ကလေးမွေးဖို့ ကိစ္စတွေကို သူနဲ့ပဲ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ အဆိုတော် သားစိုးက ဖြေဆိုပေးခဲ့တာပါ။

သားစိုးဟာ ဇနီးဖြစ်သူကိုလည်း ဂရုစိုက်မှုတွေ ပြုလုပ်နေရသလို အနုပညာအလုပ်တွေ၊ စီးပွားရေး အလုပ်တွေမှာပါ ဦးဆောင်နေရသူ ဖြစ်ပါတယ်။ အလုပ်တွေ အရမ်းများတာကြောင့် မကြာခင်က ထွက်ရှိထားတဲ့ '' ရောသမနှပ်'' လက်ဖက်ကို ရန်ကုန်မှာတောင် ဖြန့်ချိဖို့ မအား သေးဘူးတဲ့။

'' လက်ဖက်ကလည်း ထွက်တယ်၊ အခွေကလည်း လုပ်နေတယ်။ ပြီးတော့ အိမ်ခြံမြေ  ကိစ္စကလည်း အငှားတွေသွက်တယ်၊  စျေးကျလာတဲ့ အချိန်မှာ ဝယ်တဲ့ သူတွေကလည်း မေးလာတဲ့ အလုပ်တွေရှိနေတော့ အလုပ်တွေက ပေါင်းစုံ ရှုပ်နေတာပေါ့နော်။ လက်ဖက်ကိုလည်း နယ် အော်ဒါတွေ ကျတာ များတဲ့အတွက် ရန်ကုန်မှာ ဖြန့်ဖို့ကို တော်တော်လေး အချိန်ယူနေရတယ်'' လို့ ဆိုပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ်ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top